အခန်း(၈) ပစ္စည်းပိုင်း-၁
ပစ္စည်းနှင့် ပစ္စယုပ္ပန်
ပစ္စယ= ပစ္စည်း= ဆိုင်ရာ အကျိုးများ၏ အကြောင်းတရား။
ပစ္စယုပ္ပန္န = ပစ္စယုပ္ပန် = အကြောင်းတရားကြောင့်ဖြစ်သော အကျိုးတရား။
ပစ္စည်းသည် အကြောင်းတရားဖြစ်၍ ပစ္စယုပ္ပန်သည် အကျိုးတရားဖြစ်၏။ ပစ္စည်းတရားတို့က ပစ္စယုပ္ပန် တရားတို့ကို `ကျေးဇူးပြုသည်´ဆိုရာ၌ (၁) မဖြစ်သေးသော ပစ္စယုပ္ပန် အကျိုးတရားကို ဖြစ်စေခြင်း (၂) ဖြစ်ပြီးသော ပစ္စယုပ္ပန် အကျိုးတရားကို တည်တံ့ခိုင်မြဲအောင် ထောက်ပံ့ခြင်းတို့ကို ဆိုလို၏။
ကျေးဇူးပြုနည်း ၂-မျိုး
၁။ ပဋိစ္စသမုပ္ပါဒ်နည်း = `အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ပေ၊ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ´။
`အဝိဇ္ဇာပစ္စယာသင်္ခါရာ´သည် အဝိဇ္ဇာဟူသော ပစ္စည်းတရားကြောင့် သင်္ခါရဟူသည့် ပစ္စယုပ္ပန်တရားဖြစ်သည်ကို ပြ၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်နည်းသည် ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့၏ အကြောင်းအကျိုး ဆက်နွှယ်မူကိုသာ ပြ၏။ မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည် ဟူသော ပစ္စယသတ္တိထူးကို မပြချေ။
၂။ ပဋ္ဌာန်းနည်း = `ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော…´
ဤပဋ္ဌာန်းပါဠိတွင် `ဟေတု´ဖြင့် ပစ္စည်းကိုပြ၏။ ဟေတုသမ္ပယုတ္တကာနံဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ´ဖြင့် ပစ္စယုပ္ပန်ကိုပြ၏။ `ဟေတု ပစ္စယေန´ဖြင့် ဟေတုပစ္စယ သတ္တိကို ပြ၏။
ထို့ကြောင့် ပဋ္ဌာန်းနည်းသည် ပစ္စည်း-ပစ္စယုပ္ပန်တို့ကိုသာမက ပစ္စယသတ္တိထူးကိုပါ သေချာစွာ ထုတ်ဖော်ပြ၏။
ပဋိစ္စသမုပ္ပါဒ်နည်း
ဤနည်းသည် အကြောင်းပစ္စည်းတရားကို အစွဲပြု၍ အကျိုးပစ္စယုပ္ပန်တရားတို့ ဖြစ်ပေါ်လာပုံကို ပြသောနည်းဖြစ်၏။
၁။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ
သိထိုက်သည်ကို မသိ၊ မသိထိုက်သည်ကို သိသော အဝိဇ္ဇာတရားကြောင့် ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရတည်းဟူသော သင်္ခါရ တရားတို့ ဖြစ်ပေါ်လာကြ၏။
အဝိဇ္ဇာ = အ + ဝိဇ္ဇာ = ဆန့်ကျင်ဘက် + ဉာဏ်
`ဉာဏ်၏ ဆန့်ကျင်ဘကတရား´ကို အဝိဇ္ဇာဟု ခေါ်၏။ တရားကိုယ်မှာ အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟဖြစ်၏။
အမှန်သဘောကို မသိအောင် အဝိဇ္ဇာဖုံးကွယ်ထားသော တရား ၈-ဌာနမှာ-
(၁) ဒုက္ခသစ္စာ
(၂) သမုဒ္ဒယသစ္စာ
(၃) နိရောဓသစ္စာ
(၄) မဂ္ဂသစ္စာ
(၅) ပုဗ္ဗန ္တ ခေါ် အတိတ် ခန္ဓာ အာယတန ဓာတ်အဖို့အစု
(၆) အပရန ္တ ခေါ် အနာဂတ် ခန္ဓာ အာယတန ဓာတ်အဖို့အစု
(၇) ပုဗ္ဗန ္တာပရန ္တ ခေါ် ခန္ဓာအာယတနဓာတ်၏ ရှေ့နောက်အစွန်း၂-ပါး
(၈) ပဋိစ္စသမုပ္ပါဒ်တရားတို့ ဖြစ်ကြ၏။
သင်္ခါရဟူသည်မှာ ယခုဘ၀ ကိုယ်မူ၊ နူတ်မူ၊ စိတ်မူများနှင့် နောက်ဘဝအတွက် အကျိုးဝိပါက်များကို ပြုစီမံတတ်သော ကံတရား ဖြစ်၏။
တရားကိုယ်မှာ လောကီကုသိုလ်စိတ် ၁၇-ပါးနှင့် အကုသိုလ်စိတ် ၁၂-ပါးတို့၌ ယှဉ်သော စေတနာ ၂၉-ပါးဖြစ်၏။
မဟာကုသိုလ်စိတ် ၈-ပါးနှင့် ရူပါဝစရကုသိုလ်စိတ် ၅-ပါးတို့၌ ယှဉ်သော စေတနာ ၁၃-ပါးကို ပုညာဘိသင်္ခါရဟု ခေါ်၏။
အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော စေတနာ ၁၂-ပါးကို အပုညာဘိသင်္ခါရဟု ခေါ်၏။
အရူပါဝစရကုသိုလ်စိတ် ၄-ပါး၌ ယှဉ်သော စေတနာ ၄-ပါးကို အာနေဉ္ဇာဘိသင်္ခါရဟု ခေါ်၏။
ကံပြုပုံ - သတ္တဝါတို့သည် အဝိဇ္ဇာတည်းဟူသော မသိမိုက်မဲမူကြောင့် ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရတို့ကို ပြုစီမံကြသည်ဆိုခြင်းမှာ ကာမချမ်းသာနှင့် ဈာန်ချမ်းသာတို့ကို တကယ့်ချမ်းသာအစစ်ဟု ထင်မှားမိခြင်းကြောင့် ဖြစ်၏။ ကာမချမ်းသာ၊ ဈာန်ချမ်းသာတို့သည်လည်း အနိစ္စတရားများးဖြစ်ကြသဖြင့် ကံကုန်သည့်အခါ စုတေပျက်စီးရခြင်းဟူသော ဝိပရိဏာမဒုက္ခနှင့် မုချမသွေရင်ဆိုင်ကြုံတွေ့ ရမည်ဖြစ်၏။
၂။ သင်္ခါရပစ္စယာ ဝိညာဏံ
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်ဟု ဆိုရာ၌ `သင်္ခါရ´သည် ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရနှင့် အာနေဉ္ဇာဘိသင်္ခါရတို့ပင်ဖြစ်၏။ `ဝိညာဏ်´ဟူသည်မှာ ပဋိသန္ဓေဝိညာဏ်ကို ဆိုလို၏။ သို့ရာတွင် ပဝတ္တိအခါ၌ ဖြစ်ပေါ်ကြသော ဝိပါက် စိတ်များကိုလည်း ထည့်သွင်းယူရ၏။
ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဝဋ်တရားတို့၏ လည်ပတ်ပုံကိုပြသော တရားဖြစ်ခြင်းကြောင့် ဝိညာဏ်အရကောက်တွင် လောကုတ္တရာ ဝိပါက်စိတ်များကို မထည့်သွင်းနိုင်ပါ။ လောကီဝိပါက် ၃၂-ပါးကိုသာ ယူရမည်။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံမှာ -
၁။ အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက်ဝိညာဏ် ၇ -ပါး ဖြစ်၏။
၂။ ပုညာဘိသင်္ခါရကြောင့် အဟိတ်ကုသလဝိပါက် ၈-ပါး၊ မဟာဝိပါက် ၈-ပါးနှင့် ရူပါဝစရဝိပါက် ၅-ပါး၊ ပေါင်း ဝိပါက်ဝိညာဏ် ၂၁-ပါး ဖြစ်ကြ၏။
၃။ အာနေဉ္ဇာဘိသင်္ခါရကြောင့် အရူပါဝစရဝိပါက် ဝိညာဏ် ၄-ပါး ဖြစ်၏။
၃။ ဝိညာဏပစ္စယာ နာမရူပံ
ဝိညာဏ်ကြောင့် နာမ်ရပ်တို့ ဖြစ်သည်ဆိုရာ၌ `ဝိညာဏ်´အဖြစ် ရှေးဘဝက ပြုခဲ့သော ကမ္မဝိညာဏ်နှင့် ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ဝိပါက်ဝိညာဏ်တို့ကို ကောက်ယူရမည်။
စေတနာကံနှင့် ယှဉ်သည့် စိတ်ကို ကမ္မဝိညာဏ်ဟုခေါ်၏။ `နာမရူပံ´၌ နာမအရ ဝိပါက်ဝိညာဏ်နှင့် ယှဉ်သော စေတသိက်များ (နာမ်ခန္ဓာ ၃-ပါး)ကို ကောက်၍ ရူပအရ ကမ္မဇရုပ် ၁၈-ပါးကိုသာ ကောက်ယူရမည်။
သို့ဖြစ်၍ ရှေးရှေးဘဝက ပြုခဲ့သော ကမ္မဝိညာဏ်နှင့် ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ဝိပါက်ဝိညာဏ် ၃၂-ပါးတို့ကြောင့် ထိုဝိပါက် ဝိညာဏ်တို့နှင့် ယှဉ်ကြသည့် စေတသိက် နာမ်ခန္ဓာ ၃-ပါးနှင့် ကမ္မဇရုပ် ၁၈-ပါးတို့ ဖြစ်ပေါ်ကြ၏။
၄။ နာမရူပပစ္စယာသဠာယတနံ
နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်ဆိုရာဝယ် နာမ်ရုပ်အဖြစ် လောကီဝိပါက် ၃၂-ပါး၌ ယှဉ်ကြသော စေတသိက် ၃၅-ပါး (စေတသိက်နာမ်ခန္ဓာ ၃-ပါး)နှင့် ကမ္မဇရုပ် ၁၈-ပါးတို့ကိုပင် ကောက်ယူရမည်။
သဠာယတနအဖြစ် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှာယတန၊ ကာယာယတန၊ မနာယတနတည်းဟူသော အဇ္ဈတ္တိကာယတန ၆-ပါးကိုယူရမည်။ ပထမအာယတန ၅-ပါးသည် စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ကာယပသာဒများ ဖြစ်ကြသဖြင့် ရုပ်အကြည်ဓာတ်များ ဖြစ်ကြ၏။ ထို့ောကာင့် ပဉ္စဝေါကာရဘုံ (ခန္ဓာ ၅-ပါးရှိသော ဘုံ (ဝါ) ရုပ်နာမ် ၂-ပါးရှိသောဘုံ)တို့၌သာ ဖြစ်ပေါ်နိုင်ကြ၏။
