အခန်း (၄) ဝီထိပိုင်း ၂
အပ္ပနာဇောဝါရဝီထိများ
အပ္ပနာဇော ၂၆-ပါး = မဟဂ္ဂုတ်ကုသိုလ်စိတ် ၉-ပါး + မဟဂ္ဂုတ်ကြိယာစိတ် ၉-ပါး + လောကုတ္တရာစိတ် အကျဉ်း ၈-ပါး။
မဟဂ္ဂုတ်ကုသိုလ် ၉-ပါးနှင့် မဟဂ္ဂုတ်ကြိယာ ၉-ပါးတို့အနက်မှ စိတ်တစ်ပါးပါးက ဇောအဖြစ်စောခွင့်ရသော ဝီထိကို လောကီအပ္ပနာဝီထိဟု ခေါ်၏။ လောကုတ္တရာ စိတ်တစ်ပါးပါးက ဇောအဖြစ်စောခွင့်ရသည့် ဝီထိကို လောကုတ္တရာ အပ္ပနာဝီထိဟု ခေါ်၏။
မဟဂ္ဂုတ်ကုသိုလ် ၉-ပါးတွင် ရူပါဝစရကုသိုလ်စိတ် ၅-ပါးနှင့် အရူပါဝစရကုသိုလ်စိတ် ၄-ပါးတို့ ပါဝင်ကြ၏။ ရူပဈာန်ရရန် အားထုတ်သောသူသည် ပထမဈာန်ကို ရသည့်အခါ ရူပါဝစရပထမဈာန် ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ်စော၏။ ဒုတိယဈာန်ကို ရသည့်အခါ ရူပါဝစရ ဒုတိယဈာန် ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် စော၏။ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် အသီးသီးကို ရသည့်အခါ၌လည်း သက်ဆိုင်ရာ ရူပါဝစရကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် စော၏။
အရူပဈာန်ကိုရအောင် ဆက်လက်အားထုတ်သဖြင့် အာကာသာနဉ္စာယတနဈာန်ကို ရသည့်အခါ အာကာသာနဉ္စာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် စော၏။ ဝိညာဏဉ္စာယတနဈာန်ကို ရသည့်အခါ ဝိညာဏဉ္စာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် စော၏။ အာကိဉ္စညာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် စော၏။ အာကိဉ္စညာယတနဈာန်ကို ရသည့်အခါ အာကိဉ္စညာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် စော၏။ နေဝသညာ နာသညာယတနဈာန်ကို ရသည့်အခါ နေဝသညာ နာသညာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် စော၏။
ရူပဈာန် ၅-ပါးနှင့် အရူပဈာန် ၄-ပါးတို့ကို ပိုင်နိုင်ပြီးနောက် အဘိညာန် တန်ခိုးများကိုရအောင် အားထုတ်သဖြင့် အောင်မြင်သောအခါ ရူပါဝစရ ပဉ္စမဈာန်စိတ်သည် အဘိညာဉ်ကိစ္စတပ်လျက် အပ္ပနာဇောအဖြစ် စော၏။
အကယ်၍ ရဟန္တာတစ်ပါးက လောကီဈာန် အဘိညာဉ်များကို ရရှိအောင် အဆင့်ဆင့် အားထုတ်သော် ရူပဈာန်များကို ရရှိသည့်အခါတို့၌ ရူပါဝစရကြိယာစိတ်တို့ဖြင့် အပ္ပနာဇော စော၏။ အရူပဈာန်များကို ရရှိသည့်အခါတို့၌ အရူပါဝစရကြိယာစိတ်တို့ဖြင့် အပ္ပနာဇော စော၏။ အဘိညာဉ်ကို ရရှိသည့်အခါ ရူပါဝစရပဉ္စမဈာန်ကြိယာစိတ်သည် အဘိညာဉ် ကိစ္စတပ်လျက် အပ္ပနာဇော စော၏။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိအောင် ဝိပဿနာတရား ရူမှတ်ပွားများသဖြင့် ပထမမဂ်ဆိုက်သည့်အခါ သောတာပတ္တိမဂ်စိတ်သည် အပ္ပနာဇောအဖြစ် ၁-ကြိမ် စော၏။ ထို့နောက် သောတာပတ္တိဖိုလ်စိတ်သည် ၂-ကြိမ် သို့မဟုတ် ၃-ကြိမ် အပ္ပနာဇောအဖြစ် စော၏။ အလားတူပင် ဒုတိယမဂ်ဆိုက်သည့်အခါ သကဒါဂါမိမဂ်စိတ် ၁-ကြိမ်၊ ထို့နောက် သကဒါဂါမိဖိုလ်စိတ် ၂-ကြိမ် သို့မဟုတ် ၃-ကြိမ် ဖြစ်၏။ တတိယမဂ်ဆိုက်သည့်အခါ၌ အနာဂါမိမဂ်စိတ် ၁-ကြိမ်၊ ထို့နောက် အနာဂါမိဖိုလ်စိတ် ၂-ကြိမ် သို့မဟုတ် ၃-ကြိမ် ဖြစ်၏။ စတုတ္ထမဂ်ဆိုက်သည့်အခါ၌ အရဟတ္တမဂ်စိတ် ၁-ကြိမ်၊ ထို့နောက် အရဟတ္တဖိုလ်စိတ် ၂-ကြိမ် သို့မဟုတ် ၃-ကြိမ် ဖြစ်၏။
ရူပါဝစရအပ္ပနာဝီထိ ၅-ပါး
(မန္ဒပညာ) န-ဒ-`မ-ပ-ဥ-နု-ဂေါ-ဈာန်´-ဘွင်-ဘွင်-
(တိက္ခပညာ) န-ဒ-`မ-ဥ-နု-ဂေါ-ဈာန်´-ဘွင်-ဘွင်-
