Search This Blog

Monday, June 28, 2010

ကိုယ်.ကိုယ်ကိုမဖျက်ကြနှင်. + ကြီးပွားချမ်းသာလိုပါလျှင် (ဝေဘူ ဆရာတော်ဘုရားကြီး)

ကိုယ်.ကိုယ်ကိုမဖျက်ကြနှင့်

မြတ်စွာဘုရားဟောတဲ. တရားကို သူ.အတိုင်းမထာဘဲ နည်းနည်းလောက် နုတ်ထားလိုက်
မယ်ဗျာ.။ ဒါမှမဟုတ် နည်းနည်းကလေးအပိုထည်.ထားလိုက် မယ်ဆိုပါတော. အဲဒါဟာ
သာသနာပြုတာလား။ဖျက်တာလား။ဖျက်တာပါဘုရား။ အဲသလိုဖျက်တော. သာသနာကပျက်
သွားမှာတဲ.လား၊ အဲသလိုဖျက်တဲ.လူမှာ ပျက်သလား။ ဖျက်တဲ.လူပဲ ပျက်မှာပါဘုရား။ အေး...ဗျာ ဘုရားက ဒီလိုပါဆိုရင် ဒီအတိုင်းသာလုပ်ဗျာ.။ ကိုယ်.ကိုယ်ကိုမဖျက်ကြနှင်.

(၁၉၇၃ ဧပြီလ ၂၀ ရက်နေ. နံနက်၁၀ နာရီ အင်းကြင်ပင်ရိပ်သာတွင်ဟောချက်မှ)



ကြီးပွားချမ်းသာလိုပါလျှင်

ဒို. ဘုရားသာသနာက နေပူအောင်လုပ်လို.လဲရတယ်၊ မိုးရွာအောင် လုပ်လိုလဲရတယ်၊ လူ
လာအောင် လုပ်လို.လဲဖြစ်တယ်၊ လူမလာအောင် လုပ်လို.လဲဖြစ်တယ်၊ သစ်ပင်ရှိရင် ဆွမ်းရှိတယ်။
မင်းတို.ဘုရားကြည်.ညိုတာက မတည်.တဲ.သူငယ်ချင်း အိမ်အလည်လာ သလောက်မှ မကြည်
ညိုလို. မင်းတို.မှာ ဘာအကျိုးထူးမှ မခံစားရဘူး။

မတည်.တဲ.သူငယ်ချင်းလာရင် ကိုယ်ကမခေါ်ချင်တောင်မှ စားချိန်ကျရင် ဟိုကောင် ကျွေးလိုက်ဆိုပြီး မင်းတို.ဒကာမ ကိုပြောမယ်၊စားပြီးတော.လည်း ဟိုဟာတွေဆေးပြီးသိမ်းထား လို.ခိုင်း မယ်။
ုခုတော. မင်းတို.ဟာက ဘုရားဆွမ်းမှန်မှန် မလှူချင်ဘူး။ ဆွမ်းတော် တင်ပြီးလဲ ကျီးစားစား
ကြွက်စားစား တနေကုန် ပစ်ထားတာပဲ မဟုတ်လား။ "ဘုရားကိုသာ အသက်ထင်ရှားရှိ သလို
မင်းတို. ကြည်ညိုတတ်ရင် ခုလို မဆင်းရဲဘူး။"

ခန္ဓာကိုယ်ကြီးကလိမ်ပြောတတ်တယ် (ဝေဘူဆရာတော် ဘုရားကြီး)

ခန္ဓာကိုယ်ကြီးကလိမ်ပြောတတ်တယ်

မေး။ ဒကာကြီးအိမ်က နေ.တ၀က်လောက် ၀အောင်ကျွေးတဲ. ဒကာမကြီးနှင်. သံသရာတစ်လျှောက်လုံး ၀အောင်ကျွေးတဲ. ဘုရားရှင် ဘယ်သူနဲ့ ပိုတည့်မှာလဲ။

ဖြေ။ ဘုရားရှင်နဲ့ အတည့်ဆုံးလို.ပြောရမှာပါပဲဘုရား။

မေး။ ဒါဖြင်. ဒကာမကြီးက ကျွေုးတာတော.ဖြင်. အဟုတ်စားတယ်၊ဘုရားရှင်က ကျွေးတာတော. ဘယ်နှယ်လဲ။
ဖြေ။ ဆုတ်ဆိုင်း ဆုတ်ဆိုင်း ဖြစ်နေပါတယ်ဘုရား၊ဒါကြောင်.တပည်.တော်ကိုယ်တိုင်ကိုတပည်.တော် အမြင်ကပ်နေပါတယ်ဘုရား။

အေး..ကောင်းပါပြီဗျာ။ကြိုးစားကြ၊အားလုံးဟာဝီရိယထူထောင်ပြီး ပြုကြတယ်ဆိုတာဟာသည်
ရုပ်နှင်.နာမ်ကို မတဲ.လို. လုပ်တာဗျာ.။ ဟုတ်ကဲ.လားဗျာ။(ဟုတ်ပါတယ်ဘုရား။)သည်တော.ဘုရားရှင်ကိုကြည်ညိုကြတယ်။အားထုတ်မယ်ဆိုပြီး အားထုတ်တယ်၊အားထုတ်တော. ညောင်းလာပြန်ပြီလိုဖြစ်လိမ်.မယ်၊သည်တော.တော်တော.လို.ပြောမှာလား၊ မပြောနှင်.၊ငါဘာလိုညောင်းရမလဲ ဆိုပြီး သည်လိုခိုင်း။ဘေးဥပါဒ်အန္တရာယ်ဖြစ်မှာကြောက်တယ်၊ဥပါဒ်အန္တရာယ်ဖြစ်ချင်ဖြစ်ပါစေ၊ သေသွားလိမ်.မယ်လိုဆိုပြန်ရင်လဲ သေရင်သေပေစေ၊ အဲသည်လိုခိုင်းဗျာ.။ဒီခန္ဓာကိုယ်ကြီးက သနားအောင်ပြောမယ်၊

သူနဲ.က တဲ.မှမတဲ.ဘဲကိုး၊ သည်တော.ဘယ်နှယ်လုပ်မလဲဆိုရင် သူကသေသွားလိမ်.ဆိုတော.သေသွားဘာဖြစ်လဲ၊ အရင် တုန်းက သေခဲ.လှပြီးပြီ။ ဒကာကြီးလဲ ဘယ်နှစ်ခါလောက်သေခဲ.သလဲ။

