Search This Blog

Friday, February 19, 2010

ဗုဒ္ဓဘုရားရှင် ညွှန်ပြတော်မူသော အသက်ရှည်ကြောင်း နည်းလမ်းကောင်းများ

လူ့ဘ၀ကို ရရှိလာကြသော လူသားတိုင်းပင် အသက်ရှည်လိုကြသည်။ အသက်ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်းများကို ရှာဖွေလိုက်နာကြသည်။ အသက်ရှည်ရာရှည်ကြောင်း အစာအားဟာရများနှင့် ဆေးဝါးများကို မှီဝဲသုံးဆောင်ကြသည်။

ဤသို့ အသက်ရှည်လိုသည်မှာ သဘာဝပင် ဖြစ်သည်။ အသက်ရှည်မှပင် ကျွန်ုပ်တို့သည် မိမိအကျိုးအတွက်လည်းကောင်း။ အများအကျိုးအတွက် လည်းကောင်း။ နှစ်ပရိစ္ဆောဒရှည်ကြာစွာ ဆောင်ရွက်နိုင်မည်။ ကောင်းမှုကုသိုလ်များကို ကောင်းစွာ အားပါးတရ ဆောင်ရွက်နိုင်မည်။ လူ့ဘ၀ တိုးတက်ရာတိုးတက်ကြောင်း လုပ်ငန်းဆောင်တာများကိုလည်း ကောင်းစွာဆောင်ရွက်နိုင်ပေမည်။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာသခင်၏ အသက်ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်းများကို တင်ပြလိုပါသည်။ ဘုရားရှင်သည် လူ့ဘ၀၌ အသက်ရှည်ကြောင်းတရား ငါးပါးကို ပဉ္စမအင်္ဂုတ္တရပါဠိတော် ဂိလာန၀ဂ်၌ ထုတ်ဖော်ဟောကြားတော်မူခဲ့သည်။

ဗုဒ္ဓဘုရားရှင်က အသက်ရှည်စွာ နေထိုင်နိုင်ရန်အတွက် ပထမအချက်မှာ

သပ္ပါယကာရီ ဟောတိ=ဟူ၍ ဟောကြားတော်မူခဲ့သည်။

ဆိုလိုရင်း အနက်အဓိပ္ပါယမှာ မိမိခန္ဓာကိုယ်နှင့် မသင့်လျော်သော အစားအစာ၊ အနေအထိုင်၊ အအေးအပူ၊ ဥတုရာဦများကို ရှောင်ကြဉ်ရမည်။ သင့်လျော်သော အစားအစာ၊ အနေအထိုင်၊ အအေးအပူ၊ ရာသီဥတုများကို မှီဝဲသုံးဆောင် ပြုလုပ် နေထိုင်ရမည်ဟူ၍ ဆိုလိုသည်။

ထို့နောက် ဘုရားရှင်က ဒုတိယအချက်အနေနဲ့

သပ္ပါယမတ္တံ ဇာနာတိ=ဟူ၍ ဟောကြားတော်မူသည်။

ဆိုလိုရင်း အနက်အဓိပ္ပါယ်မှာ=သင့်လျော်သော အစားအစာ၊ အနေအထိုင်၊ အအေးအပူ၊ ဥတုရာသီများကို မှီဝဲသုံးဆောင်ပြုလုပ်ရာတွင်လည်း မိမိခန္ဓာကိုယ်နှင့် မျှတရုံ အတိုင်းအရှည်ပမာဏကို သိ၍ မှီဝဲသုံးဆောင် ပြုလုပ်နေထိုင်ရမည်ဟူ၍ ဖြစ်သည်။

ထို့နောက် တတိယအချက်အနေဖြင့် ဗုဒ္ဓဘုရားရှင်က ပရိဏတဘောဇီ စ ဟောတိ=ဟူ၍ ဟောကြားတော်မူသည်။

ဆိုလိုရင်း အနက်အဓိပ္ပါယ်မှာ=အစားအစာများကို မှီဝဲသုံးဆောင်သောအခါ ကြေခဲကျက်ခဲသော အစာကြမ်းများကို ရှောင်နိုင်သမျှ ရှောင်၍ ကြေလွတ်ကျက်လွယ်သော အစားအစာတို့ကို မှီဝဲသုံးဆောင်ရမည်ဟူ၍ ဖြစ်သည်။

စတုတ္ထအချက်အနေဖြင့် ဗုဒ္ဓဘုရားရှင်က သီလ၀ါ စ=ဟူ၍ ဟောကြားတော်မူသည်။

ဆိုလိုရင်းအနက်အဓိပ္ပါယ်မှာ=သူ့အသက် မသတ်ခြင်း၊ သူ့ဥစ္စာ မခိုးခြင်း။ သူတပါး သားသမီးများကို မလွန်ကျူးမဖျက်ဆီးခြင်း။ လိမ်ညာ၍ မပြောခြင်း။ အရက်သေစာ မသောက်စားခြင်း။ စသော အကျင့်သီလနှင့် ပြည့်စုံရမည်ဟူ၍ ဖြစ်သည်။

ပဉ္စမအချက်အနေဖြင့် ဗုဒ္ဓဘုရားရှင်က ကလျာဏ မိတ္တော စ=ဟူ၍ ဟောကြားတော်မူသည်။

ဆိုလိုရင်း အနက်အဓိပ္ပါယ်မှာ=စိတ်နှလုံးကို ချမ်းမြေ့စေတတ်သော မိတ်ကောင်း ဆွေကောင်း သားကောင်း သမီးကောင်း လင်ယောကျိားကောင်း ဇနီးကောင်းမျာါ်နှင့် ပြည့်စုံရမည်။ အတူတကွ နေထိုင်ရမည်ဟူ၍ ဖြစ်သည်။

ထို့ပြင် ဗုဒ္ဓဘုရားရှင်က အသက်ရှည်ကြောင်း ကုသိုလ် ၆-မျိုးကိုလည်း ပြုကြရန် ဟောကြားတော်မူခဲ့သည်။

မဟာဝဂ်ပါဠိတော်၌ အထင်အရှား ပါရှိသည်။ ယင်းတို့မှာ-

(၁) ပရိသာဝနဒါန=ရေစစ်အလှူ

(၂) အာဝါသဒါန=ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်းမဏ္ဍပ် အလှူ

(၃) ဂိလာန၀တ္ထုဒါန=သူနားတို့အား ဆေးပေးအပ် လှူဒါန်းခြင်းအလှူ

(၄) ဇိဏ္ဏကာဝါသ ပဋိသင်္ခရဏဒါန=ပျက်စီးယိုယွင်းနေသော စေတီ၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်၊ တံတားတို့ကို ပြင်ဆင်ဆောက်လုပ်မှု အလှု