(၁) ကသိုဏ်းနိမိတ်အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန-ဘဝင်္ဂုပစ္ဆေဒဟူ၍ ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုကသိုဏ်းနိမိတ်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ်သောမနဿစိတ် ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညာပုဂ္ဂိုလ် (ညံ့သောပညာရှိသူ) ဖြစ်သော် ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ် (တိက္ခပညာပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်) ဖြစ်၍ ချုပ်၏။ ထို့နောက် ရူပါဝစရ ပထမဈာန် ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် ၁-ကြိမ်ဖြစ်၍ ချုပ်၏။ ထို့နောက် ဘဝင်များစွာကျပြီး ဈာန်မှထ၏။
(၂) အထက်ပါအတိုင်း ရူပါဝစရ ဒုတိယဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-ဝီထိ
(၃) အထက်ပါအတိုင်း ရူပါဝစရ တတိယဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-ဝီထိ
(၄) အထက်ပါအတိုင်း ရူပါဝစရ စတုတ္ထဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-ဝီထိ
(၅) အထက်ပါအတိုင်း ရူပါဝစရ ပဉ္စမဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-ဝီထိ
ဤ ပဉ္စမဈာန်စိတ်သည် ဥပေက္ခာသဟဂုတ်စိတ်ဖြစ်သဖြင့် လိုက်ဖက်ညီရန် အထက်ပါဆိုရိုးတွင် `မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿစိတ် ၂-ပါး´ အစား `မဟာကုသိုလ်ဉာဏ်သမ္ပယုတ် ဥပေက္ခာစိတ် ၂-ပါး´ ဟူ၍ ပြောင်းယူရမည်။ `ပ-ဥ-နု-ဂေါ´သည် ဥပစာရသမာဓိဇော ဖြစ်၏။
မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ်က ဤဇောကိစ္စကို ဆောင်ရွက်၏။
ပ = ပရိကမ်=အပ္ပနာဇောဖြစ်ရန် ပြုပြင်စီရင်တတ်သောစိတ်၊
ဥ=ဥပစာ=အပ္ပနာဇော၏အနီး၌ ဖြစ်သောစိတ်၊
နု=အနုလုံ= အောက်ပရိက်ဇောအား လည်းကောင်း၊ အထက်အပ္ပနာဇောအား လည်းကောင်း လျော်စွာဖြစ်စေသောစိတ်၊
ဂေါ=ဂေါတြဘု=ကာမအနွယ်ကိုဖြတ်၍ မဟဂ္ဂုတ်အနွယ်ကိုဖြစ်စေသောစိတ်၊
အရူပါဝစရ အပ္ပနာဝီထိ ၄-ပါး

(၁) ကသိုဏ်းနိမိတ်ကိုခွာ၍ ရအပ်သော ကောင်းကင်ပညတ် အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟူ၍ ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာစိတ် ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညာ ပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်၊ ဥပမာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခပညာ ပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခပညာ ပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်) ဖြစ်၍ ချုပ်၏။ ထို့နောက် အာကာသာနဉ္စာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် ၁-ကြိမ်ဖြစ်၍ ချုပ်၏။ ထု့ိနောက် ဘဝင်များစွာကျပြီး ဈာန်မှထ၏။
(၂) အာကာသာနဉ္စာယတနစိတ်သည် မနောဒွါရ၌ ထင်လာသည်ရှိသော်….. ဝိညာဏဉ္စာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ်…..
(၃) အာကာသာနဉ္စာယတနစိတ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်သည် မနောဒွါရ၌ ထင်လာသည်ရှိသော်….. အာကိဉ္စညာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ်…..
(၄) အာကိဉ္စညာယတန ကုသိုလ်စိတ်သည် မနောဒွါရ၌ ထင်လာသည်ရှိသော်….. နေဝသညာ နာသညာယတန ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ်…..
ဈာန်ဝင်စားသော သမာပဇ္စနဝီထိ
(မန္ဒပညာ) န-ဒ-`မ-ပ-ဥ-နု-ဂေါ-ဈာန်-ဈာန်-ဈာန် များစွာ´ -ဘွင်-
(တိက္ခပညာ) န-ဒ`မ-ဥ-နု-ဂေါ-ဈာန်-ဈာန်-ဈာန် များစွာ´ -ဘွင်-
(ရူပါဝစရ ဈာန်ဝင်စားရန်) ကသိုဏ်းနိမိတ်အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟူ၍ ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ကသိုဏ်းနိမိတ်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿစိတ်( ပဉ္စမဈာန်ဝင်စားရန် ဥပေက္ခာစိတ်ယူ) ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညာပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခပညာပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်)ဖြစ်၍ ချုပ်၏။ ထို့နောက် ရူပါဝစရ ကုသိုလ်ပထမဈာန်(သို့မဟုတ် ဒု-တ-စ-ပဉ္စမဈာန်)စိတ်သည် သပ္ပနာဇောအဖြစ် အကြိမ်များစွာ ဖြစ်၍ ချုပ်၏။ ထို့နောက် ဘဝင်ကျပြီး ဈာန်မှထ၏။
(အရူပါဝစရ ဈာန်ဝင်စားရန်) ကသိုဏ်းနိမိတ်ကိုခွာ၍ ရအပ်သော ကောင်းကင်ပညတ်အာရုံ (အထက်အရူပဈာန်အတွက် သက်ဆိုင်ရာ အာရုံသည်) မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟူ၍ ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသော အာရုံကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာစိတ် ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညာပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခပညာပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်) ဖြစ်၍ ချုပ်၏။ ထို့နောက် အာကာသာနဉ္စာယတနကုသိုလ်စိတ် (အထက်ဈာန်ဝင်စားသော် သက်ဆိုင်ရာစိတ်)သည် အပ္ပနာဇောအဖြစ် အကြိမ်များစွာဖြစ်၍ ချုပ်၏။ ထို့နောက် ဘဝင်ကျပြီး ဈာန်မှထ၏။
အဘိညာအပ္ပနာဝီထိ
ရူပါဝစရကုသိုလ် ပဉ္စမဈာန် အပ္ပနာဝီထိကို အခြေခံ၍ လောကီအဘိညာဉ် ၅-ပါးကိုရအောင် လေ့ကျင့်နိုင်၏။
(၁) ဣဒ္ဓိဝိဓအဘိညာဉ် = ကိုယ်ခွဲတစ်ရာ၊ တစ်ထောင်စသည်ဖြင့် ဖန်ဆင်းနိုင်သော အဘိဉာဏ်အထူး၊
(၂) ဒိဗ္ဗစက္ခုအဘိညာဉ် = နတ်မျက်စိကဲ့သို့ ဝေးလံသောအရပ် သို့မဟုတ် ဖုံးကွယ်ထားသည့်နေရာ၌ရှိသော အဆင်းသဏ္ဌာန်ကို မြင်နိုင်သည့် အသိဉာဏ်၊
(၃) ဒိဗ္ဗသောတအဘိညာဉ် = နတ်နားကဲ့သို့ ဝေးရပ်မှ အသံတို့ကို ကြားနိုင်သည့် အသိဉာဏ်အထူး၊
(၄) ပရစိတ္တဝိဇာနနအဘိညာဉ် = သူတစ်ပါးတို့၏ စိတ်အကြံကို သိနိုင်သော အသိဉာဏ်အထူး၊
(၅) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ် = ရှေးအခါက ပြုခဲ့ဖူးသော ဘဝများစွာကို အဖန်ဖန် အောက်မေ့နိုင်သည့် အသိဉာဏ်အထူး၊
ဝီထိပုံ။ ။ န-ဒ-`မ-ပ-ဥ-နု-ဂေါ-ဘိ´-ဘွင်-
ကိုယ်ခွဲတစ်ထောင် ဖန်ဆင်းလိုသော ဣဒ္ဓိမာပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းကိုအာရုံပြု၍ ရူပါဝစရကုသိုလ် ပဉ္စမဈာန် အပ္ပနာကို ခဏမျှကျစေပြီး ဘဝင်ကျစေလျက် ဈာန်မှထ၏။
ထပြီးလျှင် ဘဝင်ကို ပြတ်စေ၏။ `ငါ၏ကိုယ်သည်ထပ်တူ ကိုယ်ခွဲတစ်ထောင်ဖြစ်စေသတည်း´ဟု အဓိဋ္ဌာန်လိုက်၊ စေလိုက်၏။ ထို့နောက် ထိုဖြစ်လတ္တံသော နိမ္မိတရုပ် တစ်ထောင်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းဖြစ်၏။
၎င်းနောက် မဟာကုသိုလ် ဉာဏ်သမ္ပယုတ် ဥပေက္ခာဇောသည် ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်ဖြစ်၍ ချုပ်ပြီးလျှင် ထိုနိမ္မိတရုပ် ၁၀၀၀ကို အာရုံပြုလျက် ရူပါဝစရကုသိုလ် ပဉ္စမဈာန်စိတ်သည် အဘိညာဉ်ကိစ္စတပ်ကာ ၁-ကြိမ်ဖြစ်၍ ချုပ်၏။ ထို့နောက် ဘဝင်ကျ၍ ဈာန်မှ ထ၏။ ထိုအဓိဋ္ဌာန် အဘိညာဉ်ဇောကျသည်နှင့် တစ်ပြိုင်နက် နိမ္မိတရုပ် ၁၀၀၀ ဖြစ်၏။
ကြွင်းသည့် အဘိညာအပ္ပနာဝီထိတို့လည်း အလားတူဖြစ်ကြ၏။ ဒိဗ္ဗသောတ၊ ပရစိတ္တဝိဇာနနှင့် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်တို့ကို အလိုရှိသော် သြဒါတကသိုဏ်းကို အာရုံပြု၍ ပဉ္စမဈာန်ဝင်စားရ၏။ ဒိဗ္ဗစက္ခု အဘိညာဉ်ကို အလိုရှိသော် တေဇောကသိုဏ်းကို အာရုံပြု၍ ပဉ္စမဈာန် ဝင်စားရ၏။ ထို့နောက်ဈာန်မှထ၍ အလိုရှိသည်ကို ဓိဋ္ဌာန်လိုက်၊ စေလိုက်၏။ ထိုအခါ အလိုရှိသော အရာကို အာရုံပြုလျက် ဥပစာရ သမာဓိဇော ၄-ကြိမ်နှင့် ရူပါဝစရပဉ္စမဈာန် အဘိညာဉ်ဇော ၁-ကြိမ်ကျ၏။ အဘိညာဉ်ဇောကျသည်နှင့် တစ်ပြိုင်နက် အလိုရှိသောအရာကို မြင်၏။
