အခန်း(၈) ပစ္စည်းပိုင်း -၂
ပဋ္ဌာန်းဒေသနာနည်း
ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ´ ဟူ၍ ရှေးဦးစွာ ပစ္စည်းတရား ၂၄-ပါးကိုဖော်ပြပြီးလျှင် ထို့နောက်၌ ပစ္စည်း ပစ္စယုပ္ပန်နှင့် ပစ္စယသတ္တိတို့ကို အကျယ်တဝင့် ဟောကြားတော်မူ၏။
ပစ္စယ = ပစ္စည်း = အကြောင်းတရား
ပစ္စယုပ္ပန္န = ပစ္စယုပ္ပန် = အကျိုးတရား
ပစ္စယသတ္တိ = ပစ္စည်း တစ်မျိုးစီ၏ ကျေးဇူးပြုနိုင်သောသတ္တိ
ထို့ကြောင့် ပဋ္ဌာန်းနည်းသည် အကြောင်းအကျိုးဆက်သွယ်ပုံကိုသာမက ပစ္စယ သတ္တထူးကိုပါ ဖော်ပြသော နည်းဖြစ်၏။
၁။ ပစ္စယသတ္တိများ
ဗဟုသုတဖြစ်စိမ့်ငှာ ပစ္စည်း ၂၄-ပါးတို့၏ ပစ္စယသတ္တိများကို အကျဉ်း ဖော်ပြပါအံ့။
၁။ ဟေတု = ရေသောက်မြစ်သည် သစ်ပင်အားမြဲမြံခိုင်ခံ့သန်စွမ်းစွာ တည်စေခြင်းငှာ အကျိုးပြုသကဲ့သို့ ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခန့်သန်စွမ်းစွာ တည်နေအောင် ကျေးဇူးပြုကြ၏။
၂။ အာရမ္မဏ = ကြိုးတန်းနှင့် တောင်ဝှေးတို့သည် မစွမ်းသန်သော သူတို့အား ဆွဲတွယ်ထောက်တည်ရန်အလို့ငှာ ကျေးဇူးပြုသကဲ့သို့ အာရုံ ၆-ပါးတို့သည် စိတ်စေတသိက်တို့အား ဆွဲတွယ်ထောက်တည်ရာ အဖြစ်ဖြင့် ကျေးဇူးပြုကြ၏။
၃။ အဓိပတိ = စကြဝတေးမင်းသည် အထွတ်အထိပ် အချုပ်အခြာအာဏာတန်ခိုးဖြင့် တစ်ပါးသူတို့၏ ကြီးစိုးခြင်းကိုတားမြစ်၍ နိုင်ငံသားအပေါင်းတို့အား မိမိအလိုသို့ လိုက်ပါစေကာ ရှေ့ဆောင် အကြီးအကဲအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အာရမ္မဏာ ဓိပတိပစ္စည်းနှင့် သဟဇာတာဓိပတိပစ္စည်းတို့သည် ပစ္စယုပ္ပန်တရားတို့အား မိမိအလိုသို့ လိုက်ပါစေ၍ ရှေ့ဆောင်ပြီး အကြီးအကဲအဖြစ်ဖြင့် ကျေးဇူးပြုမူကို အဓိပတပစ္စယသတ္တိဟု ခေါ်၏။
၄။ အနန္တရ = ဧကရာဇ်ဘုရင်၏ နတ်ရွာလားခြင်းသည် သားကြီးရတနာအား မင်းအဖြစ် ဘိသိက်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေးရှေးဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ်စေတသိက်တို့အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုကြ၏။
၅။ သမနန္တရ = ဧကရာဇ်မင်း၏ အရညဝါသီတောရပ်မှီ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအားမင်းဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေ့ရှေ့ဖြစ်သော စိတ်စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ် စေတသိက်တို့အား ကောင်းစွာ အခြားမရှိစေဘဲ ကျေးဇူးပြုကြကုန်၏။
၆။ သဟဇာတ = ဆီမီးသည် မိမိ တောက်သည်နှင့် တစ်ပြိုင်နက် အရောင်အလင်းကို အတူတကွ ဖြစ်စေသကဲ့သို့ အကြောင်းတရားတို့ ဖြစ်ပေါ်လာကြသည်နှင့်တစ်ပြိုင်နက် အကျိုးတရားတို့အား တစ်ပြိုင်နက် အတူတကွ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုမူကို သဟဇာတပစ္စယသတ္တိဟုခေါ်၏။
၇။ အညမည = သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုသကဲ့သို့ အချင်းချင်းအပြန်အလှန် ကျေးဇူးပြုမူကို အညမညပစ္စယသတ္တိဟုခေါ်၏။
၈။ နိဿယ = လှေနှင့်လူသည် အချင်းချင်းမှီရာ ဖြစ်သကဲ့သို့ လည်းကောင်း၊ မြေကြီးသည် သစ်ပင်များနှင့်သတ္တဝါတို့၏ မှီရာဖြစ်သကဲ့သို့ လည်းကောင်း၊ ပစ္စယုပ္ပန်တရားတို့အား မှီရာအဖြစ်ဖြင့် ကျေးဇူးပြုမူကို နိဿယပစ္စယသတ္တဟုခေါ်၏။