(၅) ဇီဝိတဒါန=သတ္တ၀ါတို့ကို အသက်ကယ်ခြင်း၊ ဘေးမဲ့ပေးလွှတ်ခြင်းအလှူ

(၆) ပဉ္စသီလ သမာဒါန=ငါးပါးသီလကို ခါးဝတ်ပုဆိုး၊ ထဘီကဲ့သို့ မြဲစွာစောင့်ထိန်းမှု ကုသိုလ်တို့ ဖြစ်ပေသည်။

ဤကား ဗုဒ္ဓဘုရားရှင် ဟောကြားညွှန်ပြတော်မူသော အသက်ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်းများပင် ဖြစ်သည်။ အလွန်အဖိုးထိုက်တန်လှသဖြင့် အသက်ရှည်လိုသူတိုင်း ကျင့်ကြံပွားများ အားထုတ်နေထိုင်နိုင်ကြစေရန် တင်ပြအပ်ပါသည်။


( တနည်း ) အသက်ရှည်နည်း ၁၀-ချက်

အမေရိကန်နိုင်ငံရှိ လူမှုရေး ပညာရှင်များနှင့် ဆေးပညာရှင်များ ပူးပေါင်း၍ အသက် ၁၂၁-နှစ်၊ ၁၂၂-နှစ် သက်ကြီးရွယ်အိုများအား သုတေသနပြုခဲ့ရာ ကျန်းမာသက်ရှည်နည်း ၁၀-ချက်ကို တွေ့ရှိခဲ့သည်။

(၁) အိပ်ရာမှ စောစောထပြီး လမ်းလျှောက်ခြင်း။

(၂) နံနက်စာ မှန်မှန် စားသုံးခြင်း။

(၃) နံနက်စောစော ရေများများ သောက်ခြင်း။

(၄) နေ့လယ်နေ့ခင်း ၁၅-မိနစ်၊ သို့မဟုတ် နာရီဝက် နားပြီးနောက် အငြိမ်မနေဘဲ အလုပ်ရှာလုပ်ခြင်း။

ဥပမာ-ရေခပ်ခြင်း၊ စာရေးစာဖတ်ခြင်း။

(၅) ညနေစာ ညစာ လျှော့စားခြင်း။

(၆) ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ တောလမ်းခရီး လျှောက်သွားခြင်း၊ တောတောင်ရေမြေ သဘာဝရှုခင်း ခံစားခြင်း။

(၇) သူတပါးကိစ္စ၊ ရပ်ရေးရွာရေးကိစ္စရပ်များကို စိတ်အားထက်သန်စွာ အကျိုးဆောင်ရွက်ခြင်း။

(၈) တယောက်နည်းမနေဘဲ ၀ိုင်းဖွဲ့ရယ်မော စကားပြောခြင်း၊ သီချင်းဆိုခြင်း၊ ပူပင်သောကကို ဖယ်ထုတ်ပြီး ပျော်ပျော်နေခြင်း။

(၉) ကိုယ်ကာယ လေ့ကျင့်မှု၊ လှုပ်ရှားမှုများကို မပြင်းမထန် နေ့စဉ်မှန်မှန် လုပ်ဆောင်ခြင်း။

(၁၀) သူတပါးအပေါ် ဘယ်တော့မှ မကောင်းမကြံဘဲ ရန်သူမိတ်ဆွေအားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်း။


( Health Digest ဂျာနယ် (၁၇-၃-၂၀၀၄) ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်) ၏ ကျန်းမာအသက်ရှည်နည်း လျှို့ဝှက်ချက် (၁၀) ချက်မှ )

Thursday, February 18, 2010

Do we stay in a Heavenly realm forever? Is Heaven the ultimate goal?

Beings who have done much good and accumulated much positive kamma may be reborn in a Heavenly realm. If one is not yet able to achieve Nibbana, the Buddha encouraged all of us to lead upright and virtuous lives in order for us to be reborn in a Higher realm, and more importantly to protect ourselves from rebirth in a Lower realm.

While existence in a Heavenly realm may be for an extremely long time, it is still not forever. Beings in such realms will also eventually pass away and be reborn once their positive kamma has been exhausted.

As such, Buddhists do not consider rebirth in a Heavenly realm to be the ultimate goal. For most Buddhists, the ultimate objective would be to attain Nibbana.

It is said that Nanda, the Buddha's half-brother, was discontented and told the Buddha he wanted to give up the holy life. The Buddha then brought him to one of the Heavenly realms and showed him all its delights. The Buddha promised him that he would be able to enjoy all these delights if he practiced the Dhamma well. This inspired Nanda and he practiced very hard so that he could be reborn in that heavenly realm.

While practicing, Nanda gradually realized that Nibbana is a far greater happiness than being in Heaven, and he then released the Buddha from his earlier promise.

What if we have already done many bad things? Can we ask the Buddha to forgive us?

The Buddha is considered our Teacher and not someone that we pray to for forgiveness. Buddhists do not believe in any external agencies that we must ask forgiveness from, or worship for salvation.

If Buddhists were to ask for forgiveness, it would be to the person that we wronged, and not to a third party or external agency. If it were not possible to be forgiven by the person we wronged or to make amends, then we should let the matter go, learn from it and forgive ourselves, of course provided that we are sincere about it.

The Buddha teaches us that we are each responsible for our own actions, and that we are each capable of shaping our own destinies. We should thus consider carefully before doing anything wrong, and instead try to do right at all times.

If you are unsure whether an action is right or wrong, you can apply this simple rule of thumb as taught by the Buddha : if the action harms either yourself or another, or both; then avoid doing that action. If not, then go right on ahead!

Abraham Lincoln :


"When I do good, I feel good.


When I do bad, I feel bad.


That's my religion."

The Buddhist Texts

The Buddhist Texts

The Teachings of the Buddha, known also as the Dhamma, were collated into three separate sets of books. These books are collectively known as the Tipitaka. The total amount of material is vast and is estimated to be more than twice that of the Encyclopaedia Britannica.

Although some changes and revisions in the Tipitaka are inevitable over the 2,500 years or so it has been in existence, it is estimated that up to 90% of the Teachings remain unaltered. This is because when it was recited, it was done so with several hundred monks reciting together at the same time. When it was finally committed to writing around 80 BC, large groups of monks also undertook this task in unison. This made changing or altering the Tipitaka very difficult. Reproductions of the original texts survive today and are well preserved in Sri Lanka.