မဂ္ဂအပ္ပမာဝီထိ ၄-ပါး
ဝိပဿနာ အားထုတ်သော ယောဂီသည် ရုပ်နာမ်တို့၏ မမြဲခြင်းသဘော(အနိစ္စလက္ခဏာ)၊ ရုပ်နာမ်တို့၏ ဆင်းရဲခြင်းသဘော(ဒုက္ခလက္ခဏာ)၊ ရုပ်နာမ်တို့ကို အစိုးမရခြင်းသဘော (အနတ္တလက္ခဏာ)၊ ဤလက္ခဏာရေးသုံးပါးတို့တါင် တစ်ပါးပါးက ထင်ရှားစွာ ထင်ပေါ်လာသည့်အခါ မဂ္ဂအပနာဝီထိ ဖြစ်၏။ မဂ်ဉာဏ် ၄-ဆင့်ရှိ၏။
(မန္ဒပညာ) န-ဒ`မ-ပ-ဥ-နု-ဂေါ-မဂ်-ဖိုလ်-ဖိုလ်´-ဘွင်-
(တိက္ခပညာ) န-ဒ-`မ-ဥ-နု-ဂေါ-မဂ်-ဖိုလ်-ဖိုလ်-ဖိုလ်´-ဘွင်-
(၁) ပုထုဇဉ် ယောဂီ၏ မနောဒွါရ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာရေးသုံးပါး အာရု့ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟု ဘဝင် ၂-ကြိမ် လူပ်၍ပြတ်ပြီးလျှင် ထိုထင်လာသောအာရုံကို ဆင်ခြင်လျက် မနောဒွါရာဝဇ္ဇန်း ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ် ၄-ပါးအနက်မှ တစ်ပါးပါးသည် လက္ခဏာရေးသုံးပါးကို အာရုံပြုလျက် ပရိကမ်၊ ဥပစာ၊ အနုလုံဟု ၃-ကြိမ်၊ နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘုဟု ၁-ကြိမ်ဖြစ်၍ ချုပ်၏။ ထို့နောက်သောတာပတ္တိမဂ်ဇောသည် နိဗ္ဗာန်ကို အာရုံပြုလျက် ၁-ကြိမ်ဖြစ်၍ ထိုမဂ်၏အခြားမဲ့၌ သောတာပတ္တိဖိုလ်ဇောသည် နိဗ္ဗာန်ကို အာရုံပြုလျက် ၂-ကြိမ်ဖြစ်၍ ချုပ်ပြီးလျှင် ဘဝင်ကျ၍ မဂ်မှထ၏။ (တိက္ခပညာပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်ကို ချန်လှပ်ပြီး ဖိုလ်ဇော ၃-ကြိမ် စောရမည်။)
(၂) သောတာပန် ယောဂီ၏ မနောဒွါရ၌ … အထက်ကအတိုင်းဆိုပါ။ `ဂေါတြဘု´နေရာ၌ `ဝေါဒါန်´ကိုထည့်ပါ။ `သောတာပတ္တိမဂ်´နေရာ၌ `သက္ကဒါဂါမိမဂ်´ဟု ထည့်ပါ။ `သောတာပတ္တိဖိုလ်´ နေရာ၌ `သကဒါဂါမိဖိုလ်´ကို ထည့်ပါ။
ဂေါတြဘု = ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေတတ်သော စိတ်၊
ဝေါဒါန် = ဖြူဖွေးကြည်လင်သန့်ရှင်းသော စိတ်၊
(၃) သကဒါဂါမ်ယောဂီ၏ မနောဒွါရ၌….. ဝေါဒါန်….. အနာဂါမိမဂ်ဇော….. အနာဂါမိဖိုလ်ဇော…..
(၄) အနာဂါမ်ယောဂီ၏ မနောဒွါရ၌….. ဝေါဒါန်….. အရဟတ္တမဂ်ဇော….. အရဟတ္တဖိုလ်ဇော…..
ဖလသမာပတ္တိဝီထိ ၄-ပါး
မဂ်ဆိုက်ပြီးသော အရိယာပုဂ္ဂိုလ်သည် မဂ်၏ အကျိုးဖြစ်သော ဖလသမာပတ်ကို ဝင်စားနိုင်၏။
(မန္ဒပညာ) န-ဒ-`မ-ပ-ဥ-နု-ဝေါ-ဖိုလ်-ဖိုလ်များစွာ´-ဘွင်-
(တိက္ခပညာ) န-ဒ-`မ-ဥ-နု-ဝေါ-ဖိုလ်-ဖိုလ်များစွာ´-ဘွင်-
(၁) သောတာပန်ပုဂ္ဂိုလ်၏ မနောဒွါရ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး အာရုံထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟု ဘဝင် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုထင်လာသောအာရုံကို ဆင်ခြင်လျက် မနောဒွါရာဝဇ္ဇန်းဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ပါးအနက်မှ တစ်ပါးပါးသည် လက္ခဏာရေးသုံးပါးကို အာရုံပြုလျက် ပရိကမ်၊ ဥပစာ၊ အနုလုံဟု ၃-ကြိမ်၊ နိဗ္ဗာန်ကို အာရုံပြုလျက် ဝေါဒါန်ဟု ၁-ကြိမ်ဖြစ်၍ ချုပ်၏။
ထို့နောက် သောတာပတ္တိဖိုလ်ဇောသည် နိဗ္ဗာန်ကို အာရုံပြုလျက် အကြိမ်များစွာ ပုဂ္ဂိုလ်အလိုရှိသလောက်ဖြစ်၍ ချုပ်ပြီးလျှင် ဘဝင်ကျ၍ သမာပတ်မှထ၏။
(၂) သကဒါဂါမ်ပုဂ္ဂိုလ်၏ မနောဒွါရ၌….. သကဒါဂါမိဖိုလ်ဇော…..
(၃) အနာဂါမ်ပုဂ္ဂိုလ်၏ မနောဒွါရ၌….. အနာဂါမိဖိုလ်ဇော…..
(၄) ရဟန္တာပုဂ္ဂိုလ်၏ မနောဒွါရ၌….. မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ပါးအနက်မှ တစ်ပါးပါး….. အရဟတ္တဖိုလ်ဇော…..