၉။ ဥပနိဿယ = မိုးရေသည် မိမိကို မှီကုန်သော သစ်ပင်၊ သတ္တဝါတို့အား အားကြီးသော မှီရာ ဖြစ်သကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား အားကြီးသော မှီရာအဖြစ်ဖြင့် ကျေးဇူပြုမူကို ဥပနိဿယပစ္စယသတ္တိဟုခေါ်၏။
၁၀။ ပုရေဇာတ = ကမ္ဘာဦးအခါ၌ ဖြစ်ကြသော နေလတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တဝါတို့အားရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ ရှေး၌ဖြစ်နှင့်ပြီး နောက်၌ ဖြစ်ကြသော ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုမူကို ပုရေဇာတပစ္စယသတ္တိဟုခေါ်၏။
၁၁။ ပစ္ဆာဇာတ = ဠင်းတငယ်တို့၏ အာဟာရ၌ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ရှေး၌ ဖြစ်နှင့်ပြီးသော ခန္ဓာကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုမူကို ပစ္ဆာဇာတပစ္စယသတ္တိဟုခေါ်၏။
၁၂။ အာသေဝန = ရှေးရှေး၌ ထုံအပ်သော နံ့သာသည် နောက်နောက်၌ ထုံအပ်သည့် နံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားစေလျက် ခိုင်မြဲစွာဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ရှေ့ရှေ့၌ ကျမ်းဂန်သင်ကြားခြင်းသည် နောက်နောက်၌ ကျမ်းဂန်သင်ကြားခြင်းကို လွယ်ကူထက်သန်အားရှိေအောင် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ထို့အတူ နောက်နောက်ဇောတို့အား ထက်သန်အားရှိအောင် အထုံအဟုန် ပေးသည့်အနေဖြင့် ရှေ့ရှေ့ဇောတို့၏ ကျေးဇူးပြုမူကို အာသေဝနပစ္စယသတ္တိဟုခေါ်၏။
၁၃။ ကမ္မ = ကောင်းစွာ သိုမှီးသိမ်းဆည်း စီရင်ထားသော မျိုးစေ့သည် အညွှန့်အညှောက်နှင့်တကွ အပင်သစ်ကို ဖြစ်စေသကဲ့သို့ ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်တို့ဖြစ်ဖို့ရန် မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုမူကို ကမ္မပစ္စယသတ္တိဟုခေါ်၏။
၁၄။ ဝိပါက = ချမ်းအေးသောလေသည် ချမ်းအေးသည့်အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ အေးယာဉ်စီးသော သူငယ်အား သီချင်သံဖြင့် ကျူးရင့်ဘိသကဲ့သို့ လည်းကောင်း၊ ပစ္စယုပ္ပန် တရားတို့အား ကြိယာ ဗျာပါရကင်းစေ၍ မှေးမှိန် ငြိမ်သက်စွာဖြစ်စေသောအဖြစ်ဖြင့် ကျေးဇူးပြုမူကို ဝိပါကပစ္စယသတ္တဟုခေါ်၏။
၁၅။ အာဟာရ = မိဘတို့သည် သားသမီးတို့ကို ဖြစ်ထွန်းလာစေပြီးနောက် စောင့်ရှောက်ထောက်ပံ့ ထမ်းဆောင်ထားသကဲ့သို့ လည်းကောင်း၊ အိမ်အိုးကို ထောက်ကန်ထားသော ကျားတိုင်တို့သည် အိမ်အိုအား ခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ပစ္စယုပ္ပန်တရားတို့အား ဖြစ်စေခြင်း၊ ထက်သန်အားကောင်းအောင် စောင့်ရှောက် ထောက်ပံ့ထမ်းဆောင်ခြင်း ကိစ္စတို့ဖြင့် ကျေးဇူးပြုမူကို အာဟာရပစ္စယသတ္တိဟုခေါ်၏။
၁၆။ ဣန္ဒြိယ = နိုင်ငံတစ်နိုင်ငံ၌ တိုင်းရေး ပြည်ရေးကိစ္စများကို ခွဲဝေစီမံအုပ်ချုပ်ကြသော ဝန်ကြီးများသည် မိမိနှင့်ဆိုင်သော ကိစ္စရပ်များ၌ အခြားဝန်ကြီးများနှင့် ပြည်သူတို့အား မိမိ၏အလိုသို့ လိုက်ပါစေ၍ အစိုးရသည်အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား မိမိအလိုသို့ လိုက်ပါစေ၍ အစိုးရသည် အဖြစ်ဖြင့် ကျေးဇူးပြုမူကို ဣန္ဒြိယပစ္စယသတ္တိဟုခေါ်၏။
၁၇။ ဈာန = ထောင်ဖျား၊ သစ်ပင်ဖျားသို့တက်ပြီး ကြည့်သောသူသည် အဝေးအနီးအရပ်တို့ကို မြင်ခြင်းဟူသည့် အကျိုးကျေးဇူးကိုရသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား အာရုံသို့ ရှေးရူစူးစိုက်ပြီး ရူစေသည့်အဖြစ်ဖြင့် ကျေးဇူးပြုမူကို ဈာနပစ္စယသတ္တိဟု ခေါ်၏။
