အခန်း(၇) သမုစ္စည်းပိုင်း-၁
အဓိပ္ပာယ်ဖွင့်ဆိုချက်
၁။ သမုစ္စယ = သမုစ္စည်း
မိမိဆိုင်ရာ သဘောလက္ခဏာအသီးသီး ရှိကြသော ပရမတ္ထတရား ၇၂-ပါးတို့ကို သဘောတူရာ ပေါင်းစည်း တင်ပြခြင်း။
၂။ ဝတ္ထုဓမ္မာ
စိတ် ၁၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ နိဗ္ဗာန် ၁၊ ပေါင်း ပရမတ္ထတရား ၇၂-ပါးတို့သည် သီးခြား အထည်ကိုယ်ဝတ္ထုများ ရှိကြသော သဘောတရားများ ဖြစ်ကြသဖြင့် ဝတ္ထုဓမ္မာဟု အမည်ရကြ၏။
အကုသလသင်္ဂဟ
အကုသိုလ်တရားများကို ပေါင်းစည်းတင်ပြခြင်း
၁။ အာသဝေါတရား ၄-ပါး
စိမ်ရည်အိုးထဲ၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည် အရက်ကဲ့သို့ အနမတဂ္ဂသံသရာဝယ် သတ္တဝါတို့၏ ခန္ဓာအစဉ်တည်းဟူသော စိမ်ရည်အိုး၌ ကြာရှည်စွာ စိမ်ထားသည်ဖြစ်၍ အာနိသင် ပြင်းပြကာ မိမိတို့ကိန်းရာ ပုထုဇဉ် သတ္တဝါတို့အား တွေဝေယစ်မူးစေသည့် တရား ၄-ပါး။
၁။ ကာမသ၀ = ဝတ္ထုအာရုံကာမဂုဏ်ကို တပ်မက်တတ်သော တဏှာ။ လောဘမူစိတ် ၈-ပါး၌ ယှဉ်သော လောဘစေတသိက်။
၂။ ဘဝါသ၀ = ရူပဈာန်၊ အရူပဈာန်နှင့် ထိုဈာန်တို့၏ အကျိုးဝိပါက်ကို နှစ်သက်တွယ်တာသော တဏှာ။ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ ယှဉ်သော လောဘစေတသိက်။
၃။ ဒိဋ္ဌာသ၀ = အယူလွဲမူ မိစ္ဆာဒိဋ္ဌိ။ လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ယှဉ်သော ဒိဋ္ဌိစေတသိက်။
၄။ အဝိဇ္ဇာသ၀ = အာရုံ၏သဘောမှန်ကို မသိမူမောဟ။ အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိက်။
၂။ သြဃ ၄-ပါး
ကာမောဃ၊ ဘဝေါဃ၊ ဒိေဋ္ဌာဃ၊ အဝိဇ္ဇောဃ။ အဓိပ္ပာယ်နှင့် တရားကိုယ်တို့မှာ အာသ၀ ၄-ပါးအတိုင်း ဖြစ်ကြ၏။ သြဃတည်းဟူသော ပကတိရေအယဉ်သည် သတ္တဝါများကို လွှမ်းမိုးနစ်မြှုပ်နှိပ်စက် သတ်ဖြတ်တတ်သကဲ့သို့ လောဘ၊ ဒိဋ္ဌိနှင့် မောဟတရားတို့သည်လည်း သတ္တဝါများကို လွှမ်းမိုး နှစ်မြှုပ်နှိပ်စက် သတ်ဖြတ်တတ်၏။ ဝဋ်ဒုက္ခဝယ် အပါယ် ၄-ပါးအထိ နစ်မြှုပ်အောင် လွှမ်းဖိသတ်ဖြတ်တတ်၏။
၃။ ယောဂ ၄-ပါး
ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂ။
အဓိပ္ပာယ်နှင့် တရားကိုယ်တို့မှာ အာဝသ ၄-ပါးအတိုင်း ဖြစ်ကြ၏။ အစေးနှင့်ကပ်၍ ယှဉ်စပ်ထားသကဲ့သို့ သတ္တဝါများကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ပေးတတ်သောတရားကို ယောဂဟု ခေါ်၏။
၄။ ဂန္ထ ၄-ပါး
သံကွင်းချင်းဆက်ကာ ထုံးနှောင်ဖွဲ့ယှက်ထားသကဲ့သို့ သတ္တဝါတို့၏ နာမကာယ၊ ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မလွတ်ရအောင် `စုတိပြီး ပဋိသန္ဓေ၊ ပဋိသန္ဓေပြီး စုတိ´ဟု ဆက်ပေးတတ်သော တရားကို ဂန္တဟု ခေါ်၏။