(မရေတွက်နိုင်ပါဘုရား)။

မေး။ အဲဒီလို သေခဲ.တာတွေဟာ အားထုတ်ရင်း သေတာလား။
ဖြေ။ အားထုတ်ရင်းမဟုတ်ပါဘုရား။အကုသိုလ်လုပ်ရင်းသေလိုအခုထက်ထိ လှုပ်လှုပ်ရွရွ ဖြစ်နေ
တာပါပဲဘုရား။

သူသေသွားလိမ်.ဆိုရင် ကိုယ်ကဘယ်လိုအောက်မေ့ရမလဲ။

သည်လိုအားထုတ်လိုများ အရင် တုန်းက တစ်ခါမှ မသေခဲ.ဖူးသေးဘူး၊အားထုတ်ရင်းသေ
ချင်နေတာ လင်းအောင်တောင် မနေလိုက်ပါနှင်.၊ အခု ချက်ချင်းပဲသေပါစေတော.၊ အား
ထုတ်ရင်းသေဖူးတယ်ရှိအောင် ငါသေချင်နေတာ အဲဒီလိုပြော။ ဒကာကြီး အခုလိုတရား
အားထုတ်ရင်း သေရင် ဘယ်နှယ်လဲ. ဆင်းရဲမှာလား။ (ချမ်းသာမှာပါဘုရား။) သည်အတိုင်း
တိုင်း အရင် တုန်းကလိုနေရင်း သေမယ်ဆိုရင် ဘယ်နှယ်လဲ.၊(ဆင်းရဲမှာပါပဲဘုရား။) ပျင်း
ပျင်းဖျင်းဖျင်း နေရင်းသေရင် ဘယ်နှယ်လဲ့။(အရင်တုံးကလို သံသရာတလျှောက်လုံး လည်
ရအုံးမှာပါဘုရား။) သည်သံသရာကိုမရောက်ချင်ရင်အခုနလိုပေါ.ဗျုာ။နေမကောင်းဖြစ်လိမ်.
မယ်ဆိုရင်လဲ ဘာ.ကြောင်.နေမကောင်းရတာလဲ။တရားအားထုတ်လို.နေမကောင်းလာတာ
လားဗျာ.။(မဟုတ်ပါဘုရား)။တရားအားထုတ်ရင်း နေမကောင်းချင်လိုက်တာလို. အဲဒီလို
ပြောဗျာ.။ညောင်းနေရင်းလဲ နားလိုက်အုံးမယ်လို.သည်လိုလုပ်မှာလား။အဲသည်လိုမလုပ်နှင်.
တရားအားထုတ်လိုများ သံသရာ တလျှောက်လုံးမှာ ညောင်းကိုမညောင်းဖူးသေးဘူး။ အခုလို
ညောင်းတာများ ကောင်းလိုက်တာလိုအဲဒီလိုပြောဗျာ.။ညောင်းတယ်ဆိုပြီး အလုပ်ကိုမရပ်ပဲ
နှင်. ရှေ.ကသူတော်ကောင်းများဟာအခုလို သွားတယ်ဆိုတာ သိပြီးရင် အခုလဲပဲ ဒို.တော.
သည်လိုလုပ်မယ်၊ သည်လိုထိုင်မယ်ဆိုပြီး အဲဒီလိုသာလုပ်ကြပါဗျာ။ရှေ.ဆက်ပြောနေရင်
ဒို.တော.ဖြင်. လုပ်ချင်လှပြီ၊သည်ရဟန်းကြီးဟာ တယ်အပြောရှည်တယ် ပြောနေကြပြီထင်
ပါရဲ.။လုပ်ရမှာက ပြောနေလိုမပြီးဘူး။ အားထုတ်မှပြီးမှာ။အခုနက ဘုရားဆုံးမတဲ. အတိုင်း
ထားပြီး လုံ.လ၀ီရိယတွေနှင်. အဲသည်လိုထူထောင်ကြ အားထုတ်ကြဗျာ.။
အားထုတ်ရင်းသေဖူးတယ်ရှိအောင် ငါသေချင်နေတာ အဲဒီလိုပြော။ ဒကာကြီး အခုလိုတရားအားထုတ်ရင်း သေရင် ဘယ်နှယ်လဲ. ဆင်းရဲမှာလား။ (ချမ်းသာမှာပါဘုရား။)

သကြားနှင်.ဆား စားမှသိ ( ဝေဘူဆရာတော် ဘုရားကြီး )

သကြားနှင်.ဆား စားမှသိ

ဒကာကြီးရဲ. သည်.လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြော
မယ် မဟုတ်လား၊ ဒို.ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို.ကို
သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည်
တော. ဒို.က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။ (တပည်.
တောက စားဖူးလို ပြောတတ်ပါတယ်ဘုရား။ မစားဘူတဲ. ပုဂ္ဂိုလ်များကတော. မပြောတတ်ပါ
ဘုရား။) ဒို.က မစားဘူးလို. သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။(ထန်းလျက်ထက် အ
ှများကြီး ကောင်းပါတယ် ဘုရား) ဒါဖြင်.ဒို.ကပြောမယ်၊သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက်
ထက်ကောင်းတယ် ဆိုတော.ဒို.ကသိပါ.မလား။ (မသိပါဘုရား)။

မေး။ သကြားအချို တကယ်သိအောင် ဒို.ကို ပြောစမ်းပါဦး။

ဖြေ။ သကြားအချို တကယ်သိအောင် မပြောတတ်အောင် ဖြစ်နေပါတယ်ဘုရား။

ဒကာကြီးက စားဖူးသားပဲ၊ ဘာကြောင်.မပြောတတ်ရမှာလဲ။(တပည်.တော်မပြောတတ်တော.ပါဘုရား၊

အရှင်ဘုရားပဲ ဘုဉ်းပေးကြည်.ပါလို.ပြောရမှာပါဘုရား။)

မေး။ သကြားရဲ. ပုံသဏ္ဍာန် ပြောစမ်းပါ ဆိုတော. ဘယ်.နှယ် ပြောမလဲ။

ဖြေ။ ဆားနှင်.တူတယ်လိုပြောရမှာပါဘုရား။ ဒါပေမယ်.ဆားကတော. ပုရွက်ဆိတ်မတက်ဘူး၊

သကြားကတော. ပုရွက်ဆိတ်တက်တယ်၊အခုလိုပြောပေမယ်.၊ အရှင်ဘုရားသိမှာမဟုတ်ပါ ဘုရား။
ဒါဖြင်.ဘယ်တော.မှသိမှာလဲ။(အရှင်ဘုရားဘုဉ်းပေးမှ သိမှာပါဘုရား) သကြားပုံသဏ္ဍာန်က ဆားနှင်.တူတယ်ဆိုတော.ဒို.က ဆားရော သကြားရော ကောင်းကောင်းမမြင်ဖူးဘူး။ သည်တော. ဆားနှင်. သကြားကွဲပြားအောင် ဘယ်လိုပြောမလဲ။

