အခန်း(၉) ကမ္မဋ္ဌာန်းပိုင်း -၁
လွန်စွာအကျိုးများသဖြင့် မိမိတို့၏ သန္တာန်၌ အဖန်ဖန်ဖြစ်စေထိုက်သောတရားကို `ဘာဝနာ´ဟုခေါ်၏။
၁။ သမထဘာဝနာ
ကုသိုလ်တရားနှင့် မဂ်ဉာဏ်ဖိုဉာဏ်တို့ မဖြစ်ပေါ်နိုင်အောင် ပိတ်ပင်တားဆီးတတ်သော နီဝရဏတရားတို့ကိုလည်းကောင်း၊ ဝိတက်, ဝိစာရ, ပီတိ, သုခတည်းဟူသော အောက်ဈာန် အင်္ဂါများကိုလည်းကောင်း၊ ငြိမ်သက်စေနိုင်သည့် သမာဓိကို `သမထဘာဝနာ´ဟု ခေါ်၏။
တရားကိုယ်မှာ လောကီကုသိုလ်စိတ်တို့နှင့် မဟာကြိယာစိတ်တို့၌ ယှဉ်တွဲဖြစ်ပေါ်သော သမာဓိခေါ် ဧကဂ္ဂတာ စေတသိက်ဖြစ်၏။
၂။ ဝိပဿနာဘာဝနာ
ဘုံသုံးပါး၌ ထင်ရှားရှိကြသော တေဘူမက ရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မြင်တတ်သည့် ဉာဏ်ပညာကို `ဝိပဿနာဘာဝနာ´ဟုခေါ်၏။
တရားကိုယ်မှာ ဟာကုသိုလ်စိတ်နှင့် မဟာကြိယာစိတ်တို့၌ ယှဉ်တွဲဖြစ်ပေါ်သော ဉာဏ်ပညာခေါ် ပညိနြေ္ဒစေတသိက်ဖြစ်၏။
ကမ္မဋ္ဌာန်း
သမထဘာဝနာပွားများအားထုတ်မူ၏ တည်ရာဖြစ်သော ပထဝီကသိုစ်း၊ အာပေါကသိုဏ်း စသည့်အာရုံများသည် လည်းကောင်း၊ ဝိပဿနာဘာဝနာ ပွားများအားထုတ်မူ၏ တည်ရာဖြစ်သော ရုပ်နာမ်အာရုံတို့သည် လည်းကောင်း `ကမ္မဋ္ဌာန်း´ ဖြစ်ကြ၏။
၁။ သမထကမ္မဋ္ဌာန်း
ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အနုဿတိ ၁၀-ပါး၊ အပ္ပမညာခေါ် ဗြဟ္မဝိဟာရ ၄-ပါး၊ အာရုပ္ပ ၄-ပါး၊ အာဟာရေပဋိကူလသညာ ၁-ပါး၊ စတုဓာတု၀၀တ္ထာန် ၁-ပါးဟူသည့် ၄၀-သော ကမ္မဋ္ဌာန်းတို့ကို `သမ္မထကမ္မဋ္ဌာန်း´ဟု ခေါ်၏။
၂။ ဝိပဿနာကမ္မဋ္ဌာန်း
ရုပ်နာမ်တို့၏ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ တည်းဟူသော လက္ခဏာရေးသုံးပါးကို `ဝိပဿနာ ကမ္မဋ္ဌာန်း´ဟုခေါ်၏။
ကသိုဏ်း ၁၀-ပါး
ကမ္မဋ္ဌာန်းရူသူက အကြွင်းအကျန်မရှိ၊ အလုံးစုံ အကုန်အစင် တစ်ပြိုင်နက်ထင်မြင်အောင် ဆင်ခြင်ကြည့်ရူအပ်သော အာရုံကို `ကသိုဏ်း´ဟု ခေါ်၏။ ကသိုဏ်းဝန်းသည် အချင်း ၁-ထွာနှင့် လက် ၄-သစ်ခန့်ရှိသင့်၏။
၁။ ပထဝီကသိုဏ်း = မြေကသိုဏ်း (မြေသားဒြပ်အဝန်း)
၂။ အာပေါကသိုဏ်း = ရေကသိုဏ်း (သပိတ်ဖုံးစသည်၌ ထည့်ထားသော ရေအဝန်း)
၃။ တေဇောကသိုဏ်း = မီးကသိုဏ်း (အဝန်းအဝိုင်းသဏ္ဌာန် စီထားသော မီးကျည်းစု)
၄။ ဝါယောကသိုဏ်း = လေကသိုဏ်း (ဆံပင်ဖျား၊ မြက်ပင်ဖျားတို့ကို လေတိုးဝှေ့သွားသည့် အခြင်းအရာ)
၅။ နီလကသိုဏ်း = အညိုရောင် အဆင်းကသိုဏ်း (အဖြူခံပေါ် အညိုရောင်အဝန်း)
၆။ ပီတကသိုဏ်း = ရွှေရောင်အဆင်းကသိုဏ်း
၇။ လောဟိတကသိုဏ်း = အနီရောင်အဆင်းကသိုဏ်း
၈။ သြဒါတကသိုဏ်း = အဖြူရောင် အဆင်းကသိုဏ်း (အမည်းခံပေါ် အဖြူရောင်အဝန်း)
၉။ အာကာသကသိုဏ်း = ကောင်းကင်ဟင်းလင်းပြင်ကသိုဏ်း (နံရံပေါက်စသည်)
၁၀။ အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း (နံရံပေါက်ဝမှဝင်လာသော နေရောင်ကွက်)
အသုဘ ၁၀-ပါး