၁။ အဘိဇ္ဈာကာယဂန္ထ = အာရုံတစ်ခုခုကို ရှေးရူကြံစည်လိုချင်ခြင်းသဘော၊ မိမိဥစ္စာဖြစ်စေ၊ သူတစ်ပါးဥစ္စာဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ လိုချင်မူ လောဘ။ လောဘမူစိတ် ၈-ပါး၌ ရှိသော လောဘအားလုံး။
၂။ ဗျာပါဒကာယဂန္ထ = စိတ်၏ဖောက်ပြန် ပျက်စီးခြင်း၊ စိတ်ဆိုးခြင်းသို့ရောက်ကြောင်း ဖြစ်သော ဒေါသ၊ ဒေါသမူ၊ စိတ် ၂-ပါး၌ရှိသော ဒေါသတည်း။
၃။ သီလဗ္ဗတပရာမာ သကာယဂန္ထ = `နွား၊ ခွေး စသည်တို့၏ အလေ့အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၏။ သံသရာမှလည်း လွတ်မြောက်၏´ဟု မှားယွင်းစွာ သုံးသပ်စွဲလမ်းသော ဒိဋ္ဌိ။ လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် ၄-ပါး၌ရှိသော ဒိဋ္ဌိတည်း။
၄။ ဣဒံသစ္စာဘိနိေ၀ = မိစ္ဆာအယူအကျင့်တစ်မျိုးကို မှတ်ယူကျင့်သုံးပြီးလျှင် `ဤ ငါ၏ အယူအကျင့်သာမှန်၏။ တစ်ပ ါးသူတို့၏ အယူအကျင့်သည် အမှားတည်း´ဟု ပြင်းထန်စွာ စွဲယူသောဒိဋ္ဌိ။ လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် ၄-ပါး၌ရှိသော ဒိဋ္ဌိတည်း။
၅။ ဥပါဒါန် ၄-ပါး
မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်လွှတ်နိုင်ဘဲ စွဲစွဲလမ်းလမ်း ယူထားခြင်း(အာရုံပြုခြင်း)ကို ဥပါဒါန်ဟု ခေါ်၏။
၁။ ကာမုပါဒါန် = ကာမဂုဏ်၌ ပြင်းထန်စွာ စွဲလမ်းတပ်မက်သော တဏှာလောဘ။ လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်တည်း။
၂။ ဒိဋ္ဌုပါဒါန် = သီလဗ္ဗတပရာမာသနှင့် သတ္တဝါဒ ဒိဋ္ဌိ ၂-မျိုးမှအပ ကျန်မိစ္ဆာဒိဋ္ဌိအမျိုးမျိုး။ လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် ၄-ပါး၌ရှိသော ဒိဋ္ဌိတည်း။
၃။ သီလဗ္ဗတုပါဒါန် = သီလဗ္ဗတပရာမာသ အကျင့်မျိုး၌ ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းသော ဒိဋ္ဌိ။ ဒိဋ္ဌိဂတသမ္ပယုတ် ၄-ပါး၌ရှိသော ဒိဋ္ဌိတည်း။
၄။ အတ္တဝါဒုပါဒါန် = `အတ္တရှိ၏´ဟုစွဲယူသော သက္ကာယဒိဋ္ဌိအမျိုးမျျိုး။ ဒိဋ္ဌိဂတသမ္ပယုတ် ၄-ပါး၌ရှိသော ဒိဋ္ဌိတည်း။
ဒိဋ္ဌိတစ်မျိုးတည်းကို တရားအမျိုးမျိုး ဖွဲ့ဆိုရသည့်အကြောင်း
သီလဗ္ဗတပရာမာသဒိဋ္ဌိသည် `နွား ခွေးတို့၏ အလေ့အကျင့်ဖြင့် ကိလေသာမှ စင်ကြယ်ကာ သံသရာမှ လွတ်မြောက်လွယ်၏´ဟု ယူ၏။ ဣဒံသစ္စာဘိနိဝေသ ဒိဋ္ဌိသည် `ဤငါ၏ အယူသာအမှန်၊ ကျန်အယူတွေအမှားချည်း´ဟု စွဲမြဲစွာယူ၏။ အတ္တဝါဒုပါဒါနဒိဋ္ဌိသည် `အတ္တရှိ၏´ဟု ယူ၏။ ဤသို့ စွဲယူပုံ အခြင်းအရာ ကွဲပြားသောကြောင့် တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက်တစ်ခုတည်းကိုပင် သီလဗ္ဗတပရာမာသ စသည်ဖြင့် နာမည် အမျိုးမျိုး တပ်၍ဆိုအပ်၏။