မနာယတနတွင် လောကီဝိပါက်စိတ် ၃၂-ပါးကိုသာ ကောက်ယူရမည်။ ဝိညာဏ်ကြောင့် စေတသိက်နာမ်ဖြစ်ပြီး စေတသိက်နာမ်ကြောင့် မနာယတနဟူသော ဝိညာဏ်ဖြစ်ရကား စိတ်နှင့် စေတသိက်တို့သည် အညမညသတ္တိဖြင့် ကျေးဇူးပြုကြ၏။
၅။ သဠာယတနပစ္စယာ ဖေဿာ
သဠာယတနကြောင့် ဖဿဖြစ်သည်ဆိုရာ၌ သဠာယတနအရ အဇ္ဈတ္တိကာယတန ၆-ပါးကိုပင် ယူရမည်။
စက္ခာယတနကြောင့် စက္ခုသမ္ဖဿဖြစ်၏။ သောတာယတနကြောင့် သောတသမ္ဖဿ ဖြစ်၏။ ဃာနယတနကြောင့် ဃာနသမ္ဖဿ ဖြစ်၏။ ဇိဝှာယတနကြောင့် ဇိဝှာသမ္ဖဿ ဖြစ်၏။ ကာယာယတနကြောင့် ကာယသမ္ဖဿ ဖြစ်၏။ မနာယတနကြောင့် မနောသမ္ဖဿ ဖြစ်၏။ သမ္ဖဿသည် ဖဿနှင့် အနက်တူ၏။
၆။ ဖဿပစ္စယာ ဝေဒနာ
ဖဿကြောင့် ဝေဒနာဖြစ်သည်ဆိုရာဝယ် ဖဿအဖြစ် လောကီဝိပါက်စိတ် ၃၂-ပါး၌ ယှသ်သော ဖဿစေတသိက်ကို ကောက်ယူရမည်။ ဝေဒနာအရ ထိုလောကီ ဝိပါက်စိတ် ၃၂-ပါး၌ ယှဉ်သော ဝေဒနာ စေတသိက်ကို ကောက်ယူရမည်။
စက္ခုသမ္ဖဿကြောင့် စက္ခုသမ္ဖဿဇာဝေဒနာ ဖြစ်၏။ သောတသမ္ဖဿကြောင့် သောတသမ္ဖဿဇာဝေဒနာ ဖြစ်၏။ ဃာနသမ္ဖဿကြောင့် ဃာနသမ္ဖဿဇာဝေဒနာ ဖြစ်၏။ ဇိဝှာသမ္ဖဿကြောင့် ဇိဝှာသမ္ဖဿဇာဝေဒနာ ဖြစ်၏။ ကာယသမ္ဖဿကြောင့် ကာယသမ္ဖဿဇာဝေဒနာ ဖြစ်၏။ မနောသမ္ဖဿကြာင့် မနောသမ္ဖဿဇာ ဝေဒနာဖြစ်၏။
၇။ ဝေဒနာပစ္စယာ တဏှာ
ဝေဒနာကြောင့် တဏှာ ဖြစ်သည်ဆိုရာဝယ် ဝေဒနာအဖြစ် လောကီဝိပါက် ၃၂-ပါးတို့၌ ယှဉ်သော ဝေဒနာကိုပင် ကောက်ယူရမည်။ တဏှာအရ လောဘမူစိတ် ၈-ပါး၌ရှိသော လောဘ စေတသိက်ကို ကောက်ယူရမည်။
ဝေဒနာ ၆-ပါးကြောင့် ဖြစ်ပေါ်ကြသော တဏှာတို့မှာ ရူပတဏှာ၊ သဒ္ဒတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာတို့ ဖြစ်ကြ၏။ အာရုံ ၆-ပါး၌ နှစ်သက်သာယာသော တဏှာတို့တည်း။ ရူပတဏှာသည် ရူပါရုံကို နှစ်သက်သာယာ၏။ သဒ္ဒတဏှာသည် သဒ္ဒါရုံကို နှစ်သက်သာယာ၏ စသည်ဖြင့် သိပါ။
၈။ တဏှာပစ္စယာ ဥပါဒါနံ
တဏှာကြောင့် ဥပါဒါန်ဖြစ်သည်ဆိုရာ၌ တဏှာသည် ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာတို့ ဖြစ်ကြ၏။ ဥပါဒါန်သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့တည်း။
ဤတွင် ကာမုပါဒါန်သည် ကာမဂုဏ်၌ ပြင်းထန်စွာ စွဲလမ်းတပ်မက်သော တဏှာလောဘ ဖြစ်၏။ သို့ဖြစ်၍ အကြောင်းတဏှာနှင့် အကျိုးကာမုပါဒါန်တို့ မည်သို့ ထူးခြားသနည်းဟု မေးဖွယ်ရာရှိ၏။ အဖြေကား -
၁။ အချင်းချင်းထောက်ဆ၍ ရှေးကျပြီး အားသေးသော လိုချင်တပ်မက်မူသည် တဏှာ ဖြစ်၏။ နောက်ကျ၍ အားကြီးသော တပ်မက်မူသည် ဥပါဒါန်ဖြစ်၏။
၂။ ကေစိဆရာ (ဝါဒကွဲဆရာ)တို့က တစ်စုံတစ်ခုသော အာရုံကို မရသေးခင် လိုချင်တပ်မက်မူသည် တဏှာမည်၏၊ ရရှိပြီးနောက် စုံစုံမက်မက် နှစ်သက်စွဲလမ်းမူသည် ကာမုပါဒါန်မည်၏ဟု ဆိုကြ၏။
၃။ ထို့အပြင် တဏှာသည် အပိ္ပစ္ဆတာ(အလိုနည်းမူ)၏ ဆန့်ကျင်ဘက်ဖြစ်၏။ ကာမုပါဒါန်သည် သန္တုဋ္ဌိတာ(တင်းတိမ်ရောင့်ရဲမူ)၏ ဆန့်ကျင်ဘက် ဖြစ်၏။
၄။ တဏှာသည် တောင့်တမူ ရှာဖွေမူ ဒုက္ခစု၏ အကြောင်းရင်း ဖြစ်၏။ ကာမုပါဒါန်သည် ရရှိထားသော အာရုံကို ကြောင့်ကြရမူ၊ စောင့်ရှောက်ရမူ ဒုက္ခစု၏ အကြောင်းရင်း ဖြစ်၏။