သေလွန်ပြီးနောက်ဖြစ်ပေါ်လာသော မတင့်တယ်သည့် ကိုယ်ခန္ဓာ၏ ပုံသဏ္ဌာန်ဒြပ် အမျိုးမျိုးကို `အသုဘ´ဟု ခေါ်၏။
၁။ ဥဒ္ဓုမာတက = သေလွန်ပြီး ၂-ရက်၊ ၃-ရက်ကြာသည့်အခါ ဖူးဖူးရောင်ပုပ်သဖြင့် စက်ဆုပ်ဖွယ်သော မသာလောင်း။
၂။ ဝိနီလက = အနီအဖြူရောင်စပ်လျက် ညိုမည်းပုပ်ပွနေသော မသာလောင်း။
၃။ ဝိပုဗ္ဗက = ပြည်တစိုစိုပေါက်ကွဲယိုလျက် စက်ဆုပ်ဖွယ်ရာ မသာလောင်း။
၄။ ဝိစ္ဆိဒ္ဒက = အထက်အောက် ၂-ပိုင်း၊ ၃-ပိုင်းပြတ်နေသော မသာလောင်း။
၅။ ဝိက္ခာယိတက = ခွေး၊ ဠင်းတ၊ ကျီး စသည်တို့ ခဲစားကိုက်ဖြတ်ထားသော မသာလောင်း။
၆။ ဝိက္ခိတ္တက = လက်ခြေ ဦးခေါင်း ကိုယ်ခန္ဓာ တို့ကို တစ်ကွဲတစ်ပြားစီ ဖရိုဖရဲ ကြဲပစ်ထားသော မသာလောင်း။
၇။ ဟတဝိက္ခိတ္တက = ဒါး လှံ လက်နက်တို့ဖြင့် အစိတ်စိတ် အမြွာမြွာ လှီးဖြတ် နှိပ်စက်ထားသော မသာလောင်း။
၈။ လောဟိတက = သွေးများထွက်ယိုလျက် တစ်ကိုယ်လုံး သွေးလိမ်းကျံနေသော မသာလောင်း။
၉။ ပုဠုဝက = ပိုးလောက်များ ပြည့်နှက်နေသော မသာလောင်း။
၁၀။ အဋ္ဌိက = အရိုးများသာ စုပေါင်း၍လည်းကောင်း၊ ပြန့်ကြဲ၍လည်းကောင်း ကြွင်းကျန်ရစ်သော မသာလောင်း။
အနုဿတိ ၁၀-ပါး
အဖန်ဖန်အောက်မေ့ဆင်ခြင်မူ (သတိစေတသိက်)ကို `အနုဿတိ´ဟု ခေါ်၏။
၁။ ဗုဒ္ဓါနုဿတိ = ဘုရား၏ ပုံသဏ္ဌာန်တော်နှင့် ဂုဏ်တော်များကို အဖန်ဖန်အောက်မေ့ ဆင်ခြင်မူ။
၂။ ဓမ္မာနုဿတိ = ပိဋကတရား၊ မဂ်ဖိုလ်နိဗ္ဗာန် တရားများ၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်မူ။
၃။ သံဃာနုဿတိ = အရိယာသံဃာတော်များ၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်မူ။
၄။ သီလာနုဿတိ = မိမိစောင့်ထိန်းထားသော သီလ၏ ဂုဏ်တော်များနှင့် မကျိုးမပေါက် မပြောက် မကျားပုံတို့ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်မူ။
၅။ စာဂါနုဿတိ = ရက်ရက်ရောရော မိမိစွန့်ကြဲလှူဒါန်းအပ်သော အလှူဒါန၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ ဆင်ခြင်မူ။
၆။ ဒေဝတာနုဿတိ = နတ် ဗြဟ္မာများကို သက်သေပြု၍ မိမိ ကုသိုလ်ကောင်းမူများကို အဖန်ဖန်အောက်မေ့ ဆင်ခြင်မူ။
(သဒ္ဒါ၊ သတိ၊ ဝိရိယ၊ သုတ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ ဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံသူများသည် သေလွန်ကြသည့်အခါ နတ်ဗြဟ္မာများ ဖြစ်ကြရ၏။ ငါ့တွင်လည်း ထိုတရားများရှိပေ၏ဟု မိမိ၏ ကုသိုလ်တရားတို့ကို အောက်မေ့ကာအားရနေမူ)
၇။ ဥပသမာနုဿတိ = နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများကို အဖန်ဖန်အောက်မေ့ ဆင်ခြင်မူ။
၈။ မရဏာနုဿတိ = မိမိ၏သေခြင်းသဘောကို အဖန်ဖန် တွေးတော အောက်မေ့ ဆင်ခြင်မူ။
၉။ ကာယဂတာသတိ = ဆံပင်၊ မွေးညင်း စသည့် ၃၂ ကောဋ္ဌာသကို ထင်မြင်အောင် အဖန်ဖန်ကြည့်ရူအောက်မေ့ ဆင်ခြင်မူ။
၁၀။ အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို အောက်မေ့ဆင်ခြင်သော သတိတရား။
