Search This Blog

Sunday, May 3, 2020

ဗန်မော်ဆရာတော်ဘုရားကြီး --ပဋ္ဌာန်းအပိုင်း (၁)


ဗန်မော်ဆရာတော်ဘုရားကြီး --ပဋ္ဌာန်းအပိုင်း (၁)
ဗန်မော်ဆရာတော်ဘုရားကြီး ကံံမြင့်ကျောင်းတွင်ဟောကြားသော အသံဖိုင်အား ရေးသားပူဇော်ပါသည်

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဇွန်လ ၅ ရက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက် သီရိမင်္ဂလာလမ်း ကံမြင့်ကျောင်းတိုက်ဓမ္မာရုံ ယနေ့ည တရားပွဲအလှူရှင် ဖခင်ကြီး ဦးဘ၊ ခင်ပွန်း ဦးမျိုးသွင်တို့အား ရည်စူး၍ မိခင်ကြီး ဒေါ်ခင်ရီအားအမှူးထားပြီး ဒေါ်လှညွန့် သား မောင်ပြည့်ဖြိုးသွင် သမီး မအိအိဖြိုးသွင် မိသားတစ်စုတို့က ဓမ္မပူဇာမတည်အနေအားဖြင့်လှူဒါန်းပူဇော်ကြပါတယ်။ အမှတ် ၁၇၁ ငါးထပ်ကြီးဘုရားလမ်း၊သဇင်လမ်းသွယ်၊ ဗဟန်းမြို့၊ ဗဟန်းမြို့နယ် ဘုန်းဘုန်းတို့ပဋ္ဌာန်းဒေသနာတော် ပဌာန်းဒေသနာတော် (၁၀)ည ဘုန်းဘုန်းဟောပါမယ် (၁၀) ည တညတညကို တစ်နာရီသာသာ အများဆုံးတစ်နာရီခွဲပေါ့လေ အဲဒီလောက် ဘုန်းဘုန်းဟောပါမယ် နောက်နောက်ညတွေတော့တော့ ခုနစ်နာရီထိုးစပါမယ်၊ ဒီနေ့တော့အစနေ့မို့လို့ ဒကာကြီးက ခုနစ်နာရီခွဲမှစကြပါစို့ဆိုလို့ဆိုတဲ့အတိုင်း ဘုန်းဘုန်းက ကျောင်းကနေ ခုနစ်နာရီမတ်တင်းထွက်ခဲ့ ဒီကို ခုနစ်နာရီခွဲရောက်ပါတယ် လေးဆယ့်ငါးမိနစ်ကြာတယ် လမ်းမယ်ရေတွေက ပေါလိုက်တာဗျာ--နော်--- လမ်းမယ်ရေတွေကပေါ မိုးတွေကရွာ ဘုန်းဘုန်းကဒီလိုလေးပြောခဲ့ပါတယ် အသင်မိုးနတ်သား လေနတ်သား နေနတ်သားတို့ ကျုပ်ပဋ္ဌာန်းတရားသွားဟောမလို့ နည်းနည်းတော့ တိတ်ပေးပါအုံးလို့ အဟဲ့အဟဲ့အဟဲ့ အဲလိုလေးပြောခဲ့တယ် နော်--- အင်း တစ်ခါတော့ဘုန်းဘုန်းနဲ့မင်းကွန်းတိပိဋိကဆရာတော်ကြီး ဦးဝိစိတ္တ ဟောဒီနား လှည်းဆိပ်ဆိုတဲ့ရွာလေးသွားကြတယ် မိုးတွေရွာလိုက်တာ--- မှောင်မည်းပြီးတော့ တဖြောင်းဖြောင်းနဲ့ရွာ ကားမောင်းလို့မရတော့ဘူး သစ်ပင်လေးအောက်ဝင် ဆရာတော်ကြီးက ဒီလိုလေးလုပ်တယ်ဗျ အဲလိုလုပ်ပြီးခဏလောက်ကြာတော့မိုးတိတ်သွားတယ် ဆရာတော်ကြီး ဘယ်လိုလုပ်လိုက်တာတုန်းဘုရားဆိုပြီးတော့ ဘုန်းဘုန်းကမေးကြည့်တော့ သူကမိုးနတ်သားတွေပြောလိုက်တာတဲ့ အသင်မိုးနတ်သားတို့ ကျွနု်ပ်သာသနာပြုသွားတာလမ်းမိုးတွေရွာနေတာ ခဏတော့ရပ်ပေးပါအုံးလို့ပြောလိုက်တာတဲ့ အေး တိတ်သွားတာပေါ့နော် အင်းအဲဒီလိုပေါ့ ဘုန်းဘုန်းကလည်းပြောလိုက်ပါတယ့် ပဋ္ဌာန်း ၂၄ ပစ္စည်း၊ ဘုန်းဘုန်းက ပဋ္ဌာန်းးဝါသနာပါပါတယ် ပဋ္ဌာန်းဝါသနာပါလို့ ဆရာသမားတွေဆီ ပဋ္ဌာန်း ခုနစ်ခေါက်တက်ပါတယ် တစ်ခေါက်တစ်ခေါက်ကို သုံးလ၊လေးလ အဲလိုကြာပါတယ်။ တစ်ခေါက်တစ်ခေါက်သုံးလလေးလ စာချတန်းပြီးမှလည်းတက်သေးတယ် အဲစာချတန်းပြီးမှ တစ်ချို့ကတော့စာချတန်းပြီးရင် စာတတ်ပြီဆိုပြီးရပ်လိုက်တာ ဘုန်းဘုန်းကမရပ်ဘူး ငါမတတ်သေးဘူးဆိုပြီးတော့ အဲ ပဋ္ဌာန်းတွေဆက်ပြီးတော့ ဆရာသမားတွေဆီတက်ပါတယ်။ နောက်ဆုံးအခေါက်ကြတော့ ပဋ္ဌာန်းသိပ္ပံလို့ စစ်ကိုင်းတောင်ရိုးကဆရာတော်ကြီးဆီတက် အင်း သဘောပေါက်သွားတယ် သဘောပေါက်သွားတော့ဆရာတော်ကြီးဆီပြောပြ ပဋ္ဌာန်းတွေ မချသေးတဲ့ အပိုင်းတွေဆီပါသဘောပေါက်တယ် အဲဒီတော့ဆရာတော်ကြီးဘုရား ဟောဒါဆိုရင် စာ စာရိုက်တဲ့သူကျသွား ပြီဘုရာ့ ဘယ်နှစ်ကြောင်းကျတယ်ဘုရာ့ သိတယ်ဆရာတော်က ဆရာတော်ကြီးပြ အေးကွ ဟုတ်တယ်ကွာ ဟုတ်တယ်ကွနဲ့ အင်း နောက်ဒီဆဌသံဃာယနာတင်တဲ့အခါ ပဋ္ဌာန်းတွေဘာတွေ ဘုန်းဘုန်းတို့ပဲပြင်ပါတယ်နော် မစိုးရိမ်ဆရာတော်ကြီးသွားပြောပြတော့လည်း ဆရာတော်ကြီးကဘုန်းဘုန်းပြောတဲ့အတိုင်း သဘောကျပါတယ်။ အဲဒီလိုပြောတာ ဘုန်းဘုန်းပြောတာက ပဠာန်းခုနစ်ခေါက်တက်တယ် ချတာကလည်းချတာကတော့ အခေါက်ရေ တော်တော်များနေပါပြီနော်။ တခါတည်းအခေါက်ရေတွေကိုများ အဲဒီလိုပြောတာက ကြွားချင်လို့ပြောတာ မဟုတ်ပါဘူးနော် အေး-- အခေါက်ခေါက်အခါခါတက်တော့ ဟို အာသေဝဏ္ဏပစ္စယောလို့ခေါ်တယ် အာ ဆိုတာ အာ--ပုဏပုဏံ အဖန်ဖန်အထပ်ထပ် သေဝဏ္ဏ--မှီဝဲတယ်၊ ဆည်းကပ်တယ် အဖန်ဖန်အထပ်ထပ် မှီဝဲဆည်းကပ်တဲ့အလုပ်အကိုင်မျိုးလုပ်တော့ အဲဒါ တဖြည်းဖြည်း တဖြည်းဖြည်း ကျွမ်းကျင်လာတယ်လို့ ဆိုပါတယ်နော် ဒီ မိန်းကလေးတွေဘာတွေသနပ်ခါးလိမ်းတယ်ဆိုတာ တခါတည်းလိမ်းလို့ သိပ်မမွှေးဘူးနှစ်ထပ်၊ သုံးထပ်၊ လေးထပ်ဒီလိုထပ်လိမ်းရတယ် အဲဒါဆိုရင် အာသေဝဏ္ဏပစ္စည်းကပ်တယ်တဲ့။ အေး--ဟုတ်ကဲ့လား ဒီလည်းပဲ အခုတစ်ခေါက် ဘုန်းဘုန်းချလိုက်လို့ သိပ်သဘောမပေါက်သေးလဲ စိတ်မပျက်ပါနဲ့နော် အေး--စိတ်မပျက်ပါနဲ့ နောက်တစ်ခေါက်ဘုန်းဘုန်းချအုန်းမပေါ့…. အေး---အဲဒီလို အခေါက်ခေါက်အဖန်ဖန် အပြန်ပြန် အထပ်ထပ် အာသေဝဏ္ဏပစ္စည်းတက်လာတော့ အကျိုးပေးပါတယ် အဲ မြတ်စွာဘုရားသခင်ကတရားနာစေချင်တဲ့အဆင့်မယ် လေးဆင့်ရှိပါတယ်။ ဘယ်နှစ်ဆင့်ရှိတုန်း ‘လေးဆင့်ပါဘုရာ့’ လေးဆင့် ပထမကြတော့ တစ်နံပါတ်အဆင့်က တရားနာ၊ တစ်နံပတ်ကဘာတဲ့တုန်း ‘တရားနာပါဘုရာ့’ သူများရွတ်တာ သူများဟောတာပြောတာတွေ လိုက်နားထောင်တာပေါ့ အဲဒါတစ်နံပါတ် အဆင့်ပဲနော် နှစ်နံပါတ်အဆင့်ကြတော့ မိမိပါးစပ်နဲ့ရွတ်ဖတ်ရတယ်၊ သဝစသာပတိစိသာ လို့ခေါ်တယ်ခုဏတုန်းက သောတေနသုနာတိ ပထမဆုံးအဆင့်ကနား ဒုတိယအဆင့်ကပါးစပ်နော် ဝစသာပတိစိသ ကိုယ့်ပါးစပ်နဲ့ ကိုယ်ရွတ်ရတယ် ကိုယ့်ပါးစပ်နဲ့ကိုယ်ရွတ် ဥပမာအားဖြင့် ဘုန်းဘုန်းက ပဋ္ဌာန်းလေးပစ္စယုတ်ဒေသ ရွတ်ပြပါမယ် ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိတ္တယပစ္စယော၊ ဥပနိတ္တယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝဏ္ဏပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သံပ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္တိပစ္စယော၊ နတ္တိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ ကြားတယ်မဟုတ်လား ‘ကြားပါတယ်ဘုရာ့’ အဲဒါပထမအဆင့်ပဲ၊ ပထမအဆင့်ဆိုတာ သူများရွတ်တာဖတ်တာကိုနားထောင်တာနော် အေး----ပြီးတော့ ဒုတိယအဆင့်ကတော့ မိမိကိုယ်တိုင်ကိုယ့်ပါးစပ်နဲ့ကိုယ်ရွတ်ရတယ် ကဲဒုတိယအဆင့် ရွတ်ကြစမ်းပါအုံး စာအုပ်ကြည့်ရွတ်တာပေါ့ မရတဲ့ပုဂ္ဂိုလ်က၊ ရတဲ့ပုဂ္ဂိုလ်ကတော့ရွတ်လိုက်ပေါ့နော် ကဲဖြည်းဖြည်းရွတ်ကြစမ်းပါအုံး ‘ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိတ္တယပစ္စယော၊ ဥပနိတ္တယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝဏ္ဏပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သံပ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္တိပစ္စယော၊ နတ္တိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ’ အေးဒါဆိုရင်နှစ်ဆင့်အောင်ပြီပေါ့ ပထမအဆင့်က သူများရွတ်တာဖတ်တာကိုနားထောင် နားကိစ္စပေါ့နော် ဒုတိယအဆင့်ကပါးစပ် ကိုယ့်ပါးစပ်နဲ့ကိုယ်ရွတ်ဖတ်ရတယ် အဲဒုတိယအဆင့်အောင်တော့ တတိယအဆင့်ကြတော့ စိတ်နဲ့ကြံစည်ရတယ်တဲ့ မနသာနုပစ္ခိတ မနသာ=စိတ်ဖြင့် အနုပစ္ခိတ=အဖန်ဖန်စဉ်းစားဆင်ခြင်ရတယ် ဒါကပစ္စည်းတရား