Search This Blog

Sunday, May 3, 2020

ပညာရေးမှာ ဝိပဿနာ ကို ထည့်သွင်းဖို့ မလိုအပ် ဘူးလား။

ပညာရေးမှာ ဝိပဿနာ ကို ထည့်သွင်းဖို့ မလိုအပ် ဘူးလား။
မေး။ ။ ပညာရေးမှာ ဝိပဿနာ ကို ထည့်သွင်းဖို့ မလိုအပ် ဘူးလား။

ဖြေ။ ။ သိပ်လိုအပ်တာပေါ့၊ ဝိပ ဿနာဆိုတာ နေထိုင်ရေး အတတ်ပညာဖြစ်တယ်၊ ဘဝနေနည်းဖြစ်တယ်။ နောက်မျိုးဆက်သစ်တွေ ဟာ ဒီနည်းစနစ်ကို လေ့ လာတတ်မြောက်ကြရ မယ်။ ဒါမှသာလျှင် အခြားသောအရာများက ကင်းလွတ်တဲ့ ညီညွတ် မျှတချမ်းမြေ့ဖွယ်ကောင်းတဲ့ ဘဝ၊ ကျန်းမာရွှင်လန်း ဖွယ်ဘဝမှာ နေထိုင်နိုင် ကြလိမ့်မယ်။ စစ်မှန်တဲ့ သဘာဝရဲ့တရားဥပဒေကို ကောင်းစွာနားလည်သဘော ပေါက်မ
ယ်ဆိုရင် သူတို့ ဟာ သဘာဝရဲ့ဥပဒေ နိယာမတွေနဲ့အညီ နေ ထိုင် သွားကြလိမ့်မယ်။ ကျောင်းနဲ့ကောလိပ်တွေ မှာ ဝိပဿနာသင်ကြား ပေးမယ်ဆိုရင် အလွန် ကောင်းမွန်တဲ့ အကျိုး တရားတွေ ရရှိနိုင်လိမ့် မယ်။

မေး။ ။ ကျောင်းသားတွေ အနေနဲ့ ဝိပဿနာကို ဘယ်လို အသုံးပြုမလဲဆိုတာ နည်း နည်းပြောပြပေးစေချင်ပါ တယ်။

ဖြေ။ ။ ကျောင်းသားတွေ အနေနဲ့ ပထမအပိုင်းဖြစ်တဲ့သမာဓိ ပိုင်းလောက်ကို လုပ်ရုံနဲ့ တင် အလွန်ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင် ပါတယ်။ မှတ်ဉာဏ်အား ပိုထက်မြက်လာမယ်၊ နား လည်မှုစွမ်းရည် တိုးတက် ဖွံ့ဖြိုးလာမယ်။ သူတို့ရဲ့ စိတ်ခံစားလွယ်၊ ထိခိုက် လွယ်တာတွေ ကင်းရှင်း သွားမယ်။ သူတို့ရဲ့အကျင့် စာရိတ္တနဲ့ စရိုက်ကောင်း တည်ဆောက်မှုတွေဟာ လည်း အလွန်ထူးခြား လာပါလိမ့်မယ်။

ဆရာကြီးဦးဂိုအင်ကာ
၂ဝဝ၇ မတ်လထုတ်
ဖေမြိုင်-မြန်မာပြန်
‘ကိုယ်ကျင့်သီလနှင့် စိတ်ကိုအောင်နိုင်ခြင်း’မှ
မောင် သွေး ချွန် ပေး ပို့ ပူ ဇော် သ ည်

No comments:

Post a Comment