၁၈။ မဂ္ဂ = ဤမှာဘက်မှာ ထိုမှာဘက်သို့ ကူးသွားသော သူသည် ဤမှာဘက်မှ လွတ်မြောက်ကြောင်းဖြစ်သကဲ့သို့ လည်းကောင်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလာသောသူသည် ထိုမှာဘက်မှ လွတ်မြောက်ကြောင်း ဖြစ်သကဲ့သို့ လည်းကောင်း၊ လက်ရှိဘဝမှ သုဂတိ (သို့မဟုတ်) ဒုဂ္ဂတိဘဝသို့ရောက်ကြောင်း မဂ်ဖြစ်၍ ထွက်မြောက်ရန် ကျေးဇူးပြုမူကို မဂ္ဂပစ္စယသတ္တိဟုခေါ်၏။
၁၉။ သမ္ပယုတ္တ = နှမ်းဆီ၊ ထောပတ်၊ ပျားရည်၊ သကာ ဟူသော စတုမဓုလေးပါးသည် ဝဲ၊ ယာ၊ ရှေ့၊ နောက်၊ ထက်၊ အောက်၊ တွင်၊ ပြင် ရွေးချယ်မရအောင် ရောနှောသမနေသကဲ့သို့ တစ်ခုတည်းဖြစ်ခြင်း ချုပ်ခြင်းရှိအောင် အတူတကွယှဉ်ခြင်းဖြင့် ကျေးဇူးပြုမူကို သမ္မယုတ္တပစ္စယသတ္တိဟုခေါ်၏။
၂၀။ ဝိပ္ပယုတ္တ = ခြောက်ပါးသော အရသာတို့သည် အချင်းချင်း မနှီးမနှော ရောပြွမ်းသောအားဖြင့် ကျေးဇူပြုသကဲ့သို့ လည်းကောင်း၊ ရွှေမကိုဋ်၌ ခြယ်စီထားသော ရတနာကျောက်မျက်တို့သည် ရွှေနှင့် အချင်းချင်းမရောယှက်ကြသကဲ့သို့ လည်းကောင်း၊ ထို့အတူ နာမ်ရုပ်တရားတို့သည် အချင်းချင်း မှီတွယ်ဖွဲ့စပ်၍ ဖြစ်ကြငြားသော်လည်း ဧကုပ္ပါဒ စသည်ဖြစ်အောင် တစ်လုံးတစ်ဝတည်း မရောယှက်သည်အဖြစ်ဖြင့် ကျေးဇူးပြုမူကို ဝိပ္ပယုတ္တပစ္စယသတ္တိဟုခေါ်၏။
၂၁။ အတ္ထိ = ဟိမဝန္တာတောင်မင်းသည် မိမိကို မှီ၍ ဖြစ်ကြသော သစ်ပင်ပန်းပင် စသည်တို့အား ရှင်သန်ပြန့်ပွားစေခြင်းငှာ မိမိထင်ရှား ရှိနေခြင်းအားဖြင့် ကျေးဇူးပြုဘိသကဲ့သို့ လည်းကောင်း၊ ပြည့်ရှင်မင်းသည် သားမယားမှစ၍ တိုင်းသူပြည်သားအပေါင်းတို့အား ထက်သန်အားရှိအောင် မိမိအသက်ရှင်စဉ် မိမိထင်ရှားတည်နေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ပစ္စယုပ္ပန်တရားတို့အား ထက်သန်အားရှိအောင် ထင်ရှားစွာတည်ရှိသည်အဖြစ်ဖြင့် ကျေးဇူးပြုမူကို အတ္ထိပစ္စယသတ္တိ ဟုခေါ်၏။
၂၂။ နတ္ထိ = ညဥ့်၏ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင် ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ဘုရင်မင်းမြတ်၏ နတ်ရွာစံခြင်းသည် မိမိသားကြီးအား ဘုရင်ဖြစ်ခွင့်ကို အပ်နင်းသကဲ့သို့ လည်းကောင်း၊ မိမိချုပ်ငြိမ်း၍ မရှိခြင်းဖြင့် ကျေးဇူးပြူမူကို နတ္တိပစ္စယသတ္တိဟုခေါ်၏။
၂၃။ ဝိဂတ = နေ၏ဝင်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုမူကို ဝိဂတပစ္စယသတ္တိဟုခေါ်၏။
၂၄။ အဝိဂတ = မဟာသမုဒ္ဒရာသည် မိမိကို မှီကြကုန်သော ငါးလိပ်မကာရ်းစသည်တို့အား ပီတိသောမနဿပွားစေခြင်းငှာ မိမိ၏ မကင်းသည်အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုမူကို အဝိဂတပစ္စယဟုခေါ်၏။
ပစ္စည်းအကျဉ်း ၆-မျိုး
ပဋ္ဌာန်းပစ္စည်း ၂၄-ပါးတို့ကို သဘောတူရာ ပေါင်းစုလျှင် ပစ္စည်း ၆-မျိုးကို ရ၏။
၁။ နာမ်သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်း ၆-ပါး။ နာမ်ဖြစ်၍ နာမ်အားသာလျှင် ကျေးဇူးပြုကြသော ပစ္စည်းတို့သည် အနန္တရ၊ သမနန္တရ၊ အာသေဝန၊ သမ္ပယုတ္တ၊ နတ္ထိ၊ ဝိဂတ တို့ ဖြစ်ကြ၏။
၂။ နာမ်သည် နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်း ၅-ပါး။ နာမ်ဖြစ်၍ နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုကြသော ပစ္စည်းတို့သည် ဟေတု၊ ဈာန၊ မဂ္ဂ၊ ကမ္မ၊ ဝိပါကတို့ ဖြစ်ကြ၏။