ဒါကပစ္စယုပ္ပုန်တရား ဒါကပစ္စယသတ္တိစသည်ဖြင့် အဲဒီလိုစိတ်နဲ့ကြံတဲ့အဆင့်က တတိယအဆင့် ဟုတ်ကဲ့လား၊ ပထမအဆင့်ကနားနဲ့နားဆထာင်တဲ့အဆင့်၊ ဒုတိယအဆင့်က မိမိပါးစပ်နဲ့ရွတ်ဖတ်တဲ့အဆင့်၊ တတိယအဆင့်ကစိတ်နဲ့ကြံစည်တဲ့အဆင့်၊ စတုထ္တအတင့်ကြတော့ အနိစ္စ၊ဒုက္ခ၊အနတ္တရှုတဲ့အဆင့်တဲ့။ စတုတ္ထအဆင့်ကဘာတုန်း ‘အနိစ္စ၊ဒုက္ခ၊အနတ္တရှုတဲ့အဆင့်ပါဘုရာ့’ အေး---အဲဒီအဆင့်လေးဆင့်ရပြီဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်လမ်းဘက် သွားပြီ နိဗ္ဗာန်လမ်းပေါ်ရောက်ပြီသူကနော်--- တဖြည်းဖြည်းအဲဒါလျှောက်ဖို့ပဲလိုတယ် ဆရာတော်ကတော့ နိဗ္ဗာန်လမ်းပေါ်တင်ပေးပြီးပြီအဲဒါဆိုရင်နော် ဉာဏ်စဉ်အနေအားဖြင့် ဉာဏ်စဉ်အနေအားဖြင့်လည်း လေးဆင့်ရသွားပါမယ် နေ့တိုင်းဘုန်းဘုန်းကဉာဏ်စဉ် လေးဆင့်လေးဆင့်ဟောသွားပါမယ်နော် တစ်နံပါတ်အဆင့်အနေနဲ့ နာမရူပ ပဋိစေတဉာဏ်စဉ် နာမ်တရား၊ရုပ်တရားခွဲခြားတဲ့ဉာဏ်စဉ်ဟုတ်လား တစ်နံပါတ်ကဘာအဆင့်တဲ့တုန်း ‘နာမရူပ ပဋိစေတဉာဏ်စဉ်ပါဘုရာ့’ အေး-- နာမရူပ ပဋိစေတဉာဏ်စဉ် ဒီဟာနာမ်တရား ဒီဟာရုပ်တရားလို့ နာမ်ရုပ်တရားခွဲခြားတဲ့အဆင့်။ တစ်နံပါတ်ကနော် နှစ်နံပါတ်ကြတော့ ပစ္စယပဋိဂဟဉာဏ်တဲ့ ဘာတဲ့ ‘ပစ္စယပဋိဂဟဉာဏ်စဉ်ပါဘုရာ့’ ပစ္စယဆိုတာအကြောင်းတရား ပဋိဂဟဆိုတာသိမ်းဆည်းတာ ဒါကအကြောင်းတရား။ အကြောင်းတရားဆိုသဖြင့် အကျိုးတရားပါ ပါတယ်ပေ့ါနော်။ ဒါက အကြောင်းတရား ဒါကအကျိုးတရား၊ အကြောင်းတရားကြောင့်အကျိုးတရားတွေဖြစ်ပျက်နေပါလားလို့ အကြောင်းအကျိုးဆင်ခြင်တဲ့ဉာဏ်ကို ပစ္စယပဋိဂဟဉာဏ် ဟုတ်လား။ ဉာဏ်စဉ်နှစ်ခုရှိသွားပြီနော် နံပါတ်တစ် နံပါတ်ဉာဏ်ကဘာတဲ့ ‘နာမရူပ ပဋိစေတဉာဏ်ပါဘုရာ့’ နာမရူပ ပဋိစေတဉာဏ်၊ နှစ်နံပါတ်က ပစ္စယပဋိဂဟဉာဏ် ၊ သုံးနံပါတ်က သမ္မာသန္နဉာဏ် အေး သုံးနံပါတ်က ဘာတဲ့တုန်း ‘သမ္မာသန္နဉာဏ်ပါဘုရာ့’ သုံးနံပါတ်က သမ္မာသန္နသုံးသပ်ဆင်ခြင်တာ သံဆိုတာကောင်းမွန်တာ မသန္နဆိုတာ သုံးသပ်ဆင်ခြင်တာ ဥပမာအားဖြင့် ဘုန်းဘုန်းက ယပ်တောင်လေးဒီလိုလေးဆိုသုံးသပ်ဆင်ခြင်တာပေါ့ သပ်ကြည့်တာပေါ့၊ ကိုင်ကြည့်တာပေါ့၊ အဲဒီလိုပဲဒီရှိသမျှ သတ္တလောက၊ သင်္ခံါရလောက၊ သြကာသလောက ရှိတဲ့တရားတွေ ပေါ့ သြော် ဒါတွေပါလားလို့ နာမ်တရား၊ရုပ်တရားတွေ သုံးသပ်ဆင်ခြင်တဲ့ဉာဏ်ကို သမ္မာသန္နဉာဏ် ဟုတ်ကဲ့လား အေး သမ္မာသန္နဉာဏ်ရပြီးတဲ့နောက် အဖြစ်အပျက်တွေမြင်တဲ့ ဥဒ္ဒယဘယဉာဏ် သမ္မာသန္နဉာဏ်ရပြီးတဲ့နောက်ဘာဉာဏ်ရမှာတဲ့တုန်း ‘ဥဒ္ဒယဘယဉာဏ်ပါဘုရာ့’ ဥဒ္ဒယဘယဉာဏ် ဥ ဆိုတာအဖြစ် ဝရဆိုတာ ‘ဝ’ကို ‘ဘ’ ရေးပြီးတော့ ဥဒ္ဒယဘယဉာဏ် အမှန်က ဝရ ဖြစ်ရမှာ အဖြစ်အပျက်ကိုရှုဆင်ခြင်တဲ့ ဉာဏ်ကို ဥဒ္ဒယဘယဉာဏ်လို့ခေါ်တယ် နော်၊ နေ့တိုင်းနေ့တိုင်း ဘုန်းဘုန်းဆယ်ညဟောမယ့် ဒီဉာဏ်စဉ်လေးဉာဏ်ပါအောင်ဟောပါမယ် နော်။ အေး နာမရူပ ပဋိစေတဉာဏ်၊ ပစ္စယပဋိဂဟဉာဏ် ဒီဉာဏ်စဉ်နှစ်ပါးကိုရရင် ဘုန်းဘုန်းတို့ အပါယ်တံခါးပိတ်တဲ့ စူဠသောတာပန်ဖြစ်တယ်။ ဒီဘက်က သမ္မာသန္နဉာဏ်၊ ဥဒ္ဒယဘယဉာဏ်စဉ်နှစ်ပါးရလာပြီဆိုရင်တော့ နိဗ္ဗာန်ဘက်သွားပြီ၊ အနှေးနဲ့ အမြန် ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်ရတော့မှာ သူကနော် အေး နိဗ္ဗာန်ကိုအနှေးနဲ့အမြန် ဧကံနရောက်မယ် ဧကံရောက်အောင် ဘုန်းဘုန်းကလည်း လမ်းကြောင်းပေါ်တင်ပေးလိုက်မှာပါနော် အေး ဒီနေ့ ဒီစာအုပ်လေးတွေရပြီးကြပြီနော် အဲဒီမယ်စာမျက်နှာနံပါတ်တစ်မယ်လေ တွေ့တယ်မဟုတ်လား အေးပဋ္ဌာန်းပါဠိတော်ဆိုပြီး ပစ္စယုတ်ဒေသပါဠိ ပစ္စယုတ်ဒေယပစ္စယဥဒ္ဒေသ ပစ္စယကပစ္စည်း ဥဒ္ဒေသက အကျဉ်း ပစ္စည်းကအကျဉ်းအားဖြင့် (၂၄) ပါးပေ့ါနော် ပစ္စည်းအကျဉ်း ပါဠိကတော့ ပါဠိတော်ပေါ့နော် ပြီးတော့ဟိုဘက်စာမျက်နှာနှစ်နံပါတ်ကြတော့ ဘာတွေ့တုန်း၊ ပစ္စယနိဒ္ဒေသပါဠိ နိဒ္ဒေသဆိုတာ အကျယ်ပေါ့နော် ခုဏ ပစ္စယဥဒ္ဒေသဆိုတာ အကျဉ်း၊ အကျဉ်းအားဖြင့် (၂၄)ပါး အကျယ်ကြတော့ အဲဒါကိုတစ်ခုတစ်ခုကို မြတ်စွာဘုရားကချဲ့ဟောတာပေါ့ ဟေတုပစ္စယောကို ကျယ်ချဲ့လိုက်မယ်နော် ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော၊ ဟေတုပစ္စယောတိဆိုတာကတော့ သူကအဲဒီတရားလေး ဟေတုပစ္စည်းလေးကို အကျယ်ချဲ့ပြီး အကျယ်ချဲ့မယ်လို့ တည်လိုက်မယ့်ပုဒ်ပေါ့ ပြီးတော့မှ ဟေတူ ဟေတူဆိုတာကတ္တား သဒ္ဒါလိုပြောတော့ ကတ္တား၊ပြီးတော့ဟေတုသမ္ပယုတ္တကာနံဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဒါကျတော့ သမ္ဗဓံလို့ခေါ်တယ် အား ဟေတူဟိတ်ခြောက်ပါးပစ္စည်းတရားတို့သည် ဟေတုသမ္ပယုတ္တကာနံ ဟိတ်နှင့်ယှဉ်ကုန်သော ဓမ္မာနံစ စိတ်စေတသိတ်ခြောက်ပါးတို့သည်လည်းကောင်း တံသမုဋ္ဌာနာနံ ထိုစိတ်စေသတိတ် တရားတို့ကြောင့်ဖြစ်ပေါ်လာကုန်သော စိတ္တဇရုပ် ပဋိသန္ဓေ ကမ္ပဇရုပ်တို့အားလည်းကောင်း ဟေတုပစ္စယေန ဟေတုသတ္တိဖြင့် ပစ္စယောကျေးဇူးပြုတတ်သည် ဟောတိဖြစ်၏။ အဲဒီမယ်ကတ္တားတံမရန်ကရိုဏ်းလို့ သဒ္ဒါလိုပြောရင်သုံးခုပေါ့ အဲ ဟေတုဆိုတာ ဟိတ်တရားတို့သည် ဟိတ်ခြောက်ပါးတရားတို့သည် ကတ္တား၊ ဟေတုသမ္ပယုတ္တကာနံဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ ဒါကသမ္ဗဒါ ဟေတု ဟိတ်နှင့်ယှဉ်ကုန်သောစိတ်စေသတိတ် သဟိတ်ဇေကသတ္တိဟောသတိ စေသတိတ်တွေတို့အားလည်းကောင်း တံသမုဋ္ဌာနာနဉ္စရူပါနံ ထိုစိတ်စေသတိတ်တို့ကြောင့်ဖြစ်ပေါ်လာကုန်သော စိတ္တဇရုပ် ပဋိသန္ဓေကမ္ဗဇရုပ်တို့အားလည်းကောင်း ဟေတုပစ္စယေနဟေတုသတိ္တဖြင့် ဝါအမြစ်ဟူသောအကြောင်းသတိ္တဖြင့် ပစ္စယောကျေးဇူးပြုတတ်သည် ဟောတိဖြစ်၏။ ဘုန်းဘုန်းကတစ်ခေါက်ရွတ်ပြပါအုံးမယ်။ ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော၊ ကဲအာလုံးတစ်ခေါက်လောက်တော့ဖတ်ပါအုံး။ ‘ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော၊’ ကဲတစ်ခေါက်လောက်တော့ဖတ်ပါအုံး ‘ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော၊’ အေးဟေတူဆိုတာဟိတ်ခြောက်ပါးတရားတို့သည် ဟိတ်ဆိုတာဒီနေရာမှာတော့ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်ဟိတ်သုံးပါး အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ်ဟိတ် အဗျာကတဟိတ် သုံးပါး ဟိတ်ဘယ်နှစ်ပါးရှိတုန်း ‘ဟိတ်ခြောက်ပါးရှိပါတယ်ဘုရား’ ဟိတ်ခြောက်ပါး ရေးလိုက်စမ်းပါအုံး လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်ဟိတ်သုံးပါး အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ်ဟိတ်သုံးပါး။ အေး ပေါင်းလိုက်တော့ခြောက်ပါးပေါ့နော် အေး လောဘဟိတ်က လောဘမူစိတ်စေသတိတ်လောဘစိတ်တွေကို ကျေးဇူးပြုတယ်၊ ဒေါသဟိတ်က ဒေါသမူစိတ်စေသတိတ်ဒေါသစိတ်တွေကို ကျေးဇူးပြု၊ မောဟဟိတ်ကလည်းပဲ မောသမူစိတ် စေသတိတ်မောဟစိတ်တွေကို ကျေးဇူးပြုတယ်တဲ့ အကုသိုလ်ဟိတ်သုံးပါး ဟိတ်ဆိုတာဘာလည်း ဘုရားဆိုတော့ မူလေဋ္ဌန အဋ္ဌကထာဆရာက မူလ အမြစ်လို့ဆိုပါတယ် ဟေတု ဟိတ်ဆိုတာဘာတဲ့တုန်း အမြစ် သစ်ပင်များအမြစ်ရှိတယ်မဟုတ်လား သစ်ပင်များ အမြစ်ရှိတဲ့သစ်ပင် အမြစ်တစ်ချောင်းရှိတဲ့သစ်ပင် အမြစ်နှစ်ချောင်းရှိတဲ့သစ်ပင် အမြစ်သုံးချောင်းရှိတဲ့သစ်ပင် ဒီလိုရှိတယ် ပေါ့နော်။ လူတွေရဲ့သွားတွေကလည်းဒီလိုပဲ သွားက အမြစ်တစ်ချောင်းရှိတဲ့သွား၊ အမြစ်နှစ်ချောင်း ရှိတဲ့သွား၊ အမြစ်သုံးချောင်းရှိတဲ့သွား သွားသုံးမျိုးရှိတယ်ပေါ့နော် အေး ပြီးလည်းပဲ လောဘမူစိတ်၊ လောဘစိတ်ဖြစ်တယ် ဆိုလို့ရှိရင် လောဘဆိုတဲ့ အမြစ်တစ်ချောင်း၊ မောဟဆိုတဲ့အမြစ်တစ်ချောင်း၊ ဆိုတဲ့ အမြစ်နှစ်ချောင်းပါတယ် အဲဒီလိုအမြစ်နှစ်ချောင်းပါလို့သူ့ကို ဒွိဟေတုကဟိတ်တဲ့ဟုတ်လား။ ဒွိ နှစ်ပေါ့ ဟေတုဆိုတာအမြစ် ဒွိဟေတု ကအမြစ်နှစ်ချောင်း က လေးကပါရှိသော အဲ အမြစ်နှစ်ချောင်း ပါရှိသောဟိတ်ဒွိဟေတုက ဒွိဟေတုကဟိတ်ဆိုတာဘယ်လိုခေါ်တာတုန်း ‘အမြစ်နှစ်ချောင်းပါရှိသောဟိတ်ပါဘုရား’ အမြစ်နှစ်ချောင်းပါလို့ ဒွိဟေတုကဟိတ် ဥပမာအားဖြင့် သူများပစ္စည်း တစ်ချို့ခိုးတယ်မဟုတ်လား သူများပစ္စည်းခိုးတယ်၊ ပစ္စည်းလေးတွေလိုချင်တယ်ဆို လောဘစိတ်ဖြစ် အဲလိုလောဘစိတ်ဖြစ်လိုက်လို့ရှိရင် လောဘမူစိတ်ဖြစ်လိုက်လို့ရှိရင် လောဘ၊မောဟ မောဟကလည်းပါလို့ နော် လောဘနဲ့မောဟ အမြစ်နှစ်ချောင်းက အမြစ်တွယ်လိုက်ပြီးတော့ လောဘမူစိတ်စေတသိတ် စိတ္တဇရုပ်တွေပေါ်လာတယ် မပေါ်ဘူးလား ‘ပေါ်ပါတယ်ဘုရား’ အေး အဲဒီလောဘနဲ့မောဟ အဲဒီဟေတုပစ္စည်း အကြောင်းပြုလိုက်တော့ သူစိတ်စေတသိတ်တွေ စိတ္တဇရုပ်တွေ ခိုးတဲ့စိတ်တွေ စေတသိတ်တွေ သူများပစ္စည်းတွေထမ်း သယ်သွားတာ ဟုတ်တယ်မသုတ်လား အေးအဲဒီစိတ်တွေ အဲဒီလိုခိုးကြတယ် ဓါးပြတိုက်ကြတယ်ပေါ့ အဲဒါတွေကဟေတုပစ္စည်းရဲ့ပစ္စယုပ္ပန်တဲ့နော် အေးဟေတုပစ္စည်းရဲ့ပစ္စယုပ္ပန် ဒေါသစိတ်ဖြစ်တဲ့ အခါလည်းဒီလိုရှိတယ်မဟုတ်လား တခါမယ် တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြ၊ ရိုက်ကြနှက်ကြ၊ ဆဲကြဆိုကြ တစ်ယောက်နဲ့တစ်ယောက် ဓါးနဲ့ဒီဘက်စစ်တိုက်ကြရင်လည်း ဟိုဘက်စစ်သားတွေနဲ့ ဒီဘက်ကစစ်သားတွေ တိုက်ကြဗုံးကြဲကြ အဲဒါတွေက ဒေါသမူစိတ်တွေဒေါသတွေ ဟုတ်ကဲ့လား။ ဒေါသနဲ့မောဟကဟေတုပစ္စည်း တစ်ယောက်နဲ့တစ်ယောက်ရိုက်ကြနှက်ကြ ဆဲကြဆိုကြတာတွေကစိတ္တဇရုပ်တွေ အဲဒါဟေတုပစ္စည်း ရဲ့ပစ္စယုပ္ပန် သဘောပေါက်တယ်မဟုတ်လား အေး အဲဒီတော့ လောဘမူစိတ်မယ်လောဘ၊မောဟ ဟိတ်နှစ်ခုရှိသလို ဒေါသမူစိတ်ကျတော့လည်း ဒေါသဟိတ်၊မောဟဟိတ် ဟိတ်ဘယ်နှခုရှိတုန်း နှစ်ခုရှိတယ် အဲဒါကြောင့်သူ့လည်း ဒွိဟေတုကစိတ် ‘ဒွိ’ ကနှစ် ‘ဟေတု’ ကအမြစ် အမြစ်နှစ်ချောင်း ‘က’ လေးကပါရှိသော အမြစ်နှစ်ချောင်းပါရှိသောစိတ် အဲဒါမယ် ဒေါသနဲ့မောဟက ကျန်တဲ့ပစ္စည်း ဒေါသ၊မောဟအကြောင်းပြုပြီးဆဲကြဆိုကြတဲ့ အသံတွေ၊ ရိုက်ကြနှက်ကြတဲ့ကာယကံတွေ ဆဲကြ၊ဆိုကြတဲ့ဝစီကံတွေ ဒါတွေကစိတ္တဇရုပ်တွေက ဟေတုပစ္စည်းပစ္စယုပ္ပန် သဘောပေါက်တယ် မဟုတ်လား အေးအဲဒီလိုဟေတုပစ္စည်းဟေတုပစ္စယုပ္ပန် အဲဒီလောဘ၊ဒေါသ၊ မောဟတွေမှာ အမြစ်ဆိုတဲ့သဘောမျိုး သူကအမြစ်ရှိတဲ့သစ်ပင်နဲ့ အမြစ်မရှိတဲ့သစ်ပင်ဆို ဘယ်သစ်ပင်ကစွဲတုန်း ‘အမြစ်ရှိတဲ့သစ်ပင်ကစွဲပါတယ်ဘုရား’ အေးအဲဒီလိုပဲဒီစိတ်တွေထဲမယ် အဟိတ်စိတ်၊ အ ဟိတ်စိတ်ဆိုတဲ့ထဲမယ် အဟိတ်စိတ်(၁၈)ပါး၊ အ ဟိတ်စိတ်ဆိုတာ အ ဆိုတာ မရှိ ဟေတုဆိုတာအမြစ် အမြစ်မရှိသောစိတ် အမြစ်မရှိတဲ့စိတ် ဘယ်နှစ်ခုရှိတုန်း (၁၈)ပါး အဲဒီ တရားတွေနဲ့ အဲဒီအဟိတ်စိတ်တွေကျတော့ဟေတုပစ္စည်းမရဘူး သူက သူ့အမြစ်မှမပါဘဲကိုး သူကနော် လောဘဟိတ်၊ဒေါသဟိတ်၊တေမာဟဟိတ် ဆိုတဲ့ အကုသိုလ်ဟိတ်လည်းမပါဘူး သူက အလောဘ၊အဒေါသ၊အမောဟ ဆိုတဲ့ကုသိုလ်ဟိတ်လည်း မပါဘူး အဲဒီလိုအမြစ်မပါတဲ့အတွက် စက္ခုဝိဉာဏ်အစရှိတဲ့ စိတ်တွေကို အ ဟိတ်စိတ်၊ အ ဟေတုက စိတ် အမြစ်မပါတဲ့စိတ်၊ ဟေတုပစ္စည်းကျေးဇူးအပြုမခံရတဲ့စိတ် တဲ့ဟုတ်လား ဒါလောဘ၊ဒေါသ၊မောဟက အကုသိုလ်ဖြစ်သလို အလောဘ၊အဒေါသ၊အမောဟ ကျတော့ ဘာဖြစ်မတုန်း ကုသိုလ်ဟိတ် ဥပမာအားဖြင့် ဘုန်းဘုန်းကမနက်တိုင်း စာလေးတွေ၊ ခိုလေးတွေ၊ ဇရက်တွေ၊ ချိုးလေးတွေ ဘုန်းဘုန်း ဆန်လေးပက်လိုက်တယ်ဆို အကုန်လာကြတာဗျသူတို့က နော် အကုန်လာကြတယ် အဲဒါနဲ့ကျွေးလိုက်တယ်ဆိုရင် ဒါ အ လောဘပေါ့နော် ဟုတ်ကဲ့လား။ လောဘတိုတာကမပေးနိုင်ဘူး နှမြောနေတာ သူကနော် အေး အလောဘဆိုတော့ပေးနိုင်တယ် မဟုတ်လား ပေးနိုင်တယ်၊လှူနိုင်တယ် တို့ဒကာ၊ဒကာမတွေ မြန်မာပြည်ကတို့ ဒကာ၊ဒကာမတွေ တော်လွန်းလို့ ဆွမ်းတွေဘာတွေ လောင်းကြတယ်ပေါ့ဗျ၊ ဆွမ်းတွေလောင်းကြလို့ ဘုန်းကြီးတွေရှိတာ နိုင်ငံခြားဆို ဆွမ်းမလောင်းဘူး ဆွမ်းလောင်းတဲ့ကိုယ်တော်ဖမ်း၊ ဘယ့်နှယ်ကြောင့်လဲဆိုတော့ လူပဲ လက်တွေ၊ခြေတွေ ရှိရဲ့သားနဲ့ သူများဆီတောင်းစားတယ်ဆိုပြီးတော့ ဖမ်းပစ်တာ၊ ထောင်ချပစ်လိုက်တာနော် မြန်မာပြည်မှာဆို မြန်မာနိုင်ငံမှာရှိတဲ့ ဒကာ၊ဒကာမတွေကတော့ သြော် ကိုယ်တော်လေးတွေ စာအံနေကြ၊တရားအားထုတ်နေကြ ချက်ဖို့၊ပြုတ်ဖို့အချိန်မရှိဘူး ဆွမ်းလောင်း မယ်ဟေ့ ဆိုပြီးတော့ လောင်းလိုက်တော့ အ လောဘ စေတသိတ်ဖြစ်တယ်မဟုတ်လား၊ ‘မှန်လှပါဘုရား’ အဲဒီ အလောဘစေတသိတ်က ဟေတုပစ္စည်း ဆွမ်းလောင်းတယ်ဆိုတော့ ဆွမ်းတွေ၊ ဟင်းတွေဒီ့ပြင်လည်းပဲစားစရာလေးတွေလောင်းလှူလိုက်တော့ ဒါတွေကဟေတုပစ္စည်းရဲ့ပစ္စယုပ္ပန် နော် အေး အလောဘလှူတယ် ကုသိုလ်ဒါနပြုတယ် အလောဘက လှူတယ် ကုသိုလ်ဒါနပစ္စည်း ဒီအဒေါသကျတော့ ဒေါသဆိုတာကတစ်ယောက်နဲ့ တစ်ယောက် ရိုက်ကြနှက်ကြတာကိုး အဲ အဒေါသကျတော့မေတ္တာ အဒေါသကျတော့ဘာတဲ့တုန်း ‘မေတ္တာပါဘုရား’ အေး တစ်ယောက်နဲ့တစ်ယောက်အပေါ်မေတ္တာထားလိုက်တာ ချစ်ခင်တဲ့သဘောတွေထားလိုက်တာ အဲဒီလိုချစ်ခင်တဲ့သဘောတွေထားလိုက်တော့ အဒေါသစေတသိတ်က ကုသိုလ်ဟေတုပစ္စည်း ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ စတဲ့အသံတွေ ထွက်လာနော် အဲဒီလိုအသံတွေကဟေတုပစ္စည်းရဲ့ပစ္စယုပ္ပန် သဘောပေါက်တယ်မဟုတ်လား ‘သဘောပေါက်ပါတယ်ဘုရား’ အေး အလောဘ၊အဒေါသ၊အမောဟ အမောဟကျတော့ ပညာဦးစီးပြီ ခုလိုတရားသဘောတွေဆင်ခြင်တယ်၊ အနိစ္စ၊ဒုက္ခ၊အနတ္တ သတ္တဝါတွေ ရုပ်တရားနာမ်တရားအားလုံး ဖြစ်ပြီးပျက်တယ် အနိစ္စ၊ ဖြစ်လို့ပျက်လို့ကိုမဆုံးနိုင်လို့ဒုက္ခ၊ ကိုယ့်အလိုလိုက်ကဲ့လား ‘မလိုက်ပါဘူးဘုရား’မလိုက်ဘူး သူ့အကြောင်း အားလျော်စွာ ဖြစ်ပျက်သွားလို့ အနတ္တ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ရှုလိုက်တော့ အမောဟဖြစ် အမောဟကဟေတုပစ္စည်း ဟုတ်တယ်မဟုတ်လား။ အနိစ္စ၊ဒုက္ခ၊အနတ္တ လို့ ဉာဏ်တွေ ထင်တော့ ထင်လာတဲ့အဲဒီ ဝိပဿနာ ဉာဏ်က ဟေတုပစ္စည်းရဲ့ပစ္စယုပ္ပန် သဘောပေါက်တယ်နော်။ အေး..အဲ့တောဟေတုပစ္စည်းဆိုတာ မကောင်းတဲ့ အကုသိုလ်ဘက်က လောဘ၊ဒေါသ၊မောဟ အမြစ် ၃ ချောင်း ဟုတ်လား။ ကောင်းတဲ့ ကုသိုလ်ဘက်က ဘယ်သူတုန်း အလောဘ၊အဒေါသ၊အမောဟ အမြစ် ၃ ချောင်း ဟုတ်ကလား။အေး… အေးအဲဒီ ဟေတုပစ္စည်း ဟေတုပစ္စည်းရဲ့ ပစ္စယုပ္ပန်ဟေတု ဆိုတာ အမြစ် ခေါ်တယ်။ အမြစ် ၆ ချောင်း အကုသိုလ်ဘက်က အမြစ် ၃ ချောင်း ၊ကုသိုလ်ဘက်က အမြစ် ၃ ချောင်း အကုသိုလ်ဘက်က အမြစ် ၃ ချောင်း သဘောပေါက်တယ်နော် အေးတစ်ခေါက်ဆိုလိုက်စမ်းပါအုံး။