(ထုံးမှုန်. နှင်. ခပ်ဆင်ဆင် ပါဘုရား။) ဖြူဖြူဖွေးဖွေးလား။ ဒို.က ဆားကိုသာ မြင်ဖူးတော. သည်ဆားကိုပဲ သကြားဆို ပြီး စားရေားဗျာ၊သည်တော. ဘယ်နှယ်လဲ၊သကြားအမှန်ကို တွေ.ပါ.မလား။(ဆားနှင်.ပဲတွေ.
မှပါဘုရား။)သည် တော.ဒို.ကမှတ်ရတော.မယ်။ သကြားဆိုတာ ငန်တာ ထင်ပါရဲ. လို.မှတ်ရတော.မယ်။ (တပည်.တော်ပာာ အနိစ္စဘယ်လို မှတ်ရမှန်း မသိသလို လွဲနေမှာပါပဲဘုရား။)

အဲသည်တော. သကြားပုံသဏ္ဍာန်ကို လျှောက်ပြောရင် လွဲစရာတွေ အများကြီး ဖြစ်နေပြီ၊သေသေချာချာ ပြောမှဖြစ်မယ်။ (သကြားကိုယူလာပြီး အရှင်ဘုရား ဘုဉ်းပေးပါလို

ပြောမှပဲ ဖြစ်မှာပါဘုရား။) သကြားတော.သိပြီပြောစမ်းပါလို. ဆိုတော. ဘယ်.နှယ်လဲ။
(ပြောတော. ပြောပါရစေနှင်.၊ဘုဉ်းပေး ပါလို.ပြောရမှာပါပဲဘုရား။) စားရင်ငန်မှာလား။

(သကြားစားရင်တော.ချိုမှာပါပဲ ဘုရား။)

မေး။ အဲသည်တော. ဒကာကြီးက သကြားစားနေတဲ. လူနားက ထိုင်ပြီး ချိုပြီ ချိုပြီ လို ပြောနေရ ဦးမှာလား။

ဖြေ။ မပြောရပါဘုရား။

မေး။ အဲသည်လိုပါးစပ်က မပြောတော. သကြားကရောမချို တော့ဘူးလား။

ဖြေ။ ချိုတာပါပဲဘုရား၊ ပြောလဲ နားငြီးရုံ ရှိမှာပါ ဘုရား။

မေး။ သကြားဟာ စားသည်နှင်. တပြိုက်နက် ဘယ်.နှယ်လဲ။

ဖြေ။ အဟုတ်ဆိုရင် ချိုမှာပါပဲ ဘုရား။

မေး။ သည်ရဟန်းကတောထဲက ရဟန်းဗျာ့၊ ငါ အကုန်လုံး မချိုဘူး၊မြို.ထဲက ဒကာကြီးတွေ

လောက် ပြည်.ပြည်.စုံစုံမချိုပဲ တ၀က်လောက် ချိုလိုက်မယ်၊လျော.ချိုလိုက်မယ်ဆိုပြီး ချိုမှာလား။

ဖြေ။ မျက်နှာမလိုက်ပဲ အတူတူချိုမှာပါ ဘုရား။

ဒါကြောင်. ခုနကရုပ်နာမ်များကိုလဲ ခုနက လိုမှတ်လေ။ သကြားလိုပဲ ချိုပါလိမ့်မယ်ဗျာ။
သည်လိုမှတ်ရင်း မှတ်ရင်းနှင်. သကြားနှင်.ဆားလွဲမှား နေဦးမှာလားဗျာ.။ ဒကာကြီးက ဆားနှင်. သကြားသေသေချာချာကွဲသလား။ဒကာကြီးဟာ ဈေးထဲကို မကြာမကြာရောက်သွားပြီး
ဆားဝယ်စမ်း ဆိုရင် သကြားဝယ်လာမှလား။(မမှားပါဘုရား၊ ကုလားကိုယ်တိုင် ဆားဆိုရင်
ဆားပဲ ပေးလိုက်တာပါပဲ ဘုရား)

အခုလဲ ကုလားကတောင် မမှားဘူးဆိုတော. အတု အတူမရှိတဲ. ဘုရားရှင် သေသေချာချာ
ကိုယ်တော် တိုင်ထိုးထွင်းပြီး သိပါတဲ.အတိုင်း ဆင်းရဲကလွတ်ချင်တဲ. လူနတ်ဗြဟ္မာ တို.ကို
စား ဆိုပြီးသေသေချာချာပေးလိုက်တာပဲ၊ စားသာစား၊ မမှားပါဘူးဗျာ.၊ မှားမှားစိုးတာနှင်.
မစားဘဲနေတာလား။ (သည်အချိန်တောင်မ ရောက်သေးပါဘုရား၊ပြောတာ နားထောင်တုန်း
ပါပဲ ဘုရား။) ဒါဖြင်.ခုနကပြောသလိုစားဗျာ့၊ မမှားပါဘူးတဲဗျာ.၊အေး..ဘာကြောင်. မမှားသ
လဲဆိုရင် ရုပ်နာမ်ဆိုတဲ.ဟာ အစဉ်အမြဲ ဖြစ်ပြီးပျက်နေတာတွေ.ပဲ။

မေး။ ဒါပေမဲ.ဘာကြောင်.အခုမသိသေးသလဲဆိုရင် စားဆိုရုံနှင်. မစားဘဲနေရင်သိပါ.မလား။

ဖြေ။ မစားဘဲနှင်.ချိုတာငန်တာကိုမသိနိုင်ပါဘုရား။

အေး...အခုလဲ သည်လိုကတော. သိနေတယ်။ဒါကရုပ်၊ဒါကနာမ်၊ဒါကသုတ်၊ဒါက၀ိနည်း၊ဒါကအဘိဓမ္မာ၊ သည်လိုတော.သိနေပါပြီ။ဘုရားရှင် ဟောတာကိုတော. မေတ္တာရှင်၊ကရုဏာရှင် တွေကလဲ မအားမပြတ်ရအောင် ညွှန်ကြားဆုံးမထားတော. ဒါကသမထ၊ ဒါက၀ိပဿနာ ဆိုပြီးသိနေတယ် မဟုတ်လား။(ဒါလဲ လုံးလုံးထွေးထွေးပါပဲဘုရား။) ထွေးလဲထွေးပစေ၊ အခုနလိုသာဂရုစိုက်ဗျာ.၊ နောက်ကျရင်လုံးထွေးမှာ မဟုတ်တော.ပါဘူး။သူ.ဟာနှင်. သူသီးသန်. နေပါမယ်ဗျာ.။