၆။ နီဝရဏ ၆-ပါး
ဈာန်၊ မဂ်၊ ဖိုလ်နှင့် ကုသိုလ်တရားများကို ဖြစ်ခွင့်မပေးဘဲ တားမြစ်ပိတ်ပင်တတ်သော တရားကို နီဝရဏဟု ခေါ်၏။
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ်ကို လိုချင်နှစ်သက်တတ်သော တဏှာလောဘ။ လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။
၂။ ဗျာပါဒနီဝရဏ = အမျက်ဒေါသ။ ဒေါသမူဒွေ၌ ရှိသော ဒေါသ စေတသိက်။
၃။ ထိန-မိဒ္ဓနီဝရဏ = ငိုက်မျဉ်း ထိုင်းမိူင်းခြင်းသဘော။ ထိနစေတသိက်နှင့် မိဒ္ဓစေတသိက်။
၄။ ဥဒ္ဓစ္စ-ကုက္ကုစ္စနီဝရဏ = ပျံ့လွင့်ပူပန်ခြင်းသဘော။ ဥဒ္ဓစ္စစေတသိက်နှင့် ကုက္ကုစ္စ စေတသိက်။
၅။ ဝိစိကိစ္ဆာနီဝရဏ = ကုသိုလ်တရားတို့၌ ယုံမှားသံသယဖြစ်ခြင်းသဘော။ ဝိစိကိစ္ဆာ စေတသိက်။
၆။ အဝိဇ္ဇာနီဝရဏ = အာရုံ၏ သဘောမှန် မသိခြင်း၊ တွေဝေခြင်း သဘော။ အကုသိုလ်စိတ် ၁၂-ပါး၌ရှိသော မောဟစေတသိက်။
၇။ အနုသယ ၇-ပါး
သတ္တဝါတို့၏ ခန္ဓာအစဉ်၌ ဘဝအဆက်ဆက် အမြဲမပြတ် ကိန်းဝပ်လျက် လိုက်ပါနေသော ကိလေသာမျိုးဓာတ်ကို အနုသယဟု ခေါ်၏။
ထိုအနုသယသည် ဥပါဒ်-ဌီ-ဘင် အားဖြင့် အထည်ကိုယ် ထင်ရှားစွာ ရှိသည်မဟုတ်။ ဆိုင်ရာအာရုံနှင့် ဆုံတွေ့သည့်အခါ နိုးကြားထကြွလာအောင် အဆင်သင့်ဖြစ်နေသော ကိလေသာဓာတ်တစ်မျိုးဖြစ်၏။ သရက်ပင်တွင် သရက်သီးသီးဖို့ရာ ဓာတ်သတ္တိကိန်းဝပ် နေသကဲ့သို့တည်း။
၁။ ကာမရာဂါနုသယ = ဝတ္ထုအာရုံ ကာမဂုဏ်ကို နှစ်သက်တပ်မက်သော တဏှာ။ လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။
၂။ ဘဝရာဂါနုသယ = ရူပဈာန်၊ အရူပဈာန်နှင့် ထိုဈာန်တို့၏ အကျိုးဝိပါက်ကို နှစ်သက်တွယ်တာသော တဏှာ။ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘ။
၃။ ပဋိဃာနုသယ = ဒေါသမူဒွေ၌ရှိသော ဒေါသစေတသိက်။
၄။ မာနာနုသယ = ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော မာနစေတသိက်။
၅။ ဒိဋ္ဌာနုသယ = ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ရှိသော ဒိဋ္ဌိစေတသိက်။
၆။ ဝိစိကိစ္ဆာနုသယ = ဝိစိကိစ္ဆာစေတသိက်။
၇။ အဝိဇ္ဇာနုသယ = အကုသိုလ်စိတ် ၁၂-ပါး၌ရှိသော မောဟစေတသိက်။
၈။ သံယောဇဉ် ၁၀-ပါး
သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် (ဝါ) သံသရာစက်မှ မရုန်းထွက်နိုင်အောင် ကြိုးဖြင့် တုပ်နှောင်ထားသကဲ့သို့ ချည်နှောင်တတ်သော တရားကို သံယောဇဉ်ဟု ခေါ်၏။