“ဟေတုပစ္စယောတိ ဟေတူ ဟေတု သမ္ပယုတ္တကာနံဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော”

အေး ဟေတု ပစ္စည်း ဟေတုဆိုတာ အမြစ်ခေါ်တယ်။ အမြစ် ၆ ချောင်း အကုသိုလ်ဘက် က အမြစ် ၃ ချောင်း ကုသိုလ်ဘက်က အမြစ် ၃ ချောင်း ။အကုသိုလ် ဘက်က အမြစ် ၃ ချောင်းဆိုတာ ပြောလိုက်စမ်းပါ အုံး။ လောဘ၊ဒေါသ၊မောဟ အေး အဲဒါတွေက အကုသိုလ်ဘက်က အမြစ် ၃ ချောင်း နော် ပြီးတော့ ကုသိုလ်ဘက်က အမြစ် ၃ ချောင်းဆိုတာကတော့ အလောဘ၊အဒေါသ၊အမောဟ အေး ကုသိုလ်ဘက်က အမြစ် ၃ ချောင်း ။ အဲဒီတော့ လောဘ၊ဒေါသ၊မောဟ၊အလောဘအဒေါသ၊အမောဟတွေက စေတသိတ် နာမ်တရား ဘာတရားတဲ့တုန်း (စေတသိတ် နာမ်တရားပါ)။ အေး..နာမ်တရားဆိုတော့ သူတို့က နာမ်တရား လောဘ၊ဒေါသ၊မောဟ တွေကို အကြောင်းပြုပြီးတော့ သူများရိုက်တယ်၊ နှပ်တယ်၊ ခိုးတယ်၊ သူများသားမယားပြစ်မှားတယ်။ အဲတာတွေက ရုပ်တရားတွေ သူကနော်။ရုပ်တရားတွေ ဆိုတော့ နာမရူပ ပဋိစ္ဆေဒဉာဏ် နာမ်ရုပ် ကွဲမသွားဘူးလား။ အေး..သူများပစ္စည်းခိုးတယ် ဆိုတာလောဘကနေ ကျေးဇူးပြုလိုက်လို့ လောဘဟေတု ပစ္စည်း နဲ့ ကျေးဇူးပြုလို့ ခိုးတာကိုး ။ သူများအသက် သတ်တယ်ဆိုရင်လဲဘဲ ဒေါသကနေ ကျေးဇူးပြုလိုက်လို့ ဒေါသဟေတု ပစ္စည်းနဲ့ ကျေးဇူးပြုလို့ သတ်တာကိုး နော်။ လောဘ၊ဒေါသ။မောဟ တို့က အကြောင်းတရား သူ့ကြောင့့်ဖြစ်ပေါ်လာတဲ့ ပစ္စယုပ္ပန် စေသတိတ်၊စိတ္တဇ ရုပ်တွေက သူတို့က ဘာတုန်း အကျိုးတရား။ အကြောင်းတရား၊ အကျိုးတရား ပိုင်းခြားလိုက်လို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ် တဲ့ ဟုတ်ကလား။ ဉာဏ်စဉ် နှစ်ပါးမရ ပေဘူးလား။ အေး… နာမရူပ ပဋိစ္ဆေဒဉာဏ် လောဘ၊ဒေါသ၊မောဟ၊အလောဘ၊အဒေါသ၊အမောဟ တို့က နာမ်တရား ဟုတ်ကလား။ သူနဲ့ ယှဉ်ဘက်ဖြစ်တဲ့ စိတ်စေသတိတ်နဲ့ သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေက ရုပ်တရား နာမရူပ ပဋိစ္ဆေဒဉာဏ် နော်။ လောဘ၊ဒေါသ၊မောဟ၊အလောဘ၊အဒေါသ၊အမောဟ ဒီစေသတိတ် အမြစ် ၆ခု က အကြောင်းတရား သူတို့ နဲ့ ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေက အကျိုးတရား။ အကြောင်ကြောင့် အကျိုးဖြစ်တယ် လို့သိလိုက်တာတော့ ပစ္စယပရိဂ္ဂဟဉာဏ်။ ဉာဏ်စဉ် (၂) ရပြီနော်။အေး…အဲ့တော့ နာမရူပ ပဋိစ္ဆေဒဉာဏ်၊ဒါက နာမ် တရား ဒါကရုပ်တရား ဒီဟာက အကြောင်းတရား ဒီဟာက အကျိုးတရား လို့ အဲဒီလို သုံးသပ်ဆင်ခြင်လိုက်လို့ ရှိရင် သမ္မသတ္တဉာဏ် လို့ခေါ်တယ်။ အေး..သမ္မသတ္တ ဆိုတာ သုံးသပ်ဆင်ခြင်တယ် ။ ဘုန်းဘုန်းက ယပ်တောင်လေး ဒီလိုလေး ကိုင်ကြည့်လိုက်တယ်မဟုတ်လား။ အေး..ဒီလိုဘဲ ဒီတရားက ဟေတုပစ္စည်း လောဘ၊ဒေါသ၊မောဟ၊အလောဘ၊အဒေါသ၊အမောဟ ဒီအကြောင်းတရား အမြစ်တရား ၆ ခု က အကြောင်းတရားတွေလို့ခေါ်တယ် နာမ်တရားတွေခေါ်တယ် သူနဲ့ ယှဉ်မယ့် စိတ်စေတသိတ်တွေ ကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေက အကျိုးတရား ။ဒီလို့ ဆင်ခြင်လိုက်တော့ သမ္မသတ္တဉာဏ် လို့ခေါ်တယ်။ဘာဉာဏ်လို့ ခေါ်တုန်း (သမ္မသတ္တဉာဏ်ပါဘုရား) အေး…သမ္မသတ္တဉာဏ်လို့ခေါ်တယ်။ အဲဒီအကြောင်းတရားရော အကျိုးတရားကော ခဏလေးဖြစ်ပျက်လို့ အနိစ္စ၊ ခဏလေးဖြစ်ပျက်သွားတာ အကြာကြီးတည်ရဲ့လား (မတည်ပါဘူး ဘုရား) အေး..အကြာကြီးမတည်ဘူး ခဏလေး နော်။ ရုပ်မြင်သံကြားတွေ Television တွေကြည့်ကြတယ် မဟုတ်လား…အဲဒီပေါ်မယ် ပေါ်ပေါ်လာတဲ့ရုပ်ပုံလေးတွေက အကြာကြီးတည်ရဲ့လား (မတည်ပါဘူး ဘုရား) ခဏလေးပျောက်ပျောက်သွားတာ အဲဒီလို့ဘဲ ဒီခန္ဓာကိုယ်ထဲမယ် ရှိတဲ့ ရုပ်တရား၊နာမ်တရားတွေက ခဏလေး ပေါ်လာလိုက် ပျောက်သွားလိုက် ပေါ်လာတိုက် ပျောက်သွားလိုက် အဲဒီလိုဖြစ်တဲ့ အနိစ္စ၊သဘောပေါက်တယ်နော်။ အေး..အဲဒီလို အနိစ္စလို့ မြင်လိုက်ရင် ဒါဥဒယဘယ ဉာဏ်တဲ့။ ခဏဖြစ်ပြီးပျက်ပျက်သွားလို့ ဘယဉာဏ်။ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်ဖြစ်လို့ မိုလို့ ဥဒယဘယ ။အေး… ဒီတရားသဘောတွေက အားလုံး ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက်ပျက်လိုက် ဖြစ်ဖြစ်နေလို့ ဥဒယဘယ ဒါကိုလိုက်ပြီး သိတဲ့ ဉာဏ်ကိုတော့ ဉာဏ်ပေါ့ ဝိပဿနာ ဉာဏ်ဟုတ်ကလား။ အေး…အဲဒီ ဝိပဿနာ ဉာဏ် အနိစ္စ၊ဒုက္ခ၊အနတ္တ လို့ အဖြစ်အပျက်ကိုသိတဲ့ ဉာဏ်ပေါ်ရင် အဖိုးတန်ပြီနော်။အဲဒီ ဉာဏ်က နိဗ္ဗာန်ဘက် သူက ပို့တာ ။ဘယ်မှ မပို့ဘူး ဘယ်ရောက်အောင်ပို့တုန်း( နိဗ္ဗာန်ရောက်အောင်ပို့ပါတယ် ဘုရား) အေး..နိဗ္ဗာန်ရောက်အောင်ပို့တာတဲ့ အဲ့တော့ လောဘ၊ဒေါသ၊မောဟ၊အလောဘ၊အဒေါသ၊အမောဟတွေက နာမ်တရာ။ အကြောင်းနာမ်တရား။ ဟုတ်ကလား။ ပြီးတော့ သူနဲ့ ယှဉ် စိတ်စေသတိတ် တွေကလဲ နာမ်တရား အကျိုးနာမ်တရား ။ပြီးတော့သူတို့ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေက ရုပ်တရား နာမရူပ ပဋိစ္ဆေဒဉာဏ် ဖြစ်ကရောမဟုတ်လား။ အေး…အဲဒါကို မကြာမကြာဖြစ်အောင်ကြိုးစားရတယ်နော်။ မကြာမကြာဖြစ်အောင်ဆိုတာ ဒီလိုလေ့ကျင့်ပါ များလာတော့ တော်ကြာတော့ သိသိလာတာ။ ဘယ်သူမဆို အစကတော့ဘယ်သိတ် မသိဘူးပေါ့နော်။အစတော့ သိပ်မသိဘူး နောက်ကျတော့ ဉာဏ်ကဦးစီးလာပြီဆိုတော့ ဟိုက တစ်ခုခုလေးဖြစ် အနိစ္စ၊ဒုက္ခ၊အနတ္တ နောက်ကဉာဏ်ကပ် ပါလာပြီနော် ။အေး..ဒါဆိုရင် အဖိုးတန်ပြီ သူက နိဗ္ဗာန်ဘက် ပို့တာ။ အဲဒီဉာဏ်က ဥဒယ ဘယဉာဏ် ဥဒယ ဘယ ဉာဏ်ဆိုတာ ဝိပဿနာ ဉာဏ် ၁၀ ပါးရှိတဲ့ အနက် လိုရင်းက ဥဒယဘယ ဉာဏ် ဘယ်ဉာဏ် လိုရင်းတုန်း (ဥဒယဘယ ဉာဏ်ပါဘုရား) အဖြစ်အပျက်သိတဲ့ ဉာဏ် ဒီဉာဏ်လိုရင်းဘဲ။ နိဗ္ဗာန်လိုချင်တဲ့ ပုဂ္ဂိုလ်က ဒါလေးတွေ မြင်အောင်ကြိုးစားပြီးရှုရပါမယ်နော်။ အေး..နိဗ္ဗာန်ကိုမြင်ချင်တဲ့ ပုဂ္ဂိုလ်တွေ နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီလို ရှုရပါမယ်။ အဲဒီလို ရှုလို့ရှိရင် နိဗ္ဗာန်ဘက် ကို တနေ့ ထက်တနေ့ တရက်ထက် တရက် တနာရီထက် တနာရီ တမိနစ်ထက် ထမိနစ် နိဗ္ဗာန်ဘက် နီးပြီ ဟုတ်ကလား။ ဒီကနေ ရွှေတိဂုံသွားနေတဲ့ သူက တစ်လှမ်းထက် တစ်လှမ်း ရွှေတိဂုံဘက်နီးတာဘဲ ။ မနီးပေဘူးလား။ မသွားဘဲထိုင်နေရင် ရပ်နေရင်ဘယ်ရောက်မလဲ။ အေး..အဲဒါကြောင့် ဝိပဿနာ ဉာဏ်ဆိုတာက နေစဉ် ညစဉ်ရှုရတယ် ။ ရှုလိုက်မှ သူကနိဗ္ဗာန်ဘက် နီးနီး သွားတာ ။ အေး…အဲဒါကြောင့် ဘုန်းဘုန်းဆီညစဉ် လာပြီး နာလိုက်လို့ရှိရင် တပစ္စည်းမယ် ၄ ဉာဏ် ၄ ဉာဏ် တက်လာမှာကိုး။ (မှန်လှပါဘုရား) အဖိုးတန်ရဲ့မဟုတ်လား။ (တန်ပါတယ်ဘုရား) ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ဆရာတော်ကြီးက တော့ပြောတယ် ။တစ်ခုခုပြောပြီးရင် မင်းဒါသေချာ မှတ်ထား လူတိုင်းမသိဘူး ဗျ တစ်ထောင်တန်တယ်နော်။ သူက အဲဒီလိုပြောတယ် ။တကယ်တော့ ဒီစာတွေ ကြတော့ ဘယ်တစ်ထောင်ကမလဲ။ ဟုတ်လား။ အဖိုးအနဂ္ဂ တန်တဲ့စာတွေနော် ။အေး..အေး.. အဲတော့ ဟေတုပစ္စည်းပြီးသွားပြီ ထားကြစို့။ ထပ်လဲပြောအုံးမယ်ပေါ့။ တစ်ခေါက်ဆိုလိုက် စမ်းပါအုံး။

