Search This Blog

Sunday, May 3, 2020

ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီး ညွှန်ပြတော်မူလေ.ရှိသော ဓမ္မလမ်းစဉ်


ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးညွှန်ပြတော်မူလေ့ရှိသော ဓမ္မလမ်းစဉ်



၁) ဘုရားအဆုံးအမဖြစ်တဲ.ပိဋကသုံးပုံအကုန်လုံးဟာဆင်းရဲမှလွတ်မှုတခုဖြစ်၍နည်းတွေများ

သော်လည်းအားလုံးအတူတူပါပဲ။အကုန်လုံးလိုက်ပြီးလုပ်စရာမလိုပါဘူး။အများကြီးထဲကကြိုက်

တာတခုခုကိုဝီရိယမှန်မှန်နှင်. သန်သန်လုပ်ဖို.အရေးကြီးတယ်။


၂)စရဏနှင်.ဝိဇ္ဇာ တပြိုင်နက်ဖြစ်အောင်လုပ်ရတယ်၊တချိန်တည်းမှာအလုပ်နှစ်ခုပြီးတာဟာ

ဒါပဲရှိတယ်။


၃)ဘုရားစကား၊ဆရာစကား၊တထစ်ချနာယူ၊အရာရာရိုသေ၊ကိုယ်ကိုနှိမ်ချ၊ခန္တီနှင်. မေတ္တာများ

များထားပြီးလုပ်ရတယ်။


၄)ဝိပဿနာဆိုတာထင်းရှားရှိတဲ.တရားကိုမြင်အောင်ရှုမှတ်ခြင်းပင်ဖြစ်တယ်၊ထင်ရှားရှိတယ်

တရားကိုမြင်အောင်မရှုနိုင်ရင်ဝိပဿနာမဖြစ်ဘူး


၅)ထင်ရှားရှိတယ်တရားဆိုတာတခြားမှာသွား၍ရှာရတာမျိုးမဟုတ်၊ရှောင်မရ၊တိမ်းမရမမြင်ချင်

၍မနေရအောင်ကိုယ်မှာအမြဲထင်ရှားရှိနေတဲ.ရုပ်နာမ်တရားတွေဖြစ်ပါတယ်။


၆)ကိုယ်မှာအမြဲထင်ရှားရှိတဲ.ရုပ်နာမ်တရားတွေထဲမှာလူတိုင်းနားလည်လွယ်ကူတာဟာအာနာပါန

=ထွက်လေဝင်လေရှုမှတ်မှုဖြစ်ပါတယ်။


၇)ထွက်လေဝင်လေဆိုတာအမိဝမ်းမှမွေးကတည်းကသေသည်အထိအမြဲမပြတ်တရစပ်ရှိနေတဲ.

တရားသဘောဖြစ်ပါတယ်။အလုပ်လုပ်နေရင်း၊စကားပြောနေရင်း၊စာကျက်နေရင်း၊အိပ်ပျော်နေ

ရင်းလဲရှိနေပါတယ်။


၈)ထွက်လေဝင်လေအမြဲမပြတ်ရှိနေသော်လဲအမှတ်တမဲ.နေကြ၍သတိမမူဂူမမြင်ဖြစ်နေကြတယ်။

သတိမူရင်မြူကိုတောင်မြင်ရတယ်ဆိုတာလိုဂရုစိုက်ပြီး၊ကြည်.ရှုနေမှရှိမှန်းသိကြတယ်။


၉) "ကြည်".ဆိုရာမှာဝိပဿနာဖြစ်ဖို.ရာအတွက်ထွက်လေဝင်လေထိရာနှာဖျားနှာဝမှာဝင်တိုင်း

ထွက်တိုင်းရိပ်ရိပ် ရိပ်ရိပ်နှင်.တထိတည်းထိနေတာကိုတသိတည်းသိနေအောင်၊တရစပ်သိ

မြင်အောင်ကြည်.ရှုနေရမယ်။အိမ်အမိုးကိုစပ်အောင်ထူထူမိုးမှနေပူဒဏ်မိုးရွာဒဏ်ကိုခံနိုင်တယ်

(၂၄-နာရီတစပ်တည်းရပါစေ)


