Search This Blog

Sunday, May 3, 2020

ဘယ်သွားကြမလဲတရားတော် ( ဝေဘူဆရာတော်ဘုရားကြီး)

ဘယ်သွားကြမလဲတရားတော် ( ဝေဘူဆရာတော်ဘုရားကြီး)


သီလဆောင်တည်လို.ပြီးကြပြီ။သီလဆောက်တည်ပြီးလျှင် ပြည်.စုံအောင် ဖြည်.ကြ။ ဖြည်.လို.
ပြည်.စုံပြီဆိုမှဖြင်. မိမိစိတ်နှလုံး အလို တောင်.တတဲ.အတိုင်း ပြီးမယ်။ ယခုလဲချမ်းသာမယ်။
နောင်လဲချမ်းသာမယ်။ ပုစ်စုပ်ပန် ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ
ဘုရားရှင်. အဆုံးအမတော်ကလွဲလို တခြားမရှိဘူး။ ဘုရားရှင်အဆုံးအမ ဆိုတာ ပိဋကတ်
သုံးပုံပဲ။ ပိဋကတ် သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋကတ် သုံးပုံကိုအဆီထုတ်ပါ ဆို
လျှင် ဗောဓိပက်ခိယ တရားသုံးဆယ်.ခုနှစ်ပါး ရတယ်။ဗောဓိပက်ခိယ တရားသုံးဆယ်.ခုနှစ်ပါး
ကိုအဆီထုတ်လျှင် မဂ်ဂင်ရှစ်ပါးရတယ်။ မဂ်ဂင်ရှစ်ပါးအဆီထုတ်လျှင် သိက်ခါ ၃ ပါးရတယ်၊

သိက်ခါ ၃ ပါးဆိုတာ အဓိသီလ၊ အဓိစိတ်တ၊ အဓိပညာပါပဲ။သိက်ခါ ၃ ပါး ကိုအဆီထုတ်လျှင်
ဧကောဓမ်မော တရားတခုရတယ်။ ရုပ်ပေါ်နာမ်ပေါ်မှာ နေပြီး ယခုလိုဆောင်ထားတော. (ရှုမှတ်နေတော.)

ကာယကံသောင်းကျန်းမှု။ ဝစီကံသောင်းကျန်းမှုမရှိဘူး။ အဲဒါအဓိသီလ လိုခေါ်တယ်။

အဓိသီလအားကောင်းလျှင် စိတ်တွေသောင်းကျန်းမှုမရှိဘဲ၊ ငြိမ်ဝပ်ပိပြားပြီးတည် နေတော.တယ်။အဲဒါ အဓိစိတ်တလို.ခေါ်တယ်။ အဓိစိတ်တအားကောင်းလို.အချိန်ကြာလျှင် ဘယ်လူ၊ဘယ်နတ်၊ဘယ်ဗြဟ္မာမှ ဖန်တီးလို.မဖြစ်ဘူး၊လျှပ်တပြက်အတွင်း ကုဋေတသိန်း ဖြစ်ပြီးပျက် နေတယ်။ရုပ်နာမ်ကိုသိလျှင် ဖြစ်ပျက်ကို သိတော.တာပဲ။ ဖြစ်ပျက်ကိုသိတာ အဓိပညာလို.ခေါ် တယ်။ အများနားလည်အောင်ပြောရမယ် ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ. အစိတ်အပိုင်း တခုဖြစ်တဲ. နှာဖျား နှာဝမှာ ထွက်လေ၊ဝင်လေ နှစ်ရပ်ဟာ အမြဲတိုက်ဝင်၊ တိုက်ထွက်နေတယ်။နှာဖျား နှာဝမှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေဝင်လေဖြစ်သော ဖြစ်တဲ. လေနှစ်ရပ်ဟာ ဝါယော ဖောဋ္ဌဗကထိတယ်။ ထိုအထိခံနဲ. ထိတာကရုပ်၊ သိတာကနာမ် ဆိုတော. ဒကာကြီးဒကာမကြီးတို. သူများမေးမနေနဲ.၊ ကိုယ်.နှာဝကိုဉာဏ်နဲ.စောင်.ကြည်.။ဝင်တော.ထိဝင်မယ်၊ထွက်တော့လည်းထိထွက်မယ်၊ထိတာကိုသိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊မောဟ ဖြစ်ခွင်မရလို့ လောဘမီး၊ ဒေါသမီး၊မောဟမီး၊  ငြိမ်းတယ်၊ ငြိမ်းတော. အေးတယ်။ မထိခင်ကလဲသိလိုမဖြစ်ဘူး၊ ထိပြီးပြန်တော.လဲသိလို့မဖြစ်ဘူး။ထိတုန်းကိုသာလို.ဖြစ်တယ်။အဲံဒါကိုပုစ်စုပ်ပန်တဲ.တဲ.လိုဆိုတယ်။ ထိတာကိုသိနေလျှင် ရုပ်နှင်.နာမ်သာ ရှိပါသလား လို.သိလိမ်.မယ်။ ရုပ်နာမ်မှတပါး ငါ-သူတစ်ပါး ယောက်ျား၊မိန်းမ မရှိဘူး ဆိုတာ ဘုရားရှင်၏တရားတော် အမှန်ပါကလား လို. ကိုယ်ဟာကိုယ်သိလိမ်.မယ်။သူများကိုမေးနေဖို. မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာအတ္တ ဆိုတဲ. ကိုယ် မရှိဘူး။ ထိုသိနေတဲ.အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ကမ္မဋ္ဌာန်းထိုင်ရတာ များ ဘာမှလဲ မတွေ.ပေါင်၊ ဘာမှလည်းမရပေါင် လို.များမမှတ်လိုက်ကြနဲ.၊ မြင်.မြတ်တဲ.ဘ၀ ဘုရားသာသနာနဲ. ကြုံကြိုက်တဲ.အခါမှာ ဒီလိုအကျိုးထူးများရနိုင်တယ်၊ စာဖို.သောက်ဖို.အသာထားပြီးအထူးကြိုးစားကြ။