“ဟေတုပစ္စယောတိ



ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော”

အေး..ဒါဆို အဖိုးတန်တယ်နော်.ဒါဆိုတော့ မြတ်စွာဘုရား ဟောတဲ့ အတိုင်း

၁ နံပါတ်က နားထောင်တယ်။ ထောင်ပြီးပြီ။

၂ နံပါတ်က မိမိ ပါးစပ်က ရွတ်ဖတ်တယ်။ဟုတ်လား။ ဒါက ပစ္စည်းတရား။

၃ နံပါတ်က စဉ်းစား ဆင်ခြင်တယ်။ ဟုတ်လား။ ဒါက ပစ္စည်းတရား။ဒါက ပစ္စယုပ္ပန်တရား

၄နံပါတ်က အနိစ္စ၊ ဒုက္ခ၊အနတ္တ ရှုတယ်။ ဒီရုပ်တရား၊နာမ်တရား တွေ လောဘ၊ဒေါသ၊မောဟ၊အလောဘ၊အဒေါသ၊အမောဟ ဒီအမြစ် ၆ ခုလည်း ဖြစ်ပျက်တယ်။ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်စေသတိတ်၊ စိတ္တဇ ရုပ်တွေလဲ ဖြစ်ပျက်တယ်။ အားလုံးဖြစ်ပျက် တယ်အနိစ္စလို့ ရှုလိုက်တော့ အေး.. ဝိပဿနာ ဉာဏ်မပေါ် ပေဘူးလား။ (ပေါ်ပါတယ်ဘုရား) အေး
၁ နံပါတ်က နားထောင်တယ်

၂ နံပါတ်က ပါးစပ်နဲ့ ရွတ်တယ်

၃ နံပါတ်က စိတ်နဲ့ ဆင်ခြင်တယ်

၄ နံပါတ်က အနိစ္စ၊ဒုက္ခ၊အနတ္တ လို့ ဝိပဿနာ ရှုတယ်

အဲ့ဒီ လေးခု ပိုင်ပြီဆို ရင် ဒီပုဂ္ဂိုလ် ကစိတ်ချရပြီတဲ့။ဟုတ်လား။ အေး..သူကစူဋ္ဌသောတပန် အဆင့်ကျော်သွားပြီ ဆိုဆော့ နိဗ္ဗာန် လမ်းပေါ်ရောက်နေပြီ နိဗ္ဗာန် နဲ့နီးနေပြီ တဆင့်ထက်တဆင့် ၊တစ်နာရီ ထက် တစ်နာရီ နိဗ္ဗာန် နီးပြီ သူကနော်။ အဲ့တော့ အားရှိစရာပါနော်။ ကဲ ဒုတိယ ပစ္စည်းသွားလိုက် ကြအုံး စို့။ ဒုတိယပစ္စည်းက ဘာတဲ့တုန်း (အာရမ္မဏပစ္စည်း) ဘုန်းဘုန်းတစ်ခေါက် ရွတ်ပြမယ် ။ နားနဲ့ ထောင်တဲ့ ကိစ္စပြီးအောင်လို့နော်။