ကျန်ဥပါဒါန် ၃-မျိုးတို့၏ တရားကိုယ်မှာ အယူလွဲမူ ဒိဋ္ဌိဖြစ်၏။ အတ္တဝါဥပါဒါန်သည် အတ္တရှိ၏ဟု စွဲယူသော သက္ကာယဒိဋ္ဌိဖြစ်၏ သီလဗ္ဗတုပါဒါန်သည် ခွေးအကျင့်၊ နွားအကျင့် စသည်တို့ဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု စွဲလမ်းသော ဒိဋ္ဌိ ဖြစ်၏။ ဒိဋ္ဌုဒါပါန်မှာ ကျန်မအယူလွဲမူ ဒိဋ္ဌိအမျိုးမျိုးဖြစ်၏။
မိမိကိုယ်ကို တဏှာဖြင့် ခင်မင်တွယ်တာနေမူကြောင့် သက္ကာယဒိဋ္ဌိဖြစ်၏။ မိမိကိုယ်ကို တဏှာဖြင့် ခင်မင်တွယ်တာမူကြောင့်ပင် နောင်ဘဝ၌ ချမ်းသာဖို့ရန် ရည်မှန်းလျက် ခွေးအကျင့်၊ နွားအကျင့်တို့ကို ကျင့်၏။ ဒိဋ္ဌုပါဒါန်ဟူသော ဒိဋ္ဌိများကိုလည်း တဏှာကြောင့်သာ ကောင်းနိုးရာရာ ထင်သည်တို့ကို ယူမှားမိခြင်းဖြစ်၏။
၉။ ဥပါဒါနပစ္စယာ ဘဝေါ
ဥပါဒါန်ကြောင့် ဘဝဖြစ်သည်ဆိုရာဝယ် ဥပါဒါန်သည် အထက်၌ ဖော်ပြခဲ့သော ဥပါဒါန် ၄-ပါး ဖြစ်၏။ ဘဝအရမူ ကမ္မဘဝနှင့် ဥပပတ္တိဘ၀ ၂-မျိုးကို ကောက်ယူရ၏။
ကမ္မဘ၀ ဟူသည်မှာ အကုသိုလ်စိတ် ၁၂-ပါး၊ မဟာကုသိုလ်စိတ် ၈-ပါး၊ မဟဂ္ဂုတ်ကုသိုလ်စိတ် ၉-ပါးတို့၌ ယှဉ်သော စေတနာ ကံ ၂၉-ပါးဖြစ်၏။ (သင်္ခါရအဖြစ် ကောက်ယူခဲ့သော ပုညာဘိသင်္ခါရ စသည်တို့ပင်တည်း။)
ဥပပတ္တိဘ၀ ဟူသည်မျာ ထိုကံ ၂၉-ပါးကြောင့် ဖြစ်သော လောကီဝိပါက်စိတ် ၃၂-ပါး၊ ၎င်းစိတ်တို့၌ ယှဉ်ကြသော စေတသိက် ၃၅-ပါးနှင့် ကမ္မဇရုပ် ၁၈-ပါးတို့ ဖြစ်ကြ၏။
ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံမှာ ကာမုပါဒါန်အစွမ်းဖြင့် လူချမ်းသာ နတ်ချမ်းသာကို အလိုရှိ၍ ကံများ(ကမ္မဘဝ)ကို ပြုစီမံကြ၏။ တစ်ချို့သည် ဆရာတို့၏ ဟောပြောမူကြောင့် သားကောင်သတ်ပြီး ယဇ်နတ်ပူဇော်ကြ၏။ တစ်ချို့မှာ ဤဘဝ၌ပင်ကာ ကာမချမ်းသာကို ခံစားလို၍ ခိုးဝှက်လုယက်သည့် ဒုစရိုက်မူများကို ပြုလုပ်ကြ၏။ တစ်ချို့မှာမူ ဆရာကောင်းတို့၏ လမ်းညွှန်မူကြောင့် ကာမာဝစရကုသိုလ်ကံကို ဖြည့်ဆည်းကြ၏။ တစ်ချို့သည်ကား `ဈာန်ချမ်းသာသည် ကာမချမ်းသာထက်သာလွန်၏´ဟု ကြားဖူးကြသဖြင့် ထိုချမ်းသာကို ခံစားလိုသော ကာမုပါဒါန်ကြောင့် ရူပဈာန် အရပဈာန်တို့ကို အားထုတ်ကြ၏။
အကုသိုလ်ကမ္မဘဝကြောင့် သေလွန်သည့်အခါ အပါယ်ဘုံ၌ ဥပပတ္တိဘဝဖြစ်ရ၏။ ကုသိုလ်ကမ္မဘဝကြောင့် သေလွန်သောအခါ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ ဥပပတ္တိဘဝဖြစ်ကြ၏။
သတ္တဝါတို့သည် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့ကြောင့်လည်း ကမ္မဘဝအမျိုးမျိုးကို ပြုစီမံကြပြီးလျှင် သေလွန်ကြသည့်အခါ ဥပပတ္တိဘဝအမျိုးမျိုးကို ရကြ၏။
၁၀။ ဘဝပစ္စယာ ဇာတိ
ဘဝကြောင့် ဇာတိဖြစ်သည်ဆိုရာ၌ ဘဝအရ ကမ္မဘဝကိုပင် ယူရမည်။ ကမ္မဘဝသည် လောကီကုသိုလ် အကုသိုလ်စိတ် ၂၉-ပါးတို့၌ ယှဉ်ကြသော စေတနာကံ ၂၉-ပါးတို့ ဖြစ်ကြ၏။
ဇာတိအရမူ ဝိပါက်စိတ် ၃၂-ပါး၊ ၎င်းစိတ်တို့၌ ယှဉ်ကြသော စေတသိက် ၃၅-ပါးနှင့် ကမ္မဇရုပ် ၁၈-ပါးတို့၏ ဖြစ်ခြင်းဥပါဒ်ကို ကောက်ယူရမည်။ ဤသို့ ကောက်ယူသည့်အခါ အဟိတ်ပဋိသန္ဓေ ၂-ပါး၊ မဟာဝိပါက်ပဋိသန္ဓေ ၈-ပါး၊ ရူပါဝစရပဋိသန္ဓေ ၆-ပါး၊ အရူပါဝစရပဋိသန္ဓေ ၄-ပါး၊ ပေါင်းပဋိသန္ဓေ ၂၀တို့ ပါဝင်သွားကြ၏။ ထို့အပြင် ပဝတ္တိအခါ၌ ဖြစ်ကြသော ဝိပါက်စိတ် စေတသိက်များနှင့် ကမ္မဇရုပ်တို့လည်း ပါဝင်ကြ၏။
