Search This Blog

Sunday, May 3, 2020

ဒီတစ်ခါရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး

  ဒီတစ်ခါရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး

" အင်းခန်းလို့ လယ်တီ၊
လယ်တီတော့ ငှက်ကျ၊
ငှက်ကျတော့ ကြောင်ခုတ်၊
ကြောင်ခုတ်တော့ ထွန်ဆင်း၊
ထွန်ဆင်းတော့ မိုးရွာ၊
ဒီတစ်ခါရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး
မချိုးရင် ချိုးကပ်လိမ့်မယ် "

အဲဒီ တဘောင်လိုလို၊ ကဗျာလိုလို၊ လင်္ကာလိုလို စာကလေးက ကျွန်တော်တို့ ငယ်ငယ်ကတည်းက အဘိုးတွေ ပြောဖူးလို့ အလွတ်ရနေပါတယ်။ ဒါပေမယ့် ဘာမှန်းမသိခဲ့ပါဘူး။ မကြာသေးမှီသောကာလကမှ သေသေချာချာသိခဲ့ရတာကို မျှဝေခြင်းဖြစ်ပါတယ်။
"အင်းခန်း" ဆိုတာက အင်းကန်း ဆရာတော်ကြီးကို ဆိုလိုတာပါ။ ဒုတိယမြောက် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးတစ်ပါးပါ၊ ပထမ မဟာဝိသုဒ္ဓာရုံဆရာတော်ဘုရားြ
ကီးဖြစ်ပါတယ်။ သာသနာ့ သမိုင်းဝင် ဆရာတော်ကြီးဖြစ်ပါတယ်။
ဆိုလိုတာက အဲဒီ ဆရာတော်ကြီး မရှိတော့ - (အင်းခန်းတော့ လယ်တီ)
"လယ်တီ" ဆိုတာက လယ်တီဆရာတော်ကြီးဦးဉာဏ (1208-1285) ကိုပြောတာပါ။ ဒီပနီ ကျမ်းပေါင်းများစွာကို ြ့ပုစုပြီး (အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်န
ှင့် D.Litt ပိဋကတ္တယပါရဂူဘွဲ့) ကိုဆက်ကပ်ခံခဲ့ရသော ဆရာတော်ကြီးလည်းဖြစ်သည်။ အဲဒီ လယ်တီဆရာတော်ဘုရားကြီး ပြီးတော့ - (လယ်တီတော့ ငှက်ကျ)
"ငှက်ကျ" ဆိုတာက ငှက်တွင်းဆရာတော်ကြီးကို ပြောချင်တာပါ။ (ငှက်ကျတော့ ကြောင်ခုတ်)
"ကြောင်ခုတ်" ဆိုတာက ကြောင်ပန်းတောရ ဆရာတော်ကြီး(1222-1288) ရဟန်းဘွဲ့အမည် ဦးဣန္ဒက ဖြစ်ပါတယ်။ လယ်တီဆရာတော်ကြီးရဲ့ တပည့်လည်းဖြစ်ပါတယ်။
နောက် "ကြောင်ခုတ်တော့ ထွန်ဆင်း"
"ထွန်းဆင်း" ဆိုတာက စွန်းလွန်းဆရာတော်ကြီးဦးကဝ
ိ (1239-1314) ကိုပြောတာပါ။ ထွန်ထောင်ကိုယ်တော်၊ ထွန်းဆင်းကိုယ်တော့ စသည်ဖြင့် ခေါ်ကြပါတယ်။ ယာထွန်နေရင်း သတိသံဝေဂပြင်းပြသဖြင့် လူဝတ်ကြောင်မှ သာသနာဘောင်သို့ ဝင်ရောက်ခဲ့လို့ အဲလို ခေါ်ကြတာဖြစ်ပါတယ်။ ရဟန္တာရှင်မြတ်ကြီးလည်း ဖြစ်တော်မူတယ်။ ဒါပေမယ့် ပရိယတ်စာပေ ကျမ်းဂန် တတ်ကျွမ်းခြင်းမရှိပါဘူး။ (1314-ခု၊ ကဆုန်လပြည့်ကျော် (9)ရက်၊ စနေနေ့ညနေ 5 နာရီအချိန်တွင် ခန္ဓာဝန်ချတော်မူပါတယ်။)