၁။ ကာမရာဂသံယောဇဉ် = ဝတ္ထုအာရုံကာမဂုဏ်ကို နှစ်သက်တပ်မက်သော တဏှာ။ လောဘမူစိတ် ၈-ပါး၌ ယှဉ်သော လောဘ။
၂။ ရူပကာမသံယောဇဉ် = ရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မူ တဏှာ။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ယှဉ်သော လောဘ။
၃။ အရူပရာဂသံယောဇဉ် = အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မူ တဏှာ။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ယှဉ်သော လောဘ။
၄။ ပဋိဃသံယောဇဉ် = အမျက်ဒေါသ။ ဒေါသမူဒွေ၌ ယှဉ်သော ဒေါသ။
၅။ မာနသံယောဇဉ် = ထောင်လွှားမူမာန။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ပါး၌ရှိသော လောဘ။
၆။ ဒိဋ္ဌိသံယောဇဉ် = သီလဗ္ဗတပရာမာသဒိဋ္ဌိမှ တစ်ပါး ကျန်ဒိဋ္ဌိအမျိုးမျိုး။
၇။ သီလဗ္ဗတပရာမာသသံယောဇဉ် = နွားအကျင့် ခွေးအကျင့် စသည့် သီလဗ္ဗတပရာမာသ အကျင့်၌ မှားယွင်းစွာ သုံးသပ်စွဲလမ်းသည့် ဒိဋ္ဌိစေတသိက်။
၈။ ဝိစိကိစ္ဆာသံယောဇဉ် = ယုံမှား သံသယဖြစ်မူ ဝိစိကိစ္ဆာစေတသိက်။
၉။ ဥဒ္ဓစ္စသံယောဇဉ် = ပျံ့လွင့်မူ ဥဒ္ဓစ္စစေတသိက်။
၁၀။ အဝိဇ္ဇာသံယောဇဉ် = အာရုံ၏ သဘောမှန်ကို မသိမူ မောဟ စေတသိက်။
အထက်ပါ သံယောဇဉ် ၁၀-ပါးသည် သုတ္တန်နည်း သံယောဇဉ်များ ဖြစ်၏။ တရားကိုယ်များမှာ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာဟူ၍ ၇-ပါးသာ ရှိ၏။
အဘိဓမ္မာနည်းသံယောဇဉ် ၁၀-ပါးတွင် တရားကိုယ်များသည် သုတ္တန်နည်းထက် ဣဿာနှင့် မစ္ဆရိယ ၂-ပါးပိုပြီး ဥဒ္ဓစ္စ ၁-ပါးလျော့၏။ ရူပရာဂနှင့် အရူပရာဂ သံယောဇဉ်တို့ကို ဘဝရာဂ သံယောဇဉ်ဟု ပေါင်း၍ဆို၏။
ဤနည်း ၂-ပါးလုံးကို ပေါင်းသော် တရားကိုယ် ၉-ပါးရ၏။
၉။ ကိလေသာ ၁၀-ပါး
စိတ်ကိုညစ်နွမ်းစေတတ်သော တရားကို ကိလေသာဟုခေါ်၏။
၁။ လောဘ၊ ၂။ ဒေါသ၊ ၃။ မောဟ၊ ၄။ မာန၊ ၅။ ဒိဋ္ဌိ၊ ၆။ ဝိစိကိစ္ဆာ၊ ၇။ ထိန၊ ၈။ ဥဒ္ဓစ္စ၊ ၉။ အဟိရိက၊ ၁၀။ အနောတ္တပ္ပ
တရားကိုယ်များမှာ ဤအမည်ရှိကြသော စေတသိက်များပင်တည်း။
တစ်ထောင့်ငါးရာ ကိလေသာ
လောဘသည် နာမ်တေပညာသ (စိတ်၁ + စေတသိက် ၅၂) နိပ္ဖန္နတရုပ် အဋ္ဌာရသ (၁၈)နှင့် လက္ခဏရုပ် ၄-ပါးတည်းဟူသော ၇၅-ပါးသော တရားတို့ကို အာရုံပြု၏။ ထို ၇၅-ပါးသော အာရုံသည် မိမိ၏ အဇ္ဈတ္တသန္တာန်မှာလည်း ရှိ၏။ ဗဟိဒ္ဓသန္တာန်မှာလည်း ရှိ၏။ သို့အတွက် အဇ္ဈတ္တသန္တာန်ကို အာရုံပြုသော လောဘ ၇၅-ပါး၊ ဗဟိဒ္ဓကို အာရုံပြုသော လောဘ ၇၅-ပါး၊ ပေါင်း လောဘ ၁၅၀-ရ၏။