အရှေ.သွားတော. အရှေ.ရောက်မယ်၊ အနောက်သွားတော. အနောက်ရောက်ပါတယ်။(တပည်.တော်က မျက်စိလည်ပြီး အရှေ.ကိုအနောက်မှတ်ပြီး လျှောက်နေမိမှာ စိုးပါတယ်ဘုရား။)သည်နေရာမှာတော. မီးရထားစီးသလိုပေါ.။ ဒကာကြီးက သည်ကနေပြီး ဘယ်ကိုစီးချင်သလဲ (မန္တလေး စီးချင်ပါတယ်ဘုရား)

အေး..မန္တလေးရထားသာ မှန်မှန်တက်စီး ၊တောင်ခေါင်းထဲသွားချင်သွားပါစေ၊ မဆင်းနဲ.အဲဒါဆင်းရင် လွဲသွားမှာပဲဗျာ.။ဆင်းသာမဆင်းနဲ.။မန္တလေးရောက်မှာပဲ။

ရထားကဘာတဲ.ဆိုရင် နှာသီးဖျား၊ နှာသီးဝ ကလေးကို လက်နှင်.ထိတော. သိသလိုပဲ သည်လို စူးစူးစိုက်စိုက်ကလေးသာ သိနေ၊ အဲဒါ မီးရထား ပဲဗျာ၊ဘာတုံး ဆိုရင် မဂ္ဂင်တည်းဟူသာလှေ၊ မဂ္ဂင်တည်ဟူသောဖောင် သည်လိုပြောကြတယ်မဟုတ်လား။ စီးသာစီး မဂ် ဖိုလ်ရမယ်။

ဘယ်သွားကြမလဲတရားတော် ( ဝေဘူဆရာတော်ဘုရားကြီး)

 ဘယ်သွားကြမလဲတရားတော်

သီလဆောင်တည်လို.ပြီးကြပြီ။သီလဆောက်တည်ပြီးလျှင် ပြည်.စုံအောင် ဖြည်.ကြ။ ဖြည်.လို.
ပြည်.စုံပြီဆိုမှဖြင်. မိမိစိတ်နှလုံး အလို တောင်.တတဲ.အတိုင်း ပြီးမယ်။ ယခုလဲချမ်းသာမယ်။
နောင်လဲချမ်းသာမယ်။ ပုစ်စုပ်ပန် ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ
ဘုရားရှင်. အဆုံးအမတော်ကလွဲလို တခြားမရှိဘူး။ ဘုရားရှင်အဆုံးအမ ဆိုတာ ပိဋကတ်
သုံးပုံပဲ။ ပိဋကတ် သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋကတ် သုံးပုံကိုအဆီထုတ်ပါ ဆို
လျှင် ဗောဓိပက်ခိယ တရားသုံးဆယ်.ခုနှစ်ပါး ရတယ်။ဗောဓိပက်ခိယ တရားသုံးဆယ်.ခုနှစ်ပါး
ကိုအဆီထုတ်လျှင် မဂ်ဂင်ရှစ်ပါးရတယ်။ မဂ်ဂင်ရှစ်ပါးအဆီထုတ်လျှင် သိက်ခါ ၃ ပါးရတယ်၊

သိက်ခါ ၃ ပါးဆိုတာ အဓိသီလ၊ အဓိစိတ်တ၊ အဓိပညာပါပဲ။သိက်ခါ ၃ ပါး ကိုအဆီထုတ်လျှင်
ဧကောဓမ်မော တရားတခုရတယ်။ ရုပ်ပေါ်နာမ်ပေါ်မှာ နေပြီး ယခုလိုဆောင်ထားတော. (ရှုမှတ်နေတော.)

ကာယကံသောင်းကျန်းမှု။ ၀စီကံသောင်းကျန်းမှုမရှိဘူး။ အဲဒါအဓိသီလ လိုခေါ်တယ်။

အဓိသီလအားကောင်းလျှင် စိတ်တွေသောင်းကျန်းမှုမရှိဘဲ၊ ငြိမ်ဝပ်ပိပြားပြီးတည် နေတော.တယ်။အဲဒါ အဓိစိတ်တလို.ခေါ်တယ်။ အဓိစိတ်တအားကောင်းလို.အချိန်ကြာလျှင် ဘယ်လူ၊ဘယ်နတ်၊ဘယ်ဗြဟ္မာမှ ဖန်တီးလို.မဖြစ်ဘူး၊လျှပ်တပြက်အတွင်း ကုဋေတသိန်း ဖြစ်ပြီးပျက် နေတယ်။ရုပ်နာမ်ကိုသိလျှင် ဖြစ်ပျက်ကို သိတော.တာပဲ။ ဖြစ်ပျက်ကိုသိတာ အဓိပညာလို.ခေါ် တယ်။ အများနားလည်အောင်ပြောရမယ် ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ. အစိတ်အပိုင်း တခုဖြစ်တဲ. နှာဖျား နှာဝမှာ ထွက်လေ၊၀င်လေ နှစ်ရပ်ဟာ အမြဲတိုက်ဝင်၊ တိုက်ထွက်နေတယ်။နှာဖျား နှာဝမှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ၀င်လေဖြစ်သော ဖြစ်တဲ. လေနှစ်ရပ်ဟာ ၀ါယော ဖောဋ္ဌဗကထိတယ်။ ထိုအထိခံနဲ. ထိတာကရုပ်၊ သိတာကနာမ် ဆိုတော. ဒကာကြီးဒကာမကြီးတို. သူများမေးမနေနဲ.၊ ကိုယ်.နှာဝကိုဥာဏ်နဲ.စောင်.ကြည်.။ဝင်တော.ထိဝင်မယ်၊ထွက်တော့လည်းထိထွက်မယ်၊ထိတာကိုသိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊မောဟ ဖြစ်ခွင်မရလို့  လောဘမီး၊ ဒေါသမီး၊မောဟမီး၊  ငြိမ်းတယ်၊ ငြိမ်းတော. အေးတယ်။ မထိခင်ကလဲသိလိုမဖြစ်ဘူး၊ ထိပြီးပြန်တော.လဲသိလို့မဖြစ်ဘူး။ထိတုန်းကိုသာလို.ဖြစ်တယ်။အဲံဒါကိုပုစ်စုပ်ပန်တဲ.တဲ.လိုဆိုတယ်။ ထိတာကိုသိနေလျှင် ရုပ်နှင်.နာမ်သာ ရှိပါသလား လို.သိလိမ်.မယ်။ ရုပ်နာမ်မှတပါး ငါ-သူတစ်ပါး ယောက်ျား၊မိန်းမ မရှိဘူး ဆိုတာ ဘုရားရှင်၏တရားတော် အမှန်ပါကလား လို. ကိုယ်ဟာကိုယ်သိလိမ်.မယ်။သူများကိုမေးနေဖို. မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာအတ္တ ဆိုတဲ. ကိုယ် မရှိဘူး။ ထိုသိနေတဲ.အချိန်မှာ ဥာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ကမ္မဋ္ဌာန်းထိုင်ရတာ များ ဘာမှလဲ မတွေ.ပေါင်၊ ဘာမှလည်းမရပေါင် လို.များမမှတ်လိုက်ကြနဲ.၊ မြင်.မြတ်တဲ.ဘ၀ ဘုရားသာသနာနဲ. ကြုံကြိုက်တဲ.အခါမှာ ဒီလိုအကျိုးထူးများရနိုင်တယ်၊ စာဖို.သောက်ဖို.အသာထားပြီးအထူးကြိုးစားကြ။