၁၁။ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေ၀ ဒုက္ခဒေါမနဿုပါယာသာသမ္ဘဝန္တိ
ဇာတိသည် ဥပပတ္တိဘဝ၏ ပထမဦးဆုံးဥပါဒ်ခြင်း (ဝါ) ပဋိသန္ဓေနေခြင်း ဖြစ်၏။ ဥပပတ္တိဘဝသည် ထိုထိုဘုံ၌ ဖြစ်ကြသော ဝိပါက်နာမက္ခန္ဓာ (ဝိပါက်နာမ်ခန္ဓာ ၄-ပါး)နှင့် ကမ္မဇရုပ်များဖြစ်ကြ၏။
ဇာတိကြောင့် အိုခြင်းဇရာ၊ သေခြင်းမရဏ၊ စိုးရိမ်ပူပန်ခြင်းသောက၊ ငိုကြွေးခြင်းပရိဒေဝ၊ ကိုယ်ဆိုင်ရဲခြင်းဒုက္ခ၊ စိတ်ဆင်းရဲခြင်းဒေါမနဿနှင့် ပြင်းစွာ ပူဆွေးခြင်း ဥပါယာသတို့ ဖြစ်ပေါ်ကြ၏။
ဇရာသည် လောကီဝိပါက်စိတ် ၃၂-ပါး၊ ၎င်းတို့၌ ယှဉ်ကြသော စေတသိက် ၃၅-ပါးနှင့် ကမ္မဇရုပ်တို့၏ ရင့်ခြင်း (ဌီ) ဖြစ်၏။ သတ္တဝါတို့၏ အရွယ်မှ ဆုတ်ယုတ်ခြင်း၊ ရင့်ရော်အိုမင်းခြင်းပင်တည်း။
မရဏသည် လောကီဝိပါက်စိတ် ၃၂-ပါး၊ ၎င်းတို့၌ ယှဉ်ကြသော စေတသိက် ၃၅-ပါးနှင့် ကမ္မဇရုပ်တို့၏ ပျက်စီးခြင်း(ဘင်) ဖြစ်၏။ သတ္တဝါတို့၏ ဇီဝိတိနြေ္ဒကင်း၍ သေဆုံးခြင်းပင်တည်း။
သောကသည် ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းဖြစ်၏။ တရားကိုယ်မှာ ဒေါသမူဒွေ၌ ယှဉ်သော ဒေါမနဿဝေဒနာ ဖြစ်၏။ ဆွေမျိုးညာတိ၊ ပစ္စည်းဥစ္စာ စသည်တို့ ပျက်စီးမူကြောင့် စိတ်နှလုံး၏ ပူပန်ခြင်းပင်တည်း။
ပရိဒေဝသည် တစ်စုံတစ်ခု ပျက်စီးမူကြောင့် တမ်းတငိုကြွေးခြင်း ဖြစ်၏။ တရားကိုယ်မှာ စိတ္တဇဝိပလ္လာသသဒ္ဒရုပ်ဖြစ်၏။ စိတ်ကြောင့်ဖြစ်သော ဖောက်ပြန်သည့် အသံရုပ်ပင်တည်း။
ဒုက္ခသည် ကိုယ်ဆင်းရဲမူ ဖြစ်၏။ တရားကိုယ်မှာ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်နှင့် ယှဉ်သော ဝေဒနာ စေတသိက်ဖြစ်၏။
ဒေါမနဿသည် စိတ်ပင်ပန်းဆင်းရဲမူ၊ နှလုံးမသာမယာမူ ဖြစ်၏။ တရားကိုယ်မှာ ဒေါသမူဒွေ၌ ယှဉ်သော ဝေဒနာဖြစ်၏။
ဥပါယာသသည် သောကပရိဒေဝတို့ထက် လွန်ကဲသော အသံမျှ မထွက်နိုင်အောင် ရိူက်ကြီးငင်ကြီး ဖြစ်ကာ အတွင်းဆွေးဆွေးခြင်း၊ ပြင်းပြစွာ ဆင်းရဲပင်ပန်းခြင်း၊ နစ်မျောခြင်းဖြစ်၏။ တရားကိုယ်မှာ ဒေါသမူဒွေ၌ ယှဉ်သော ဒေါသပင်တည်း။
အကျိုးရင်းနှင့် အကျိုးဆက်
ဇာတိရှိလျှင် မည်သည့်ဘဝ၌မဆို ဇရာမရဏတို့ ဏကန်မုချရှိ၏။ ထို့ကြောင့် ဇရာမရဏသည် မုချအကျိုး (ဝါ) အရင်းခံအကျိုး ဖြစ်၏။
သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတည်းဟူသော တရားငါးပါးတို့သည် ဗြဟ္မာပြည်၌ မရှိကြ၊ နတ်ပြည်၌ အချို့ရှိပြီး အချို့မရှိ၊ လူ့ပြည်၌လည်း ဇာတိဖြစ်ပြီး မကြာခင်သေဆုံးသူတို့မှာ သောကစသော တရားအချို့ ဖြစ်ခွင့်မရ။ သို့အတွက် သောကပရိဒေဝစသည့် တရားစုသည် ဇာတိ၏မုချ အကျိုးမဟုတ်၊ ဇာတိနှင့် ဆက်သွယ်၍ ဖြစ်တတ်သော အကျိုးဆက်သာ ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ် တရားတော်၏ သိမှတ်ဖွယ်များ
၁။ အင်္ဂါ ၁၂-ပါး
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း၌ လှည်းဘီးစက်ဝိုင်း၏ ဒေါက်ဆန်များကဲ့သို့ မပါလျှင် မပြီး၊ အရေးကြီးသောအင်္ဂါ ၁၂-ပါးရှိ၏။
၎င်းတို့ကား အဝိဇ္ဇာ ၁-ပါး၊ သင်္ခါရ ၁-ပါး၊ ဝိညာဏ် ၁-ပါး၊ နာမ်ရုပ် ၁-ပါး၊ သဠာယတန ၁-ပါး၊ ဖဿ ၁-ပါး၊ ဝေဒနာ ၁-ပါး၊ တဏှာ ၁-ပါး၊ ဥပါဒါန် ၁-ပါး၊ ဘ၀ ၁-ပါး၊ ဇာတိ ၁-ပါး၊ ဇရာမရဏ ၁-ပါးတို့ ဖြစ်ကြ၏။