၃။ နာမ်သည် ရုပ်အားသာ ကျေးဇူးပြုသော ပစ္စည်း ၁-ပါး။ နာမ်ဖြစ်၍ ရုပ်အားသာလျှင် ကျေးဇူးပြုသော ပစ္စည်းသည် ပစ္ဆာဇာတ ဖြစ်၏။
၄။ ရုပ်သည် နာမ်အားကျေးဇူးပြုသော ပစ္စည်း ၁-ပါး။ ရုပ်ဖြစ်၍ နာမ်အားသာလျှင် ကျေးဇူးပြုသော ပစ္စည်းသည် ပုရေဇာတ ဖြစ်၏။
၅။ နာမ်ရုပ်ပညတ်တို့သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်း ၂-ပါး။ နာမ်ရုပ် ပညတ်ဖြစ်၍ နာမ်အားသာလျှင် ကျေးဇူးပြုသော ပစ္စည်းတို့သည် အာရမ္မဏနှင့် ဥပနိဿယတို့ ဖြစ်ကြ၏။
၆။ နာမ်ရုပ် ၂-ပါးက နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုကြသော ပစ္စည်း ၉-ပါး။ နာမ်ရုပ် ၂-ပါးစုံဖြစ်၍ နာမ်ရုပ် ၂-ပါးစုံအား ကျေးဇူးပြုကြသော ပစ္စည်းတို့သည် အဓိပတ္တိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ ဖြစ်ကြ၏။
ပစ္စည်း ၆-မျိုးတို့၏ ကျေးဇူးပြုပုံများ
၁။ နာမ်သည် နာမ်အား ကျေးဇူးပြုပုံမှာ -
အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီးသော စိတ်စေတသိက်တို့သည် အကြောင်းကိုစွဲ၍ ဖြစ်ကုန်သော စိတ်စေတသိက်တို့အား အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏။
ရှေးရှေးဖြစ်သော ဇောတို့သည် နောက်နောက်ဖြစ်သော ဇောတို့အား အာသေဝနပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏။
အတူတကွ ဖြစ်ကြကုန်သော စိတ်စေတသိက်တို့သည် အချင်းချင်းအား သမ္ပယုတ္တပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏။
၂။ နာမ်သည် နာမ်ရုပ်အား ကျေးဇူးပြုပုံမှာ -
ဟိတ်၊ ဈာနင်၊ မဂ္ဂင်တို့သည် အတူတကွ ဖြစ်ကြကုန်သော နာမ်ရုပ်တို့အား ဟေတု၊ ဈာန၊ မဂ္ဂပစ္စည်းတို့၏ အစွမ်းဖြင့် ကျေးဇူပြုကြ၏။
တကွဖြစ်သော စေတနာသည် တကွဖြစ်သော နာမ်ရုပ်တို့အား လည်းကောင်း၊ အသီးသီးသော ခဏတို့၌ ဖြစ်ကြသော စေတနာတို့သည် ကံကြောင့်ဖြစ်သော နာမ်ရုပ်တို့အား လည်းကောင်း၊ ကမ္မပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏။
ဝိပါက်နာမက္ခန္ဓာတို့သည် အချင်းချင်းအား လည်းကောင်း၊ အတူတကွဖြစ်ကုန်သော ရုပ်တို့အား လည်းကောင်း၊ ဝိပါကပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏။
၃။ နာမ်သည် ရုပ်အားကျေးဇူးပြုပုံမှာ -
နောက်နောက်၌ ဖြစ်ကုန်သော စိတ်စေတသိက်တို့သည် ရှေ့ရှေ့၌ ဖြစ်ကုန်သော ရူပကာယအား ပစ္ဆာဇာတပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြု၏။
၄။ ရုပ်သည် နာမ်အား ကျေးဇူးပြုပုံမှာ -
ဝတ္ထုရုပ် ၆-ပါးတို့သည် ပဝတ္တိအခါ၌ ဝိညာဏဓာတ် ၇-ပါးတို့အား လည်းကောင်း၊ အာရုံ ၅-ပါးတို့သည် ပဉ္စဝိညာဏဝီထိတို့အား လည်းကောင်း၊ ပုရေဇာတပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏။
၅။ ပညတ် နာမ် ရုပ်က နာမ်အား ကျေးဇူးပြုသော -
၂-ပစ္စည်းကား အာရမ္မဏနှင့် ဥပနိဿယတို့တည်း။
အာရမ္မဏပစ္စည်းသည် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံတို့ ဖြစ်ကြ၏။ ဤအာရုံတို့သည် စိတ်စေတသိက်တို့အား အာရမ္မဏသတိဖြင့် ကျေးဇူးပြုကြ၏။