"ထွန်းဆင်းတော့ မိုးရွာ"
"မိုးရွာ" ဆိုတာက မိုးကုတ်ဆရာတော်ကြီးကို ဆိုလိုတာပါ။
"ဒီတစ်ခါ ရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး"
ဆိုတာက မိုးကုတ်ဆရာတော်ကြီးက သစ္စာတရားများကို ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် ဟောကြားခဲ့ပါတယ်။ ပါဠိ သိပ်မပါပဲ မြန်မာလို လူပိန်းနားလည်နိုင်တဲ့ စကားလုံးများနဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ ခက်ခဲနက်နဲတဲ့ အဘိဓမ္မာသစ္စာတရားများကို ဟောကြားခဲပါတယ်။ ဆရာတော်ကြီး ဟောကြားတဲ့ သစ္စာတရားများဟာ မိုးရွာချသလိုပဲ များပြားလှပါတယ်။ ဒီတစ်ခါ ရွာချတဲ့ သစ္စာမိုးရေကို ချိုးမှ ကိလေသာ အညစ်အကြေးများ ကင်းစင်ကာ သံသရာမှာ ဒုက္ခမျိုးစုံနဲ့ မကျင်လည်ကြရတော့ပဲ ခရီးသွားခြင်းမှ ရပ်တန့်ကာ နိရောဓ (နိ=မရှိ၊ ရောဓ= သွားခြင်း။ နိရောဓ=သွားခြင်းမရှိ (သို့) ရပ်တန့်ခြင်း) ဆိုတဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနို
င်မှာဖြစ်ပါတယ်။
အကယ်၍ သစ္စာမိုးရေများကို မချိုးပဲ အဝိဇ္ဇာကဖုံးပြီး တဏှာနဲ့ဖွဲ့ချည်ထားတဲ့ ခန္ဓာအိမ်ထဲမှာပဲ ကိလေသာ တွေနဲ့ ပျော်နေမယ်ဆိုရင်တော့ ဒီဘဝက သေပြီးရင် ကုသိုလ်ကုန်တာနဲ့ အပါယ်လေးပါးမှာ ကျင်လည်ကြရမှာ ဖြစ်ပါတယ်။
တကယ်လည်း အဲဒီလင်္ကာထဲက လိုဖြစ်မှာသေချာပါတယ်။ ယ္ခုဘဝမှာ မှ သောတာပတ္တိမဂ်/
ဖိုလ် ကို ရအောင် အားထုတ်မထားရင် ငရဲအိုးက လွတ်ဖို့ မသေချာပါဘူး။ ယ္ခုဘဝပြုထားတဲ့ ကောင်းမှုကုသိုလ်တွေ ကြောင့် နတ်ပြည် ဗြဟ္မာပြည်ရောက် ကုသိုလ်ကံအရှိန်ကုန်တော့ ပြန်ကျ ကိုယ်လူ့ဘဝပြန်ရောက်တဲ့အချိန် သာသနာကွယ်ပီ။
ဆိုတော့ကာ အကုသိုလ်/
ကုသိုလ် မခွဲခြားတတ်တော့၊ သေတော့ အပါယ်ပြန်ကျ ဒီလိုနဲ့ သံသရာကြီးမှာ သုခအလျဉ်းမရှိ၊ ဒုက္ခအတိနဲ့ ကျင်လည်ကြရအုံးမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ခါရွာတဲ့မိုး ၊ ချိုးဖြစ်အောင်ချိုး ၊ မချိုးရင် ချိုးကပ်လိမ့်မယ် ဆိုတဲ့အတိုင်း ဆရာတော်ကြီးရဲ့ သစ္စာတရားများကို နာယူ၊ ကျင့်ကြံ၊ ပွားများ၊ အားထုတ် သင့်လှပါကြောင်း......။

http://attamyar.blogspot.sg/ မျှဝေပါသည်။

No comments:

Post a Comment