“အာရမ္မဏပစ္စယောတိ

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော”

နှစ်ပစ္စည်းပြီးသွားရော။ ဖြည်းဖြည်းဖတ်လိုက်ကြပါအုံး။

“အာရမ္မဏပစ္စယောတိ



ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော”

အာရမ္မဏ ဆိုတာ ဆွဲကိုင်စရာ သဘောမျိူးတဲ့ ဆွဲကိုင်စရာဆိုတာ တချို့အသက်ကြီးလာပြီဆိုရင် အကြောတွေ တင်းသွားတော့ ခြေထောက်တွေက သိပ်မသွားနိုင်ဘူး။ ဒီဘက်ကို လှမ်းလိုက်မယ် ဆိုပေမယ့်လို့ ခြေထောက်က ကိုယ်လှမ်းတဲ့ မရောက်ဖူး။ ဟိုဘက်ရောက်ချင်ရောက်သွားတာနော်။ အဲဒါတောင်ဝှေးဆောင်ရတယ်။ တောင်ဝှေးလေးနဲ့ ဆိုတော့ သက်သာတယ် မဟုတ်လား။ (မှန်လှပါဘုရား)။ အေး..တောင်ဝှေးလေး တချို့ကြတော့ အိမ်ထဲမယ် ကိုယ့်အဖေ၊အမေ တွေအသက်ကြီးလာပြီဆိုတော့ သိပ်မသွားနိုင်တော့ကြိုးတန်းလေး လုပ်ထားပေးတယ်။ ကြိုးမရှိတဲ့ သူကြတော့ တန်းလေးတွေ၊ ဝါးလုံးတန်းလေးတွေ ။ အဲဒီဝါးလုံးတန်းလေးတွေ၊ ကြိုးတန်းလေးတွေ၊ တောင်ဝှေးလေးတွေဟာ ဆွဲကိုင်စရာဖြစ်သလို စိတ်စေသတိတ်ဆိုတဲနာမ်တရားတွေက အာရုံကို ဆွဲကိုင်တယ်။ ဘယ်သူကို ဆွဲကိုင်သလဲ (အာရုံကို ဆွဲကိုင်တယ် ဘုရား) အေး..အာရုံကခြောက်ပါး..ရူပါရုံဆိုတာ အဆင်း ၊သဒ္ဒါရုံ ဆိုတာ အသံ၊ ဂန္ဓာရုံ ဆိုတာ အနံ၊ ရသာရုံဆိုတာ အရသာ၊ ဖောသဗ္ဗရုံဆိုတာ အတွေ့အထိ ပြီးတော့ ဓမ္မာရုံ စိတ်ကူးတွေပေါ့နော်။ အာရုံဘယ်နှစ်ပါးတုန်း( ၆ ပါးပါဘုရား) ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖောသဗ္ဗရုံ၊ဓမ္မရုံ အေး…အာရုံ ၆ ပါး ရူပါရုံက စက္ကူဝိဉာဏ်စိတ် မြင်စိတ် ကိုကျေးဇူးပြုတယ်။ ရူပါရုံက ဘယ်သူ့ကို အကျိုးပြုတုန်း။( မြင်စိတ်ကို ကျေးဇူးပြုပါတယ် ဘုရား) အေး မြင်တဲ့ စိတ်ဆိုတာ စက္ကူဝိဉာဉ်စိတ်။ မျက်စိကို ဒီလိုပိတ်ထားရင် မြင်ပါ့မလား။ (မြင်ပါဘူးဘုရား) အေး..သူက ဘာရှိမှ မြင်သလဲဆိုရင် ရူပါရုံလေးရှိမှ မြင်တာ ဟုတ်တယ်မဟုတ်လား။ အေး..ဒီလိုရူပါရုံအလင်းရောင်လေး ရှိမှ မြင်စိတ်က မြင်တာကိုး။အဲတော့ ရူပါရုံသည် မြင်စိတ်အား အာရမ္မဏ သတ္တိဖြင့် ကျေးဇူးပြုတယ်။ လွယ်တယ် မဟုတ်လား။ သဒ္ဒါရုံ အသံတွေ အသံက ဘယ်သူ့ ကျေးဇူးပြုသလဲ ဆိုတော့ ကြားစိတ်အား သောတ ဝိဉာဏ်အား သောတဝိဉာဏ် ဆိုတာကြားတဲ့စိတ်နော်။ သောတဝိဉာဏ် ဆိုတာ ဘာတဲ့တုန်း (ကြားတဲ့စိတ်ပါဘုရား) အေး..ကြားတဲ့စိတ် သောတ ဆိုတာနားပေါ့ စိတ္တဆိုတာစိတ်ပေါ့ နားပေါ်မယ် သူက ဖြစ်သွားတာ နော်။ စက္ကူဝိဉာဏ်စိတ် ဆိုတာ စက္ကူက မျက်စိ။ မျက်စိ ပေါ်မှာ ဖြစ်သွားတဲ့ စိတ်။ဂန္ဓရုံ ဆိုတာ အနံတွေ မျိုးစုံရှိတယ် မဟုတ်လား။ အဲဒီအနံတွေ ဘုန်းဘုန်းတို့ မြန်မာပြည် မှာတော့ ရိုးနေတာပေါ့ ကြက်သားတွေ၊ဝက်သားတွေချက်လိုက် ။ ဆဋ္ဌသံဃာရတနာတင်တော့ ဂျပန်လေးတွေ လာကြတယ်။ သူတို့က အယောက် ၃၀။ ဂျပန်လေးတွေ ၃၀ ကိုယ်ရင်ဝတ်။ရဟန်းခံနေကြ ။ ညနေများ ဆွမ်းစားကျောင်းနားလေး ချက်ပြုတ်နေတဲ့နေရာ သွားရင် ဟင်းချက်ဆော်တွေ၊ ကြက်သားချက်ဆော်တွေ၊ ဝက်သားချက်ဆော်တွေ နံတယ်ဆို သူတို့က ဟင်း အမလေး “ကောင်းလိုက်တာ..ကောင်းလိုက်တာ” အဲဒီ အနံတွေ သူတို့က သဘောကြလွန်းလို့တဲ့။ ဘုန်းဘုန်းတို့ကတော့ ဟာညှော်နံတယ်ဟေ့ သွားကြစမ်း။ မြန်မြန်သွား။ သူတို့သတော့ အဲ့ဒါကိုနင်းရူ ပြစ်တာ။ အဲဒါပြောလိုရင်းကတော့ အနံတွေ ကနံစိတ်ကို ဂန္ဓဝိဉာဏ် စိတ်ကို ကျေးဇူးပြုတယ်။ ဟုတ်တယ် မဟုတ်လား။ အဲတော့ အရသာတွေ စားတဲ့ အရသာတွေ အချို၊အချဉ်၊အစပ်၊အခါး၊အငံ၊အစိမ့် ဆိုတဲ့ ရသာ ၆ ပါးတွေက ဒီဇိဝါဝိဉာဏ် လျှာပေါ်မယ် ဖြစ်တဲ့စိတ်က ကျေးဇူးပြုတယ်။ဖြစ်အောင်လုပ်ပေးတယ်။ ကာယဝိဉာဏ် ကတော့ ဒီတကိုယ်လုံးမယ် ကာယပဒါသ ရုပ်တွေ ကုဋေ ကုဋာ ရှိတယ်နော်။ အများကြီး အဲဒီ ကုဋေကုဋာ ပေါ်မယ် ရှိတဲ့ ကာယပဒါသ ရုပ်ကလေးနဲ့ ခုန တုန်းက ဖောဋ္ဌဗ္ဗရုံ ဆိုတဲ့