The Sutta Pitaka

Subdivided into five separate collections, the Sutta Pitaka contains all of the Buddha's discourses as well as several from his most senior disciples. The Buddha was extremely successful in his Teachings as he used the language of the common people, which is called Pali.

He adapted the manner and style of His discourses such that he used simpler concepts for the ordinary folk, and more complex ideas for educated and intellectual audiences. He taught everyone from peasants to kings.

The Teachings range from guidelines for individual behaviour to highly sophisticated commentaries on politics and social philosophy. They are pragmatic and readily applicable to daily life. And despite being taught more than 2,500 years ago, His Teachings are still very much pertinent today.


The Vinaya Pitaka

Also divided into five books, the Vinaya Pitaka lays down the rules and guidelines for the Sangha or the community of monks and nuns. With every monk and nun having equal rights, the Sangha is possibly the earliest form of a democratically governed organization still functioning today.

The Abhidhamma Pitaka

Known as the Higher Teachings of the Buddha, the Abhidhamma Pitaka is a monumental and extremely complex and sophisticated approach to the Dhamma. It contains the Buddhist doctrines arranged and classified in a highly systematic set of seven books.

Although traditionally attributed to the Buddha, many commentators now regard the Abhidhamma as the work of later scholar monks who distilled the Teachings of the Buddha into this amazing set of documents.

It deals with the concepts of existence and reality. It analyzes the human thought processes and examines the constituents of mind and matter. Many of its concepts relating to reality and perception have anticipated the works of modern thinkers and scientists.

သင်္ချိုင်းလေးတခုရဲ့ အုတ်ဂူလေးမှာ ရေးထားသည့်စာ

သင်္ချိုင်းလေးတခုရဲ့ အုတ်ဂူလေးမှာ ရေးထားသည့်စာ

Remember friends, as you pass by, as you are now,

so once were I, as I am now.

So You must be prepared yourselves and follow me'



မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။

ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။

မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။

ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။

နေမ၀င်ခင် ရိက္ခာပြင်ပါ။ ( အနိစ္စ၊ ဒုက္ခ၊ အနတ္တ )။



အထက်ပါ သံဝေဂစာကို ရန်ကုန်မြို့ ရေဝေးသုဿာန်ရှိ နားရေးခန်းမတွင် ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရသည်။ အခန်းထိပ်တွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ပြင်ဆင်ထားသည်။ အခန်းတွင်း၌လည်း အသုဘရှုသူများ ၀ိုင်းဝန်းထိုင်နေကြသည်။ ထိုအခန်းရှိ ရုပ်ကလာပ်အနီး နံရံပေါ်တွင် ဤသံဝေဂစာကို အများသူငါ ဖတ်ရှုဆင်ခြင် နိုင်ရန် စာလုံးကြီးများဖြင့် ရေးထားသည်။ အသုဘရှုသူအားလုံးလိုလိုပင် ဖတ်ရှုဆင်ခြင်မိကြပေလိမ့်မည်။

အလွန်ထိမိသော သံဝေဂစာကလေး ဖြစ်သည်။အထူးသံဝေဂ ရရှိသဖြင့် ထိုစာကို ကူးယူကာ အများသူငါ ဖတ်ရှုဆင်ခြင်နိုင်ရန် ဒါနသံဝေဂပြုထားခြင်းဖြစ်သည်။ အလွန်တန်ဖိုးရှိသည့် ကောင်းမှုပင်တည်း။

ဤသံဝေဂစာကို ကျွန်ုပ်တို့ ဖတ်ရှုကာ အမျိုးမျိုး ဆင်ခြင်မိသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်အရ သေခြင်းအြေuာင်း လေးပါးရှိသည်။ ယင်းတို့မှာ-

၁။ အသက်တမ်းကုန်၍ သေခြင်း။

၂။ ကံအစွမ်းကုန်၍ သေခြင်း။

၃။ အသက်တမ်း ကံအစွမ်း ၂-မျိုးကုန်၍ သေခြင်း။

၎။ ဥပစ္ဆေဒကကံကြောင့် သေခြင်းတို့ ဖြစ်သည်။

ဥပမာ-

ဆီမီးငြိမ်းရာ၌ -

၁။ ဆီကုန်ခြင်း။

၂။ မီးစာကုန်ခြင်း။

၃။ ဆီနှင့်မီးစာ ၂-မျိုးလုံး ကုန်ခြင်း။

၎။ ဆီနှင့်မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ်-တမင်ငြိမ်းသတ်ခြင်းဟူ၍ အကြောင်းလေးမျိုး ရှိသကဲ့သို့ ဖြစ်ပေသည်။
( ၁ )

သက်တမ်းကုန်ခြင်း ဆိုရာ၌-

ဘုရားရှင်လက်ထက်တော်တွင် အသက်တမ်း ၁၀၀-ဟုဆို၏။ ယခု ၇၅-နှစ်တမ်း ခန့်မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မကျော်လွန်နိုင် ကြပေ။ အလွန်ကံထူးသူတို့သာ အသက်တမ်းကို ကျော်လွန်နိုင်ကြပေသည်။ ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ၀ိသာခါတို့သည် အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။ ထိုပုဂ္ဂိုလ်များကား အလွန်ကံထူးသူများတည်း။

ထိုသို့ ကံအထူးလည်း မပါ။ ပါရှိသော သာမန်လောက်ကံကလည်း အသက်တမ်းကို ကျော်လွန်အောင် မဆောင်တော့ဘဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ သေရခြင်းကို အသက်တမ်းကုန်၍ သေရခြင်းဟု ခေါ်၏။ မီးစာရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းရခြင်းနှင့် တူ၏။

( ၂ )

ကံအစွမ်းကုန်၍ သေရခြင်းဆိုသည်မှာ-

အခြားမဟုတ်၊ ဘ၀တခုကို စီမံလိုက်သောကံသည် ပဋိသန္ဒေနေရသည့် အချိန်မှစ၍ မိမိသတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏။ ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိသေး၏။ ထိုမူလစီမံလိုက်သော ကံနှင့် အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင်ကား အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ သေကြရတော့မည်။ ၇၅-နှစ်တမ်း၌ ကံအစွမ်းက ၅၀-လောက်သာရှိလျှင် ၅၀-အရွယ်မှာပင် သေကြရသည်။

ဥပမာ-

ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့ ဖြစ်ပေသည်။

( ၃ )

အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း ကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် သေကြရသည်။ ဆီလည်း ကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။