အလားတူပင် ဒေါသစသည့် ကျန်ကိလေသာ ၉-ပါးတို့သည်လည်း အရေအတွက် ၁၅၀-စီရှိ၏။ သို့ဖြစ်၍ ကိလေသာ ၁၀-ပါးအတွက် စုစုပေါင်း ကိလေသာ ၁၅၀x၁၀=၁၅၀၀ ဖြစ်၏။
ဆောင်ပုဒ်။ ။
နာမ်တေပညံ၊ ရုပ်နိပ္ဖန်၊ လက္ခဏံရုပ်လေး။
သန္တာန်နှစ်ဝ၊ မြှောက်ဆင့်က၊ တစ်ရာ့ငါးဆယ်ရေး။
ဆယ်ကိလေသာ မြှောက်ဆင့်ကာ၊ ငါးရာတစ်ထောင်တွေး။
မိဿက သင်္ဂဟ
ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတို့ကို ရောပြွမ်းပေါင်းစု၍ တင်ပြခြင်း
၁။ အဟိတ် ၆-ပါး
ရေသောက်မြစ်သည် သစ်ပင်ကို ခိုင်ခန့်စည်ပင်ကြီးပွားအောင် ထောက်ပံ့သကဲ့သို့ ထို့အတူ မိမိနှင့်အတူ ဖြစ်ဖက်တရားတို့ကို ခိုင်ခန့်စည်ပင်ကြီးပွားအောင် ထောက်ပံ့တတ်သော တရားကို `ဟေတု = ဟိတ်´ဟုခေါ်၏။
အကုသိုလ်ဟိတ် ၃-ပါး = လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်။
ကုသိုလ်ဟိတ် ၃-ပါး = အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်။
အဗျာကတဟိတ် ၃-ပါး = အလောဘဟိတ်၊ အဒေါသဟိတ်။ အမောဟဟိတ်။
၂။ ဈာန်နင် ၇-ပါး
အာရုံတစ်ခုကိုယူရာ၌ ရိုးရိုးအာရုံပြုပုံထက် လွန်ကဲ၍ စူးစူးစိုက်စိုက် ရူတတ်သော ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ စသော တရားအပေါင်းကို `ဈာန=ဈာန်´ဟု ခေါ်၏။ ထိုဈာန်၏ အစိတ်အပိုင်းအင်္ဂါကို `ဈာနင်္ဂ=ဈာနင်´ဟု ခေါ်၏။
၁။ ဝိတက်ဈာနင် = ဝိတက်ယှဉ်သည့်စိတ် ၅၅-ပါး၌ရှိသော ဝိတက်။
၂။ ဝိစာရဈာနင် = ဝိစာရယှဉ်သည့် စိတ် ၆၆-ပါး၌ရှိသော ဝိစာရ။
၃။ ပီတိဈာနင် = ပီတိယှဉ်သည့်စိတ် ၅၁-ပါး၌ ရှိသော ပီတိ။
၄။ ဧကဂ္ဂတာဈာနင် = ဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်သောစိတ် ၇၉-ပါး၌ရှိသည့် ဧကဂ္ဂတာ။
၅။ သောမနဿဈာနင် = သောမနဿသဟဂုတ်စိတ် ၆၂-ပါး၌ရှိသည့် သောမနဿ ဝေဒနာ။
၆။ ဒေါမနဿဈာနင် = ဒေါသမူဒွေ၌ရှိသည့် ဒေါမနဿဝေဒနာ။
၇။ ဥပေက္ခာဈာနင် = ဒွေပဉ္စဝိညာဏ် ၁၀-မှ ဥပေက္ခာသဟဂုတ်စိတ် ၈-ပါးကြဉ်သော ဥပေက္ခာသဟဂုတ်စိတ် ၄၇-ပါး၌ရှိသည့် ဥပေက္ခာဝေဒနာ။
၃။ မဂ္ဂင် ၁၂-ပါး
`မဂ္ဂ´ သဒ္ဒါသည် `လမ်းကြောင်း´ဟူသော အနက်ကို ဟော၏။ သမ္မာဒိဋ္ဌိစသော ကုသိုလ်တရားအပေါင်းသည် သုဂတိသို့ရောက်စေသည့် `မဂ်´လမ်းကြောင်းဖြစ်၏။ မိစ္ဆာဒိဋ္ဌိစသော အကုသိုလ်တရားအပေါင်းသည် ဒုဂ္ဂတိသို့ရောက်စေသည့် `မဂ်´လမ်းကြောင်း ဖြစ်၏။
ထို `မဂ္ဂ´မည်သော တရားအပေါင်းအစု၏ အစိတ်အပိုင်းအင်္ဂါကို `မဂ္ဂင်္ဂ=မဂ္ဂင်`ဟု ခေါ်၏။
၁။ သမ္မာဒိဋ္ဌိ = ကောင်းစွာသိမြင်မူ၊ မဟာကုကြိ ၁၆နှင့် အပ္ပနာ ၂၆၌ရှိသော ပညာ။
၂။ သမ္မာသင်္ကပ္ပ = ကောင်းစွာကြံစည်မူ၊ မဟာကုကြိ ၁၆နှင့် အပ္ပနာ ၂၆၌ရှိသော ဝိတက်။