ကြိုက်တာရွေးဘယ်သွားကြမလဲ
မေး။ ဘုရားရှင်ရဲ. အဆုံးအမနဲ.နေရင် ခန္ဓာကိုယ်မှာ ဘယ်နတ်ဘယ်ဗြဟ္မာမှ ပြုပြင်စီရင် ဖန်
တီး မှုမပြုရဘဲ ဖြစ်ပျက်နေတဲ. အဲဒီ ရုပ်နာမ် ပေါ်မှာ စိတ်ကလေးထားပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်တာ
ပျက်တာ ကိုသိနေတဲ. စိတ်ကလေးနဲ. သေရင် နောက်ဆုံး နိဗ္ဗာန် မရောက်သေးတောင် လူ၊
နတ်၊ဗြဟ္မာတော.ဖြစ်မှာပဲ။အဲဒီတော.ဘယ်သွားကြမှာလဲ။ (နိဗ္ဗာန် သွားမှာပါဘုရား။)

မေး။ အေး..ကိုယ်သွားချင်တဲ.ဆီကို သွားဖို.သူများ မေးဖို.ကို လိုသေးသလားဗျာ။ (မလိုပါဘူးဘုရား)

မေး။ အေး..ကိုယ်ဟာကို ငါဝိဇ္ဇာ နဲ.နေတာပါဗျာ လို.ကောပြောဖို.လိုသေးသလား။

(မလိုပါဘုရား)။

မေး။ သူများကိုကောငါဘာနဲ.နေ တာလဲ။ဝိဇ္ဇာနဲ. လား။ အ၀ိဇ္ဇာနဲ.လားလို. မေးရဦးမှာလား။

(မမေးရပါဘုရား)

အေးဟုတ်တယ်။ကိုယ်.ဟာကိုသိတယ်ဗျာ။ဒါကြောင်.သံသရာတလျှောက်လုံး ဖြည်.ကျင်.
လာတဲ.ပါရမီတွေက ပြည်.စုံလုံလောက်ကြပါတယ်ဗျာ။ ၀ီရိယ နဲ.သာထူထောင်ကြ။
ဘုရားရှင် ရွှေလက်ထက်တော်က ရှေးအရှင်ကောင်း အရှင်မြတ်များ အလိုရှိရာ ဗောဓိ နဲ.
အသီးသီး နိဗ္ဗာန် စံဝင်ကြွသွားကြဘိသကဲ.သို. အချိန်အခါ ဘ၀မြင်.မြတ်တာ သိလို. ထပ်တူ
ညီမျှ ဆောင်ကြပါလျှင် သမာပတ် ရှစ်ဖြာအထိ မပြီးစီးနိုင်တာမရှိ၊ ၀ီရိယ သန်သန်နှင်. မှန်
မှန်ကြီး အချိန်အနည်းငယ်မျှအချည်းအနှီး မဖြစ်ရအောင် စိစစ်ကာ မိမိလဲဆောင်၊ တပါးသူ
များကိုလဲ တိုက်တွန်းနှိုးဆော်ပြီး ပျော်ပျော် ကြီးဆောင်ကြတာ အောင်ကြပြီ၊၀မ်းမြောက်ကြ။

ဝေဘူ ဆရာတော် ကြီး ၏ ထေရုပတ္တိ အကျဉ်း

ဆရာတော်လောင်းလျာမှာအင်းကြင်ပင်ရွာ-ဦးလူဖေ၊ဒေါ်ကြင်နုတို့ မှ ၁၂၅၇ ခုနှစ်တပေါင်း
လဆန်း၆ရက် တနင်လာနေ. နံနက် လေးချက်တီးကျော်မွေးဖွားခဲ.သည်။ ကျေးလက်တော
ရွာတွင်ကံက ပစ်ချခဲ.သော်လည်း ဆရာတော်ကားမင်းဆွေစိုးမျိုးဖြစ်ဧ။်။ ဆရာတော်ဧ။် အဘွား
(ဦးလူဖေဧ။်မိခင်)ကား အိမ်ရှေ့စံမိဖုရား တစ်ပါးဖြစ်ဧ။်။ ခင်ခင်ဟုခေါ်သည်။ ဆရာတော်ဧ။်
အဘိုးဦးကူးကားဘဏ္ဍ၀န်ဖြစ်သည်။ယခုအင်းကြင်ပင်မြောက်ဘက် ကျောင်းကြီးဒကာဖြစ်သည်။

၁၂၇၇ ခုနှစ်တွင်ရဟန်းဖြစ်၍ ၁၂၈၀-၈၁ ခုနှစ်များ မန်းတလေးမစိုးရိမ်ဆရာတော် အဘိစဇ
မဟာရဠဂုရု ထံပညာသင်ကြားခဲ.ဧ။်။ ၁၂၈၅ ခုနှစ်အထိ အင်ကြင်ပင်ကျောင်းတွင်ပင် နေပြီး
ထိုနှစ်နယုန်လ တောထွက်တော်မူသည်။

မယ်တော်ကြီးဒေါ်ကြင်နုမှာ ကျောင်းပွဲဘုရားပွဲရှိတိုင်း တောင်ဝှေးတစ်ချောင်းဖြစ် ကျောင်းသို.
လာရာ လာတိုင်းပင် ငို၍ပြန်ရဧ။်။ သတင်းအစအနမျှ စုံစမ်းမရသဖြင်. တစ်နှစ်အကြာ သား
သောကဖြင်.ပင် ကွယ်လွန်ရရှာဧ။်။