ဤတွင် ၇၅-နှစ်တမ်း၌ ၇၅-နှစ်လောက်နေဖို့ရန် ကံပါသူ၏ ၇၅-နှစ်ပြည့်၍ သေရမှုကို အသက်တမ်း၊ ကံစွမ်း နှစ်မျိုးစုံကုန်ခြင်းကြောင့် သေရခြင်း-ဟု ခေါ်၏။

(၄)

အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ ယခုဘ၀မှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။ မြွေကိုက်၍ သေခြင်း၊ အဆိပ်မိ၍ သေခြင်း၊ တုတ် ဓား သေနတ် စသည့် လက်နက်တို့ကြောင့် သေခြင်း၊ ရေနစ် သေခြင်း၊ မီးလောင် သေခြင်း၊ ကားတိုက် သေခြင်း စသည်တို့သည် ရှေးမကောင်းမှုကံကြောင့် သေရခြင်းဖြစ်သည်။

ဥပမာ-

မီးစာ ဆီ နှစ်မျိုးလုံ မကုန်သေးဘဲ လေပြင်းတိုက်ခတ်မှု၊ တမင်ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။

ဤကား ဗုဒ္ဓတရားတော်လာ သေခြင်းအမျိုးမျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် တနေ့နေ့တွင် ဤသေခြင်းလေးမျိုး အနက် တမျိုးမျိုးနှင့် သေကြရမည်မှာ မုချဖြစ်သည်။ သေခြင်းလေးမျိုးအနက် တမျိုးမျိုးဖြင့် ကျွန်ုပ်တို့ထက် အသက်ကြီးသူ၊ အရွယ်ကြီးသူများလည်း သေနေကြသည်။ ကျွန်ုပ်တို့နှင့် အသက်တူ၊ အရွယ်တူများလည်း သေနေကြသည်။ ကျွန်ုပ်တို့အောက် အသက်ငယ်သူ၊ အရွယ်ငယ်သူများလည်း သေနေကြသည်။

ဘုရားဟောတရားတော်လာ အနိစ္စ ဒုက္ခ အနတ္တတို့၏ သဘောကို ကွယ်လွန်သူက ပြောပြနေဟန် အထက်ပါ သံဝေဂစာ၌ ဖော်ပြထားသည်။ အလွန်ထိမိလှသည်။ တခါက အသက်ရှင်ခဲ့ဖူးသော ယခုကွယ်လွန်သူနည်းတူပင် ကျွန်ုပ်တို့သည် အနှေးနှင့်အမြန် ဖြစ်ကြရပေတော့မည်။ သူက ရှေ့ကသွားနှင့်၍ ကျွန်ုတို့က နောက်က လိုက်ကြရ မည်မှာ မုချဖြစ်သည်။

ဤသို့ နောက်က မလိုက်မီ သံဝေဂစာ၌ ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည် ပြင်ဆင်စရာ ရှိသမျှ ပြင်ဆင်ကြရပေမည်။ ယင်းသို့ ပြင်ဆင်ရာ၌ တမလွန်ဘ၀သို့ ပါသွားမည့်ရိက္ခာကို နေမ၀င်ခင် အစွမ်းကုန် ပြင်ဆင်ထားကြရပေမည်။ ဤရိက္ခာကား အခြားမဟုတ် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ရိက္ခာကြီးများပင်တည်း။

Wednesday, February 17, 2010

ကွယ်လွန်ခါနီး တရားနာရခြင်း အကျိုး

ကွယ်လွန်ခါနီး တရားနာရခြင်း အကျိုး

စာရေးသူအရှင်၏ မယ်တော်ကြီးသည် မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ် ဘုရားစုကိုးရွာ ကသစ်စံပြကျေးရွာ၌ နေထိုင်သည်။ အမည်မှာ ဒေါ်လှတုတ် ဖြစ်သည်။

မကြာမီက မယ်တော်ကြီးသည် ကိုယ်ရောင်ရောဂါစွဲကပ်ခဲ့သည်။ ရက်ပေါင်း ၂၀-ခန့် အကြာတွင် စာရေးသူထံ ဆွေမျိုးများက တယ်လီဖုန်းဖြင့် အကြောင်းကြားကြသည်။ စာရေးသူသည် ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်တိုက် နမူနာ စံကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသည်။

စာရေးသူက မယ်တော်ကြီး သက်သာရာရအောင် ရွာရှိ ဆရာဝန်ဖြင့် ကုသရန် မှာကြားသည်။ မသက်သာကြောင်း ပြန်ကြားသဖြင့် မြန်မာတိုင်းရင်းဆေးဆရာကို ပင့်၍ ကုသခိုင်းသည်။ ထို့ပြင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရား တိပ်ခွေကို ဖွင့်ပေး၍ နာယူစေရန်လည်း မှာကြားလိုက်သည်။မကြာမီ စာရေးသူထံ ရွာကဆွေမျိုးများက ဖုန်းဆက် အကြောင်းကြားကြသည်။ မယ်တော်ကြီးမှာ အစာ မ၀င်တော့ကြောင်း၊ သားဦးပဉ္ဇင်းကိုသာ တွေ့ချင်ကြောင်း ငါ့သားကသာ ငါ့ကိုတရားဟောပေးမှာ-ဟု ပြောကြားကြောင်း ပြောဆိုကြသည်။

သို့ဖြင့် စာရေးသူသည် ရွာသို့ မီးရထားဖြင့် ပြန်ကြွသည်။ ရောက်သောအခါ မယ်တော်ကြီး၏ အခြေအနေကို ကြည့်ရှုပြီး မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာတရားတိပ်ခွေကိုသာ မကြာခဏ ကက်ဆက်ဖြင့် ဖွင့်ပေးသည်။ နာခိုင်းသည်။ မယ်တော်ကြီးက စာရေးသူကို တရားဟောပြောပေးစေချင်သည်။ စာရေးသူက မိမိဟောပြောလျှင် အစွမ်းထက်မည်မဟုတ်ဟု ယူဆကာ မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် အရှင်ဉာဏိဿရ တို့၏ တရားတိပ်ခွေများကိုသာ မကြာခဏဖွင့်ပေးသည်။ ထိုတရားများ နာပြီးသောအခါ ရက်ပေါင်း ၂၀-ခန့် ထမင်းမစားနိုင်ဘဲ အားပြတ်၍ ထူပေးနေရသော မယ်တော်ကြီးက လက်အုပ်ချီလျက် သာဓုအကြိမ်ကြိမ် ခေါ်သည်။