( ဖောဋ္ဌဗ္ဗ ဆိုတာ တွေထိတဲ့ အာရုံနော်) ။ အဲ့ဒီ တွေထိတဲ့ အာရုံနဲ့ ကာယပသာဒ ထိလိုက်တဲ့ အခါ ဘာစိတ်လေး ပေါ်တုန်းဆိုတော့ ထိသိစိတ် ပေါ်တယ်။ မြင်စိတ်၊ကြားစိတ်၊နံစိတ်၊ လျက်စိတ်၊ ထိသိစိတ၊ စိတ် ကူးစိတ် ဆိုစမ်းပါ။ (မြင်စိတ်၊ကြားစိတ်၊နံစိတ်၊ လျက်စိတ်၊ ထိသိစိတ်၊စိတ်ကူးစိတ် ) အေး.. အဲ့တော့ ရူပါရုံက အဆင်းတွေက အဆင်းတွေ အမျိုးမျိုးပေါ့ ဘယ်သူ့ ကျေးဇူးပြုတုန်းဆိုတော့ မြင်စိတ်အား ကျေးဇူးပြုတယ်။ မြင်စိတ်ကလေးဖြစ်အောင် ရူပါရုံတွေက ကျေးဇူးပြုတယ်။ ရူပါရုံက ပစ္စည်းတရား မြင်စိတ်က ပစ္စယုပ္ပန်တရား ဆိုစမ်းပါအုံး။ (ရူပါရုံက ရုပ်တရား မြင်စိတ်က နာမ်တရား) အဲဒီတော့ နာမရူပ ပဋိစ္ဆေဒဉာဏ် ရသွားပြီနော်။ ဟုတ်တယ် မဟုတ်လား။ အေး..ရူပါရုံက အကြောင်းတရား မြင်စိတ်က အကျိုးတရား ရူပါရုံက ပစ္စည်းတရား မြင်စိတ်က ပစ္စယုပ္ပန် တရား အဲဒီတော့ အကြောင်းအကျိုးဖြစ်တယ် လို့သိလာတော့ ပစ္စယပရိဂ္ဂဟဉာဏ်ရတယ်နော်။ ဆိုစမ်းပါ (ရုပါရုံ က ပစ္စည်းတရား မြင်စိတ်က ပစ္စယုပ္ပန်တရား) ရူပါရုံက အကြောင်းတရား မြင်စိတ်က အကျိုးတရား အဲ့ဒီလို အကြောင်းကြောင့် အကျိုးဖြစ်တာ ဗြဟ္မာ၊ ဗိဿနိုး၊စတဲ့ တန်းခိုးရှင် ဖန်ဆင်းလို့ ဖြစ်တာ မဟုတ်ဘူး လို့သိလိုက်ရင် ပစ္စယပရိဂ္ဂဟဉာဏ် ရတယ်တဲ့ ဟုတ်လား။ အေး..ဒီရူပါရုံ အမျိုးမျိုးပေ့ါ အဖြူ၊အနီ၊ အကြောင်၊အကြား၊ အဲဒီ ရူပါရုံ အမျိုးမျိုးသည်လည်း ဖြစ်ပျက်သွားတယ်။ ဖြစ်ပြီးတော့ ပျက်မသွားပေ ဘူးလား။ အေး..မြင်စိတ်တွေကော ဖြစ်ပြီးပျက်သွားတာဘဲ မဖြစ်မပျက်ဘဲနဲ့ တည်နေတဲ့ တရားရှိရဲ့လား။ (မရှိပါဘူးဘုရား) မရှိဘူး။ တလောကလုံးလျောက်ကြည့် ုမြင်စိတ်နဲ့ ရူပါရုံ နဲ့တွေထိ ရူပါရုံ နဲ့ မျက်စိ နဲ့တွေ ထိမြင်စိတ်ပေါ် ဖြစ်ပြီးပျက် အနိစ္စ၊ ဖြစ်လို့ ပျက်လို့ မဆုံးနိုင် လို့ ဒုက္ခ၊ ဟုတ်ကလား။ အေး..မဖြစ်ပါမပျက်ပါနဲ့လို့ တားဆီးလို့ ရရဲ့လား၊ (မရပါဘူးဘုရား) မရဘူး၊ အနတ္တ ကိုယ်အစိုးမရဘူးနော်။ အေး..အဲဒီတော့ကြတော့ သမ္မကတ္တ ဉာဏ်၊ဥဒယဘယ ဉာဏ်၊ မရပေဘူးလား။ အေး..အာရမ္မဏ ပစ္စည်းနဲ့ ပတ်သတ်ပြီးတော့ လည်း သမ္မသတ္တဉာဏ်၊ ဥဒယဘယ ဉာဏ်ရ။ အဲ့ဒီလို အဖြစ်အပျက်တွေ ကိုသိပြီးသွား ပြီဆိုရင် ရုပါရုံတွေကြည့်ပြီးတော့ လည်းဘဲ မဂ်ဖိုလ် နိဗ္ဗာန်ရပါတယ်နော်။ အေး..တို့ TV တွေကြည့်ပြီးတော့လည်း မဂ်ဖိုလ် နိဗ္ဗာန်ရပါတယ် နော်။ TV တွေကြည့်ရင် TV တွေမယ် အရုပ်ကလေးတွေ ဖြစ်ပြီးပျက်သွား အသံလေးတွေ ဖြစ်ပြီး ပျက်သွားတယ် မဟုတ်လား။ မဖြစ်ပျက်တဲ့ တရား တည်နေတဲ့တရားတွေ့ဘူးလား။ အေး..မတွေဘူးပါဘူး။ မရှိဘူး မဟုတ်လား။ အေး..ဘုန်းဘုန်းတို့ ဆဋ္ဌသံဃာရတနည တင်တော့ ရရှားပြည်က လေယဉ်ပျံ တစ်စင်းရောက်လာတယ် ။ လေယဉ်ပျံ တစ်စင်းဗမာ အစိုးရဆီပို့ လိုက်တယ်။ ခင်ဗျားတို့ဆီက ဘုန်းကြီးဘက်က ၅ ပါး ။ လူဘက်က ၅ ယောက် ကျုပ်တို့ ရရှားပြည်လာပြီးတော့ သိပ္ပံပညာတွေ ဘယ်လောက်ထွန်းကားတယ်ဆိုတာ လာလေ့လာ လှည့်ပါဆိုပြီးတော့ ၁၀ ယောက်ဖိတ်လိုက်တယ်။ အဲ့တော့ မြန်မာအစိုးရက ဒကာတွေဘက်က တရားဝန်ကြီး ဦးခြံထွန်းတဲ့ ကြားဖူးကြတယ် မဟုတ်လား။အေး..တရားဝန်ကြီး ဦးခြံထွန်း ခေါင်းဆောင်ပြီး တော့ သွားတယ်။ ပြီးတော့ကြတော့ ဘုန်းတော်ကြီးဘက်က ဘုန်းကြီး ၅ ပါး လူ ၅ ယောက် ၁၀ ယောက် သီးခြားလေယဉ်ပျံ နဲ့ သွားကြ ဟိုကြတော့ မော်စကို ရောက်။ သူတို့မြို့ ရောက်တဲ့ အခါ အဆင်းကစပြီးတော့ TV တွေ Video တွေရိုက်ထားတယ်။ ရိုက်ပြီးတော့ နောက်ဟေယပြော ပွဲတွေလဲ ရိုက်ထား ပြီးတော့ကြတော့ ထမင်းစားပွဲတွေ၊ မိတ်ဆုံပွဲတွေ လဲ ရိုက်ထားပြီးတော့ သူတို့ကို ပြန်ပြန်ပြတယ်။ ပြတော့ တရားသူကြီး ဦးခြံထွန်း ကပြောတယ်။ ကြမနေ ပါနဲ့ ဗျာ ဒါတွေ ကျုပ်တို့လုပ်တက်တယ်။ သိတယ်။ ခင်ဗျားတို့ ထက်တောင်ကောင်းသေးဗျ။ ကျုပ်တို့ ဗမာတွေ က အမယ်ရုပ်ရှင် မင်းသား၊မင်းသမီးတွေ ချောလှ။ ခင်ဗျားတို့ ထက်လှတယ် မပြပါနဲ့ဗျာ ။ အဲဒီလိုပြောတယ်။ နဲနဲလေးရှေ့ဆက်ပါအုံးမယ် ဗျာလို သိပ္ပံပညာရှင်ကြီးတွေက ပြောသတဲ့ ။ နောက်ဟောဒီလို လက်ညိုးလေးတစ်ချောင်း ထောင်ပြတယ်။ ကြည့်နော် ဟောဒီ လက်ညိုးလေးကို သူက ဗွီဒီယို ရိုက် ရိုက်ပြီးတော့ အပုံ ၂၀၀၀၊ ၃၀၀၀ လောက်ချဲ့လိုက်တော့ လက်ညိုးလေးက အကြီးကြီး ဒီလိုတုတ်ကြီးဖြစ်လာတယ်။ နောက် တဖြည်းဖြည်း အပုံကြီး ၂၀၀၀၊၃၀၀၀ လောက် ထပ်ချဲ့လိုက်တော့ လက်ညိုးလေးမရှိတော့ဘူး အပြောက်ကလေးတွေဘဲ ရှိတော့တယ်။ ဘာလေးတွေဘဲရှိတော့တုန်း (အပြောက်ကလေးတွေဘဲ ဘုရား) အပြောက်ကလေးတွေ အစက်ကလေးတွေနော် TV တွေမယ် စက်ပျက်သွားတဲ့ အခါ သာကူစေ့လေးတွေ လိုဖြစ်နေတာ တွေတယ် မဟုတ်လား။ (မှန်လှပါ) အဲဒါလေးတွေ ငြိမ်နေရဲ့လား။ (မငြိမ်ပါဘူးဘုရား) မငြိမ်ဘူး ပြောက်ပြောက် ပြောက်ပြောက် နဲ့ ဖြစ်ပြီး ပျက်နေကြတာနော်။ အေး..အဲဒီလိုမယ် လက်ညိုးလေးရယ်လို့ မရှိတော့ဘူး။ အပြောက်ကလေးတွေ ကလပ်စည်းလေးတွေ ဆဲလ်လေးတွေဘဲဖြစ်ပြီးတော့ တစ်စက္ကန့်မယ် အကြိမ်ပေါင်းများစွာ လှုပ်လှုပ် လှုပ်လှုပ် နဲ့ ဖြစ်ပျက်သွားတာ။ လက်ခလယ်၊လက်သူကြွယ်၊လက်သန်း၊လက်မ ကိုရိုက်ပြ၊ ခေါင်းရိုက်ပြ၊ ကိုယ်လုံးကြီးတွေ ရိုက်ပြ အကုန်လုံး ပုံကြီးချဲ့လိုက်ပြီဆိုရင် ဖြစ်ပျက်နေတဲ့ အပြောက်လေးတွေ ဘဲကျန်တယ်။ ဘာဘဲရှိတုန်း။( အပြောက်ကလေးတွေဘာဘဲဘုရား) အပြောက်ကလေးတွေ အစက်ကလေးတွေ ကလပ်စည်းလေးတွေ ဆဲလ်လေးတွေဘဲရှိတယ် ။ အဲဒီ ဆဲလ်လေးတွေသည် ငြိမ်နေရဲ့လား။ (မငြိမ်ဘူးဘုရား)။ မငြိမ်ဘူး အကုန်လုံးဖြစ်ပျက်။ အဲဒီတော့ လူတွေတွင် ဆိုလားဆိုတော့ ခွေးတွေ၊ကြက်တွေ၊ငှက်တွေ ရိုက်ကြည့်ပြီးတော့ အဲဒီလို ပုံကြီးချဲ့လိုက်တော့ ခွေးတွေ၊ကြက်တွေငှက်တွေ ရယ်လို့မရှိဘူး အစက်အပြောက်လေးတွေဘဲ ဖြစ်ပျက်လေးတွေဘဲ ရှိတယ်။ အဲဒီတော့ သူတို့ကပြောတယ် ကျုပ်တို့သတ္တဝါတွေအကုန် သက်ရှိတွေ အကုန် ရိုက်ပြီး ကြည့်ပြီးပြီ ဖြစ်ပျက်ဘဲရှိတယ်။ ဟောဒီ စာပွဲတွေ၊ကုလားထိုင်တွေ၊မိုက်ကရို ဖုန်းတွေ ၊ဒီဓါတ်ဘူးတွေ ရော အကုန်ရိုက်ပြတယ်။ ပုံကြီးချဲ့လိုက်ရင် အကုန်လုံး အပြောက်ကလေးတွေဘဲရှိတယ်။ ဟုတ်ကလား။ အဲဒီတော့ တစ်ကမ္ဘာလုံး ကျုပ်တို့ လှည့်ရိုက်ပြီးပြီ တစ်ကမ္ဘာလုံးရှိတဲ့ ရုပ်တရား သိပ္ပံနည်းအရဆိုရင် ၁၀၄ မျိုးရှိတယ်။ အဲဒီ ၁၀၄မျိုးအကုန်လုံး ဖြစ်ပျက်တွေ အစက်အပြောက်တွေဘဲ ရှိတယ်ဗျာ။ ခင်ဗျားတို့ ဂေါတမ ဗုဒ္ဓဟောတဲ့ သဗ္ဗေသင်္ခါရာ အနိစ္စဆိုတာ မှန်လှဗျာ လို့ပြောသတဲ့။ အေး ..အားလုံးသော သင်္ခါရတရားတွေ ရုပ်တရားတွေ ဖြစ်ပြီးပျက် နေကြတာ ။ ငြိမ်နေတဲ့ တရားရယ်လို့ တစက်မှ မရှိဘူးတဲ့ ရှိပါ့မလား။ အဲဒါ အနိစ္စလို့ အဲဒါ လေ့ကျင့်ပေးလိုက်ရင် လူကြည့်လိုက်ရင် လူလို့ မမြင်တော့ဘူး။ ဘာမြင်တုန်း (အစက်အပြောက်ကလေးတွေ) အဲဒါတွေလဲ့ ဖြစ်ပျက်နေတာ အနိစ္စ။ သဗ္ဗေသင်္ခါရာ အနိစ္စ၊သဗ္ဗေ သင်္ခါရာ ဒုက္ခ၊ သဗ္ဗေ ဓမ္မာ အနတ္တ ဆိုစမ်းပါ။ (အနိစ္စ။ သဗ္ဗေသင်္ခါရာ အနိစ္စ၊သဗ္ဗေ သင်္ခါရာ ဒုက္ခ၊ သဗ္ဗေ ဓမ္မာ အနတ္တ) ။အေး.. အဲတာ အာရမ္မဏ ပစ္စည်း။ တစ်ခေါက်ဆိုလိုက်စမ်းပါအုံး ကဲ။

