အနတ္တလက္ခဏသုတ် မြန်မာပြန်
အနတ္တလက္ခဏသုတ် နိဒါန်း -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ ကုန်၏။
- ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ -
ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။
- ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ -
ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။
- သညာက္ခန္ဓာ အနတ္တဖြစ်ပုံ -
သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။
- သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ -
သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။
- ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ -
ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရလည်း မရ။
- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -
ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။
သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။
- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။
ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။
--------------------------------------------------------------------------------------------------------------------
အနတ္တလက္ခဏသုတ် ပါဠိတော်

အနတ္တလက္ခဏသုတ် အမွှန်း –
(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။
– အနတ္တလက္ခဏသုတ် နိဒါန်း –

ဧဝံ မေ သုတံ…
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ ဘဂဝါ ဧတဒဝေါစ-
– ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ –
ရူပံ ဘိက္ခဝေ အနတ္တာ…
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခေ၀ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။
– ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ –
ဝေဒနာ အနတ္တာ…
ဝေဒနာ စ ဟိဒံ ဘိက္ခေ၀ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။
– သညာက္ခန္ဓာ အနတ္တဖြစ်ပုံ –
သညာ အနတ္တာ…
သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။
– သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ –
သင်္ခါရာ အနတ္တာ…
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။
– ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ –
ဝိညာဏံ အနတ္တာ…
ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ တိ။
– ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး –
တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
– နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး –
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
– ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ –
တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
– ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ –
ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
– သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ –
ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
– သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ –
ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
– ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ –
ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
– နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ –
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ဝုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။
– ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ –
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။
အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။