သို့သော် တနေ့ထက် တနေ့ မယ်တော်ကြီး၏ ရောဂါအခြေအနေကား မသက်သာ၊ မကြာမီကွယ်လွန်တော့မည့် အခြေအနေသို့ ရောက်နေသည်။ တရားများကို နာယူထားသောကြောင့် ဖြစ်မည်။ မယ်တော်ကြီးမှာ ရယ်ရယ်ပြုံးပြုံးရှိနေသည်။ သေခြင်းတရားကို ကြောက်လန့်ခြင်းရှိပုံ မပေါ်တော့ပေ။ ထူးခြားသည်မှာ မယ်တော်ကြီးသည် နှစ်ပေါင်း ၃၀-ကျော် နားလေးရောဂါ စွဲကပ်ခဲ့သူဖြစ်သည်။ သို့ရာတွင် သေခါနီးအချိန်ရောက်မှ နားသောတတွေ အထူးကြည်လင်ပြီး တရားများကို အားပါးတရ နာကြားနိုင်သွားသည်။
ကျန်ရစ်သူ သားသမီးများအား သင့်မြတ်အောင်နေထိုင်ကြပါဟုသာ မှာကြားသည်။ အခြားစကား မပြောကြား။ သားသမီးများနှင့်တကွ ပစ္စည်းဥစ္စာများအပေါ် လုံးဝ သံယောဇဉ်မထားဘဲ အေးငြိမ်းစွာပင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်၌ အသက် ၆၄-နှစ်အရွယ် ရှိသည်။

ကွယ်လွန်ပြီးနောက် စာရေးသူသည် မယ်တော်ကြီး၏ လက်မောင်းကို စမ်းကြည့်လိုက်သည်။ အသက်ရှိနေသော လူရှင်လိုပင် အံ့ကြဖွယ်ကောင်းလောက်အောင် ပျော့ပျောင်းနေသည်။ ၂-ရက်မြောက်နေ့သို့ ရောက်သည့်တိုင် ခြေထောက်တွေပါမကျန် တကိုယ်လုံး ပျော့ပျောင်းနေသည်။ သင်္ဂြိုဟ်မည့် ၃-ရက်မြောက်နေ့တွင် အခြေအနေကိုကြည့်ရှုရာ ကိုယ်ရောင်ရောဂါတွေ ပျောက်ကင်းသွားပြီး အသားအရေတွေ ကြည်လင်နေသည်ကို တွေ့ရသည်။ ရာသီဥတုက ပူပြင်းသော်လည်း အနံ့အသက် ထွက်ခြင်းမရှိ။ အချိန်မှာ ၁၃၆၄-ခုနှစ် တပေါင်းလဆန်း ၉-ရက် (၁၁-၃-၂၀၀၃) နေ့ ဖြစ်သည်။ သင်္ချိုင်းသို့ရောက်၍ မယ်တော်ကြီး၏ ရုပ်အလောင်းကို ထူပေးရာတွင် လူရှင်လိုပင် ပျော့ပျောင်းမြဲ ပျော့ပျောင်းနေသည်။ မီးသင်္ဂြိုဟ်ရာတွင်လည်း ကောက်ခြင်း၊ ကွေးခြင်း မရှိ၊ ဆံပင်မှာလည်း နောက်ဆုံးအချိန်ရောက်မှ မီးလောင်ကျွမ်းသည်။
မယ်တော်ကြီးသည် သက်ရှိထင်ရှားရှိစဉ်က စိတ်ကောင်း နှလုံးကောင်း ထားရှိသူ ဖြစ်သည်။ ချွေးမ ၃-ယောက်ရှိရာ ၃-ယောက်စလုံးနှင့်ပင် သင့်မြတ်စွာ နေထိုင်နိုင်သည်။ အလှူဒါနများလည်း ပြုလေ့ရှိသည်။ တရားလည်း ထိုင်တတ်သည်။ နောက်ဆုံး ကွယ်လွန်ခါနီးတွင် ဆရာတော်ကြီးများ၏တရားကို ကြားနာသွားရ သည်မှာ အထူးအကျိုးရှိကြောင်း တွေ့ရှိရသည်။
ကွယ်လွန်ခါနှီးတွင် သစ္စာတရားကို ကျနစွာနာကြား၍ နှလုံးသွင်းနိုင်သူတို့မှာ အကျိုးထူးခံစားရကြောင်း အင်္ဂုတ္တိုရ်ပါဠိတော် ဆက္ကနိပါတ် ဖဂ္ဂုဏသုတ်တွင် အထင်အရှားပါရှိသည်။ ဖဂ္ဂုဏရဟန်းလေးသည် ဘုရားရှင် ဟောကြားအပ်သော သစ္စာတရားကို ကြားနာရပြီး ပျံလွန်တော်မူသွားရာ အနာဂါမ်ပင် ဖြစ်သွားကြောင်း ဖတ်ရှုလေ့လာရပါသည်။

ထို့ကြောင့် သေခါနီး အချိန်တွင် ဆရာတော်ကြီးများ၏ ထူးမြတ်သော တရားများကို နာယူ နှလုံးသွင်းနိုင်အောင် ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟု စာရေးသူက တိုက်တွန်းလိုပါသည်။

( ဦးဇာဂရ-နမူနာ စံကျောင်း၊ ကျောင်းတော်ရာ ရွှေကျင်တိုက် ဗဟန်း ရန်ကုန်)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဒီဇင်ဘာလ )

ရဟန်းစားရသော ဆွမ်းတစ်နပ်

ကဿပလိုဏ်ဂူသည်ကား လူသွားလူလာ မရှိ၊ ပကတိ အေးချမ်းတိတ်ဆိတ်လှ၏။ ဤနေရာသည် ဆွမ်းခံရွာနှင့်လည်း မဝေးကွာလွန်း၊ ရပ်သံရွာသံများ ကြားရလောက်အောင်လည်း မနီးလွန်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလေ့ရှိကြသော ယောဂီရဟန်းတို့အတွက် အဘက်ဘက်က အဆင်ပြေလှသော နေရာကလေးဖြစ်၏။

ဤလိုဏ်ဂူ၌ အရှင်အယျမိတ္တ သီတင်းသုံးလာခဲ့သည်မှာ တော်တော်ကြီး ကြာလာခဲ့ပါပြီ။ အချိန်တွေ ကြာလာခဲ့သည်နှင့်အမျှ သူ၏ဘာဝနာလုပ်ငန်းကလည်း အရှိန်အဟုန် ကောင်းနေခဲ့ပါပြီ။