ဥပနိဿယပစ္စည်းသည် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယဟု ၃-မျိုးပြား၏။ ထို ၃-မျိုးတွင် အလေးဂရုပြုအပ်သော အာရုံသည်ပင်လျှင် အာရမ္မဏူပနိဿယ ပစ္စည်းမည်၏။ အခြားမဲ့ဖြစ်၍ ချုပ်ပြီးကုန်သော စိတ်စေတသိက်တို့သည် အနန္တရူပနိဿယပစ္စည်းမည်၏။ ပကတူပနိဿယပစ္စည်းကား များပြားလှ၏။
ရာဂအစရှိသော အကုသိုလ်တရားတို့သည် လည်းကောင်း၊ သဒ္ဓါအစရှိသော ကုသိုလ်တရားတို့သည် လည်းကောင်း၊ ကာယိကသုခသည် လည်းကောင်း၊ ကာယိကဒုက္ခသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း၊ ဘောဇဉ်သည် လည်းကောင်း၊ ဥတုသည် လည်းကောင်း၊ ကျောင်း, အိမ်ရာ, နေရာတို့သည် လည်းကောင်း၊ ပကတူပနိဿယပစ္စည်းများဖြစ်ကြပြီး ထိုက်သည့်အားလျော်စွာ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်တို့၌ နောင်ဖြစ်ပေါ်လာကြမည့် အကုသိုလ်, ကုသိုလ်, ဝိပါက်, ကြိယာတို့အား ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။
၆။ နာမ်ရုပ် ၂-ပါးက နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုပုံမှာ -
အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပယုတ္တ၊ အတ္ထိ၊ အဝိဂတ ဟူသော ပစ္စည်း ၉-ပါးတို့သည် ထိုက်သည့်အားလျောင်စွာ ၉-ပစ္စယ သတ္တိတို့ဖြင့် နာမ်ရုပ်တို့အား ကျေးဇူးပြုကြကုန်၏။
ဤတွင် အဓိပတိပစ္စည်းသည် အရမ္မဏာ ဓိပတိ၊ သဟဇာတာ ဓိပတိဟူ၍ ၂-မျိုးပြား၏။ အာရမ္မဏာ ဓိပတိဟူသည်မှာ သာမန်အာရုံ, အလေးဂရုပြုအပ်သော အာရုံ ၂-ပါးတို့တွင် အာရုံမပြုလျှင် မနေနိုင်လာက်အောင် စိတ်ကို ဆွဲဆောင်နိုင်သော ဂရုကတအာရုံမျိုးဖြစ်၏။
သဟဇာတာဓိပတိပစ္စည်း ၄-ပါးတို့သည် တကွဖြစ်ကြကုန်သော နာမ်ရုပ်တို့အား သဟဇာတာဓိပတိပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြုကြ၏။
သဟဇာတပစ္စည်းတို့သည် စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ စတုဇမဟာဘုတ် ၄-ပါး၊ ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါးနှင့် ဟဒယဝတ္ထုတို့ ဖြစ်ကြ၏။
စိတ်စေတသိက်တို့သည် အချင်းချင်းအား လည်းကောင်း၊ တကွဖြစ်သော ရုပ်တို့အားလည်းကောင်း၊ သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြ၏။
မဟာဘုတ် ၄-ပါးတို့သည် အချင်းချင်းအား လည်းကောင်း၊ ဥပါဒါရုပ်တို့အား လည်းကောင်း၊ သဟဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုကြ၏။
ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုနှင့် ဝိပါက်နာမက္ခန္ဓာတို့သည် အချင်းချင်းအား သဟဇာတ ပစ္စယသတိဖြင့် ကျေးဇူးပြုကြ၏။
အညမညပစ္စည်းတို့သည် စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ စတုဇမဟာဘုတ် ၄-ပါး၊ ပဉ္စဝေါကာရ ပဋိသန္ဓေ ၁၅-ပါးနှင့် ဟဒယဝတ္ထုတို့ပင် ဖြစ်ကြ၏။
စိတ်စေတသိက်တို့သည် အချင်းချင်းအား လည်းကောင်း၊ မဟာဘုတ် ၄-ပါးတို့သည် အချင်းချင်းအား လည်းကောင်း၊ ဟဒယဝတ္ထုနှင့် ဝိပါက်နာမက္ခန္ဓာတို့သည် အချင်းချင်းအား လည်းကောင်း၊ အညမည ပစ္စယသတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။
နိဿယပစ္စည်းတို့သည် သဟဇာတ နိသယနှင့် ပုရေဇာတ နိဿယဟူ၍ ၂-မျိုးပြား၏။ သဟဇာတ နိဿယပစ္စည်းတို့သည် မဇ္ဈိမာယုကပသာဒ ၅-ပါး၊ ပဋိသန္ဓေစိတ် စသည့် ရှေ့ရှေ့အနန္တရစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၊ နိရောဓသမာပတ်မှထသည့်အခါ ရှေ့စိတ္တက္ခဏ တစ်ချက်စာကာလ၌ဖြစ်သော ဟဒယဝတ္ထု၊ မရဏာသန္နအခါစုတိစိတ်မှ အထက် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုတို့ ဖြစ်ကြ၏။