၃။ သမ္မာဝါစာ = ကောင်းစွာပြောဆိုမူ၊ မဟာကု ၈၊ လောကုတ် ၈၌ရှိသော သမ္မာဝါစာ။
၄။ သမ္မာကမ္မန္တ = ကောင်းစွာပြုလုပ်မူ၊ မဟာကု ၈၊ လောကုတ် ၈၌ရှိသော သမ္မာကမ္မန္တ။
၅။ သမ္မာအာဇီ၀ = ကောင်းစွာအသက်မွေးမူ၊ မဟာကု ၈၊ လောကုတ် ၈၌ရှိသော သမ္မာအာဇီဝ။
၆။ သမ္မာဝါယာမ = ကောင်းစွာ အားထုတ်မူ၊ မဟာကုကြိ ၁၆၊ အပ္ပနာ ၂၆၌ရှိသော ဝီရိယ။
၇။ သမ္မာသတိ = ကောင်းစွာ အောက်မေ့မူ၊ မဟာကုကြိ ၁၆၊ အပ္ပနာ ၂၆၌ရှိသော သတိ။
၈။ သမ္မာသမာဓိ = ကောင်းစွာတည်ကြည်မူ၊ မဟာကုကြိ ၁၆၊ အပ္ပနာ ၂၆၌ရှိသော ဧကဂ္ဂတာ။
၉။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းစွာ သိမြင်မူ၊ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါး၌ရှိသော ဒိဋ္ဌိ။
၁၀။ မိစ္ဆာသင်္ကပ္ပ = မှားယွင်းစွာ ကြံစည်မူ၊ အကုသိုလ်စိတ် ၁၂-ပါး၌ရှိသော ဝိတက်။
၁၁။ မိစ္ဆာဝါယာမ = မှားယွင်းစွာ အားထုတ်မူ၊ အကုသိုလ်စိတ် ၁၂-ပါး၌ရှိသော ဝီရီယ။
၁၂။ မိစ္ဆာသမာဓိ = မှားယွင်းစွာ တည်ကြည်မူ၊ ဝိစိကိစ္ဆာကြဉ်သော အကုသိုလ်စိတ် ၁၁-ပါး၌ယှဉ်သည့် ဧကဂ္ဂတာ။
၄။ ဣနြေ္ဒ ၂၂-ပါး
`ဣနြေိယ´သဒ္ဒါသည် `အစိုးရခြင်း´ ဟူသော အနက်ကိုဟော၏။ မိမိတို့ဆိုင်ရာ ကိစ္စအသီးသီး၌ အစိုးရမူ ရှိကြသော တရားတို့ကို ဣနြေ္ဒများဟု ခေါ်၏။
၁။ စက္ခုနြေ္ဒ = စက္ခုပသာဒ။ မြင်သိမူ၌ အစိုးရ၏။
၂။ သောတိနြေ္ဒ = သောတပသာဒ။ ကြားသိမူ၌ အစိုးရ၏။
၃။ ဃာနိနြေ္ဒ = ဃာနပသာဒ။ နံသိမူ၌ အစိုးရ၏။
၄။ ဇိဝှိနြေ္ဒ = ဇိဝှာပသာဒ။ စားသိမူ၌ အစိုးရ၏။
၅။ ကာယိနြေ္ဒ = ကာယပသဒ။ ထိသိမူ၌ အစိုးရ၏။
၆။ ဣတ္ထိနြေ္ဒ = ဣတ္ထိဘာဝရုပ်။ အမသဘာဝဖြစ်မူ၌ အစိုးရ၏။
၇။ ပုရိသနြေ္ဒ = ပုရိသဘာဝရုပ်။ အထီးသဘာဝဖြစ်မူ၌ အစိုးရ၏။
၈။ ဇီဝိတိနြေ္ဒ = ဇီဝိတရုပ်နှင့် ဇီဝိတိနြေ္ဒစေတသိက်။ အတူဖြစ်ဖက်တရားများ အသက်ရှည်စွာ တည်တံ့အောင် စောင့်ရှောက်မူ၌ အစိုးရ၏။
၉။ မနိနြေ္ဒ = စိတ်အကျဉ်း ၈၉၊ အကျယ် ၁၂၁။ အာရုံသိမူ၌ ယှဉ်ဖက်တရားတို့ကို အစိုးရ၏။
၁၀။ သုခိနြေ္ဒ = သုခသဟဂုတ် ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာ။ ဖောဋ္ဌဗ္ဗာရုံ၏ ဣဋ္ဌ အရသာကို ခံစားမူ၌ အစိုးရ၏။
၁၁။ ဒုက္ခိနြေ္ဒ = ဒုက္ခသဟဂုတ်ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာ။ ဖောဋ္ဌဗ္ဗာရုံ၏ အနိဋ္ဌ အရသာကို ခံစားမူ၌ အစိုးရ၏။
၁၂။ သောမနဿိနြေ္ဒ = သောမနဿစိတ် ၆၂-ပါး၌ ယှဉ်သည့် သောမနဿဝေဒနာ။ ဖောဋ္ဌဗ္ဗာရုံမှ တစ်ပါးကျန်အာရုံ ၅-ပါး၏ ဣဋ္ဌအရသာကို ခံစားမူ၌ အစိုးရ၏။