အာဟာရေ ပဋိကူလသညာ၊ စတုဓာတု၀၀တ္ထာန်နှင့် အရုပ္ပ ၄-ပါး
အာဟာရေ ပဋိကူလသညာ
စားသောက်မျိုသွင်းအပ်သော ခဲဖွယ်ဘောဇဉ်စသည့် အစာအာဟာရတို့၌ စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် အောက်မေ့ဆင်ခြင်ရူမှတ်တတ်သော သညာကို `အာဟာရေ ပဋိကူလသညာ´ဟု ခေါ်၏။
စတုဓာတု၀၀တ္ထာန်
ခန္ဓာကိုယ်၌ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသည့် ဓာတ်ကြီး ၄-ပါးကို ပိုင်းခြားတတ်သော ဉာဏ်သည် `စတုဓာတု၀၀တ္ထာန်´ ဖြစ်၏။
အရုပ္ပ ၄-ပါး
အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာ နာသညာယတနဈာန်တို့ ဖြစ်ပွားရန်ရူပွားရသော ကမ္မဋ္ဌာန်း ၄-ပါးကို `အာရုပ္ပ ၄-ပါး´ဟုခေါ်၏။
စရိုက် ၆-ပါး
ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များသည့် အမူအရာကို `စရိုက်´ဟုခေါ်၏။
ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိ(ပညာ)စရိုက်နှင့် ဝိတက်စရိုက်ဟူ၍ စရိုက် ၆-ပါးရှိ၏။
၁။ ရာဂစရိုက်ရှိသူသည် လောကီအာရုံကာမဂုဏ်များကို မရှက်မကြောက်လိုက်စား၏။
၂။ ဒေါသစရိုက်ရှိသူသည် နေရာတကာတွင် ရူးရူးရှဲရှဲ အမြဲစိတ်တို၏။
၃။ မောဟစရိုက်ရှိသူသည် ထိုင်းမိူင်းဖျင်းအပြီး အောက်ကျ နောက်ကျရှိ၏။
၄။ သဒ္ဓါစရိုက်ရှိသူသည် ရတနာမြတ်သုံးပါးကို လွန်စွာကြည်ညို၏။
၅။ ဗုဒ္ဓိစရိုက်(ဝါ)ပညာစရိုက်ရှိသူသည် ထက်မြက်သော ဉာဏ်ပညာဖြင့် အရာရာတွင် စဉ်းစား ဆင်ခြင်လေ့ရှိ၏။ သူများပြောတိုင်း မယုံချေ။
၆။ ဝိတက်စရိုက်ရှိသူသည် အကြံအစည်များပြီး အလုပ်မတွင်ကျယ်ဘဲ ရှိတတ်၏။
သပ္ပါယဘေဒ
စရိုက်နှင့် ကမ္မဋ္ဌာန်းကို သင့်တင့်လျောက်ပတ်အောင် တွဲစပ်သော အခန်းကို `သပ္ပါယဘေဒ´ဟု ခေါ်၏။
၁။ ရာဂစရိုက်ရှိသူသည် အသုဘ ၁၀-ပါးနှင့် ကာယဂတာသတိဟူသော ကမ္မဋ္ဌာန်း ၁၁-ပါးတို့နှင့် လျောက်ပတ်၏။ ဤကမ္မဋ္ဌာန်းတို့သည် ရာဂမီးကို ငြိမ်းအေးစေနိုင်၏။
၂။ ဒေါသစရိုက်ရှိသူသည် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟူသော အပ္ပမညာ ၄-ပါး၊ နီလ, ပီတ, လောဟိတ, သြဒါတ ဟူသော ကသိုဏ်း ၄-ပါး၊ ပေါင်း ၈-ပါသော ကမ္မဋ္ဌာန်းတို့နှင့် လျောက်ပတ်၏။ ဤကမ္မဋ္ဌာန်းတို့သည် သန့်ရှင်းကြည်လင်ကြသဖြင့် အာရုံပြုသူတို့အား စိတ်ရွှင်လန်းဝမ်းမြောက်စေ၏။
၃။ မောဟစရိုက်နှင့် ဝိတက်စရိုက်ရှိသူတို့သည် အာနာပါနသတိ ကမ္မဋ္ဌာန်းနှင့် သင့်လျော်လျောက်ပတ်၏။ မောဟစရိုက်ရှိသူသည် ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စတို့ အယှဉ်များသဖြင့် စိတ်ပျံ့လွင့် တုန်လူပ်၏။။ ဝိတက်စရိုက်ရှိသူသည်လည်း စိတ်ကူးအကြံအစည်များသဖြင့် စိတ်ပျံ့လွင့်၏။ အာနာပါနဿတိ ကမ္မဋ္ဌာန်းကား ထွက်သက်နှင့် ဝင်သက်တို့ကို အချက်ကျကျ လိုက်၍ ရူမှတ်ရသဖြင့် တုန်လူပ်ပျံ့လွင့်သည် စိတ်ကို ချုပ်ထိန်း ဖမ်းဆွဲထားနိုင်၏။