၁၂၈၅ ခုနှစ်တစ်ဝါ ရွှေဘိုမြို. ပုသိမ်တောရ ဆရာတော်ထံနေ၍ ၀ါကျွတ်လျှင် မင်းဘူး ရွှေစက်
တော်မှစ၍ တောတောင်အနှံ. ကြွရောက်တော်မူသည်။ ထိုနှစ်ကုန်ခါနီးမှာပင် ကျောက်ဆည်
ဝေဘူလတောင်ဝှမ်း အင်္ဂလိပ်သင်္ချိုင်းအနီးရှိ လျှိုမြောင်အကြားတွင် သီတင်းသုံးဧ။်။ ကျောက်
ဂူတစ်ခုလည်းရှိသည်။ တစ်နေ.သောအခါ ဟင်းရွက်ခူး ထင်းခွေသူများက ဂူထဲတွင် မကျန်း
မာ၍ လဲနေသည်ကို တွေ.ရမှာအစ ဆေးဝါးကုသကာ ဆန်စက်သူဌေးဦးပျော.က နေ.ချင်းပြီး
ကျောင်းငယ်တစ်ဆောင် ဆောက်လှူကိုးကွယ်သည်။

ကျောင်းဆောက်လှူရန် လျှောက်သော်လည်း ခုနှစ်ရက်တိုင်တိုင်ခွင်.မပြု ကပ်မိုးကပ်ကာနှစ်ခန်း
ကျောင်းကလေးဆောက်လှူပြီးသော်လည်း အရက်နှစ်ဆယ်ခန်. ကျောင်းဒကာအား စကားမပြော။
တို.များကိစ္စမပြီးခင် လူတွေက ၀ိုင်းအုံလိုက်နေလို. ပုန်းစရာတောင် မရှိတော.ဘူးဟု မိန်.တော်မူဧ။်။

ထိုတောထွက်သော နှစ်၊လ၊ပိုင်း အတွင်းတွင်ပင် တတိယအဆင်.အထိပြီးစီးတော်မူဟန်ရှိသည်။
အဲဒါတော. မကြာဘူးဟဲ. ဟူ၍သာ မိန်.တော်မူဧ။်။အနာဂမ်အဖြစ်နှင်.ကား နှစ်ပေါင်းမျာစွာ ကြာလွန်
နေရဟန် တူလေသည်။ အဘိညာဉ် ကိစ္စများလည်းတစ်ပါးတည်း ပြီးပြည်.စုံမူကြောင်း အထောက်အ
ထားများစွာရှိဧ။်။ ထိုအချိန်မှစ၍ကျိန်းစက်သည်ကိုလည်းမတွေ.ရ။ရာသီဥတုကြောင်.နှာစေးခြင်းမရှိဟု
ုဆိုကြသည်။ဦပျော.ကားဘုန်းကြီး ထွက်သွားမည်စိုးသဖြင်. အထူးဂရုစိုက်နေဧ။်။ ၁၂၈၉ ခုနှစ် သတင်း
စကားအရ ခမည်းတော်ရောက်လာဧ။်။ ရဟန်းပြုပေးပြီးနောက်ခမည်းတော် ဦးပဥွင်းကြီးနှင်.အတူ
အင်ကြင်းပင်သို.ပြန်ကြွရသည်၊ ထိုအချိန်မှစ၍ ကျောက်ဆည်နှင်.အင်ကြင်းပင်ခြောက်လစီ သီတင်း
သုံးသည်။ ၁၃၁၂ ခုနှစ်မှစ၍ ရွှေဘိုတွင် အောင်မြေရိပ်သာ ဖွင်၍ နှစ်လခန်. သီတင်းသုံးသည်။

ဆရာတော်ကား ဓုတင် တစ်ဆယ်.သုံးပါးကို အခါအားလျော်စွာ ဆောင်တော်မူဧ။်။ အာနာပါနကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားတော်မူပါသည်။ ကျောက်ဆည်ပတ်ဝန်းကျုင်၌် ရဟန်းဆယ်.နှစ်ဝါလောက်မှစ၍ ဆရာတော်ဧ။် သတင်းမှာ သင်းပျံ.စပြုလျက်ရှိပါသည်။ ကျောက်ဆည်မြို. ဖောင်ရွာဆန်စက်ပိုင်ရှင် သူဌေးဦးပျော. ဇနီးဒေါ်မြင်. ခဲအိုဦးချက်နှင်. သားမက်တော်သူ ဦးကြောင်နှင်. ဦးလှကျော်တို့ မှစ၍ ကျောက်ဆည်မြို.သူမြိုသားများ ပူဇော်ခွင်.ရခဲ.ကြပါသည်။ ဦးပျော.က ကျောင်းဆောက်လှူခွင်.ပြုရန် အတန်တန်လျှောက်၍ လက်ခံတော်မူရကာ ကျောင်းပြီးသောအခါ -ဒကာကျောင်းကတယ်ကျယ်ဝန်းသကိုး၊ကျုပ်က ခပ်ကျဉ်းကျဉ်း လိုတာပါ ဟုမိန်.တော်မူဧ။်။

စင်စစ်ကျောင်းမှာ လေးတိုင်စင်သာသာမျှသာ ရှိပါသည်။

ဆရာတော်သည် ဓုတင်တစ်ဆယ်.သုံးပါးလုံးကို ဆောင်တော်မူရာ ကမ္မဋ္ဌာန်းအလုပ်ခွင်အတွက်တွန်းအားအကောင်ဆုံးဖြစ်သော နေသဇ်ဇိကင်္ဂဓုတင်ကိုမူ အထူးရှေ.တန်းတင်၍ ဆောင်တော်မူသည်။နည်းခံတပည်.များကိုလည်း အထူးတိုက်တွန်း ပြညွှန်တော်မူ လေ.ရှိပါဧ။်။