၁၃။ ဒေါမနဿိနြေ္ဒ = ဒေါသမူဒွေ၌ ယှဉ်သောဝေဒနာ။ ဖောဋ္ဌဗ္ဗာရုံမှတစ်ပါးကျန် အာရုံ ၅-ပါး၏ အနိဋ္ဌ အရသာကို ခံစားမူ၌ အစိုးရ၏။
၁၄။ ဥပေက္ခိနြေ္ဒ = ဥပေက္ခာသဟဂုတ် စိတ် ၅၅-ပါး၌ ယှဉ်သော ဝေဒနာ။ အလယ်အလတ် ဖြစ်သော ဣဋ္ဌမဇ္ဈတ္တအရသာကို ခံစားမူ၌ အစိုးရ၏။
၁၅။ သဒ္ဓိနြေ္ဒ = သောဘဏစိတ်များ၌ယှဉ်သော သဒ္ဓါ စေတသိက်။ ကုသိုလ်အာရုံတွင် ယှဉ်ဖက်တရားတို့ကို ကြည်လင်စူးစိုက်စေမူ၌ အစိုးရ၏။
၁၆။ ဝီရိယိနြေ္ဒ = ဝီရိယယှဉ်သော စိတ် ၇၃-ပါး၌ ရှိသည့် ဝီရိယ။ ယှဉ်ဖက်တရားကို မဆုတ်နစ်အောင် ထောက်ကန်အားပေးမူ၌ အစိုးရ၏။
၁၇။ သတိနြေ္ဒ = သောဘဏစိတ်များ၌ယှဉ်သော သတိစေတသိက်။ ကုသိုလ်အာရုံတွင် ယှဉ်ဖက် တရားတို့ကို အောက်မေ့အမှတ်ရစေမူ၌ အစိုးရ၏။
၁၈။ သမာဓိနြေ္ဒ = ဝီရိယမယှဉ်သောစိတ် ၁၆-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ် စိတ်တို့ကြဉ်သောစိတ် ၇၂-ပါး၌ ယှဉ်သည့် ဧကဂ္ဂတာ စေတသိက်။ ယှဉ်ဖက်တရားတို့ကို တစ်ခုတည်းသော အာရုံ၌တည်ကြည်ငြိမ်ဝပ်စေမူ၌ အစိုးရ၏။
၁၉။ ပညိနြေ္ဒ = တိဟိတ်စိတ် ၄၇-ပါး၌ ယှဉ်သော ပညာ၊ အာရုံ၏ သဘောမှန်ကို ထိုးထွင်းသိမူ၌ အစိုးရ၏။
၂၀။ အနညာတညဿာမီတိနြေ္ဒ = သောတာပတ္တိမဂ်စိတ်၌ ရှိသော ပညာ။
၂၁။ အညိနြေ္ဒ = အထက်မဂ် ၃-ပါး၊ အောက်ဖိုလ် ၃-ပါး၌ရှိသော ပညာ။
၂၂။ အညာတာဝိနြေ္ဒ = အရဟတ္တဖိုလ်၌ရှိသော ပညာ။
၅။ ဗိုလ် ၉-ပါး
လောက၌ `ဗိုလ်´ လုပ်သူသည် ရန်သူနှင့် ကြုံလျှင် မတုန်လူပ်သကဲ့သို့ ထို့အတူ ဆန့်ကျင်ဘက်တရားကြောင့် တုန်လူပ်ခြင်း မရှိဘဲ မြဲခိုင်သော တရားကို `ဗလ=ဗိုလ်´ဟု ခေါ်၏။
၁။ သဒ္ဓါဗိုလ် = သောဘဏစိတ်များ၌ ယှဉ်သော သဒ္ဓါ။ ကုသိုလ် အာရုံ၌ ယှဉ်ဖက်တရားတို့ကြည်လင်စူးစိုက်ကြရန် ဦးဆောင်သောတရား။
၂။ ဝီရိယဗိုလ် = ဝီရိယယှဉ်သော စိတ် ၇၃-ပါး၌ရှိသည့် ဝီရိယ။ ယှဉ်ဖက်တရားတို့ မဆုတ်နစ်အောင် ထောက်ကန်အားပေးသောတရား။
၃။ သတိဗိုလ် = သောဘဏစိတ်များ၌ ယှဉ်သောသတိ။ ကုသိုလ်အာရုံတွင် ယှဉ်ဖက်တရားတို့ အောက်မေ့ အမှတ်ရအောင် ဦးဆောင်သော တရား။
၄။ သမာဓိဗိုလ် = ဝီရိယမယှဉ်သော စိတ် ၁၆-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်ကို ကြဉ်သောစိတ် ၇၂-ပါး၌ ယှဉ်သည့် ဧကဂ္ဂတာ။ တစ်ခုတည်းသော အာရုံ၌ ယှဉ်ဖက်တရားတို့ကို တည်ကြည်ငြိမ်ဝပ်အောင် ဦးဆောင်သောတရား။
၅။ ပညာဗိုလ် = တိဟိတ်စိတ် ၄၇-ပါး၌ ယှသ်သော ပညာ။ အာရုံ၏ သဘောမှန်ကို ထိုးထွင်းသိမူ၌ ဦးဆောင်သောတရား။
၆။ ဟိရီဗိုလ် = သောဘဏစိတ်များ၌ ယှဉ်သော ဟိရိ စေတသိက်။ မကောင်းမူဒုစရိုက်ကို ရှက်ခြင်း၌ ဦးဆောင်သောတရား။