(၁) စိတ်စေတသိက်တို့သည် အချင်းချင်းအား လည်းကောင်း၊ (၂) မဟာဘုတ် ၄-ပါးတို့သည် အချင်းချင်းအား လည်းကောင်း၊ ဥပါဒါရုပ်အား လည်းကောင်း၊ (၃) ဝတ္ထုရုပ် ၆-ပါးတို့သည် ဝိညာဏဓာတ် ၇-ပါးတို့အား လည်းကောင်း၊ နိဿယပစ္စယာသတ္တိဖြင့် အသီးသီးကျေးဇူးပြုကြကုန်၏။
အာဟာရပစ္စည်းသည် ရုပ်အာဟာရနှင့် နာမ်အာဟာရဟူ၍ ၂-မျိုးရှိ၏။ ရုပ်အာဟာရသည် အဇ္ဈတ္တစတုဇသြဇာနှင့် စားသောက်မျိုသွင်းအပ်သည့် အစာအာဟာရ၌ ပါရှိသော ဗဟိဒ္ဓသြဇာဖြစ်၏။ နာမ်အာဟာရမှာ ဖဿ၊ စေတနာနှင့် ဝိညာဏ်တို့ ဖြစ်ကြ၏။
အလုပ်အလွေးပြုအပ်သော ရပ်အာဟာရသည် ဤရူပကာယအား လည်းကောင်း၊ နာမ်အာဟာရတို့သည် တကွဖြစ်ကုန်သော နာမ်ရုပ်တို့အား လည်းကောင်း၊ အာဟာရပစ္စယသတ္တိဖြင့် အသီးသီး ကျေးဇူးပြုကြကုန်၏။
ဣန္ဒြိယပစ္စည်း၏ ကျေးဇူးပြုပုံမှာ (၁) ပသာဒရုပ် ၅-ပါးတို့သည် ပဉ္စဝိညာဏ်တို့အား လည်းကောင်း၊ (၂) ရူပဇီဝိတိနြေ္ဒသည် ဥပါဒိန္ဒ(ကမ္မဇ) ရုပ်တို့အား လည်းကောင်း၊ (၃) နာမ်ဣနြေ္ဒ ၈-ပါးတို့သည် အတူတကွ ဖြစ်ကြသော နာမ်ရုပ်တို့အား လည်းကောင်း၊ ဣန္ဒြိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။
နာမ်ဣနြေ္ဒ ၈-ပါးမှာ နာမ်ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိနှင့် ပညာတို့ ဖြစ်ကြကုန်၏။
ဝိပ္ပယုတ္တပစ္စည်း၏ ကျေးဇူးပြုပုံမှာ -
(၁) ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထုသည် ဝိပါက်ခန္ဓာအား လည်းကောင်း၊ စိတ်စေတသိက်တို့သည် တကွဖြစ်သော ရုပ်တို့အား လည်းကောင်း၊ သဟဇာတ ဝိပ္ပယုတ္တပစ္စည်း၏ အစွမ်းအားဖြင့် ကျေးဇူးပြုကြ၏။
(၂) နောက်နောက်၌ဖြစ်ကုန်သော စိတ်စေတသိက်တို့သည် ရှေးရှေး၌ဖြစ်သော ဤရူပကာယအား ပစ္ဆာဇာတဝိပ္ပယုတ္တ ပစ္စည်း၏ အစွမ်းဖြင့်ကျေးဇူးပြု၏။
(၃) ဝတ္ထုရုပ် ၆-ပါးတို့သည် ပဝတ္တိအခါ၌ ဝိညာဏဓာတ် ၇-ပါးတို့အား ပုရေဇာတဝိပ္ပယုတ္တ ပစ္စည်း၏ အစွမ်းဖြင့် ကျေးဇူးပြု၏။
အတ္ထိပစ္စည်းနှင့် အဝိဂတပစ္စည်းတို့ကား ရှေး၌ပြုခဲ့သော သဟဇာတမျိုး၊ ပုရေဇာတမျိုး၊ ပစ္ဆာဇာတမျိုး၊ ကဗဠီကာရအာဟာရနှင့် ရူပဇီဝိတိနြေ္ဒတို့တည်း။ ဤပစ္စည်းတို့သည် ထိုက်သည့်အားလျော်စွာ နာမ်ရုပ်တို့အား အတ္ထိပစ္စယသတ္တိ အဝိဂတပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုကြကုန်၏။
ပညတ် ၂-မျိုး
ပညတ်တရားသည် အတ္ထပညတ်နှင့် သဒ္ဒပညတ်ဟူ၍ ၂-မျိုး ရှိ၏။
အတ္တပညတ်သည် သူတစ်ပါးကို နားလည်အောင် ပြောပြအပ်၊ သိစေအပ်သော အကြောင်းအရာအနက် ဒြပ်များဖြစ်ကြ၏။ ထိုအနက်ဒြပ်ဟူသည်မှာ စိတ်၌ထင်လာသမျှသော အကောင်အထည် ဝတ္ထုတိုပင်တည်း။
သဒ္ဒပညတ်သည် စကားသံဖြစ်၏။ ပါဠိစကားသံ၊ မြန်မာစကားသံ၊ အင်္ဂလိပ်စကားသံ၊ ထိုထိုစကားသံ(သဒ္ဒါ) ဟူသမျှသည် မိမိတို့ ဘာသာအလျောက် ဆိုလိုရာအနက်ဒြပ်၊ အထည်ဝတ္ထုတစ်ခုခုကို အမျိုးမျိုးအစားစားအားဖြင့် သိစေသည်ချည်းဖြစ်၏။ ဤသို့ အပြောအားဖြင့် သိစေအပ်သောကြောင့် စကားသံကို သဒ္ဒပညတ်ဟုခေါ်၏။
အတ္ထပညတ်အကျယ်
အတ္ထပညတ်အမျိုးမျိုးကို ဆွေးနွေးရာ၌ ဗဟိဒ္ဓအဋ္ဌကကလာပ်ရုပ်အစုတို့ကို `မဟာဘုတ်´ ဟူ၍သာ ခေါ်ဝေါ်သုံးစွဲသွားပါမည်။
၁။ သန္တာနပညတ်
မဟာဘုတ်တို့၏ ပေါင်းစုတည်နေပုံ အခြင်းအရာ (ဝါ) မဟာဘုတ်တို့၏ တွဲယှက်တည်နေပုံ အစဉ်သန္တာန်ကိုစွဲ၍ သမုတ်ထားအပ်သော အမည်ပညတ်များကို သန္တာန်ပညတ်ဟု ခေါ်၏။ သမူဟပညတ်ဟုလည်းခေါ်၏။