“အာရမ္မဏပစ္စယောတိ



ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော”



အေး..ရုပါရုံက မြင်စိတ်အား ကျေးဇူးပြုတယ်။ သဒ္ဒါရုံက ကြားစိတ်အား ကျေးဇူးပြုတယ်။ ဂန္ဓာရုံ အနံတွေက နံစိတ်အားကျေးဇူးပြုတယ်။အရသာတွေက လျက်စိတ်အားကျေးဇူးပြုတယ်။ အတွေ့အထိတွေက ကာယဝိဉာဏ် ထိသိစိတ်အား ကျေးဇူးပြုတယ်။ ကျန်တဲ့ အာရုံတွေက အားလုံးက စိတ်ကူးစိတ်အား ကျေးဇူးပြုတယ်။ အေး..ကြားထဲမယ်။

ရူပါယရုံ၊သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ဖောဋ္ဌဗ္ဗာယရုံ အာရုံငါးပါး အဲဒီ အာရုံ ငါးပါးက မနောဓါတ်အားကျေးဇူးပြုတယ်။ ကျန်တဲ့တရားတွေက ဓမ္မရုံလို့ ခေါ်တယ်။ အဲဒီ ဓမ္မရုံတွေက စိတ်ကူးစိတ်သန်းတွေကို ကျေးဇူးပြုတယ်။စိတ်ကူးစိတ်တွေ ကူးဘူးကြတယ် မဟုတ်လား။ (ကူးဖူးပါတယ်ဘုရား) စိတ်ကူးတာတွေ အမျိုးမျိုးပေါ့။ ပိုက်ဆံမပေးရတာ နဲ့ကူးပစ်ကြတာနော်။ စိတ်ကူးတွေ ဘုန်းဘုန်းတခါပြော သေးတယ် မဟုတ်လား။ ကိုယ်ရင်းလေးစိတ်ကူးပုံလေ။ ကိုယ်ရင်လေးကစိတ်ကူးသတဲ့ ။ ကိုယ်ရင်းလေးက သူ့ဘကြီး ဘုန်းကြီးကို ဆွမ်းစား တော့ ရက်ခတ်ပေးနေတာပေါ့ အိုက်လို့ ရင်တွေဘာတွေ လည်းမလာအောင်ရပ်ခပ်ပေးရင်းမတ်တပ် တို့ဘုန်းကြီးဘကြီးက တော့ တသက်လုံးဘုန်းကြီးဝတ်လာတာ ငါတော့ ဘုန်းကြီးတသက်လုံးတော့ မဝတ်နိုင်ဘူး။ ကြီးရင်လူထွက်မှာဘဲ လူထွက်တော့ အရပ်ထဲရှိတဲ့ ကလေးမလေးတစ်ယောက် သူကလံချစ်သတဲ့။ အဲဒီကလေးမလေးကို ယူမယ်ပေါ့။ သူက စိတ်ကူးပြီးနေလိုက်တာ။ ယူလိုက်ပြီ။သူကစိတ်ကူးပြီးယူလိုက်တော့ ကလေးမလေးနဲ့ရတော့ သူ့အမေတွေ အဖေတွေဆီက လယ်တစ်ကွက်တောင်းသတဲ့။ ကျွန်တော်တို့ကို့ ပေးပါ ဆိုပြီးလယ်လုပ် သတဲ့။ လယ်တွေ လုပ်လိုက် တော့ ကောင်းလိုက်တဲ့လယ်တွေက ရာကျော်လို့ စပါးတွေကပေါ့လေး။ စပါးတွေများရ။ ရလိုက်တော့ သူ့စိတ် ထဲမယ် သဘောကြပြီးတော့ တို့ဆရာတော်ကြီးဆီ သွားကတော့မယ် ဆိုပြီးတော ချက်ပြုတ်။ သူ့မိန်းမကိုလည်းချက်ခိုင်းတယ်။ပြီးတော့ကျတော့ဒီပြင်လည်းဘဲ ငါးလေး၊သားလေး နဲ့ ကောင်းတဲ့ ဟင်း လေးတွေနဲ့ စီစဉ်တယ်ပေါ့။တနှစ်ကျော်ကျော် လောက်ဆိုတော့ သားလေးတစ်ယောက်လည်းရသတဲ့ ။သားလေးကို လှည်းပေါ်တင် ဆွမ်းအုပ်ကြီးလည်း ဒီလိုအကြီးကြီးဘဲ ဆွမ်းတွေ၊ဆွမ်းရံတွေ စားစရာ၊သောက်စရာတွေ ထည့် လှည်းယဉ်လေးမောင်းသွား ကြတာပေါ့။ တောဆိုတော့ လှည်းယှဉ်ဘဲရှိတာကိုး ကားမှမရှိဘဲ ။အဲတော့ ချူလုံးကြီးတွေဒီလောက်ကြီးတွေ ဂလုံ ဂလုံနဲ့ မောင်းချသွားတယ်။ ကျောင်းလဲရောက်ကော ဆရာတော်ကြီးက မင်းတို့လာကြသကိုး လာ လာ လာ ဘာတုန်းဟဲ့ တပည့်တော် တို့ ဆွမ်းပို့လာတာပါဘုရား လို့ သူက သူ့ဆရာသမားကြီးယပ်ခပ်ရင်း မတ်တပ်စဉ်းစားနေတာ ဆရာတော်ကြီးကို သူတို့ ကတော့ပြီးတော့ ဆရာတော်ကြီးကလဲ ဆုပေး ။အေး..ကျန်မာကြပါစေ။ ချမ်းသာကြပါစေ။ ဘုန်းကြီးသက်ရှည်ကြစေ။ အေး..အိုအောင်မင်းအောင်ပေါင်းကြစေ ဟေ့ ဆိုပြီးတော့ ဆုပေးလိုက်တော့ ဝမ်းသာပြီး လှည်းပေါ်တင် ဒုန်းဆိုင်းလိုက်တာ ဘဲ(သူက စိတ်ကူးထဲမယ်နော်) ဒုန်းဆိုင်းမောင်းလိုက်တော့ ကလေးကချော်ပြီး လွတ်ထွက်ပြီး လှည်းဘီးထဲ ညှပ်သွားတော့ ဟယ်နင့်ဒီကလေးမှ ကိုင်မထားဘူးလားဟဲ့ ဆိုပြီးတော့ သူ့မိန်းမကို နံကန်နဲ့ ဆင့်ရိုက်လိုက်တာ ဘုန်းကြီးခေါင်းကို ယပ်တောင်နဲ့ အပြင်မှာ ထောင်းမီနေတာ ဟေးဟေး အေး..သူကစိတ်ကူးနေတာကိုး။ သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ ဆိုတာ အလုံးဆုံးသော တရားတွေက အဲဒီစိတ်ကူးစိတ်ကို ကျေးဇူးပြုတာပေါ့ ကြားလား။ အေး..အေး..ပြန်ပြောအုံးမယ်။ ရုပါရုံတွေက ဘယ်စိတ်ကို ကျေးဇူးပြုလဲ ။မြင်စိတ်အား ကျေးဇူးပြုတယ်။ အသံတွေ သဒ္ဒါရုံတွေက ကြားစိတ်အား ကျေးဇူးပြုတယ်။ အနံတွေက နံစိတ်အား ကျေးဇူးပြုတယ်။ အရသာတွေက လျက်စိတ်ကို ကျေးဇုူးပြုတယ် ပြီးတော့ ဖောသဗ္ဗရုံတွေက ထိသိစိတ်ကို ကျေးဇူးပြုတယ်။ ကျန်တဲ့ ဓမ္မာရုံတွေက စိတ်ကူးစိတ်ကို ကျေးဇူးပြုတယ်။ အဲဒီလို ကျေးဇူးပြုတယ် ။ခုနတုန်းက စိတ်ကူးစိတ်ဆိုရင်လဲ ကိုယ်ရင်လေး သဏ္ဍန်ပေါ်လာတဲ့ ဓမ္မရုံ ။ အဲဒီ ဓမ္မရုံတွေက ပစ္စည်းတရား စိတ်ကူး စိတ်စေသတိတ်တွေက ပစ္စယုပ္ပန် တရား။ စိတ်ကူူး စိတ်စေသတိတ်တွေက နာမ်တရား ပေါ်လာတဲ့ တရားတွေက ရုပ်တရား၊နာမ်တရား ဟုတ်လား။ အဲဒါတွေက ရုပ်နဲ့ နာမ်ကွဲ သွားတဲ့ အတွက် နာမရူပ ပဋိစ္ဆေဒဉာဏ် ရတယ်မဟုတ်လား။ ရူပါရုံတွေက အကြောင်းတရား မြင်စိတ်က အကျိုးတရား အကြောင်းအကျိုးကွဲသွားတော့ ပစ္စယပရိဂ္ဂဟဉာဏ်ရတယ်။ ရူပါရုံက ရုပ်တရား မြင်စိတ်က နာမ်တရား ဒီလိုပိုင်းခြားသိလိုက်တော့ သမ္မသတ္တဉာဏ်ရတယ်။ အဲဒီရူပါရုံရော မြင်စိတ်ကလေးရော ခဏလေးအတွင်းမယ် ဖြစ်ပြီးပျက်သွား လို့ အနိစ္စလို ရူလိုက်တော့ ဥဒယဘယ ဉာဏ် ရတယ်။ ဉာဏ်စဉ်လေးခု ရပြီ မဟုတ်လား။ နာမရူပ ပဋိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊သမ္မသတ္တဉာဏ်၊ ဥဒယဘယ ဉာဏ် အေး ပစ္စည်းတိုင်း ပစ္စည်းတိုင်း အဲဒီ ဉာဏ်စဉ်လေးခု နဲ့တက်သွား လိုက် ဟုတ်ကလား။ အဲဒါ နိဗ္ဗာန်ဘက် ရောက်ပြီ နိဗ္ဗာန်ဘက် တဖြည်းဖြည်းပို့ ဟုတ်ကလား။ အေး..အဖိုးတန်ရဲ့ မဟုတ်လား (တန်ပါတယ်ဘုရား) အဲဒီလိုဆိုတော့ ဘုန်းဘုန်းတို့ ငယ်ငယ်က ဆရာတော်ကြီးတွေ က ပြောတယ် မင်းဒါ လူတိုင်းမသိဘူးနော် သေချာမှတ် တစ်ထောင်တန်တယ် နော်။ ဟုတ်လား။ ဒီက ဘုန်းဘုန်းပြော မှာတော့ တစ်ထောင်မက တန်ပါတယ်။ ဟုတ်လားဟေ့။ အေး..ကြိုးစားပြီးတော့ ပဋ္ဌာန်းတွေ ရွတ်ဖတ်နိုင်ကြပါစေဗျာ။ နိဗ္ဗာန်ဘက်လည်း နီးကြပါစေဗျာ။ ကဲတော်ကြ အုံးဆို့။

သာဓု….သာဓု…….သာဓု

ဗန်မော်ဆရာတော်ဘုရားကြီး ကံံမြင့်ကျောင်းတွင်ဟောကြားသော အသံဖိုင်အား ရေးသားပူဇော်ပါသည်

No comments:

Post a Comment