တခုသောနံနက်ခင်း၌ အရှင်အယျမိတ္တသည် သင်္ကန်းကိုရုံပြီးလျှင် အနားပတ်သီးကို အနားပတ်ကွင်းမှာ သွတ်သွင်းကာ သပိတ်အိတ်ဖြင့် သပိတ်ကို လွယ်လျက် ကဿပလိုဏ်ဂူမှ ထွက်ခွာလာခဲ့၏။

ဆွမ်းခံရွာတခုလုံးသည် အရှင်မြတ်၏ ဆွမ်းဒကာ ဆွမ်းအမများ ဖြစ်ကြသော်လည်း ရွာဦးရွာထိပ်က အမေကြီးမှာမူ သူများထက် ထူးခြား၏။ အယျမိတ္တအရှင်မြတ်ကို သားအရင်းကဲ့သို့ ချစ်ခင်ကြည်ညို၏။ သူ၏ သမီးဖြစ်သူကလည်း တအူတုံဆင်း အကိုရင်းကဲ့သို့ သဘောထား၏။

သူတို့သားအမိမှာ လက်လုပ်လက်စား ဆင်းရဲသားများဖြစ်ကြသော်လည်း သားဖြစ်သူ၊ အကိုဖြစ်သူ အရှင်မြတ်အတွက်ကား စားကောင်းသောက်ကောင်း အမွန်အမြတ်တို့ကို ဂရုတစိုက် ရှာဖွေစုဆောင်း၍ ပြုစုလုပ်ကျွေးလာခဲ့ကြပေသည်။

ထိုနေ့နံနက်တုန်းကလည်း အရှင်အယျမိတ္တသည် သူတို့သားအမိ အိမ်ရှေ့ခြံစည်းရိုးအကွယ်သို့ရောက်လာ၏။ ဆွမ်းခံအိမ်ရှေ့သို့ ရောက်လာပြီဖြစ်၍ သပိတ်အိတ်ထဲမှ သပိတ်ကို ထုတ်ယူ၏။ ထိုခဏအတွင်းမှာ အိမ်ထဲက သားအမိတို့ အသံကို ကြားလိုက်သဖြင့် ခြေစုံရပ်၍ နားစွင့်ထားလိုက်မိ၏။

တောအလုပ်သို့ သွားခါနီးဖြစ်သော အမေကြီးသည် သမီးကို မှာကြားနေ၏။ နေ့စဉ်နေ့တိုင်း ပြုလုပ်နေကျဝတ် နိစ္စဘတ်ကောင်းမှုတခု လစ်ဟင်းသွားမည်စိုးသဖြင့် ကြောင့်ကြောင့်ကြကြ ဖြစ်နေဟန်ရှိ၏။

သမီးရေ-အိမ်အတွင်းခန်းထဲက အိုးထဲမှာ ဆန်ကောင်းသန့်သန့်လေးရှိတယ်နော်၊ ကြောင်အိမ်ထဲမှာ ထောပတ်လဲရှိသေးတယ်။ နွားနို့သည်လာလို့လဲ ၀ယ်ထားသေးတယ်။ ကြောင်အိမ်အောက်ထပ်မှာလဲ တင်လဲအိုးရှိတယ်။ အဲဒါတွေနဲ့ အချိန်မီအောင် ချက်ထားနော်၊ သမီးချက်လို့ကျက်တဲ့အချိန်နဲ့ သမီးအကိုကြီးလာတဲ့အချိန်နဲ့ အံကိုက်လောက်ပါရဲ့၊ သမီးအကိုကြီး ရောက်လာတဲ့အခါ နေ့တိုင်းလုပ်သလို ရိုရိုသေသေ လောင်းနော်၊ ကြားလား၊ အေး-လောင်းပြီးလို့ အကြွင်းအကျန်ရှိသေးရင်တော့ သမီးပဲ စားလိုက်တော့။

ကောင်းပါပြီ အမေ၊ သမီးလုပ်နေကျမို့ လုပ်တတ်ပါတယ်။ ဒါထက် အမေ-နေ့လယ်မှာ အလုပ်နားလို့ အမေ မောမောပန်းပန်းနဲ့ ပြန်လာတော့ကော ဘာစားမလဲ၊

ဟဲ့ အဲဒီအတွက်တော့ ဘာကြောင့်ကြနေစရာလိုသေးလဲ။ အခုတော့ အလုပ်သွားဖို့ မနက်စာကလဲ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးနဲ့ နယ်စားလို့ ၀မ်းပြည့်နေပြီပဲ။ နေ့လယ်စာအတွက်လဲ ကျိုနေကျ ဆန်ကွဲ လက်တဆုပ် လောက်ကို ထမနဲ ကျိုထားလိုက်ပေါ့၊ အဲ ဆန်နည်းလို့ ကျဲနေမှာဆိုရင်တော့ ဟင်းရွက်လေးတွေ ခူးခပ်လိုက်ပေါ့။ ဒီတော့ ထမနဲဖြုန်းစပ် ဖြစ်သွားရော။

အသံအားလံုးကို အရွင္အယ်မိတၱ ၾကားလိုက္ရ၏။ သောတဒွါရဖြင့် ကြားလိုက်ရသော စကားသံတို့သည် သောတဒွါရမှာပင် လမ်းဆုံးမသွားကြဘဲ ဟဒယနှလုံးအိမ်ထိအောင် ရိုက်ခတ်လာကြ၏။

ကြည့်စမ်း အယျမိတ္တ၊ မင်းကိုမင်း သုံးသပ်ကြည့်စမ်း၊ မင်းဒကာမကြီးကတော့ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးဆမ်းပြီး စားလိုက်ရသတဲ့။ အမောတကောနဲ့ တောကပြန်လာတော့လဲ ဖြုန်းစပ်ထမနဲသာ သောက်ရဦးမတဲ့။ သူတို့သားအမိနှစ်ယောက်က မသေရုံတမည် စားနေကြပြီး မင်းအတွက်ကျတော့ ဖွယ်ဖွယ်ရာရာ လုပ်ထားလိုက်တာ။ ဒါတွေ ဒါတွေ လုပ်ထားတာက မင်းဆီက လယ်မြေလိုချင်လို့လဲ မဟုတ်ဘူး။ မြေကွက်လိုချင်လို့လဲ မဟုတ်ဘူး။ အစားအစာ လိုချင်လို့လဲ မဟုတ်ဘူး။ အ၀တ်အဆင် လိုချင်လို့လဲ မဟုတ်ဘူး။ တကယ်တော့ သူလိုချင်တာက လူချမ်းသာ နတ်ချမ်းသာတွင် မကဘူး။ နိဗ္ဗာန်ချမ်းသာအထိ မျှော်ကိုးပြီး ပြုစုနေကြတာ။ ဒီချမ်းသာတွေကို မင်း ပေးနိုင်ပါ့မလား။ ပေးနိုင်တဲ့အစွမ်းသတ္တိ မင်းမှာရှိနေပြီလား။ လောလောဆယ် မပေးနိုင်သေးဘူး။ မင့်စိတ်သန္တာန်မှာ ရာဂတွေ ဒေါသတွေ မောဟတွေ မကင်းစင်သေးသမျှ မင်း ဒီဆွမ်းကို အလှူမခံထိုက်ဘူး။ မင်း မစားသင့်ဘူး။