ထိုဓုတင်အကျင်.မှာ လူသာမန်အမြင်၌် ပြင်းထန်လွန်းသည်၊ကျန်းမာရေးချို.တဲ.လေမည်လားစသည်ဖြင်.ထင်ဖွယ်တွေးဖွယ်ရှိသော်လည်း ဆရာတော်ကမူ အရှင်မဟာကဿပ အရှင်ဗာကုလ စသည်တို့ ကိုထောက်ပြကာ ပို၍ပင် ကျန်းမာသက်ရှည်နိုင်ကြောင်း ရဲရဲကြီးတိုက် တွန်းတော်မူပါသည်။ အာမခံချက်ပေးတော်မူပါသည်။ စံနမူနာလည်းပြတော်မူပါသည်။ "ဘုရားဆုံးမတာက ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာအောင်ချည်းပဲ၊ကိုယ်ကသာထင်ချင်သလို ထင်နေတာ။" တစ်ရက် (၂၄-နာရီ) ပြည်.သွားပြီဆိုတော. ကောင်ကောင်းလှလှကြီးသိပါလိမ်.မယ်၊ တချို.အားထုတ်တာ အနှစ်လေးငါးဆယ်ရှိပြီလို.ပြောကြတယ်၊ သေသေချာချာစိစစ်ပြီး ကြည်.ပါ၊ တစ်ရက်ပြည်. ရက်လား။ နေ.တိုင်းအိပ်နေတယ်၊ ဘာဖြစ်လို့ အိပ်ရေးမ၀ကြတာလဲ။ အိပ် ရေးဝအောင် လုပ်တာမှမဟုတ်ပဲ။ အိပ်ချင်ရင် မအိပ်ချင်တဲ.နေရာ ရှိတယ်။ အဲဒီနေရာကို ရောက်အောင်သွား ၊အိပ်ရေးဝသွားလိမ်.မယ်။အဲဒါ" (နေသဇ်ဓုတင်) ရန်သူ(ထိနမိဒွ)ကို နိုင်တဲ. လက်နက်ဗျာ.။ စစ်တိုက်မယ်နဲ. ခေါင်းအုံးကြီးတွေနဲ. ဆိုတော. မနိုင်တာဟာ ဒါကြောင်.ဗျာ။"

ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်ပေါင်းအတော်ကြာကပင် တစ်နှစ်ပြီးတစ်နှစ် အံ့သြကြည်.ညို
ဖွယ် သတင်းထူများက ဖုံးကွယ်၍ မရအောင် ဖြစ်လာတော၏။ နွားကျောင်းသား ကုလာလူ
မျိုး "အလီ" ဖောင်ရွာ နွားနို.ရောင်းကုလား "ဒေ၀ဒတ်" ကျောက်ဆည်မြို. မင်းရပ်"ဦးခ" စသော
မျက်မြင်ကိုယ်.တွေ. ပုဂ္ဂိုလ်များတနေ.တခြား များပြားလာသည်နှင်.အမျှ နည်းခံပွားများသော

ယောဂီများပင် တနေ.တခြား တိုးပွားခဲ.ပါသည်။ ကုလားမျာကမူ -
"ဒီတောင်ပေါ်မှာ ဗမာဘုန်းကြီး လူစွမ်းကောင်းရှိတယ်" ဟုတအံ.တသြပြောဆိုကာ ကုလားလူ
မျိုးများပင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြပါသည်။ ဝေဘူလ ဝေဘာရ တောင်စဉ်တစ်ကြော
ရှိ စေတီငယ်များအား ကောင်းကင်ယံမှ ပျံကြွကာ ဘုရားမီး ပူဇော် သည်ကိုလည်း အကြိမ်ကြိမ်
ဖူးတွေ.ရသူများ ယခုတိုင် ရှိကြပေသေးသည်။

ကျောက်ဆည်မြို၏အရှေ့ တောင်အရပ် တောင်စဉ်တောင်ဝှမ်းများတွင် "တောင်ပေါင်းချောင်"
ခေါ်သော အရပ်ဌာန တစ်ခုရှိ၏။ လွန်ခဲ.သော နှစ်ပေါင်း ခုနှစ်ဆယ်ခန်.က ထို ၌်သီတင်းသုံးသော
တောင်ပေါင်းချောင်ဆရာတော် ခေါ်ရှေ.မြင်နောက်မြင်ဆရာတော် တပါးရှိခဲ.ဖူးရာ ၄င်းဆရာတော်
ကြီးကလည်း "ဝေဘူလချောင်နေရာ၌် အာဇာနည် ပုဂ္ဂိုလ်မြတ်တစ်ပါး ထွန်းပေါက်မည်" ကို ကြိုတင်
ပြောထားခဲ.ဖူးကြောင်း ကျောက်ဆည်ပတ်ဝန်းကျင်၌်ရှေ့ မီ နောက်မီ လူကြီးသူမများ ပြောဆိုကြပါသည်။

ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးဧ။်ညွှန်ပြတော်မူလေ.ရှိသော ဓမ္မလမ်းစဉ်

ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးဧ။်ညွှန်ပြတော်မူလေ.ရှိသော ဓမ္မလမ်းစဉ်



၁) ဘုရားအဆုံးအမဖြစ်တဲ.ပိဋကသုံးပုံအကုန်လုံးဟာဆင်းရဲမှလွတ်မှုတခုဖြစ်၍နည်းတွေများ

သော်လည်းအားလုံးအတူတူပါပဲ။အကုန်လုံးလိုက်ပြီးလုပ်စရာမလိုပါဘူး။အများကြီးထဲကကြိုက်

တာတခုခုကိုဝီရိယမှန်မှန်နှင်. သန်သန်လုပ်ဖို.အရေးကြီးတယ်။


၂)စရဏနှင်.ဝိဇ္ဇာ တပြိုင်နက်ဖြစ်အောင်လုပ်ရတယ်၊တချိန်တည်းမှာအလုပ်နှစ်ခုပြီးတာဟာ

ဒါပဲရှိတယ်။


၃)ဘုရားစကား၊ဆရာစကား၊တထစ်ချနာယူ၊အရာရာရိုသေ၊ကိုယ်ကိုနှိမ်ချ၊ခန္တီနှင်. မေတ္တာများ

များထားပြီးလုပ်ရတယ်။


၎)ဝိပဿနာဆိုတာထင်းရှားရှိတဲ.တရားကိုမြင်အောင်ရှုမှတ်ခြင်းပင်ဖြစ်တယ်၊ထင်ရှားရှိတယ်

တရားကိုမြင်အောင်မရှုနိုင်ရင်ဝိပဿနာမဖြစ်ဘူး


၅)ထင်ရှားရှိတယ်တရားဆိုတာတခြားမှာသွား၍ရှာရတာမျိုးမဟုတ်၊ရှောင်မရ၊တိမ်းမရမမြင်ချင်

၍မနေရအောင်ကိုယ်မှာအမြဲထင်ရှားရှိနေတဲ.ရုပ်နာမ်တရားတွေဖြစ်ပါတယ်။


၆)ကိုယ်မှာအမြဲထင်ရှားရှိတဲ.ရုပ်နာမ်တရားတွေထဲမှာလူတိုင်းနားလည်လွယ်ကူတာဟာအာနာပါန

=ထွက်လေ၀င်လေရှုမှတ်မှုဖြစ်ပါတယ်။


၇)ထွက်လေ၀င်လေဆိုတာအမိဝမ်းမှမွေးကတည်းကသေသည်အထိအမြဲမပြတ်တရစပ်ရှိနေတဲ.