၄။ သဒ္ဓါစရိုက်ရှိသူသည် ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ ဟူသော ကမ္မဋ္ဌာန်း ၆-ပါးတို့နှင့် သင့်လျော်၏။ ပင်ကိုကကောင်းနေသော သဒ္ဒါတရားသည် ဘုရားတရားသံဃာစသည့် အာရုံများနှင့် ကြုံတွေ့လျှင် ပို၍ ဖွံ့ဖြိုးတိုးတက်လာဖွယ်ရာရှိ၏။ ထို့ကြောင့် အကျိုးများ၏။
၅။ ပညာစရိုက်ရှိသူသည် သိမ်မွေ့နက်နဲသော မရဏာနုဿတိ, ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ, စတုဓာတု၀၀တ္ထာန်ဟူသော ကမ္မဋ္ဌာန်း ၄-ပါးနှင့် သင့်လျော်လျောက်ပတ်၏။ ပင်ကိုက စဉ်းစားချင့်ချိန်လေ့ရှိသူသည် သိမ်မွေ့နက်နဲသော အာရုံနှင့် ကြုံတွေ့လျှင် ပို၍ နက်နက်နဲနဲ စဉ်းစား ဆင်ခြင်သဖြင့် ဉာဏ်ပညာတိုးပွားထက်မြက်လာဖွယ်ရာ ရှိ၏။
၆။ အများနှင့်ဆိုင်သော ကမ္မဋ္ဌာန်းတို့ကား ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း၊ အာကာသကသိုဏ်း၊ အာလောကကသိုဏ်းနှင့် အာရုပ္ပ ၄-ပါးတို့ ဖြစ်ကြ၏။
ဘာဝနာဘေဒ
ကမ္မဋ္ဌာန်း ၄၀တို့ကို ဘာဝနာ အမျိုးအစားအားဖြင့် ခွဲပြရာ ကဏ္ဍကို ဘာဝနာဘေဒဟု ခေါ်၏။
၁။ ပရိကမ္မဘာဝနာ = ကသိုဏ်းဝန်းစသည့် ကမ္မဋ္ဌာန်းကို အာရုံပြု၍ `ပထဝီ-ပထဝီ´ စသည်ဖြင့် ရွတ်ဆို၍ လည်းကောင်း၊ စိတ်ဖြင့်မှန်းဆ၍ လည်းကောင်း၊ ရှေးဦးစွာ ပွားများမူကို ပရိကမ္မဘာဝနာဟု ခေါ်၏။ ဤဘာဝနာသည် အထက် အထက်သော ဘာဝနာတို့ဖြစ်ပွားရန် ပြုပေးတတ်၏။
၂။ ဥပစာရဘာဝနာ = ဈာန်, မဂ်, ဖိုလ် တရားတည်းဟူသော အပနာဘာဝနာ၏ အနီးအပါးဖြစ်သည့် ဘာဝနာပွားများမူကို ဥပစာရဘာဝနာဟု ခေါ်၏။ ပရိကမ္မဘာဝနာသည်ပင် တဖြည်းဖြည်း ရင့်သန်လာသည့်အခါ ဥပစာရဘာဝနာဟု အမည် ရ၏။
၃။ အပ္ပနာဘာဝနာ = ဆိုင်ရာအာရုံ၌ စွဲမြဲစွာ သက်ဝင်တည်နေသော ဈာန်, မဂ်, ဖိုလ် တရားများကို အပ္ပနာဘာဝနာဟု ခေါ်၏။ ဥပစာရဘာဝနာထက် လွန်ကဲ၍ အာရုံ၌ စွဲမြဲစွာ သက်ဝင်တည်နေသော ဘာဝနာသည် အပ္ပနာဘာဝနာ ဖြစ်၏။
ဘာဝနာ၊ ဈာန်တို့ဖြင့် ကမ္မဋ္ဌာန်းများကို ဝေဖန်ပုံ
ဘာဝနာဖြင့် ကမ္မဋ္ဌာန်းများကို ဝေဖန်ပုံ
၁။ ဘာဝနာ = ပရိကမ္မဘာဝနာ
ကမ္မဋ္ဌာန်း = ကမ္မဋ္ဌာန်းအားလုံး
ပေါင်း = ၄၀
၂။ ဘာဝနာ = ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ
ကမ္မဋ္ဌာန်း = ဗုဒ္ဓါနုဿတိမှ မရဏနုဿတိအထိ ၈-ပါး၊ အာဟာရေပဋိကူလသညာ၊ စတုဓာတု၀၀တ္ထာန်။
ပေါင်း = ၁၀
၃။ ဘာဝနာ = အပ္ပနာဘာဝနာအထိ ဘာဝနာ ၃-ပါးစလုံး
ကမ္မဋ္ဌာန်း = ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အပ္ပမညာ ၄-ပါး အာရုပ္ပ ၄-ပါး၊ ကာယဂတာသတိ၊ အာနာပါနဿတိ
ပေါင်း = ၃၀
ဈာန်တို့ဖြင့် ကမ္မဋ္ဌာန်းများကို ဝေဖန်ပုံ
၁။ ကမ္မဋ္ဌာန်း = ကသိုဏ်း ၁၀-ပါး၊ အာနာပါနဿတိ
ပေါင်း = ၁၁
ရနိုင်သောဈာန် = ရူပါဝစရဈာန် ၅-ပါးစလုံး
၂။ ကမ္မဋ္ဌာန်း = အသုဘ ၁၀-ပါး၊ ကာယဂတာသတိ
ပေါင်း = ၁၁
ရနိုင်သောဈာန် = ရူပ ပထမ ဈာန် ၁-ပါး
၃။ ကမ္မဋ္ဌာန်း = မေတ္တာ၊ ကရုဏာ၊ မုဒိတာ
ပေါင်း = ၃
ရနိုင်သောဈာန် = ပ-ဒု-တ စရူပဈာန် ၄-ပါး