ဤသို့ ကိုယ့်ကိုယ်ကို ဆုံးမပြီးလျှင် အရှင်အယျမိတ္တသည် ထုတ်ယူထားသည့် သပိတ်ကို သပိတ်အိတ်ထဲ ပြန်သွင်းလိုက်၏။ သွတ်သွက်းထားသော အနားပတ်သီးကို အနားပတ်ကွင်းထဲက ဖြုတ်ပစ်လိုက်၏။ ထိုနေရာမှပင် နောက်ကြောင်းပြန်လှည့်ကာ ကဿပလိုဏ်ဂူသို့ ပြန်လာခဲ့၏။ သပိတ်ကို ညောင်စောင်းအောက်မှာ ချထားလိုက်၏။ အပေါ်ရုံသင်္ကန်းကို ၀ါးလုံးတန်းမှာ ဖြန့်လှန်းထားလိုက်၏။ ထို့နောက်-အရဟတ္တဖိုလ်ကို မရမချင်း ငါ ဒီလိုဏ်ဂူထဲက မထွက်တော့ဘူး-ဟု စိတ်နှလုံးကို တုံးတုံးချ ဆုံးဖြတ်ချက်ချကာ ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်း၏။

အရှင်အယျမိတ္တသည်ကား ကာလကြာမြင့်စွာ မမေ့မလျော့ နေလာခဲ့၏။ တရားလက်ကိုင် ခိုင်မြဲပြီးသော ရဟန်းတပါးဖြစ်၏။ ဤအနေတွင် ဆွမ်းအမကြီးများအပေါ် ပြန်လည်၍ ကျေးဇူးတုံ့ပြန်လိုသော သမ္မာဆန္ဒဖြင့် ၀ီရိယသမ္ဗောဇ္ဈင်ကို ထက်သန်သည်ထက် ထက်သန်လာအောင် အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းလိုက်လေရာ ဆွမ်းစားချိန် မလွန်သေးသည့် အချိန်မှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။

ထို့နောက် အရှင်အယျမိတ္တသည် လိုဏ်ဂူတံခါးကို ဖွင့်ကြည့်ပြီးလျှင် ဆွမ်းခံချိန်မလွန်သေးကြောင်း သိရသဖြင့် သင်္ကန်းကိုရုံကာ သပိတ်ကိုလွယ်လျက် နောက်တကြိမ် ဆွမ်းခံဝင်၏။ အိမ်မှာကျန်ရစ်သည့် သမီးကလည်း အသင့်ချက်ပြုတ်ပြင်ဆင်ထားသည့် ဖွယ်ဖွယ်ရာရာ စားကောင်းသောက်ဖွယ်တို့ကို အကိုကြီး၏ သပိတ်မှာ ရိုသေလေးမြတ်စွာ လောင်းလှူ၏။ လောင်းလှူရင်းလည်း သူ့အကိုကြီး၏ တမူထားခြားနေသည့် အသွင်အပြင်ကို သတိထား၍ ဖူးမြင်နေမိ၏။ အရှင်အယျမိတ္တသည် ခါတိုင်းနေ့များအတိုင်းပင်-ချမ်းသာစေ၊ ကျန်းမာစေ-ဟု တိုတို တုတ်တုတ် ဆုပေးကာ ကဿပလိုဏ်ဂူသို့ ပြန်ကြွလာခဲ့၏။

နေ့လယ်ခင်းမှာ-အလုပ်နား၍ အမေကြီး တောက ပြန်ရောက်ရောက်ချင်း-

ဘယ်နှဲလဲ သမီး၊ သမီးအကိုကြီးကို ဆွမ်းလောင်းလိုက်ရရဲ့လား-ဟု မေးလေရာ

လောင်းလိုက်ရပါတယ် အမေ၊ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတာတွေ တပါးစာ လုံလောက်အောင် လောင်းလိုက်ရပါတယ်။
ကောင်းပါလေရဲ့ အေ၊ ဒါနဲ့ ညဉ်းအကိုးကြီးရဲ့ မျက်နှာသွင်ပြင်ကော သတိပြုမိလိုက်ရဲ့လား၊

ပြုလိုက်မိတာပေါ့ အမေရယ်၊ အမေ့သားကြီး မျက်နှာကလေ ဘယ်တုန်းကနဲ့မှ မတူဘူး။ အသွေးရော အသားရော တကယ့်ကို ကြည်နေတာပဲ။ မျက်နှာတခုလုံးလဲ သိပ်ပွင့်လန်းနေတာပဲ။ အညှာက ကြွေကျထားတဲ့ ထန်းသီးမှည့်လိုပါပဲ အမေရယ်၊ သိပ်ပြီးတော့ ကြည်ညိုစရာ ကောင်းနေတာပဲ။

ဟုတ်ပြီ သမီး၊ ဟုတ်ပြီ။ သမီးရဲ့ အကိုကြီးဟာ ဒီကနေ့ ရဟန်းကိစ္စ ပြီးသွားပြီ။ သူဟာ သာသနာ့ဘောင်မှာ ရာသက်ပန် ပျော်သွားပြီး ဘယ်တော့မှ လူထွက်လာတော့မှာ မဟုတ်ဘူး။ ဤသို့ ရဟန်းမြတ်၏ မယ်တော်ကြီးက ၀မ်းမြောက်ဝမ်းသား မှတ်ချက်ချလိုက်လေသည်။
( ဆွမ်းဒကာ ဆွမ်းအမတို့အား ကျေးဇူးဆပ်ခြင်း )