၂။ အဓွန့် ၃-ပါး
အဓွန့်ဟူသည် ကာလဖြစ်၏။ ကာလ၏ အပိုင်းအခြားအရ ဖြစ်ပေါ်ကြသော တရားတို့ကို ဌာနူပစာရအားဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟု ပိုင်းခြားအပ်၏။
အတိတ်အဓွန့် = အဝိဇ္ဇာနှင့် သင်္ခါရ။
ပစ္စုပ္ပန်အဓွန့် = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
အနာဂတ်အဓွန့် = ဇာတိနှင့် ဇရာမရဏ။
သတ္တဝါတစ်ဦးသည် အတိတ်ဘဝ၌ သံသရာ၏အပြစ်ကို မမြင်နိုင်အောင် အဝိဇ္ဇာ ဖုံးလွှမ်းသဖြင့် အကုသိုလ်သင်္ခါရ စသည်တို့ကို ပြုခဲ့မိ၏။ ထို့ကြောင့် အဝိဇ္ဇာနှင့် သင်္ခါရတို့သည် အတိတ်အဓွန့် ဖြစ်၏။
အတိတ်က ပြုခဲ့သော ကုသိုလ်၊ အကုသိုလ် သင်္ခါရတို့ကြောင့် ယခု ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေကာလမှစ၍ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ကြ၏။ ထို့ကြောင့် ဤတရား ၈-ပါးတို့သည် ပစ္စုပ္ပန်အဓွန့်ဖြစ်၏။
ယခုဘဝ၌ ကမ္မဘဝဟူသော ကုသိုလ် အကုသိုလ်ကံတို့ကို ပြုစီမံပြန်ရကား နောက်အနာဂတ် ဘဝတွင် ဇာတိနှင့် ဇရာ မရဏတို့ ဖြစ်ကြရ၏။ သို့ဖြစ်၍ ဇာတိနှင့် ဇရာမရဏတို့သည် အနာဂတ်အဓွန့်ဖြစ်၏။
၃။ အခြင်းအရာ ၂၀-ပါး
အတိတ်အကြောင်း ၅-ပါး = အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
ပစ္စုပ္ပန်အကျိုး ၅-ပါး = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
ပစ္စုပ္ပန်အကြောင်း ၅-ပါး = တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ။
အနာဂတ်အကျိုး ၅-ပါး = ဝိညာဏ်၊ နာပ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
အဝိဇ္ဇာနှင့် သင်္ခါရတို့သည် အတိတ်အဓွန့်တရားများ ဖြစ်ကြ၏။ ထို ၂-ပါးတွင် အဝိဇ္ဇာသည် ကိလေသာ ၁၀-ပါး၌ ပါဝင်သဖြင့် ကိလေသာ ဝဋ်တရားဖြစ်၏။ တဏှာနှင့် ဥပါဒါန်တို့သည်လည်း ကိလေသာဝဋ်တရားများ ဖြစ်ကြ၏။ ထိုသို့ ကိလေသာဝဋ်ချင်း တူနေခြင်းကြောင့် အဝိဇ္ဇာကို ယူလိုက်သောအခါ တဏှာနှင့် ဥပါဒါန်တို့လည်း ပါဝင်လာကြ၏။
တစ်ဖန်သင်္ခါရသည် ကမ္မဝဋ်ဖြစ်၏။ ကမ္မဘဝသည်လည်း ကမ္မဝဋ်ပင်ဖြစ်၏။ ထိုသို့ ကမ္မဝဋ်ချင်းတူသောကြောင့် အတိတ်ဘဝ၌ သင်္ခါရကို ယူလိုက်သည့်အခါ ကမ္မဘဝကိုလည်း အဝိနာဘာ၀ (မကင်းစကောင်းသော) နည်းအားဖြင့် ယူပြီး ဖြစ်တော့၏။
သို့ဖြစ်၍ အတိတ်ဘဝ၌ `အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ´ဟူသော အကြောင်း ၅-ပါးကို ရ၏။
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့သည် အတိတ်ကံကြောင့်ဖြစ်ကြသော ပစ္စုပ္ပန်အကျိုး ၅-ပါးဖြစ်ကြ၏။
ပစ္စုပ္ပန်အဓွန့်၌ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ ဟူသော အကြောင်း ၃-ပါးတို့သည် တိုက်ရိုက်လာ၏။ ထို ၃-ပါးကို ယူလိုက်သောအခါ အထက်၌ ဆိုခဲ့သည့် အဝိနာဘာဝနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ကိုလည်း ယူပြီး ဖြစ်တော့၏။ သို့အတွက် ပစ္စုပ္ပန်ဘဝ၌ `တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ´ဟူသည့် အကြောင်း ၅-ပါးကို ရပြန်၏။