နိရောဓသမာပတ္တိဝီထိ
ဈာန်သမာပတ် ၈-ပါး သို့မဟုတ် ၉-ပါးကို ရပြီးသော အနာဂါမ်နှင့် ရဟန္တာတို့သာ နိရောဓသမာပတ်ကို ဝင်စားနိုင်ကြ၏။
ရှေးဦးစွာ ရူပါဝစရ ပထမဈာန်မှ ပဉ္စမဈာန်အထိ အဆင့်ဆင့် ဝင်စားပြီးလျှင် ဈာန်တစ်ခုစီမှထတိုင်း ထိုဈာန်ကို လက္ခဏာရေးသုံးပါးတင်၏။
ထို့နောက် အရူပအောက်ဈာန် ၃-ပါးတို့ကို အဆင့်ဆင့်ဝင်စားပြီးနောက် ထိုဈာန်တစ်ခုစီမှ ထသောအခါ ထိုဈာန်ကို လက္ခဏာရေး သုံးပါးတင်၏။
ထို့နောက် ပုဗ္ဗကိစ္စ ၄-ပါးကို ပြု၏။ ၎င်းနောက် နေဝသညာ နာသညာယတနဈာန်ကို ဝင်စား၍ အပ္ပနာဇော ၂-ကြိမ်သာဖြစ်ပြီး စိတ်အစဉ်ပြတ်စဲလေ၏။ ထိုအခါစိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းခြင်း နိရောဓသို့ရောက်၍ မိမိအလိုရှိသလောက် (၇)ရက်အထိ နေနိုင်၏။ သမာပတ်မှ ထသည့်အခါ အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်ဇော ၁-ကြိမ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်ဇော ၁-ကြိမ်ဖြစ်၍ ချုပ်ပြီးနောက် ဘဝင်ကျ၍ နိရောဓသမာပတ်မှ ထ၏။
ဝိပါကနိယာမ
ဝိပါက်တို့သည် အကျိုးတရားမျိုးဖြစ်၍ ကြေးမုံမှန်ပြင်၌ ထင်သော မျက်နှာရိပ်ကဲ့သို့ ကံ၏ အစွမ်းသတ္တိအားလျော်စွာ ဖြစ်ပေါ်ကြရ၏။
ခွေးကောင်ပုပ်၊ မစင်စသည့် အနိဋ္ဌာရုံကို မြင်ရခြင်းသည် အကုသိုလ်ကံကြောင့် မြင်ရခြင်း ဖြစ်၏။ သို့အတွက် ထိုအခါ၌ အကုသလဝိပါက်ဖြစ်ကြသော စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏနှင့် တဒါရုံတို့ကို ဝီထိ၌ ချပေးရမည်။
သာမညကောင်းသော ဣဋ္ဌမဇ္ဈတ္တာရုံထင်ခဲ့လျှင် ကုသလဝိပါက် ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ ဥပေက္ခာသနီ္တရဏ၊ ဥပေက္ခာတဒါရုံတို့ ဖြစ်ပေါ်ကြ၏။ အလွန်ကောင်းသော အတိဣဋ္ဌာရုံထင်ခဲ့လျှင် သောမနဿသန္တီရဏ၊ သောမနဿတဒါရုံတို့ ဖြစ်ပေါ်ကြ၏။
ကုသိုလ်၊ အကုသိုလ်ဇောတို့မှာ ဝိပါက်ကဲ့သို့ အာရုံအားလျော်စွာ ပုံသေကားကျ ဖြစ်ပေါ်ကြခြင်း မရှိချေ။ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနိုင်လျှင် ကုသိုလ်ဇော ဖြစ်၏။ သင့်တင့်လျောက်ပတ်စွာ နှလုံးမသွင်းနိုင်လျှင် အကုသိုလ်ဇောဖြစ်၏။
ကာမဇောတို့သည် သာမန်အခါ၌ ၇-ကြိမ်စောလေ့ ရှိကြ၏။ မွေးဖွားခါစ အလွန်အားနည်းသော အခါနှင့် မေ့မြောနေသည့်အခါတို့တွင် စိတ်၏မှီရာ ဟဒယဝတ္ထု၏ အားနည်းမူကြောင့် ၆-ကြိမ် သို့မဟုတ် ၅-ကြိမ်သာ စောကြ၏။
သေခါနီးအခါ၌ မရဏာသန္နဇောသည် ၅-ကြိမ်သာ စောကြ၏။ ထိုဝီထိကို မရဏာသန္နဝီထိဟု ခေါ်၏။
ဈာန်အရာ၌ ဝသီဘော်နိုင်နင်းသော ပုဂ္ဂိုလ်တို့အား ဈာန်အင်္ဂါကို အလျင်အမြန်ဆင်ခြင်သည့် ပစ္စဝေက္ခနာဇောတို့သည် ၄-ကြိမ် သို့မဟုတ် ၅-ကြိမ်သာ ကျကြ၏။
အပ္ပနာဇော၏ ရှေ့အဖို့ ဥပစာရသမာဓိဇော စောသည့်အခါ ဉာဏ်ပညာနုသော မန္ဒပုဂ္ဂိုလ်တို့အား ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်ကျ၏။ ဉာဏ်ပညာ ထက်မြက်သော တိက္ခပုဂ္ဂိုလ်တို့အား ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်သာကျ၏။
အပ္ပနာဇောအကြိမ်
မရသေသည့်ဈာန်ကိုရရန် အားထုတ်နေသော အာဒိကမ္မိက ပုဂ္ဂိုလ်အား ပထမဦးဆုံဖြစ်သော ဈာန်အပ္ပနာဇောသည် ၁-ကြိမ်ကျ၏။ ရပြီးသောဈာန်ကို ပြန်လည်ဝင်စားသော သမာပဇ္ဇန အပ္ပနာတို့သည် အကြိမ်များစွာ ကျကြ၏။