၄။ ကမ္မဋ္ဌာန်း = ဥပေက္ခာ ၁-ပါး
ပေါင်း = ၁
ရနိုင်သောဈာန် = ရူပါဝစရပဉ္စမဈာန် ၁-ပါး
၅။ ကမ္မဋ္ဌာန်း = အာရုပ္ပ ၄-ပါး
ပေါင်း = ၄
ရနိုင်သောဈာန် = အရူပဈာန် ၄-ပါး
ထို့ကြောင့်
၁။ ပထမဈာန်၏ အာရုံကမ္မဋ္ဌာန်းများ (ဝါ) ပထမဈာန်ကို ဖြစ်စေနိုင်သော ကမ္မဋ္ဌာန်းများ = ၂၅-ပါး (နံပါတ်စဉ် - ၁ + ၂ + ၃ အရ)
၂။ ဒုတိယ တတိယ စတုတ္ထဈာန်တို့၏ အာရုံကမ္မဋ္ဌာန်းများ = ၁၄-ပါး (နံပါတ်စဉ် - ၁ + ၃ အရ)
၃။ ပဉ္စဈာန်၏ အာရုံ ကမ္မဋ္ဌာန်းများ = ၁၂-ပါး (နံပါတ်စဉ် ၁ + ၄ အရ)
၄။ အရူပဈာန်တို့၏ အာရုံကမ္မဋ္ဌာန်းများ = အာရုပ္ပ ၄-ပါး။
၅။ ဗုဒ္ဓါနုဿတိမှ မရဏနုဿတိအထိ ရှေ့အနုဿတိ ၈-ပါး၊ အာဟာရေပဋိကူလသညာနှင့် စတုဓာတုဝတတ္ထာန်ဟူသော ကမ္မဋ္ဌာန်း ၁၀-ပါးတို့သည် မည်သည့်ဈာန်ကိုမျှ မဖြစ်စေနိုင်ကြပါ။
ဂေါစရဘေဒ
နိမိတ်အာရုံကို အခြေခံ၍ ကမ္မဋ္ဌာန်းများကို ခွဲခြားဝေဖန်မူကို ဂေါစရဘေဒ ဟုခေါ်၏။
၁။ ပရိကမ္မနိမိတ် = ပရိကမ္မဘာဝနာ၏ အာရုံ၊ ကမ္မဋ္ဌာန်းစ၍ စီးဖြန်းသောအခါ အာရုံပြုအပ်သော ပထဝီကသိုဏ်းဝန်းစသည့် အာရုံကို ပရိကမ္မနိမိတ်ဟု ခေါ်၏။
၂။ ဥဂ္ဂဟနိမိတ် = မျက်စိဖြင့် တိုက်ရိုက်မကြည့်တော့ဘဲ စိတ်ဖြင့်မှန်း၍ယူနိုင်သော ပရိကမ္မနိမိတ်ကို ဥဂ္ဂဟနိမိတ်ဟုခေါ်၏။
ကမ္မဋ္ဌာန်းစီးဖြန်းစအခါ၌ ကသိုဏ်းဝန်းစသည်တို့ကို တိုက်ရိုက် ကြည့်ရူရသဖြင့် မြင်ရသောအာရုံသည် ပရိကမ္မနိမိတ်ဖြစ်၏။ ထိုနိမိတ်သည် ရူမှတ်ဖန်များသောအခါ၌ စိတ်ထဲဝယ် စွဲမြဲလာသဖြင့် မျက်စိကို ပိတ်လိုက်လျှင်ဖြစ်စေ၊ မျက်နှာလွှဲလိုက်လျှင်ဖြစ်စေ ပကတိ မြင်ရသကဲ့သို့ပင် ထင်ထင်ရှားရှားထင်ပေါ်နေ၏။ ဤသို့ ထင်ပေါ်လာသော နိမိတ်သည် ဥဂ္ဂဟနိမိတ် ဖြစ်၏။
၃။ ပဋိဘာဂနိမိတ် = ဥဂ္ဂဟနိမိတ်ကို ဆက်လက်၍ ကမ္မဋ္ဌာန်း ရူမှတ်ဖန်များလာသောအခါ ထိုနိမိတ်သည် ကြေးမုံအိမ်မှ ကြည်လင်သည့် ကြေးမုံချပ်ကို ထုတ်ယူလိုက်သကဲ့သို့ အလွန် သန့်စင်ကြည်လင်လာ၏။ ဤနိမိတ်သည် မူလစီစဉ်ခဲ့သော ကသိုဏ်းဝန်းစသည်နှင့် တူစွာ စိတ်ထဲ၌ ထင်ပေါ်လာသော အာရုံဖြစ်၏။ သို့သော် ပရိကမ္မနိမိတ်ထက် အဆပေါင်းများစွာ ကြည်လင်တောက်ပနေပြီး အပြစ်အနာအဆာ ကင်းစင်နေ၏။ ငြိမ်သက်၏။ ဤနိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်၏။
နိမိတ်နှင့် ကမ္မဋ္ဌာန်းတွဲစပ်ပုံ
၁။ ကမ္မဋ္ဌာန်း = ကမ္မဋ္ဌာန်းအားလုံး
ပေါင်း = ၄၀
ရနိုင်သောနိမိတ် = ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ် (အချို့ကမ္မဋ္ဌာန်းတို့၌ ခွဲခြား၍ မရ။)
၂။ ကမ္မဋ္ဌာန်း = ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပါနဿတိ
ပေါင်း = ၂၂
ရနိုင်သောနိမိတ် = ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ်တို့ကို ခွဲခြား၍ ရကောင်း၏။ ပဋိဘောဂနိမိတ်ကိုပါ ရကောင်း၏။
၃။ ကမ္မဋ္ဌာန်း = ရှေ့အနုဿတိ ၈-ပါး၊ အပ္ပမညာ ၄-ပါး၊ အာရုပ္ပ ၄-ပါး၊ အာဟာရေပဋိကူလသညာ၊ စတုဓာတု၀၀တ္ထာန်