ကြိုက်တာရွေးဘယ်သွားကြမလဲ
မေး။ ဘုရားရှင်ရဲ. အဆုံးအမနဲ.နေရင် ခန္ဓာကိုယ်မှာ ဘယ်နတ်ဘယ်ဗြဟ္မာမှ ပြုပြင်စီရင် ဖန်
တီး မှုမပြုရဘဲ ဖြစ်ပျက်နေတဲ. အဲဒီ ရုပ်နာမ် ပေါ်မှာ စိတ်ကလေးထားပြီး ခန္ဓာကိုယ်ရဲ့ဖြစ်တာ
ပျက်တာ ကိုသိနေတဲ. စိတ်ကလေးနဲ. သေရင် နောက်ဆုံး နိဗ္ဗာန် မရောက်သေးတောင် လူ၊
နတ်၊ဗြဟ္မာတော.ဖြစ်မှာပဲ။အဲဒီတော.ဘယ်သွားကြမှာလဲ။ (နိဗ္ဗာန် သွားမှာပါဘုရား။)

မေး။ အေး..ကိုယ်သွားချင်တဲ.ဆီကို သွားဖို.သူများ မေးဖို.ကို လိုသေးသလားဗျာ။ (မလိုပါဘူးဘုရား)

မေး။ အေး..ကိုယ်ဟာကို ငါဝိဇ္ဇာ နဲ.နေတာပါဗျာ လို.ကောပြောဖို.လိုသေးသလား။

(မလိုပါဘုရား)။

မေး။ သူများကိုကောငါဘာနဲ.နေ တာလဲ။ဝိဇ္ဇာနဲ. လား။ အဝိဇ္ဇာနဲ.လားလို. မေးရဦးမှာလား။

(မမေးရပါဘုရား)

အေးဟုတ်တယ်။ကိုယ်.ဟာကိုသိတယ်ဗျာ။ဒါကြောင်.သံသရာတလျှောက်လုံး ဖြည်.ကျင်.
လာတဲ.ပါရမီတွေက ပြည်.စုံလုံလောက်ကြပါတယ်ဗျာ။ ဝီရိယ နဲ.သာထူထောင်ကြ။
ဘုရားရှင် ရွှေလက်ထက်တော်က ရှေးအရှင်ကောင်း အရှင်မြတ်များ အလိုရှိရာ ဗောဓိ နဲ.
အသီးသီး နိဗ္ဗာန် စံဝင်ကြွသွားကြဘိသကဲ.သို. အချိန်အခါ ဘဝမြင်.မြတ်တာ သိလို. ထပ်တူ
ညီမျှ ဆောင်ကြပါလျှင် သမာပတ် ရှစ်ဖြာအထိ မပြီးစီးနိုင်တာမရှိ၊ ဝီရိယ သန်သန်နှင်. မှန်
မှန်ကြီး အချိန်အနည်းငယ်မျှအချည်းအနှီး မဖြစ်ရအောင် စိစစ်ကာ မိမိလဲဆောင်၊ တပါးသူ
များကိုလဲ တိုက်တွန်းနှိုးဆော်ပြီး ပျော်ပျော် ကြီးဆောင်ကြတာ အောင်ကြပြီ၊ဝမ်းမြောက်ကြ။


No comments:

Post a Comment