အဘိညာဉ်ဇောတို့သည် ၁-ကြိမ်သာကျ၏။
နိရောဓသမာပတ် ဝင်စားသောအခါ နေဝသညာနာသညာယတနဇောသည် ၂-ကြိမ်ကျ၏။
လောကုတ္တရာအပ္ပနာ၌ မဂ်ဇောတို့သည် ၁-ကြိမ်သာ ကျကြ၏။
မဂ်ဝီထိ၌ကျသော ဖိုလ်ဇောတို့သည် မန္ဒပုဂ္ဂိုလ်အား ၂-ကြိမ်၊ တိက္ခပုဂ္ဂိုလ်အား ၃-ကြိမ် ကျ၏။
ဖလသမာပတ္တိဝီထိ၌ ဖိုလ်ဇောတို့သည် အကြိမ်များစွာ ကျကြ၏။
နိရောဓသမာပတ်ဝင်စားနေသော အခိုက်၌ စိတ် စေတသိက်နှင့် စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြသဖြင့် မည်သည့်ဇောမျှ မစောချေ။ နိရောဓသမာပတ်မှ ထသောအခါ ဖိုလ်ဇောတို့သည် ၁-ကြိမ်သာ ကျ၏။
တဒါရုံစစ်ခန်း
ကာမပုဂ္ဂိုလ်၊ ကာမဇောနှင့် ကာမအာရုံတို့ ၃-ချက်ပေါင်းဆုံမှ တဒါရုံဖြစ်နိုင်၏။
(၁) မဟာကြိယာ ဥပေက္ခာဇော ၄-ပါးနှင့် ဒေါသမူဇော ၂-ပါးတို့၏ နောက်၌ ဥပေက္ခာမဟာဝိပါက် ၄-ပါးနှင့် ဥပေက္ခာသန္တီရဏ ၂-ပါးဟူသည့် ဥပေက္ခာတဒါရုံ ၆-ပါး ဖြစ်နိုင်၏။
(၂) မဟာကြိယာ သောမနဿသဟဂုတ်ဇော ၄-ပါးနှင့် ဟသိတုပ္ပါဒ်ဇောတို့၏ နောက်၌ သောမနဿမဟာဝိပါက် ၄-ပါးနှင့် သောမနဿသန္တီရဏ ၁-ပါးဟူသည့် သောမနဿတဒါရုံ ၅-ပါး ဖြစ်နိုင်၏။
(၃) ကြွင်းသည့် အကုသိုလ်ဇော ၁၀-ပါး၊ မဟာကုသိုလ် ၈-ပါး၊ ပေါင်း ၁၈-ပါးတို့၏နောက်၌ သောမနဿတဒါရုံ ၅-ပါး ဖြစ်နိုင်၏။
အာဂန္တုက ဘဝင်
သောမနဿ သဟဂုတ်စိတ်နှင့် ပဋိသန္ဓေနေခဲ့သောသူသည် တစ်သက်တာပတ်လုံး ဘဝင်ကျသည့်အခါ၌ သောမနဿသဟဂုတ်စိတ်ချည်းသာ ဖြစ်နေရမည်။ ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်တို့သည် ဘုံ၊ စိတ်၊ သမ္ပယုတ္တဓမ္မ၊ ဝေဒနာ၊ သင်္ခါရအားဖြင့် အစဉ်တူညီရ၏။
ထိုသူသည် ဒေါသဇောစောသည့်အခါ ဒေါသဇောနောက်၌ သောမနဿတဒါရုံနှင့် သောမနဿဘဝင်တို့ မဖြစ်နိုင်ချေ။ အကြောင်းမှာ ဒေါမနဿဝေဒနာနှင့် သောမနဿဝေဒနာတို့သည် မီးနှင့် ရေပမာ ဆန့်ကျင်ဘက်ဖြစ်ကြသဖြင့် တစ်ခုကိုတစ်ခု အနန္တရပစ္စည်း မတပ်နိုင်ကြသောကြောင့် ဖြစ်၏။ သို့သော် ပဋိသန္ဓေစိတ်ကို ထောက်သော် သောမနဿတဒါရုံ၊ သောမနဿဘဝင်သာ ကျရလိမ့်မည်။
ဤသို့သောအခါမျိုးတွင် ရှေ့က ဒေါသဇောနှင့်လည်း လျော်ညီ၊ နောက်က သောမနဿဘဝင်နှင့်လည်း သင့်လျော်သည့် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် သန္တီရဏကိစ္စမတပ်ဘဲ အပိုအာဂန္တုက ဘဝင်ကိစ္စတပ်၍ ၁-ကြိမ် ဖြစ်၏။ ဤဘဝင်သည် ပဋိသန္ဓေစိတ်နှင့်တူစွာ ရိုးရိုး ကျနေကျ အာဝါသိက (အိမ်ရှင်) သောမနဿဘဝင်မဟုတ်။ ယခုမှ လတ်တလော ဖြစ်လာရသည့် ဥပေက္ခာဘဝင်ဖြစ်၍ `အာဂန္တုကဘဝင်´ (ဧည့်သည်ဘဝင်)ဟု အမည်ရ၏။ ဤဝီထိကိုလည်း အာဂန္တုကဝီထိဟု ခေါ်၏။
၎င်းအာဂန္တုကဘဝင်သည် ယခု ဒေါသဇောကျသော ဝီထိ၏ အာရုံကို မယူနိုင်။ ရှေးက အလေ့အလာများသော ကာမအာရုံတစ်ပါးပါးကို အာရုံပြု၏။
ဘုံ၌စိတ်ရ
ကာမဘုံ၌ မဟဂ္ဂုတ်ဝိပါက် ၉-ပါးကြဉ်သောစိတ် ၈၀တို့သည် ဝီထိများတွင် ပါဝင်နိုင်ကြ၏။ မဟဂ္ဂုတ်ဝိပါက် ၉-ပါးတို့သည် မိမိတို့ဆိုင်ရာ ဗြဟ္မာဘုံအသီးသီး၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်ကြ၏။