ပေါင်း = ၁၈
ရနိုင်သောနိမိတ် = ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ် ၂-ပါးကို ပရိယာယ်ဖြင့် ရကောင်း၏။ ပဋိဘာဂနိမိတ်ကို မရနိုင်။
ဘာဝနာနှင့် နိမိတ်တွဲစပ်ပုံ
ပရိကမ္မဘာဝနာသည် ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ်တို့ကို အာရုံပြု၏။ ဥပစာရဘာဝနာနှင့် အပ္ပနာဘာဝနာတို့သည် ပဋိဘာဂနိမိတ်ကို အာရုံပြုကြ၏။
၁။ ပရိကမ္မနိမိတ်နှင့် ပရိကမ္မဘာဝနာ = တစ်ထွာလက်လေးသစ်ခန့်ရှိသော ပထဝီကသိုဏ်းဝန်းကို မျက်စိပကတိ အနေထားဖြင့် ကြည့်ရူ၍ `ပထဝီ-ပထဝီ´ သို့မဟုတ် `မြေ-မြေ´ဟု နူတ်ကရွတ်ဆို၍ဖြစ်စေ၊ မရွတ်ဆိုဘဲ စိတ်ဖြင့်ရူမှတ်၍ဖြစ်စေ အဖန်ဖန်ပွားများအပ်၏။ ရံခါ မျက်စိကို မှိတ်၍ ကသိုဏ်းဝန်းအာရုံကို မှန်းဆ၍ ပွားများအပ်၏။ ဤသို့ ယူအပ်သော အာရုံကို `ပရိကမ္မနိမိတ်´ဟုခေါ်ပြီး ရူမှတ်ပွားများမူကို `ပရိကမ္မဘာဝနာ´ဟုခေါ်၏။
၂။ ဥဂ္ဂဟနိမိတ်နှင့် ပရိကမ္မဘာဝနာ = ပရိကမ္မနိမိတ်ကို ရူမှတ်ဖန်များသည့်အခါ ထိုနိမိတ်သည် မျက်စိကိုမှိတ်ထားလျှင်လည်း မျက်စိဖြင့် တိုက်ရိုက်မြင်နေရသကဲ့သို့ စိတ်ထဲ၌ ထင်ထင်ရှားရှားထင်ပေါ်လာ၏။ ဤသို့စိတ်ဖြင့်ကောင်းစွာ ယူမိသောအာရုံကို `ဥဂ္ဂဟနိမိတ်´ဟု ခေါ်၏။ ဤနိမိတ်ကို ပွားများသော ဘာဝနာသည် ရှေးကထက် သမာဓိရင့်ကျက် တည်ကြည်လာသော်လည်း `ပရိကမ္မဘာဝနာ´ဟုပင် ခေါ်ဆိုရ၏။
၃။ ပဋိဘာဂနိမိတ်နှင့် ဥပစာရဘာဝနာ = ဥဂ္ဂဟနိမိတ်ကို ပရိကမ္မဘာဝနာဖြင့် ဆက်လက်ပွားများပြန်သောအခါ တစ်ချိန်၌ ထို ဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန်အရွယ်တူသော အာရုံတစ်မျိုးသည် စိတ်၌ ငြိမ်သက်စွာ တည်လာ၏။ စိတ်ထဲ၌ ကောင်းစွာ သွင်းထားအပ် သကဲ့သို့ တည်ငြိမ်နေ၏။ မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ထင်ပေါ်နေ၏။ ဤကား ပဋိဘာဂနိမိတ်တည်း။ ပဋိဘာဂ နိမိတ်ပေါ်လာသည့် အချိန်မှစ၍ ဘာဝနာ စိတ်အစဉ်သည် ပရိကမ္မဘာဝနာ အဆင့်ကို လွန်၍ ဥပစာရဘာဝနာအဆင့်သို့ ရောက်လေပြီ။
ဥပစာရဘာဝနာ ဖြစ်ပေါ်လာသည့်အခါ နီဝရဏများ ကင်းကွာ၍ ဈာန်အင်္ဂါ ၅-ပါးတို့သည် မိမိတို့၏ ဆိုင်ရာကိစ္စများကို အထင်အရှား ဆောင်ရွက်ကြလေပြီ။ သို့အတွက် ဥပစာရဘာဝနာကို `ဥပစာရဈာန်´ဟုလည်း ခေါ်၏။
၄။ ပဋိဘာဂနိမိတ်နှင့် အပ္ပနာဘာဝနာ = ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဆက်လက်အားထုတ်သည့်အခါ ဉာဏ်ပညာ ထက်မြက်သူဖြစ်လျှင် မကြာမတင်ပင် `အပ္ပနာဘာဝနာ´ဟုခေါ်သော ရူပါဝစရဈာန် ဖြစ်ပါ်လာ၏။ ဉာဏ်ပညာ မထက်မြက်သူတို့လည်း ရအပ်ပြိးသော ပဋိဘာဂနိမိတ်ကို မပျောက်မပျက်အောင် အထူးစောင့်ရှောက်၍ အဆက်မပြတ် ပွားများအားထုတ်လျှင် `အပ္ပနာဘာဝနာ´သို့ အနှေးနှင့်အမြန် ရောက်ရှိနိုင်၏။
ပထမအကြိမ် အပ္ပနာဘာဝနာသို့ ရောက်သော ယောဂီသည် ရူပါဝစရ ပထမဈာန်ကို ရလေပြီ။ (အထက်ပါ ၁ မှ ၄ အထိ စကားစဉ်သည် ပထမဈာန်ကို ရအောင် အားထုတ်မူပင်တည်း။)
