Search This Blog

Sunday, May 3, 2020

ဝေယျာဝစ္စလုပ်ရခြငိး အကျိုးများပုံ

 ဝေယျာဝစ္စလုပ်ရခြငိး အကျိုးများပုံ

ဝေယျာဝစ္စလုပ်ရခြငိး အကျိုးများပုံကို ပိဋကတ်တော် မြန်မာပြန်ထဲက တွေ့လို့မျှဝေလိုက်ပါတယ်


၉-ဝေယျာဝစ္စကတ္ထေရအပဒါန်

အသျှင်ဝေယျာဝစ္စကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

ဝိပဿီမည်သော မြတ်စွာဘုရား၏ သာသနာတော်၌ များစွာသော ကုသိုလ်ရေး အသင်းအဖွဲ့သည် ရှိခဲ့၏။ ငါသည် ထိုအခါ၌ အလုံးစုံသော ကိစ္စတို့၌ ကြောင့်ကြစိုက်လျက် အမှုကြီးငယ် ဆောင်ရွက်သူ ဖြစ်ခဲ့၏။

ငါ့အား လှူဖွယ်ဝတ္ထုပစ္စည်းသည်လည်း မရှိခဲ့ပေ၊ ကောင်းသောစကားကို ဆိုတတ် သော သီလက္ခန္ဓစသည့် ကျေးဇူးကို ဆည်းပူးပြီးသော မြတ်စွာဘုရား၏ ခြေတော်တို့ကို အထူးကြည်လင်လှသော စိတ်ဖြင့် ရှိခိုး၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် အမှုကြီးငယ်ကို ဆောင်ရွက်ခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အမှု ကြီးငယ်ကို ဆောင်ရွက်ရခြင်း၏ အကျိုးပေတည်း။

ဤဘဒ္ဒကမ္ဘာမှ ရှစ်ခုမြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ''သုစိန္တိတ''မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကာင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

No comments:

Post a Comment