ရူပဗြဟ္မာဘုံ၌ ဃာနဝိညာဏ်ဒွေ၊ ဇီဝှာဝိညာဏ်ဒွေ၊ ကာယဝိညာဏ်ဒွေတည်းဟူသော စိတ် ၆-ပါး၊ မဟာဝိပါက် ၈-ပါး၊ ဒေါသမူ ၂-ပါး၊ အရူပဝိပါက် ၄-ပါး၊ ပေါင်း ၂၀ကြဉ်သောစိတ် ၉၆-ပါးတို့ ဖြစ်ပေါ်နိုင်ကြ၏။ ၎င်းတို့အနက် ရူပဝိပါက် ၅-ပါးမှာ ဝီထိစိတ်များ၌ မပါဝင်ကြချေ။45
အရူပဗြဟ္မာဘုံ၌ကား ပကိဏ်းပိုင်းတွင် ဖော်ပြခဲ့သည်နှင့်အညီ ဟဒယဝတ္ထုကို ရံခါမှီ၍ ရံခါမမှီကြသည့်စိတ် ၄၂-ပါးနှင့် အရူပဝိပါက် ၄-ပါး၊ ပေါင်းစိတ် ၄၆-ပါးတို့ ဖြစ်နိုင်ကြ၏။
ပုဂ္ဂလဘေဒ(ပုဂ္ဂိုလ်အပြား)
ပုထုဇဉ် ၄-ဦး
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်
(၂) သုဂတိအဟိတ်ပုဂ္ဂိုလ်
(၃) ဒွိဟိတ်ပုဂ္ဂိုလ်
(၄) တိဟိတ်ပုဂ္ဂိုလ်
မဂ္ဂဋ္ဌာန် ၄-ဦး
(၅) သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်
(၆) သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်
(၇) အနာဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်
(၈) အရဟတ္တမဂ္ဂဋ္ဌပုဂ္ဂိုလ်
ဖလဋ္ဌာန် ၄-ဦး
(၉) သောတာပတ္တဖလဋ္ဌပုဂ္ဂိုလ်
(၁၀) သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ်
(၁၁) အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်
(၁၂) အရဟတ္တဖလဋ္ဌပုဂ္ဂိုလ်
ပုထုဇဉ် ၄-ဦးနှင့် အရိယာ ၈-ဦးဟူ၍ ပုဂ္ဂိုလ် ၁၂-ဦးရှိ၏။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်သည် အပါယ်ဘုံသားဖြစ်၏။ သုဂတိအဟိတ်ပုဂ္ဂိုလ်မှာ လူ့ဘုံနှင့် စတုမဟာရာဇ် ဘုံတို့၌ ဝမ်းတွင်းပါမျက်စိကန်းသူ၊ နားပင်းသူ၊ ဆွံ့အသူ စသည်တို့ဖြစ်ကြ၏။
ဒွိဟိတ်ပုဂ္ဂိုလ်မှာ ပဋိသန္ဓေအားဖြင့် ဉာဏ်မပါသော လူများနှင့် နတ်များ ဖြစ်ကြ၏။ ဒွိဟိတ်ပုဂ္ဂိုလ်သည် လက်ရှိဘဝ၌ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဈာန်နှင့် မဂ်ဖိုလ်တို့ကို မရနိုင်ချေ။
တိဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေအားဖြင့် ဉာဏ်ပါသော လူနတ် ဗြဟ္မာများဖြစ်ကြ၏။ လက်ရှိဘဝ၌ ကြိုးစားလျှင် ဈာန်မဂ်ဖိုလ်ရနိုင်သူများတည်း။
မဂ္ဂဋ္ဌာန်းခေါ် မဂ်ပုဂ္ဂိုလ် ၄-ဦးနှင့် ဖလဋ္ဌာန်ခေါ် ဖိုလ်ပုဂ္ဂိုလ် ၄-ဦးတို့သည် တိဟိတ်များ ဖြစ်ကြ၏။ မဂ္ဂဋ္ဌပုဂ္ဂိုလ်သည် မဂ်၌တည်ဆဲ ပုဂ္ဂိုလ်ဖြစ်သဖြင့် မဂ်စိတ်ဖြစ်ခိုက် စိတ္တက္ခဏ ၁-ချက်အတွင်းသာ မဂ္ဂဋ္ဌာန်ဟု ခေါ်ရ၏။ မဂ်စိတ်ချုပ်သွားသည်နှင့် တစ်ပြိုင်နက် ဖလဋ္ဌာန်ဖြစ်သွားလေတော့၏။
ဂ္ဂိုလ်စိတ်ရ
ဘုံအသီးသီး၌ ပုဂ္ဂိုလ်အသီသီးတို့ရနိုင်သော စိတ်များမှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
ပုဂ္ဂိုလ် - ဒုဂတိအဟိတ်
ကာမ ၁၁-ဘုံ - အကုသိုလ်စိတ် ၁၂၊ ဟသိကြဉ်အဟိတ် ၁၇၊ မဟာကုသိုလ် ၈၊ ပေါင်း ၃၇
ရူပဗြဟ္မာဘုံ - မရှိ
အရူပဗြဟ္မာဘုံ - မရှိ
ပုဂ္ဂိုလ် - သုဂတိအဟိတ်နှင့် ဒွိဟိတ်
ကာမ ၁၁-ဘုံ - အကုသိုလ်စိတ် ၁၂၊ ဟသိကြဉ်အဟိတ် ၁၇၊ မဟာကုသိုလ် ၈၊ မဟာဝိ-ဉာဏဝိ ၄၊ ပေါင်း ၄၁
ရူပဗြဟ္မာဘုံ - မရှိ
အရူပဗြဟ္မာဘုံ - မရှိ
ပုဂ္ဂိုလ် - တိဟိတ်ပုထုဇဉ်
ကာမ ၁၁-ဘုံ - အကုသိုလ်စိတ် ၁၂၊ ဟသိကြဉ်အဟိတ် ၁၇၊ မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ ပေါင်း ၄၅၊ ဈာန်ရလျှင် ရသမျှဈာန်ကုသိုလ်ထပ်ပေါင်းပါ