၇။ သြတ္တပ္ပဗိုလ် = သောဘဏစိတ်များ၌ ယှဉ်သော သြတ္တပ္ပ စေတသိက်။ မကောင်းမူဒုစရိုက်ကို ကြောက်လန့်ခြင်း၌ ဦးဆောင်သောတရား။
၈။ အဟိရိကဗိုလ် = အကုသိုလ်စိတ် ၁၂ပါး၌ ယှဉ်သော အဟိရိက စေတသိက်။ ဒုစရိုက်မကောင်းမူကို ပြုလုပ်ရန် မရှက်ခြင်း၌ ဦးဆောင်သောတရား။
၉။ အနောတ္တပ္ပဗိုလ် = အကုသိုလ်စိတ် ၁၂ပါး၌ အနောတ္တပ္ပစေတသိက်။ ဒုစရိုက်မကောင်းမူကို ပြုလုပ်ရန် မကြောက်လန့်ခြင်း၌ ဦးဆောင်သော တရား။
၆။ အဓိပတိ ၄-ပါး
မိမိနှင့် အတူဖြစ်ဖက် တရားအားလုံးတို့၏ အကြီးအကဲ အရှင်သခင်ဖြစ်သော တရားကို အဓိပတိဟု ခေါ်၏။
အဓိပတိ၏ အစိုးရပုံသည် ပြည့်ရှင်မင်း၏ အစိုးရပုံနှင့် တူ၏။
အဓိပတိတရားသည် ယှဉ်ဖက် စိတ်စေတသိက်အားလုံးကို လွှမ်းမိုး၏။ ယှဉ်ဖက်တရားတို့ကို မိမိအလိုသို့ လိုက်ပါစေ၏။
ဣနြေ္ဒ၏ အစိုးရပုံသည် မှူးမတ်၏ အစိုးရပုံနှင့် တူ၏။ ဣနြေ္ဒတစ်ပါးစီသည် မိမိဆိုင်ရာကိစ္စ၌ မိမိအစိုးရပြီး အခြားကိစ္စများ၌ အခြားဣနြေ္ဒတို့၏ အလိုသို့ လိုက်ပါရ၏။
၁။ ဆန္ဒာဓိပတိ = ဒွိဟိတ်ဇော ၁၈၊ တိဟိတ်ဇော ၃၄-ပါး၌ ယှဉ်သော ဆန္ဒ။
၂။ ဝီရိယာဓိပတိ = အထက်ပါဒွိဟိတ်ဇော၊ တိဟိတ်ဇော ၅၂-ပါး၌ ယှဉ်သော ဝီရိယ။
၃။ စိတ္တာဓိပတိ = ဒွိဟိတ်ဇော၊ တိဟိတ်ဇော ၅၂-ပါး။
၄။ ဝီမံသာဓိပတိ = တိဟိတ်ဇော ၃၄-ပါး၌ ယှဉ်သောပညာ။ စူးစမ်းဆင်ခြင်တတ်သော ပညာကို `ဝီမံသ´ဟု ခေါ်၏။
၅။ ဒွိဟိတ်ဇော ၁၈-ပါး = လောဘမူ ၈၊ ဒေါသမူ ၂၊ မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ၄၊ မဟာကြိယာ ဉာဏဝိပ္ပယုတ် ၄။
၆။ တိဟိတ်ဇော ၃၄-ပါး = မဟာကုသိုလ် ဉာဏသမ္ပယုတ် ၄၊ မဟာကြိယာဉာဏသမ္ပယုတ် ၄၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ ၉၊ မဂ် ၄၊ ဖိုလ် ၄။
၇။ အာဟာရ ၄-ပါး
အစာအာဟာရသည် ခန္ဓာကိုယ်အား မပျက်မစီးကြီးပွားခိုင်ခ့ံ့အောင် ရွက်ဆောင် ထောက်ပံ့ထားသကဲ့သို့ ထို့အတူ မိမိဆိုင်ရာအကျိုးကို လွန်စွာဖြစ်စေနိုင်၊ ရွက်ဆောင်ပေးနိုင်သော တရားကို `အာဟာရ´ဟု ခေါ်၏။
၁။ ကဗဠီကာရာဟာရ = သြဇာရုပ်။ သြဇာနှင့်တကွ ရုပ် ၈-ပါးအစုဖြစ်သော အာဟာဇအဠကလာပ်ကိုဆောင်၏။
၂။ ဖဿာဟာရ = စိတ်အားလုံး၌ ယှဉ်သော ဖဿစေတသိက်။ ဝေဒနာဟူသော အကျိုးကို ဆောင်၏။
၃။ မနောသေဉ္စတနာဟာရ = စိတ်အားလုံးတို့၌ ယှဉ်သော စေတနာ။ ပဋိသန္ဓေဝိညာဏ်ဟူသော အကျိုးကိုဆောင်၏။ (သင်္ခါရပစ္စယာ ဝိညာဏံကို ထောက်။ သင်္ခါရ = စေတနာကံ)
၄။ ဝိညာဏာဟာရ = စိတ်အားလုံး။ အတူဖြစ်ဖက် စေတသိက်နာမ်နှင့် ရုပ်တရားကိုဆောင်၏။ (ဝိညာဏပစ္စယာ နာမရူပံကို ထောက်ပါ။)

No comments:
Post a Comment