အနာဂတ်အဓွန့်၌ ဇာတိနှင့် ဇရာမရဏတို့ကို ဖော်ပြထား၏။ ဇာတိ၌ တရားကိုယ် သီးခြားမရှိ။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့၏ ဖြစ်ခြင်းဥပါဒ်ကိုပင် ဇာတိဟု ယူရ၏။ ထို့အတူ ဇရာ၊ မရဏတို့သည် ထိုတရား ၅-ပါးတို့၏ ရင့်ခြင်းဌီနှင့် ပျစ်စီးခြင်းဘင်တို့ ဖြစ်ကြ၏။ ထို့ကြောင့် အနာဂတ်အကျိုးအဖြစ် `ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ´ တို့ကိုပင် ယူရ၏။
သို့ဖြစ်၍ အတိတ်ဘဝ၌ အကြောင်း ၅-ပါး၊ ပစ္စုပန်ဘဝ၌ အကျိုး ၅-ပါး၊ တစ်ဖန် ပစ္စုပ္ပန်ဘဝ၌ အကြောင်း ၅-ပါး၊ အနာဂတ်ဘဝ၌ အကျိုး ၅-ပါး ဟူသော အခြင်းအရာ ၂၀-ကိုရ၏။
၄။ စတုသငေ်္ခပခေါ် အလွှာ ၄-ပါး
အတိတ်ဘဝအကြောင်း ၅-ပါးကို တစ်လွှာ၊ ပစ္စုပ္ပန်ဘဝအကျိုး ၅-ပါးကို တစ်လွှာ၊ ပစ္စုပ္ပန်ဘဝအကြောင်း ၅-ပါးကို တစ်လွှာ၊ အနာဂတ်ဘဝအကျိုး ၅-ပါးကို တစ်လွှာဟူ၍ ၄-ပါးရှိ၏။
၅။ တိသန္ဓိခေါ် အစပ် ၃-ပါး
ပဋိစ္စသမုပ္ပါဒ်အင်္ဂါများကို စဉ်ထားသောအခါ အကြောင်းတရား၏ အဆုံးနှင့် အကျိုးတရား၏ အစသည် တစ်စပ်၊ အကျိုးတရား၏အဆုံးနှင့် အကြောင်းတရား၏ အစသည် တစ်စပ်၊ တစ်ဖန်အကြောင်းတရား၏ အဆုံးနှင့် အကျိုးတရား၏ အစသည် တစ်စပ်ဟူ၍ အစပ် ၃-စပ် ရှိ၏။ ထိုအစပ်နေရာတို့ကို ပုဒ်မ ခြား၍ ဖော်ပြရသော် -
`အဝိဇ္ဇာ၊ သင်္ခါရ။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။ ဇာတိ၊ ဇရာ မရဏ´
ထို့ကြောင့် သင်္ခါရနှင့် ဝိညာဏ်တို့၏ အကြားသည် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတို့၏ အစပ်၊ ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန် အကြောင်းတို့၏ အစပ်၊ ကမ္မဘဝနှင့် ဇာတိအကြားသည် ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးတို့၏ အစပ်ဖြစ်ကြ၏။
၆။ ဝဋ် ၃-ပါး
`ဝဋ္ဋ´ သဒ္ဒါသည် စက်ဘီးများ ချာချာလည်သလို `လည်ပတ်ခြင်း´အနက်ကို ဟော၏။ ထို့ကြောင့် `အကြောင်းပြီးလျှင် အကျိုး၊ အကျိုးပြီးလျှင် အကြောင်း´ဟု အကြောင်းအကျိုး မပြတ်ဘဲ ဆက်ကာ ဆက်ကာလည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ်တရားကို `ဝဋ္ဋ = ဝဋ်´ဟု ခေါ်၏။
ကိလေသဝဋ် = အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
ကမ္မဝဋ် = ကမ္မဘဝ၊ သင်္ခါရ။
ဝိပါကဝဋ် = ဥပပတ္တိဘဝ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာမရဏ။
အဝိဇ္ဇာ၊ တဏှာနှင့် ဥပါဒါန်တို့သည် ကိလေသာတရားများ ဖြစ်ကြသဖြင့် ကိလေသဝဋ်မည်၏။
ကမ္မဘဝဟူသည် ဘဝတစ်စိတ်နှင့် သင်္ခါရတို့သည် ကံတရားချည်း ဖြစ်ကြသောကြောင့် ကမ္မဝဋ်မည်၏။
ဥပတ္တိဘဝဟူသော ဘ၀ တစ်စိတ်နှင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏတို့သည် ကံ၏အကျိုးတရားများ ဖြစ်ကြသောကြောင့် ဝိပါကဝဋ်မည်၏။
ကိလေသဝဋ်ရှိလျှင် ကမ္မဝဋ် မုချဖြစ်၏။ ကမ္မဝဋ်ရှိလျှင် ဝိပါကဝဋ် အမြဲဖြစ်၏။ ဝိပါကဝဋ်ဟူသည့် ဝေဒနာရှိလျှင် တဏှာစသော ကိလေသဝဋ် ဖြစ်ပြန်၏။ ဤသို့ အကြောင်းအကျိုး ဆက်စပ်လျက် ပတ်ချာလည်နေသော တရားကို `ဝဋ်´ဟု ခေါ်ဆိုရ၏။
၇။ ဝဋ်မြစ် ၂-ပါး
ပဋိစ္စသမုပ္ပါဒ်စက်သည် အတိတ်ဘဝအကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝအကျိုး ဖြစ်သည့်တိုင်အောင် အရှေ့ပိုင်းတစ်စက်၊ ပစ္စုပန်ဘဝအကြောင်းမှစ၍ အနာဂတ်ဘ၀ အကျိုးတိုင်အောင် နောက်ပိုင်းတစ်စက်ဟူ၍ ၂-စက်ရှိ၏။