ဒုတိယဈာန် စသည်တက်ပုံ
ရူပါဝစရ ပထမဈာန်ရပြီးသော ယောဂီသည် ထိုဈာန်ကို ၅-တန်သော ဝသိဘော်တို့ဖြင့် အစွမ်းထက်မြက်အောင် လေ့ကျင့်ရ၏။
၁။ အာဝဇ္ဇနဝသိဘော် = ဈာန်အင်္ဂါများကို လျင်မြန်စွာ ဆင်ခြင်နိုင်သော စွမ်းရည်။
၂။ သမာပဇ္ဇနဝသိဘော် = လျင်မြန်စွာ ဈာန်ဝင်စားနိုင်သော စွမ်းရည်။
၃။ အဓိဋ္ဌာနဝသိဘော် = ဘဝင်စိတ်ကို လွှမ်းမိုး၍ ဈာန်စိတ်အစဉ်ကို အလိုရှိသမျှ ထိန်းထားနိုင်သော စွမ်းရည်။
၄။ ဝုဋ္ဌာနဝသိဘော် = ရည်မှန်းထားသော ကာလအပိုင်းအခြားကို မကျော်လွန်စေဘဲ ဈာန်မှထနိုင်သော စွမ်းရည်။
၅။ ပစ္စဝေက္ခဏဝသိဘော် = ဈာန်အင်္ဂါဆင်ခြင်သော ဝီထိတို့ကို ဘဝင်များစွာ မခြားစေဘဲ ဆင်ခြင်နိုင်သော စွမ်းရည်။
ပထမဈာန်၌ ဝသိဘော် နိုင်လာသောအခါ ထိုဈာန်၏ အင်္ဂါများအနက် ဝိတက်သည် ရုန့်ရင်းကြမ်းတမ်းသည်ဟု ထင်မြင်လာ၏။ ဝိတက်သည် ကာမဂုဏ်အာရုံသို့ စိတ်ကိုတင်ပေးတတ်သဖြင့် ကာမစ္ဆန္ဒနီဝရဏဟူသော ရန်သူကို ဖိတ်ခေါ်နေသကဲ့သို့ ရှိ၏။ ဝိတက်မပါသော ဒုတိယဈာန်သည် ပိုငြိမ်သက်၏။
ဤသို့ ဝိတက်ကို စက်ဆုပ်၍ ဝိတက်ကို ပယ်စွန့်ပြီး ဒုတိယဈာန်သို့ တက်လှမ်းနိုင်အောင် ရည်မှန်းကာ ရရှိထားပြီးသော ပဋိဘာဂနိမိတ်ကိုပင် အာရုံပြုလျက် ဘာဝနာသုံးပါးကို အစဉ်အတိုင်း ဖြစ်ပေါ်စေ၏။ ဝိတက်ကို စက်ဆုပ်ခြင်းသဘောပါသော ဤဘာဝနာအစဉ်သည် `ဝိတက္ကဝိရာဂဘာဝနာ´ဟု အမည်ရ၏။
ပဋိဘာဂနိမိတ်ကို ပရိကမ္မဘာဝနာဖြင့် ပြန်လည်ပွားများရာ၌ ဝိတက်အပေါ် တပ်မက်တွယ်တာနေသည့် နိကန္တိတဏှာ ကောင်းစွာကင်းကွာသွားသည့်အခါ ဒုတိယဈာန်၏ အနီးဥပစာဖြစ်သော ဥပစာရဘာဝနာသို့ ရောက်၏။ ထို့နောက်ဆက်၍ အားထုတ်သော် ဝိတက်မပါဘဲ ယခင်ပထမဈာန်တုန်းကထက် ပိုမိုသိမ်မွေ့ထက်မြက်သည့် ဈာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယဈာန်ခေါ် အပ္ပနာဘာဝနာသို့ ရောက်၏။
ထို့နည်းအတူ ဝိစာရကို ပယ်စွန့်၍ တတိယဈာန်သို့ လည်းကောင်း၊ ပီတိကို ပယ်စွန့်၍ စတုတ္ထဈာန်သို့ လည်းကောင်း၊ သုခကို လျစ်လျူရူ၍ ပဉ္စမဈာန်သို့ လည်းကောင်း အဆင့်ဆင့် တက်လှမ်းနိုင်ပါသည်။
အရူပ္ပဈာန်တက်ခန်း
ရူပါဝစရ ပဉ္စမဈာန်ကို အခြေခံ၍ အာရုပ္ပဈာန်သို့ တက်လှမ်းရ၏။ ပဉ္စမဈာန်ကို ဝသိဘော်နိုင်အောင် လေ့ကျင့်ပြီးလျှင် ရုပ်ခန္ဓာအပေါ် အပြစ်မြင်၍ အာကာသာနဉ္စာယတနဈာန် (ပထမရုပ္ပဈာန်)သည် သိမ်မွေ့ငြိမ်သက်လှ၏ဟု ယုံကြည်ရန်လို၏။ ထို့နောက် အာကာသကသိုဏ်းမှ အပဖြစ်သော ကျန်ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကို ဘာဝနာဖြင့်ပယ်ခွာ၍ ရအပ်သည့် ကောင်းကင်ပညတ်ကို အာရုံပြုလျက် ရူပဝိရာဂဘာဝနာကို ဘာဝနာစဉ်အတိုင်း ပွားများအားထုတ်ရ၏။