တရားသဘောဖြစ်ပါတယ်။အလုပ်လုပ်နေရင်း၊စကားပြောနေရင်း၊စာကျက်နေရင်း၊အိပ်ပျော်နေ

ရင်းလဲရှိနေပါတယ်။


၈)ထွက်လေ၀င်လေအမြဲမပြတ်ရှိနေသော်လဲအမှတ်တမဲ.နေကြ၍သတိမမူဂူမမြင်ဖြစ်နေကြတယ်။

သတိမူရင်မြူကိုတောင်မြင်ရတယ်ဆိုတာလိုဂရုစိုက်ပြီး၊ကြည်.ရှုနေမှရှိမှန်းသိကြတယ်။


၉) "ကြည်".ဆိုရာမှာဝိပဿနာဖြစ်ဖို.ရာအတွက်ထွက်လေ၀င်လေထိရာနှာဖျားနှာဝမှာဝင်တိုင်း

ထွက်တိုင်းရိပ်ရိပ် ရိပ်ရိပ်နှင်.တထိတည်းထိနေတာကိုတသိတည်းသိနေအောင်၊တရစပ်သိ

မြင်အောင်ကြည်.ရှုနေရမယ်။အိမ်အမိုးကိုစပ်အောင်ထူထူမိုးမှနေပူဒဏ်မိုးရွာဒဏ်ကိုခံနိုင်တယ်

(၂၄-နာရီတစပ်တည်းရပါစေ)


၁၀)တရက်၂၄-နာရီတစပ်လောက်ရလျှင်အလွန်သိသာပါတယ်။(နိသဇ်ဓုတင်ဆောင်)။ဘုရား

ဆုံးမတာမှန်သမျှဆင်းရဲအောင်မဆုံးမဘူး၊ချမ်းသာဖို.ချည်းပဲ။ဘုရားလက်ထက်ကနိသဇ်ဆောင်

ပုဂ္ဂိုလ်များသည်ပိုပြီးအသက်ရှည်ကျန်းမာကြတယ်။အိပ်ချင်လို.အိပ်လျှင်တသံသရာလုံးနိုးတော့မှာ

မဟုတ်တောဘူး။အိပ်ချင်လျှင်မအိပ်ချင်တဲ.နေရာရှိတယ်၊အဲဒီကိုရောက်အောင်သွား။


၁၁)ထိတာကိုသိနေလျှင်သိက်ခါသုံးပါး၊မဂ်ဂင်ရှစ်ပါးမှအစဗောဓိပက်ခိယာတရား(၃၇)ပါးပိဋကတ်

သုံးပုံအလုံးစုံတပြိုက်နက်ပါဝင်ပြီးဖြစ်တယ်။


၁၂)ထိတာဟာရုပ်သဘောဖြစ်တယ်၊သိတာဟာနာမ်သဘောဖြစ်တယ်။


၁၃)တရိပ်ရိပ်နှင်.ထိတိုင်းပျောက်တိုင်း(ရုပ်နာမ်)ဖြစ်မှုပျက်မှုတွေဖြစ်ပျက်၍နေခြင်းဖြစ်တယ်။


၁၄)တရိပ်ရိပ်နှင်.နှားဖျားနှာဝမှာထိလိုက်ပျောက်လိုက်နေတာကိုသာတဆဲတည်းသိမြင်အောင်

ကြည်.ရှုနေရင်ကြာလျှင်ဝိပဿနာသမာဓိတစထက်တစတခဏတိုးတက်ပြီးအားကြီးလာတဲ.အခါ

နှာဖျားနှာဝတွင်သာမကခန္ဓာကိုယ်မှာလဲအလိုလိုတရိပ်ရိပ်တရွရွဖြစ်နေတာကိုတွေ.ရမယ်။


၁၅)တကိုယ်လုံးတရိပ်ရိပ်အမြဲမပြတ်ဖြစ်ပျက်နေတာကိုတွေ.လာရတဲ.အခါအအနိစ္စကောင်း

စွာမြင်သောကြောင်.ဒုက္ခနှင်.အနတ္တ ဟာအလိုလိုထင်မြင်လာပါလိမ်.မယ်၊ပါးစပ်ကနေဆိုနေ

ဖို.မလိုပါဘူး။ဝိပဿနာအလုပ်ဟာထိမှုကိုကြည်.ရှုနေရုံသာဖြစ်တယ်။ိုကြည်.ရှုနေရင်းသိထိုက်

သမျှကိုအလိုလိုတစ်နေ.ထက်တစ်နေ.တိုးပြီးတိုးပြီးသိလာပါလိမ်.မယ်။


၁၆)အဲဒီလိုတရိပ်ရိပ်နှင်.ထိမှုသိမှုတို.ကိုကြည်.ရှုနေရင်းမဂ်ဥာဏ်၊ဖိုလ်ဥာဏ်ဆိုက်လာပြီဆိုလျှင်

အလွန်သိသာလှပါတယ်၊ဘယ်လိုသိသာသလဲဆိုတော. "ရေငတ်၍နေသောသူသည်ရေကို

သောက်ရသည်ရှိသော်ရေငတ်ပြေ"သကဲ.သို.ဖြစ်သွားတော.တယ်။သူများမေးစရာမလို၊ကိုယ်တိုင်

သိမယ်။


၁၇)မဂ်ဖိုလ်ဥာဏ်ရောက်ပြီးလို့ ဖလသမာပတ်ကိုဝင်စားချင်လျှင်မိမိလာခဲ.ဖူးတဲ.ဝိပဿနာ

လမ်းကိုပြန်ကြည်.ရတယ်၊ဖလသမာပတ်ဟာကိုယ်ပိုင်အိမ်နှင်.တူတယ်။


၁၈)ယုံယုံကြည်ကြည်လုံ.လ၀ီရိယရှိရှိနှင်.ထိမှုသိမှုတို့ ကိုသာသဆက်ထဲဖြစ်အောင်ကြည်.

ရှုနေ၊ထွေလီကာလီတွေကိုလိုက်မလုပ်နှင်.၊အခုလုပ်၊အခုမီးငြိမ်း၊အခုချက်ချင်းပဲချမ်းသာတယ်၊

(အကာလိကော)။