ထိုတွင် `အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ကား ရှေ့ပိုင်း တစ်စက်ဖြစ်၏။ ထိုစက်၌ အဝိဇ္ဇာသည် အရင်းမူလအစ ဖြစ်၏။
တစ်ဖန် `တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏ တို့ကား နောက်ပိုင်း တစ်စက် ဖြစ်၏။ ဤစက်၌ တဏှာသည် အရင်းမူလအစဖြစ်၏။
ထို့ကြောင့် ဝဋ်မြစ် ၂-ပါးတို့သည် အဝိဇ္ဇာနှင့် တဏှာတို့ ဖြစ်ကြ၏။
၈။ စက်ရဟတ်ပျက်ကိန်း
သစ်တစ်ပင်၌ ရေသောက်မြစ်ပြတ်လျှင် တစ်ပင်လုံး ပျက်စီးရသကဲ့သို့ ထို့အတူ သံသရာတွင် စည်ပင်နေသည့် သတ္တဝါဟု ခေါ်ဆိုအပ်သော ရုပ်နာမ်ခန္ဓာသစ်ပင်ကြီး၌ အဝိဇ္ဇာ-တဏှာဟူသည့် ရေသောက်မြစ် ၂-ခုကို အရဟတ္တမဂ်လက်နက်ဖြင့် ဖျက်ဆီးလိုက်သောအခါ ရုပ်နာမ်သံသရာကြီး အပြီးသတ် ချုပ်ငြိမ်းလေတော့၏။
၉။ အဝိဇ္ဇာ၏အကြောင်း
ပဋိစ္စသမုပ္ပါဒ်တရားတော်တွင် `အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏၊ ပေ၊ ဇာတိကြောင့် ဇရာ မရဏ, သောကပရိဒေဝတို့ ဖြစ်ကြ၏ဟု အဝိဇ္ဇာမှစ၍ ဟောထားရာ အဘယ်အကြောင်းကြောင့် အဝိဇ္ဇာ ဖြစ်သနည်းဟု မေးဖွယ်ရာ ရှိ၏။
အဖြေကား `အာသဝေါတရား ၄-ပါးကြောင့် အဝိဇ္ဇာဖြစ်၏´ဟူသတည်း။ အာသဝေါတရား ၄-ပါးမှာ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝနှင့် အဝိဇ္ဇာသဝတို့ ဖြစ်ကြ၏။
လောက၌ နေ့စဉ်လူအများ သေဆုံးနေကြသည်ကို ကြားသိရသော်လည်း သောကပရိဒေဝတို့ မဖြစ်မိ။ မိမိနှင့်အလွန် အကျွမ်းဝင်ချစ်ခင်သော လူတစ်ယောက်သေဆုံးလျှင်မူ သောကပရိဒေ၀ အလွန်အမင်း ဖြစ်ကြရ၏။ ဤကား ခင်မင်တွယ်တာမူ တဏှာလောဘဟူသည် ကာမာသဝကြောင့် သောကစသည်တို့ ဖြစ်ခြင်းပင်တည်း။
အလွန်ခမ်းနားကြီးကျယ်သော ဘုံဗိမာန်များ၌ ကာလရှည်ကြာစွာ စံမြန်းနေရသော နတ်ဗြဟ္မာများသည် ဘဝါသဝဖြင့် နှစ်သက်အားရနေကြ၏။ ဘုရားရှင်၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် စပ်သော တရားစကားကို ကြားကြရသည့်အခါ မိမိတို့၏ဘ၀ မမြဲသည်ကို တွေးမိ၍ လွန်စွာ ထိတ်လန့်ကြောက်ရွံ့လျက် ဒေါသမူစိတ်နှင့် ဒေါမနဿဝေဒနာတို့ ဖြစ်ကြရ၏။
`ရုပ်ဟူသည် ငါတည်း၊ ငါ၏ရုပ်တည်း´ဟု ဒိဋ္ဌာသဝဖြင့် စွဲလမ်းနေသူသည် ရုပ်ဖောက်ပြန် ပြောင်းလဲသောအခါ သောကစသည် ဖြစ်ရ၏။
သဘောမှန်ကို မသိမြင်နိုင်သည့် အဝိဇ္ဇာတည်းဟူသော အမှောင်တရားကြောင့်သာ သတ္တဝါတို့သည် သောကစသည်ဖြစ်ကြရ၏။ ပရိဒေဝဟူသော ငိုကြွေးခြင်းသည် အဝိဇ္ဇာမကင်းသည့် သူတို့၌သာ ဖြစ်လေ့ရှိ၏။ ဒုက္ခဖြစ်သည့်အခါ စိတ်မချမ်းသာဘဲ ဒေါသမူ စိတ်ဖြစ်ပြီး စိတ်ဆင်းရဲခြင်းဟူသော ဒေါမနဿ ဖြစ်ရ၏။
တစ်ဖန် ဒေါသမူ၊ လောဘမူ၊ မောဟမူ စိတ်တို့၌ မောဟတူသည့် အဝိဇ္ဇာတရား အမြဲယှဉ်တွဲလျက်ဖြစ်ပေါ်နေရာ မသိမိုက်မဲမူ အဝိဇ္ဇာကြောင့် သောကပရိဒေဝစသည် ဖြစ်ပေါ်ကြပြီး သောကပရိဒေဝစသည်တို့ ဖြစ်ပေါ်လျှင် အဝိဇ္ဇာယှဉ်တွဲပါလာပြန်၏။ ရှေးရှေး အဝိဇ္ဇာသဝကြောင့် သောကစသည်နှင့်အတူ နောက်နောက် အဝိဇ္ဇာတို့ ဖြစ်ခြင်းပင်တည်း။
သို့ဖြစ်၍ `အရင်းစစ် အမြစ်မြေက´ ဟူသည်နှင့်အညီ အာသဝေါတရား ၄-ပါးကြောင့် သောကပရိဒ၀ စသည်တို့ ဖြစ်ပေါ်ကြပြီး သောကစသည်ဖြစ်ပေါ်သောအခါ အဝိဇ္ဇာသည်လည်း ပါဝင်လာကြတော့၏။ ထို့ကြောင့် အဝိဇ္ဇာ၏ အကြောင်းသည် အာသဝေါ ၄-ပါးဖြစ်သတည်း။

No comments:
Post a Comment