ရူပဗြဟ္မာဘုံ - ဒေါသမူဒွေကြဉ်သောအကုသိုလ်စိတ် ၁၀၊ ဃာနာဒိတ္တယ ၆နှင့် ဟသိကြဉ်အဟိတ် ၁၁၊ မဟာကုသိုလ် ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ ရူပဝိပါက် ၅-ပါးတွင် ၁-ပါးပါး ၁၊ ပေါင်း ၃၉
အရူပဗြဟ္မာဘုံ - ဒေါသမူဒွေကြဉ်သောအကုသိုလ်စိတ် ၁၀၊ မနောဒါွရာဝဇ္ဇန်း ၁၊ မဟာကုသိုလ် ၈၊ အရူပကုသိုလ် ၄၊ အရူပဝိပါက် ၄၀ပါး၌ ၁-ပါးပါး ၁၊ ပေါင်း ၂၄
ပုဂ္ဂိုလ် - သောတာပန်
ကာမ ၁၁-ဘုံ - လောဘမူဒိဋ္ဌိသံလေးပါးနှင့် ဝိစိကိစ္ဆာကြဉ်အကုသိုလ် ၇၊ ဟသိကြဉ်အဟိတ် ၁၇၊ မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ သောတာပတ္တိဖိုလ် ၁၊ ပေါင်း ၄၂၊ ဈာန်ရလျှင် ရသမျှ မဟဂ္ဂုတ်ကုသိုလ်ထပ်ပေါင်းပါ
ရူပဗြဟ္မာဘုံ - ဒေါသမူ ၂၊ လောဘမူဒိဋ္ဌိသံ ၄နှင့် ဝိစိကိစ္ဆာစိတ်ကြဉ်အကုသိုလ် ၅၊ ဃာနာဒိတ္တယ ၆နှင့် ဟသိကြဉ်အဟိတ် ၁၁၊ မဟာကုသိုလ် ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ ရူပဝိပါက် ၅-ပါး၌ တစ်ပါးပါးသောတာပတ္တိဖိုလ် ၁၊ ပေါင်း ၃၅
အရူပဗြဟ္မာဘုံ - ဒေါသမူ ၂၊ လောဘမူဒိဋ္ဌိသံ ၄နှင့် ဝိစိကိစ္ဆာကြဉ်အကုသိုလ် ၅၊ မနောဒွါရာ ဝဇ္ဇန်း ၁၊ မဟာကုသိုလ် ၈၊ အရူပကုသိုလ် ၄၊ အရူပဝိပါက် ၄-ပါး၌ ၁-ပါးပါးသောတာပတ္တိဖိုလ် ၁၊ ပေါင်း ၂၀
ပုဂ္ဂိုလ် - သကဒါဂါမ်
ကာမ ၁၁-ဘုံ - သောတာပန်အတိုင်း ၄၁၊ သောတာပတ္တိဖိုလ်အစား သကဒါဂါမိဖိုလ် ထည့်ပါ
ရူပဗြဟ္မာဘုံ - ရူပသောတာပန်အတိုင်း ၃၅၊ သောတာပတ္တိဖိုလ်အစား သက္ကဒါမိဖိုလ်ထည့်ပါ
အရူပဗြဟ္မာဘုံ - အရုပသောတာပန်အတိုင်း ၂၀၊ သောတာပတ္တိဖိုလ်အစား သကဒါဂါမိဖိုလ်ထည့်ပါ
ပုဂ္ဂိုလ် - အနာဂါမ်
ကာမ ၁၁-ဘုံ - လောဘမူဒိဋ္ဌိသံ ၄၊ ဝိစိ ၁၊ ဒေါသမူ ၂ ကြဉ်အကု ၅၊ ဟသိကြဉ်အဟိတ် ၁၇၊ မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ အနာဂါမိဖိုလ် ၁၊ ပေါင်း ၃၉၊ ဈာန်ရလျှင်ရသမျှ မဟဂ္ဂုတ်ကုသိုလ်ထပ်ပေါင်းပါ။
ရူပဗြဟ္မာဘုံ - ရူပသောတာပန်အတိုင်း ၃၅၊ သောတာပတ္တိဖိုလ်အစား အနာဂါမိဖိုလ်ထည့်ပါ၊
အရူပဗြဟ္မာဘုံ - အရူပသောတာပန်အတိုင်း ၂၀၊ သောတာပတ္တိဖိုလ်အစား အနာဂါမိဖိုလ်ထည့်ပါ
ပုဂ္ဂိုလ် - ရဟန္တာ
ကာမ ၁၁-ဘုံ - အဟိတ် ၁၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈၊ အရဟတ္တဖိုလ် ၁၊ ပေါင်း ၃၅
ရူပဗြဟ္မာဘုံ - ဃာနာဒိတ္တယကြဉ်အဟိတ်စိတ် ၁၂၊ မဟာကြိယာ ၈၊ မဟဂ္ဂုတ်ကြိယာ ၉၊ ရူပဝိပါက် ၅-ပါး၌ ၁-ပါးပါး အရဟတ္တဖိုလ် ၁၊ ပေါင်း ၃၁
အရူပဗြဟ္မာဘုံ - မနောဒွါရာဝဇ္ဇန်း ၁၊ မဟာကြိယာ ၈၊ အရူပကြိယာ ၄၊ အရူပဝိပါက် ၄-ပါး၌ ၁-ပါးပါး အရဟတ္တဖိုလ် ၁၊ ပေါင်း ၁၅
မှတ်ချက်။ ။
(၁) ဃာနာဒိတ္တယ ၆-ပါးမှာ ဃာနာဝိညာဏ်ဒွေ ဇိဝှာဝိညာဏ်ဒွေနှင့် ကာယဝိညာဏ်ဒွေတို့ ဖြစ်ကြ၏။
(၂) ရူပဝိပါက် ၅-ပါးနှင့် အရူပဝိပါက် ၄-ပါးတို့ကို ပုဂ္ဂိုလ်တစ်ဦးတည်း၌ အကုန်မရနိုင်ပါ။ မိမိ ပဋိသန္ဓေနေသည့်စိတ် ၁-ပါးကိုသာ ရနိုင်၏။
(၃) မဂ္ဂဋ္ဌပုဂ္ဂိုလ် ၄-ဦးတို့သည် မိမိတို့ဆိုင်ရာ မဂ်စိတ် ၁-ပါးကိုသာ ရ၏။ ပုံစံအဖြစ် သောတာပတ္တမဂ္ဂဋ္ဌပုဂ္ဂိုလ်၌ သောတာပတ္တမဂ်စိတ် ၁-ပါးကိုသာ ရ၏။
********* ဝီထိပိုင်းပြီး*******************

No comments:
Post a Comment