ပုံစံ။ ။မဟာဘုတ်တို့၏ ပြန့်ကျယ်ပြားချပ်လျက် တွဲယှက်တည်နေပုံ အခြင်းအရာကို အာရုံပြု၍ ဤအရာသည် `ဘူမိ´(မြေကြီး)ဟု အမည် သမုတ်အပ်၏။
မဟာဘုတ်တို့ တွဲယှဉ်ကာ မို့မောက်မတ်စောက်စွာ စုပုံတည်နေသော အခြင်းအရာကို အာရုံပြု၍ ဤအရာသည် `ပဗ္ဗတ´(တောင်)ဟု အမည်သမုတ်အပ်၏။
၂။ သဏ္ဌာနပညတ်
မဟာဘုတ်များ အစဉ်အဆက် တွဲယှက်ကာ ပေါင်းစုတည်နေဟန် ပုံသဏ္ဌာန်ကိုစွဲ၍ သမုတ်ထားအပ်သော အမည်ပညတ်များကို သဏ္ဌာနပညတ်ဟုခေါ်၏။ သမူဟပညတ်ဟုလည်းခေါ်သေးသည်။
ပုံစံ။ ။ ဂေဟ(အိမ်)၊ ရထ(ရထား)၊ သကဋ(လှည်း)၊ ဂါမ(ရွာ)၊ ဃဋ(အိုး)၊ ပဋ(ပုဆိုး)။
၃။ သတ္တပညတ်
ခန္ဓာငါးပါး အပေါင်းအစု ဖြစ်ကြသည့် သတ္တဝါများကိုစွဲ၍ သမုတ်ထားအပ်သော အမည်ပညတ်များကို သတ္တပညတ်ဟု ခေါ်၏။
ပုံစံ။ ။ ပုရိသ(ယောက်ျား)၊ ဣတ္ထိယ(မိန်းမ)၊ ပုဂ္ဂလ်(ပုဂ္ဂိုလ်)
၄။ ဒိသာပညတ်
နေလနက္ခတ်တို့၏ အသွားအလာကိုစွဲ၍ ထိုဂြိုဟ်နက္ခတ်တို့ ရှေးဦးစွာ ထွက်ပေါ်လာသောအရပ်ကို `ပုဗ္ဗဒိသာ = ပုရတ္ထိမဒိသာ´ (အရှေ့အရပ်)ဟု လည်းကောင်း၊ ထိုဂြိုလ်နက္ခတ်တို့ နောက်ဆုံးဖြစ်ရာအရပ်ကို `ပစ္ဆိမဒိသာ´ (အနောက်အရပ်)ဟု လည်းကောင်း၊ လက်ယာဘက်အရပ်ကို `ဒက္ခိဏဒိသာ´ (တောင်အရပ်)ဟု လည်းကောင်း၊ လက်ဝဲဘက်အရပ်ကို `ဥတ္တရဒိသာ´ (မြောက်အရပ်)ဟု လည်းကောင်း ပညတ်ထားကြ၏။ ဤသို့ အရပ်မျက်နှာနှင့် ပတ်သက်သော အမည်ပညတ်များကို ဒိသာပညတ်ဟုခေါ်၏။
၅။ ကာလပညတ်
အချိန်ကာလကိုစွဲ၍ သတ်မှတ်ထားသည့် အမည်ပညတ်များကို ကာလပညတ်ဟုခေါ်၏။
ပုံစံ။ ။ `ပုဗ္ဗဏှ´(နံနက်ပိုင်း)၊ `မဇ္ဈဏှ´(နေ့လည်ပိုင်း)၊ `အပရဏှ´(ညနေပိုင်း)
ဥတုရာသီကိုစွဲ၍ သမုန်ထားသော ပညတ်များကို ဥတုပညတ်ဟုခေါ်၏။
၆။ အာကာသပညတ်
မဟာဘုတ်ရုပ်ကလာပ်တို့ ထိစပ်ခြင်းမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေပုံကို အာရုံပြု၍ သမုတ်ထားသည့် အမည်ပညတ်များကို အာကာသပညတ်ဟုခေါ်၏။
ပုံစံ။ ။ ကုပ(တွင်း)၊ ဂုဟာ(ဂူ)၊ လေဏ(လိုဏ်)၊ ဆိဒ္ဒ(အပေါက်)။
၇။ ကသိဏပညတ်
လွန်ကဲသော မဟာဘုတ်၏ အာရုံကို စွဲ၍ ပထဝီဓာတ်လွန်ကဲသော ရုပ်ကလာပ် မြေအဝန်းကို `ပထဝီကသီဏ´ (မြေကသိုဏ်း)၊ အာပေါဓာတ်လွန်ကဲသော ရုပ်ကလာပ်ရေအယဉ်ကို `အာပေါကသိဏ´ (ရေကသိုဏ်း) စသည်ဖြင့် ပညတ်ထားကြ၏။ ဤအမည်ပညတ်များကို ကသိဏပညတ်ဟုခေါ်၏။
ကမ္မဋ္ဌာန်းဘာဝနာအစဉ်ထူးကိုစွဲ၍ ပညတ်ထားသည့် `ပရိကမ္မနိမိတ်´ `ဥဂ္ဂဟနိမိတ်´ `ပဋိဘာဝနိမိတ်´တို့ကို နိမိတ္တပညတ်ဟု ခေါ်၏။
မှတ်ချက်။ ။ အတ္တပညတ်စုသည် ပရမတ္တအားဖြင့် ထင်ရှား မရှိပါ။ ပရမတ္တတရားတို့ကို စွဲ၍ ထင်ယောင်မြင်ယောင်ဖြစ်လာသော စိတ်စေတသိက်တို့၏ အာရုံမျှသာ ဖြစ်၏။ စိတ္တုပ္ပါဒ်၌ ထင်လာသော အခြင်းအရာ အရိပ်အယောင်မျှသာဖြစ်၏။
သဒ္ဒပညတ်အကျယ်
ဘာသာစကားအမျိုးမျိုး၏ စကားသံတို့သည် သဒ္ဒပညတ်ချည်းဖြစ်ကြ၏။ သဒ္ဒပညတ်ဟူသမျှသည်လည်း နာမ၊ နာမကမ္မ၊ နာမဓေယျ၊ နိရုတ္တိ၊ ဗျဉ္ဇန၊ အဘိလာပ ဟုအမည် ၆-မျိုးရ၏။ လူတစ်ဦးက အမည် ၆-မျိုးရသကဲ့သို့တည်း။
၁။ နာမမည်ပုံ
`နာမ´ သဒ္ဒါသည် `အနက်သို့ညွှတ်တတ်၏´(ဝါ) `မိမိထံသို့ အနက်ကို ညွတ်လာစေတတ်၏´ ဟု အဓိပ္ပာယ်ရ၏။
ပုံစံ။ ။ `ဘူမိ´ သဒ္ဒါသည် `မြေကြီး´ ဟူသော အနက်ကို ဟောစွမ်းနိုင်၏။ ထိုသို့ ဟောစွမ်းနိုင်သော သတ္တိရှိသည့် အားလျော်စွာ `မြေကြီး´ဟူသည့်အနက်ကို ဟောဖို့ရာ အမြဲညွတ်နေသကဲ့သို့ ဖြစ်၏။