ဤ၀တ္ထုခေါင်းစဉ်ကို ဖတ်လိုက်ရသည်နှင့် တပြိုင်နက် ဆရာကြီး ဦးသုခ၏ ရုပ်သံဇာတ်လမ်းကို ပြေး၍ သတိရမိကြပါလိမ့်မည်။ မှန်ပါသည်။ ဤ၀တ္ထုသည် ထိုရုပ်သံဇာတ်လမ်းထဲက အရန်ဝတ္ထုတပုဒ်ပင် ဖြစ်နေသဖြင့် ထိုခေါင်းစဉ်အတိုင်း အမှတ်တရ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာအခန်းထဲက ဗောဇ္ဈင်္ဂပဗ္ဗကို ဖွင့်ပြရာတွင် ၀ီရိယသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရား ၁၁-ပါးထဲက ပိဏ္ဍပါတာပစာယနတာ ဟူသော အကြောင်းတရားကို ထင်ထင်ရှားရှား သိမြင်နိုင်အောင် ဤပုံဝတ္ထုဖြင့် ဥပမာပြုထားခြင်း ဖြစ်ပါသည်။

( ၀ီရိယသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းတရား ၁၁-ပါးမှာ )

(၁) အပါယဘယ ပစ္စဝေက္ခဏတာ-အပါယ်ဘေးကို ဆင်ခြင်ခြင်း။

(၂) အာနိသံသ ဒဿာဝိတာ-၀ီရိယသမ္ဗောဇ္ဈင်၏ အကျိုးတရားကို ရှုမြင်ခြင်း။

(၃) ဂမန၀ီထိ ပစ္စဝေက္ခဏတာ-ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ မဟာသာဝကကြီးတို့၏ သွားရာလမ်းကြောင်းကြီးပါကလား- ဟု ဆင်ခြင်ခြင်း။

(၄) ပိဏ္ဍပါတာ ပစာယနတာ-ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်း၊ ဆွမ်းဒကာ ဆွမ်းအမတို့ကို တုံ့ပြန်၍ ကျေးဇူးဆပ်ခြင်း။

(၅) ဒါယဇ္ဇမဟတ္တ ပစ္စဝေက္ခဏတာ-မြင့်မြတ်သည့် အမွေခံဖြစ်နေသည်ကို ဆင်ခြင်ခြင်း။

(၆) သတ္ထုမဟတ္တ ပစ္စဝေက္ခဏတာ-ဆရာဖြစ်သော မြတ်စွာဘုရား၏ မြင့်မြတ်သည့်ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ဆင်ခြင်ခြင်း။

(၇) ဇာတိမဟတ္တ ပစ္စဝေက္ခဏတာ-အမျိုးဇာတ်မြင့်မြတ်နေသည်ကို ဆင်ခြင်ခြင်း။

(၈) သဗြဟ္မစာရီမဟတ္တ ပစ္စဝေက္ခဏတာ-မိမိသီတင်းသုံးဖော်တို့၏ မြင့်မြတ်သည့်ဂုဏ်ကျေးဇူးတော်တို့ကို

ဆင်ခြင်ခြင်း။

(၉) ကုသီတပုဂ္ဂလ ပရိဝဇ္ဇနတာ-ပျင်းရိသောပုဂ္ဂိုလ်ကို ကြဉ်ရှောင်ခြင်း။

(၁၀) အာရဒ္ဓပုဂ္ဂလ ပရိသေ၀နတာ-၀ီရိယထက်သန်သည့်ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း

(၁၁) တဒဓိမုတ္တတာ-ထိုဝီရိယသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေခြင်းတို့ ဖြစ်ပေသည်။

ထိုအကြောင်းအရာ ၁၁-ပါးထဲက ပိဏ္ဍပါတ ပစာယနတာ-ဟူသော အကြောင်းတရားကို ဖွင့်ပြရာတွင် သာသနာ့ဝန်ထမ်း ရဟန်းတပါးအနေနှင့် မိမိကိုယ်ကို ဆုံးမတိုက်တွန်းသင့်ပုံကို ပြဆိုထား၏။

အို-ရဟန်း၊ သင့်ကို ဒကာ ဒကာမများက ဆွမ်းဘောဇဉ်စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၍ နေကြကုန်၏။ ထိုသူတို့သည်ကား သင်၏ အဆွေအမျိုးများလည်း မဟုတ်ကြကုန်။ သင့်ကို အမှီပြုပြီး အသက်မွေးကြရန် ပြုစုလုပ်ကျွေးနေကြခြင်းလည်း မဟုတ်ကုန်။ စင်စစ်မှာမူ မိမိတို့ ပြုလုပ်ကြသည့် ကုသိုလ်ကောင်းမှု၏ အကျိုးတရားကိုသာ မျှော်ကိုးကာ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့နေကြကုန်၏။


ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဤရဟန်းသည် ပစ္စည်းလေးပါးတို့ကို သုံးဆောင်ပြီးလျှင် ကိုယ်ခန္ဓာ ကြံ့ခိုင်ကာ ပျော်ပျော်ကြီးနေကြကုန်လတံ့-ဟု ရည်ရွယ်၍ ပစ္စည်းလေးပါးတို့ကို ခွင့်ပြုတော်မူခဲ့သည် မဟုတ်ပေ။ အမှန်မှာမူ ဤရဟန်းတို့သည် ဤပစ္စည်းလေးပါးတို့ကို သုံးဆောင်ကြပြီးလျှင် ချမ်းချမ်းသာသာ ကျန်းကျန်းမာမာဖြင့် ရဟန်းတရား ကြိုးစားနိုင်ကြပေလိမ့်မည်။ သံသရာဝဋ်မှ လွတ်မြောက်နိုင်ကြပေ လိမ့်မည်-ဟု ရည်ရွယ်၍ ခွင့်ပြုတော်မူခဲ့၏။

ထို့ကြောင့် သင်ကိုယ်တိုင်က ပျင်းပျင်းရိရိ ဖြစ်နေပါလျှင် အဘယ်မှာ ဆွမ်းဒါယကာတို့ကို ကျေးဇူးတုံ့ပြန်၍ ပေးဆပ်နိုင်ပါတော့မည်နည်း။ ကြိုးကြိုးစားစား အားထုတ်ပွားများနိုင်မှသာလျှင် ကျေးဇူးဆပ်နိုင်ပေလိမ့်မည်။

ဤသို့ ဆင်ခြင်သုံးသပ်ကာ ပိဏ္ဍပါတ ပစာယနအကြောင်းတရားကြောင့် ၀ီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာပုံကို အထက်ပါပုံဝတ္ထုဖြင့် အဋ္ဌကထာဆရာကြီးက ဥပမာပြု၍ ဖွင့်ပြထားပေသည်။


( ၀ဏ္ဏသီရိ )

( မြတ်မင်္ဂလာ ၂၀၀၃-ဇန်န၀ါရီ)