ပွားများအားထုတ်ပုံမှာ ကသိုဏ်းဝန်း၏ ပဋိဘာဂနိမိတ်ကို မိမိအလိုရှိသော အတိုင်းအတာအထိ ဖြန့်ကျက်ထားပြီးလျှင် ထိုကသိုဏ်းဝန်းကို အာရုံမပြုတော့ဘဲ ထိုကသိုဏ်းဝန်းပျံ့နှံ့ရာ အရပ်ကို `အနန္တောအာကာသော = ကောင်းကင်ပညတ်သည် ဥပါဒ် - ဘင်အားဖြင့် အဆုံးအပိုင်းအခြားမရှိ´ဟု နှလုံးသွင်းဆင်ခြင်ရ၏။ ဤသို့ဆင်ခြင်မူကို ပရိကမ်ပြုသည်ဟု ခေါ်၏။
ဤသို့ဆင်ခြင်ရူမှတ်ဖန်များသော် ထမင်းအိုးဝ၌ ဖုံးအုပ်ထားသော အဝတ်ကို ဆွဲဖွင့်လိုက်သည့်အခါ အဝတ်ကွယ်ပျောက်၍ အိုးဝဟင်းလင်းပေါ်ပေါက်လာသကဲ့သို့ ထို့အတူကသိုဏ်းနိမိတ်ကွယ်ပျောက်၍ ထိုနိမိတ်ပျံ့နှံ့ခဲ့ရာ အရပ်တို့၌ ဟင်းလင်းပြင် (ဝါ) ကောင်းကင်ပညတ်ထင်လာ၏။
ထိုကောင်းကင် ပညတ်ကို ပရိကမ္မဘာဝနာဖြင့် ဆက်လက်ရူမှတ်၍ ရူပပဉ္စမဈာန်အပေါ်၌ နှစ်သက်မူ နိကန္တိတဏှာကင်းကွာသွားသောအခါ ဥပစာရဘာဝနာအဆင့်သို့ ရောက်၏။ ထိုကောင်းကင် ပညတ်ကိုပင် ဆက်လက်အာရုံပြု၍ တိုးတက်ကာ အားထုတ်လျှင် အာကာသာနဉ္စာယတနဈာန် အပ္ပနာသို့ ရောက်၏။
ထို့နောက် ဒုတိယာရုပ္ပခေါ် ဝိညာဏဉ္စာယတနဈာန်ကို အလိုရှိသော် ပထမအာရုပ္ပဝိညာဏ်ကိုအာရုံပြု၍ `ဝိညာဏအနန္တ - ပထမာရုပ္ပဝိညာဏ်သည် အဆုံး အပိုင်းအခြားမရှိ´ဟု ပရိကမ်ပြုရ၏။ ပထမာရုပ္ပဈာန်၌ နိကန္တိတဏှာ ကင်းကွာသွားသောအခါ ဥပစာရဘာဝနာသို့ ရောက်၏။
ထို့နောက်တစ်ဖန် ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ တတိယာရုပ္ပဈာန် အပ္ပနာသို့ လည်းကောင်း၊ တတိယာရုပ္ပဝိညာဏ်ကို အာရုံပြု၍ စတုတ္ထာရုပ္ပဈာန် အပ္ပနာသို့ လည်းကောင်း တက်လှမ်းနိုင်ပါသည်။
အဘိညာဉ်ခန်း
အလွန်အကျူးအထူးသိတတ်သော ရူပပဉ္စမဈာန်နှင့် ယှဉ်သည့်ဉာဏ်ကို `အဘိညာ´ဟု ခေါ်သည်။
ရူပါဝစရ ပဉ္စမဈာန်ကို အခြေခံ၍ လောကီအဘိညာဉ် ၅-ပါး သို့မဟုတ် ၇-ပါးကိုရအောင် အားထုတ်နိုင်၏။
၁။ ဣဒ္ဓိဝိဓအဘိညာဉ် = တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဉ်။
၂။ ဒိဗ္ဗစက္ခုအဘိညာဉ် = နတ်မျက်စိကဲ့သို့ မြင်နိုင်သော အဘိညာဉ်။
၃။ ဒိဗ္ဗသောတအဘိညာဉ် = နတ်နားကဲ့သို့ ကြားနိုင်သော အဘိညာဉ်။
၄။ ပရစိတ္တဝိဇာနန အဘိညာဉ် = သူတစ်ပါး၏ စိတ်အကြံကို သိနိုင်သော အဘိညာဏ်။
၅။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ် = ရှေးရှေးဘဝများကို ပြန်ပြောင်း၍ အောက်မေ့နိုင်သော အဘိညာဉ်။
၆။ ယထာကမ္မူပဂအဘိညာဉ် = ကံအားလျော်စွာ ထိုထိုဘုံများ၌ဖြစ်ရသော သတ္တဝါများကို မြင်နိုင်သည့် အဘိညာဉ်။
၇။ အနာဂတံတအဘိညာဉ် = နောင်အနာဂတ် ကာလ၌ ဖြစ်လတ္တံ့သော အကြောင်းအရာများကို သိနိုင်သည့် အဘိညာဉ်။
အဘိညာဉ် ၅-ပါးကို ရေတွက်သည့်အခါ အမှတ် ၆ နှင့် ၇ အဘိညာဉ် ၂-ပါးကို ဒိဗ္ဗစက္ခု အဘိညာဉ်၌ သွင်း၍ ရေတွက်ရ၏။
`အဘိညာဉ် ၆-ပါးဟု ရေတွက်သည့်အခါ အမှတ် ၁ မှ ၅ အထိ အဘိညာဉ် ၅-ပါးကို ဖော်ပြပြီးနောက် လောကုတ္တရာ အဘိညာဉ်ဖြစ်သည့် အာသဝက္ခယအဘိညာဉ်ကို ထည့်ပေါင်းရ၏။
၈။ အာသဝက္ခယအဘိညာဉ် = အာသဝေါတရား ၄-ပါးတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်။

No comments:
Post a Comment