Search This Blog

Sunday, May 3, 2020

သကြားနှင့်ဆား စားမှသိ ( ဝေဘူဆရာတော် ဘုရားကြီး )

သကြားနှင့်ဆား စားမှသိ ( ဝေဘူဆရာတော် ဘုရားကြီး )


ဒကာကြီးရဲ့ သည်လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြော
မယ် မဟုတ်လား၊ ဒို့ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို့ကို
သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည်
တော့ ဒို့က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။ (တပည့်
တောက စားဖူးလို ပြောတတ်ပါတယ်ဘုရား။ မစားဘူတဲ့ပုဂ္ဂိုလ်များကတော့ မပြောတတ်ပါ
ဘုရား။) ဒို့က မစားဘူးလို့ သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။(ထန်းလျက်ထက် အ
များကြီး ကောင်းပါတယ် ဘုရား) ဒါဖြင့်ဒို့ကပြောမယ်၊သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက်
ထက်ကောင်းတယ် ဆိုတော့ဒို့ကသိပါ.မလား။ (မသိပါဘုရား)။

မေး။ သကြားအချို တကယ်သိအောင် ဒို့ကို ပြောစမ်းပါဦး။

ဖြေ။ သကြားအချို တကယ်သိအောင် မပြောတတ်အောင် ဖြစ်နေပါတယ်ဘုရား။

ဒကာကြီးက စားဖူးသားပဲ၊ ဘာကြောင့်မပြောတတ်ရမှာလဲ။(တပည့်တော်မပြောတတ်တော့ပါဘုရား၊

အရှင်ဘုရားပဲ ဘုဉ်းပေးကြည့်ပါလို.ပြောရမှာပါဘုရား။)

မေး။ သကြားရဲ့ ပုံသဏ္ဍာန် ပြောစမ်းပါ ဆိုတော့ဘယ့်နှယ် ပြောမလဲ။

ဖြေ။ ဆားနှင့်တူတယ်လိုပြောရမှာပါဘုရား။ ဒါပေမယ့်ဆားကတော့ ပုရွက်ဆိတ်မတက်ဘူး၊

သကြားကတော့ ပုရွက်ဆိတ်တက်တယ်၊အခုလိုပြောပေမယ့်၊ အရှင်ဘုရားသိမှာမဟုတ်ပါ ဘုရား။
ဒါဖြင့်ဘယ်တော့မှသိမှာလဲ။(အရှင်ဘုရားဘုဉ်းပေးမှ သိမှာပါဘုရား) သကြားပုံသဏ္ဍာန်က ဆားနှင့်တူတယ်ဆိုတော့ဒို့က ဆားရော သကြားရော ကောင်းကောင်းမမြင်ဖူးဘူး။ သည်တော့ ဆားနှင့် သကြားကွဲပြားအောင် ဘယ်လိုပြောမလဲ။

(ထုံးမှုန့် နှင့် ခပ်ဆင်ဆင် ပါဘုရား။) ဖြူဖြူဖွေးဖွေးလား။ ဒို့က ဆားကိုသာ မြင်ဖူးတော့ သည်ဆားကိုပဲ သကြားဆို ပြီး စားရောဗျာ၊သည်တော့ ဘယ်နှယ်လဲ၊သကြားအမှန်ကို တွေ့ပါ့မလား။(ဆားနဲ့ပဲတွေ့
မှပါဘုရား။)သည် တော့ဒို့ကမှတ်ရတော့မယ်။ သကြားဆိုတာ ငန်တာ ထင်ပါရဲ့လို.မှတ်ရတော.မယ်။ (တပည့်တော်ပာာ အနိစ္စဘယ်လို မှတ်ရမှန်း မသိသလို လွဲနေမှာပါပဲဘုရား။)

အဲသည်တော့ သကြားပုံသဏ္ဍာန်ကို လျှောက်ပြောရင် လွဲစရာတွေ အများကြီး ဖြစ်နေပြီ၊သေသေချာချာ ပြောမှဖြစ်မယ်။ (သကြားကိုယူလာပြီး အရှင်ဘုရား ဘုဉ်းပေးပါလို့

ပြောမှပဲ ဖြစ်မှာပါဘုရား။) သကြားတော့သိပြီပြောစမ်းပါလို့ဆိုတော့ဘယ့်နှယ်လဲ။
(ပြောတော့ပြောပါရစေနှင့်၊ဘုဉ်းပေး ပါလို.ပြောရမှာပါပဲဘုရား။) စားရင်ငန်မှာလား။

(သကြားစားရင်တော့ချိုမှာပါပဲ ဘုရား။)

မေး။ အဲသည်တော့ ဒကာကြီးက သကြားစားနေတဲ့ လူနားက ထိုင်ပြီး ချိုပြီ ချိုပြီ လို ပြောနေရ ဦးမှာလား။

ဖြေ။ မပြောရပါဘုရား။

မေး။ အဲသည်လိုပါးစပ်က မပြောတော့ သကြားကရောမချို တော့ဘူးလား။

ဖြေ။ ချိုတာပါပဲဘုရား၊ ပြောလဲ နားငြီးရုံ ရှိမှာပါ ဘုရား။

မေး။ သကြားဟာ စားသည်နှင့် တပြိုက်နက် ဘယ့်နှယ်လဲ။

ဖြေ။ အဟုတ်ဆိုရင် ချိုမှာပါပဲ ဘုရား။

မေး။ သည်ရဟန်းကတောထဲက ရဟန်းဗျာ့၊ ငါ အကုန်လုံး မချိုဘူး၊မြို့ထဲက ဒကာကြီးတွေ

လောက် ပြည့်ပြည့်စုံစုံမချိုပဲ တဝက်လောက် ချိုလိုက်မယ်၊လျော့ချိုလိုက်မယ်ဆိုပြီး ချိုမှာလား။