၁၀)တရက်၂၄-နာရီတစပ်လောက်ရလျှင်အလွန်သိသာပါတယ်။(နိသဇ်ဓုတင်ဆောင်)။ဘုရား

ဆုံးမတာမှန်သမျှဆင်းရဲအောင်မဆုံးမဘူး၊ချမ်းသာဖို.ချည်းပဲ။ဘုရားလက်ထက်ကနိသဇ်ဆောင်

ပုဂ္ဂိုလ်များသည်ပိုပြီးအသက်ရှည်ကျန်းမာကြတယ်။အိပ်ချင်လို.အိပ်လျှင်တသံသရာလုံးနိုးတော့မှာ

မဟုတ်တောဘူး။အိပ်ချင်လျှင်မအိပ်ချင်တဲ.နေရာရှိတယ်၊အဲဒီကိုရောက်အောင်သွား။


၁၁)ထိတာကိုသိနေလျှင်သိက်ခါသုံးပါး၊မဂ်ဂင်ရှစ်ပါးမှအစဗောဓိပက်ခိယာတရား(၃၇)ပါးပိဋကတ်

သုံးပုံအလုံးစုံတပြိုက်နက်ပါဝင်ပြီးဖြစ်တယ်။


၁၂)ထိတာဟာရုပ်သဘောဖြစ်တယ်၊သိတာဟာနာမ်သဘောဖြစ်တယ်။


၁၃)တရိပ်ရိပ်နှင်.ထိတိုင်းပျောက်တိုင်း(ရုပ်နာမ်)ဖြစ်မှုပျက်မှုတွေဖြစ်ပျက်၍နေခြင်းဖြစ်တယ်။


၁၄)တရိပ်ရိပ်နှင်.နှားဖျားနှာဝမှာထိလိုက်ပျောက်လိုက်နေတာကိုသာတဆဲတည်းသိမြင်အောင်

ကြည်.ရှုနေရင်ကြာလျှင်ဝိပဿနာသမာဓိတစထက်တစတခဏတိုးတက်ပြီးအားကြီးလာတဲ.အခါ

နှာဖျားနှာဝတွင်သာမကခန္ဓာကိုယ်မှာလဲအလိုလိုတရိပ်ရိပ်တရွရွဖြစ်နေတာကိုတွေ.ရမယ်။


၁၅)တကိုယ်လုံးတရိပ်ရိပ်အမြဲမပြတ်ဖြစ်ပျက်နေတာကိုတွေ.လာရတဲ.အခါအအနိစ္စကောင်း

စွာမြင်သောကြောင်.ဒုက္ခနှင်.အနတ္တ ဟာအလိုလိုထင်မြင်လာပါလိမ်.မယ်၊ပါးစပ်ကနေဆိုနေ

ဖို.မလိုပါဘူး။ဝိပဿနာအလုပ်ဟာထိမှုကိုကြည်.ရှုနေရုံသာဖြစ်တယ်။ိုကြည်.ရှုနေရင်းသိထိုက်

သမျှကိုအလိုလိုတစ်နေ.ထက်တစ်နေ.တိုးပြီးတိုးပြီးသိလာပါလိမ်.မယ်။


၁၆)အဲဒီလိုတရိပ်ရိပ်နှင်.ထိမှုသိမှုတို.ကိုကြည်.ရှုနေရင်းမဂ်ဉာဏ်၊ဖိုလ်ဉာဏ်ဆိုက်လာပြီဆိုလျှင်

အလွန်သိသာလှပါတယ်၊ဘယ်လိုသိသာသလဲဆိုတော. "ရေငတ်၍နေသောသူသည်ရေကို

သောက်ရသည်ရှိသော်ရေငတ်ပြေ"သကဲ.သို.ဖြစ်သွားတော.တယ်။သူများမေးစရာမလို၊ကိုယ်တိုင်

သိမယ်။


၁၇)မဂ်ဖိုလ်ဉာဏ်ရောက်ပြီးလို့ဖလသမာပတ်ကိုဝင်စားချင်လျှင်မိမိလာခဲ.ဖူးတဲ.ဝိပဿနာ

လမ်းကိုပြန်ကြည်.ရတယ်၊ဖလသမာပတ်ဟာကိုယ်ပိုင်အိမ်နှင်.တူတယ်။


၁၈)ယုံယုံကြည်ကြည်လုံ.လဝီရိယရှိရှိနှင်.ထိမှုသိမှုတို့ကိုသာသဆက်ထဲဖြစ်အောင်ကြည်.

ရှုနေ၊ထွေလီကာလီတွေကိုလိုက်မလုပ်နှင်.၊အခုလုပ်၊အခုမီးငြိမ်း၊အခုချက်ချင်းပဲချမ်းသာတယ်၊

(အကာလိကော)။

No comments:

Post a Comment