ထို့အပြင် ထိုသို့ ဟောစွမ်းနိုင်သော သတ္တိရှိသည့် အားလျော်စွာ `ဘူမိ´ သဒ္ဒါသည် `မြေကြီး´ ဟူသော အနက်ကို မိမိ၏ ဟောနက်အဖြစ်ဖြင့် အမြဲကိုင်းညွတ်လာစေသကဲ့သို့ ရှိ၏။
ထို့ကြောင့် `ဘူမိ´ သည် `နာမ´ဟူသော အမည်ကို ရ၏။
၂။ နာမကမ္မမည်ပုံ
ထို `ဘူမိ´ဟူသော သဒ္ဒါသည်ပင် အရေးပါအပ်သော အမည်နာမဖြစ်ခြင်းကြောင့် `နာမကမ္မ´ဟု အမည်ရပြန်၏။
၃။ နာမဓေယျမည်ပုံ
ထို `ဘူမိ´ဟူသော သဒ္ဒါနာမ်သည်ပင် ပညာရှိတို့ ပညတ် တင်ထားအပ်သောကြောင့် `နာမဓေယျ´မည်ပြန်၏။
၄။ နိရုတ္တိမည်ပုံ
ထို `ဘူမိ´ ဟူသော သဒ္ဒါနာမသည်ပင် မရွတ်ဆိုမီ တိမ်မြုပ်ငုပ်လျှိုနေသော အဖြစ်မှ ထုတ်ဖော်၍ ရွတ်ဆိုအပ်သောကြောင့် `နိရုတ္တိ´ မည်၏။
၅။ ဗျဉ္ဇနမည်ပုံ
ထို `ဘူမိ´ဟူသော သဒ္ဒါနာမသည်ပင် အနက်ကို ထင်ရှားစွာ ပြတတ်သောကြောင့် `ဗျဉ္ဇန´ မည်၏။
၆။ အဘိလာပမည်ပုံ
ထို `ဘူမိ´ ဟူသော သဒ္ဒါနာမသည်ပင် ဝဒန္တပုဂ္ဂိုလ်တို့က အနက်ကို ရှေးရူ၍ ရွတ်ဆိုအပ်သောကြောင့် `အဘိလာပ´ မည်၏။
ဝိဇ္ဇမာနစသည့် ဘဒ္ဒပညတ် ၆-မျိုး
သဒ္ဒပညတ်သည် ဝိဇ္ဇမာနပညတ် စသည်အားဖြင့်လည်း ၆-မျိုးရှိ၏။
၁။ ဝိဇ္ဇမာနပညတ်
ပညတ်အပ်သော အနက်ဒြပ်အတ္ထပညတ်က ပရမတ္ထအားဖြင့် ထင်ရှားရှိလျှင် ထိုအနက်ဒြပ်အတ္ထပညတ်ကို သိစေကြောင်းဖြစ်သည့် သဒ္ဒပညတ်သည် ဝိဇ္ဇမာနပညတ် မည်၏။
ပုံစံ။ ။ ရူပ၊ စိတ္တ၊ စေတသိက၊ ဝေဒနာ၊ သညာ၊ ဝိတက်။
၂။ အဝိဇ္ဇမာနပညတ်
ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ဒြပ်အတ္ထပညတ်ကို သိစေကြောင်း ဖြစ်စေသည့် သဒ္ဒပညတ်သည် အဝိဇ္ဇမာနပညတ်မည်၏။
ပုံစံ။ ။ ပဗ္ဗတ၊ ဂေဟ၊ အိမ်၊ ကျောင်း၊ လိုဏ်၊ ဂူ။
၃။ ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်
ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒြပ်အတ္ထပညတ်နှင့် ထင်ရှားမရှိသည့် အနက်ဒြပ်အတ္ထပညတ်ကို ရောစပ်၍ သိစေကြောင်း ဖြစ်သည့် သဒ္ဒပညတ်ကို ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်ဟုခေါ်၏။
ပုံစံ။ ။ ဆဋ္ဌဘိည = ခြောက်ပါးသော အဘိဉာဏ်ရှိသူ။
တေဝိဇ္ဇ = ဝိဇ္ဇာဉာဏ် ၃-ပါးနှင့် ပြည့်စုံသူ။
လောဘလူသား၊ ရာဂကွန်ယက်၊ မောဟအမှောင်။
၄။ အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
ပရမတ္ထအားဖြင့် ထင်ရှား မရှိသော အနက်ဒြပ်အတ္ထပညတ်နှင့် ထင်ရှားရှိသည့် အနက်ဒြပ်အတ္ထပညတ်ကို ရောစပ်၍ သိစေကြောင်းဖြစ်သည့် သဒ္ဒပညတ်ကို အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်ဟု ခေါ်၏။
ပုံစံ။ ။ ဣတ္ထိသဒ္ဒ(မိန်းမအသံ)၊ ဣတ္ထိရူပံ(မိန်းအအဆင်း)၊ ပုရိသသဒ္ဒ။
၅။ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ဒြပ်အတ္ထပညတ် ၂-ခုကို တွဲစပ်၍ သိစေကြောင်းဖြစ်သည့် သဒ္ဒပညတ်ကို ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်ဟုခေါ်၏။
ပုံစံ။ ။ စက္ခုဝိညာဏ၊ သောတပသာဒ၊ စက္ခုသမ္ဖဿ၊ ရူပတဏှာ။
၆။ အဝိဇ္ဇမာနန အဝိဇ္ဇမာနပညတ်
ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ဒြပ်အတ္ထပညတ် ၂-ခုကို တွဲစပ်၍ သိစေကြောင်းဖြစ်သည့် သဒ္ဒပညတ်ကို အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်ဟုခေါ်၏။
ပုံစံ။ ။ ရာဇပုတ္တ(ဘုရင့်သား)၊ သေဋ္ဌိပုတ္တ(သူေဋ္ဌးသား)၊ ရုပ်ရှင်မင်းသား၊ မင်းသမီး။

No comments:
Post a Comment