ဖြေ။ မျက်နှာမလိုက်ပဲ အတူတူချိုမှာပါ ဘုရား။

ဒါကြောင့် ခုနကရုပ်နာမ်များကိုလဲ ခုနက လိုမှတ်လေ။ သကြားလိုပဲ ချိုပါလိမ့်မယ်ဗျာ။
သည်လိုမှတ်ရင်း မှတ်ရင်း နဲ့ သကြား နဲ့ ဆားလွဲမှား နေဦးမှာလားဗျာ့။ ဒကာကြီးက ဆားနှင့် သကြားသေသေချာချာကွဲသလား။ဒကာကြီးဟာ ဈေးထဲကို မကြာမကြာရောက်သွားပြီး
ဆားဝယ်စမ်း ဆိုရင် သကြားဝယ်လာမှလား။(မမှားပါဘုရား၊ ကုလားကိုယ်တိုင် ဆားဆိုရင်
ဆားပဲ ပေးလိုက်တာပါပဲ ဘုရား)

အခုလဲ ကုလားကတောင် မမှားဘူးဆိုတော. အတု အတူမရှိတဲ့ ဘုရားရှင် သေသေချာချာ
ကိုယ်တော် တိုင်ထိုးထွင်းပြီး သိပါတဲ.အတိုင်း ဆင်းရဲကလွတ်ချင်တဲ. လူနတ်ဗြဟ္မာ တို့ကို
စား ဆိုပြီးသေသေချာချာပေးလိုက်တာပဲ၊ စားသာစား၊ မမှားပါဘူးဗျာ.၊ မှားမှားစိုးတာနှင့်
မစားဘဲနေတာလား။ (သည်အချိန်တောင်မ ရောက်သေးပါဘုရား၊ပြောတာ နားထောင်တုန်း
ပါပဲ ဘုရား။) ဒါဖြင့်ခုနကပြောသလိုစားဗျာ့၊ မမှားပါဘူးတဲဗျာ.၊အေး..ဘာကြောင့် မမှားသ
လဲဆိုရင် ရုပ်နာမ်ဆိုတဲ့ဟာ အစဉ်အမြဲ ဖြစ်ပြီးပျက်နေတာတွေ့ပဲ။

မေး။ ဒါပေမဲ့ဘာကြောင့် အခုမသိသေးသလဲဆိုရင် စားဆိုရုံနှင့် မစားဘဲနေရင်သိပါ.မလား။

ဖြေ။ မစားဘဲနှင့် ချိုတာငန်တာကိုမသိနိုင်ပါဘုရား။

အေး...အခုလဲ သည်လိုကတော့ သိနေတယ်။ဒါကရုပ်၊ဒါကနာမ်၊ဒါကသုတ်၊ဒါကဝိနည်း၊ဒါကအဘိဓမ္မာ၊ သည်လိုတော့သိနေပါပြီ။ဘုရားရှင် ဟောတာကိုတော့ မေတ္တာရှင်၊ကရုဏာရှင် တွေကလဲ မအားမပြတ်ရအောင် ညွှန်ကြားဆုံးမထားတော့ ဒါကသမထ၊ ဒါကဝိပဿနာ ဆိုပြီးသိနေတယ် မဟုတ်လား။(ဒါလဲ လုံးလုံးထွေးထွေးပါပဲဘုရား။) ထွေးလဲထွေးပစေ၊ အခုနလိုသာဂရုစိုက်ဗျာ့၊ နောက်ကျရင်လုံးထွေးမှာ မဟုတ်တော.ပါဘူး။သူ့ဟာနှင်. သူသီးသန့် နေပါမယ်ဗျာ.။

အရှေ့သွားတော့ အရှေ့ရောက်မယ်၊ အနောက်သွားတော့အနောက်ရောက်ပါတယ်။(တပည့်တော်က မျက်စိလည်ပြီး အရှေ့ကိုအနောက်မှတ်ပြီး လျှောက်နေမိမှာ စိုးပါတယ်ဘုရား။)သည်နေရာမှာတော့ရထားစီးသလိုပေါ.။ ဒကာကြီးက သည်ကနေပြီး ဘယ်ကိုစီးချင်သလဲ (မန္တ လေး စီးချင်ပါတယ်ဘုရား)

အေး..မန္တ လေးရထားသာ မှန်မှန်တက်စီး ၊တောင်ခေါင်းထဲသွားချင်သွားပါစေ၊ မဆင်းနဲ့အဲဒါဆင်းရင် လွဲသွားမှာပဲဗျာ.။ဆင်းသာမဆင်းနဲ့။မန္တလေးရောက်မှာပဲ။

ရထားကဘာတဲ့ဆိုရင် နှာသီးဖျား၊ နှာသီး၀ ကလေးကို လက်နှင့်ထိတော့ သိသလိုပဲ သည်လို စူးစူးစိုက်စိုက်ကလေးသာ သိနေ၊ အဲဒါ မီးရထား ပဲဗျာ၊ဘာတုံး ဆိုရင် မဂ္ဂင်တည်းဟူသာလှေ၊ မဂ္ဂင်တည်ဟူသောဖောင် သည်လိုပြောကြတယ်မဟုတ်လား။ စီးသာစီး မဂ် ဖိုလ်ရမယ်။

No comments:

Post a Comment