ဂေါတမ ဘုရားသခင် ရာဇဂြိုလ်ပြည် ၌ သီတင်း သုံးတော်မူစဉ် အိမ်တစ်အိမ်၌ ယဉ်းနာဖြစ်ပွားရာ အမျိုးသမီးတယောက်မှလွဲ ၍ အိမ်သူအိမ်သား အားလုံးသေဆုံးကြ၏။ ထိုအမျိုးသမီး လည်းအိမ်ရှိပစ္စည်းအားလုံး စွန်.ပစ် ထွက်ပြေးခဲ့ရ၏။ သူတပါး၏ အိမ်သို.သွား ကပ်နေရ၏။ အိမ်ရှင်တို.လည်း ထိုအမျိုးသမီးအား သနားသဖြင်. ထမင်းချိုး များကိုပေးကြကုန်၏။
တစ်နေ.သောအခါ အရှင်မဟာကဿပသည် ၇ ရက်ပတ်လုံးနိရောဓသမာပတ်ကိုဝင်စား၍ သမာပတ်မှ ထတော်မူပြီးလျှင် ယနေ.ငါသည် အဘယ်သူ ကို ဆင်းရဲဒုက္ခမှ လွတ်စေ အံနည်း ဟု ဆင်ခြင်တော်မူ ရာ ထိုအမျိုးသမီး ကိုမြင်တော်မူ၍ ထိုအိမ်သို. ဆွမ်းခံကြတော်မူ၏။
နိရောဓသမာပတ် မှ ထသောရဟန်း အားဆွမ်းလှူဒါန်း လျှင် လက်ငင်း အကျိုးပေးတက်၏။ ထိုအကြောင်းကိုသိသော သိကြားမင်းသည် မထင်ရှာသောအသွင်ဖြင့် နတ်ဆွမ်း တို.ကိုလောင်းမည်ပြု၏။
အရှင်မဟာကဿပ လည်း သိကြားမင်း မှန်း သိ၍ `သင်ကားကုသိုလ် ကောင်းမူပြုခဲ့ရပြီ ဆင်းရဲသား တို.စည်းစိမ်ချမ်းသာကို မလုသင့် ဟုဆို ကာ ထိုအမျိုးသမီး ရှိရာ သို.ကြွသွား၍ သူ.ရှေ၌ ရပ်၏။
ထိုအမျိုးသမီးလည်းတန်ခိုးကြီးသော အရှင်မဟာကဿပ မှန်းသိသဖြင့် အရှင်ဘုရားနှင့် ထိုက်တန်သောလှူစရာ မရှိသဖြင့် ကန်တော.ပါသေး၏ ဟုလျှောက်၏။ အရှင်မဟာကဿပ လည်း ရပ်မြဲရပ်တော်မူ ၏။
ထိုအမျိုးသမီးလည်း အရှင်မဟာကဿပ သည် ငါ့အား ချီးမြှောက် လို၍ ဤနေရာ ကိုကြွတော်မူသည်ဟုသိ၍ ဝမ်းမြောက်ဝမ်းသာ ယမင်းချိုးတို.ကိုသပိတ်၌ လောင်းလှူ၏။ အရှင်မဟာကဿပ လည်း ထိုနေရာ၌ ပင်ထမင်းချိုး ကိုဘုန်ပေးတော်မူပြီးလျှင်ေ၇ကိုသောက်၍ အနုမောဒနာပြု တော်မူ၏။ အမျိုးသမီးလည်း အတိုင်းထက်အလွန် ကြည်ညို၏။ ယင်းသို.ကြည်ညိုသဒ္ဓွါ ပွားစဉ် ထိုနေ.ညပထမံ ၌ ရုတ်တရက်ရောဂါ ရ၍ အနိစ္စရောက်လေသည်။ သိကြားမင်း သည်ကွယ်လွန် အနိစ္စရောက်သော အမျိုးသမီးအား စတုမဟာရာဇ် နတ်ဘုံနှင့် တာဝတိ သာနတ်ဘုံ တို.၌ ရှာဖွေရာ ထိုအမျိုးသမီး ကိုမတွေရပေ။
အိုအရှင် သိကြာမင်း ငါ့အား ထမင်းချိုးလှူဒါန်းရသောအမျိုးသမီးသည် နိမ္မနရတိ နတ်ဘုံ၌ဖြစ်လေပြီထိုကြောင့် သိကြာမင်း သည် အရှင်မဟာကဿပထံသို. လာ၍ ထိုအမျိုးသမီး၏လားရာဂတိကိုမေးလျှောက်၏