မေထုန်ငယ် (၇)ပါး
မေထုနဓမ္မဆိုတာက ယောက်ျားမိန်းမဆက်ဆံမှုလောက်ကိုသာ ဆိုလိုတာ မဟုတ်သေးဘူး။ တခြားခြား မေထုန်ငယ် (၇)ပါးဆိုတာကိုလည်း ထည့်သွင်းပြီး မြတ်စွာဘုရားက ရည်ညွှန်းထားပါတယ်။
တစ်ချိန်မှာ ဆိုကြပါစို့ ဇာနုသောဏိ ပုဏ္ဏားကြီးက မြတ်စွာဘုရားသည် ဗြဟ္မစာရီ = မြတ်သောအကျင့်ကို ကျင့်နေတဲ့သူတော်ကောင်းအဖြစ်နဲ့ ဝန်ခံပါသလားဆိုပြီး ဒီမေးခွန်းကို မေးတယ်။
မေးလိုက်တဲ့အချိန်အခါမှာ “ဒကာတော်ပုဏ္ဏား ငါဘုရားသည် မကျိုးမပေါက် မပြောက်မကျားတဲ့ ပြည့်စုံတဲ့ ထက်ဝန်းကျင် ဖြူစင်နေတဲ့ ဗြဟ္မစရိယ အကျင့်ကို ကျင့်နေတဲ့ပုဂ္ဂိုလ်သာဖြစ်ပါတယ်။
မကျိုးမပေါက် မပြောက်မကျားအောင် ပြည့်ပြည့်စုံစုံစင်စင်ကြယ်ကြယ်ဖြင့် ဗြဟ္မစရိယ အကျင့်ကို ကျင့်နေတဲ့ပုဂ္ဂိုလ် ဟာဘယ်ပုဂ္ဂိုလ်လဲလို့မေးခဲ့လျှင် ငါဘုရားကိုသာ ရည်ညွှန်းပြီး ပြောဆိုရမှာ ဖြစ်ပါတယ်” ဆိုပြီးတော့ အမိန့်ရှိတော်မူလိုက်တယ်။
နံပါတ် (၁) မေထုန်ငယ်က ဘာလဲလို့မေးတော့၊ ဥစ္ဆာဒန = နံ့သာရည်ဖြင့် လိမ်းပေးတယ်။ ပရိမဒ္ဒန = ဆီလေးနဲ့ လိမ်းပေးတယ် နှိပ်နှယ်ပေးတယ်။ နှပန = ရေချိုးပေးတယ်။ သမ္ဗာဟန =ပွတ်သပ်ပေးတယ်။ အဲဒါကိုသဘောကျတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။ ဘုရားရှင်ဟာ ဒါမျိုးဘယ်တော့မှ မပြုလုပ်ဘူး။ ဒါကတစ်ခု။
နံပါတ် (၂) ကျတော့ တစ်ယောက်နဲ့တစ်ယောက်ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက် နောက်လိုက်ေံပြာင်လိုက် နေတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်ပြီးစကားပြောနေကြတယ်။ အဲဒါကိုသဘောကျတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၃) ကတော့ သူ့မျက်စိနဲ့ ကိုယ့်မျက်စိတည့်တည့်လေးကြည့်ပေးတယ်။ မကြည့်ရလျှင် မမြင်ရလျှင်မနေနိုင်ဘူး။ ဘာမှတော့မလုပ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေရလျှင် ကျေနပ်နေတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၄) က တစ်ယောက်နဲ့တစ်ယောက်တော့ မမြင်ဘူးပေါ့။ ဒါပေမယ့် အသံလေးကြားရလျှင် သဘောကျနေတယ်။ သူငိုတဲ့ အသံပဲဖြစ်ပါစေ။ သီချင်းဆိုတဲ့ အသံပဲ ဖြစ်စေ ကြားနေရလိုရှိလျှင် သဘောကျတယ်။ ယခုကါလ ရေဒီယိုတို့ ဘာတို့နားထောင်တဲ့အခါ ကြားတဲ့ပုံစံမျိုးပေါ့။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၅) က မြင်လည်းမမြင်ရဘူး၊ ကြားလည်းမကြားရဘူး၊ ဒါပေမဲလို့ တစ်ချိန်တုန်းက တစ်ယောက်နဲ့ တစ်ယောက်ပြောဖူးတယ်။ ဆိုဖူးတယ် ပြောင်ဖူးတယ် နောက်ဖူးတယ်။ အဲဒါကလေးတွေကို ပျော်ပါးခဲ့ဖူးတာလေးတွေကို အမှတ်ရပြီးတော့ ပြန်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၆) က အဲဒါမျိုးတွေ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့လို့ ကိုယ့်မှာဘာမှတော့မရှိဘူး။ မရှိတဲ့အခါကျတော့ သူတစ်ပါးတွေ အိုးနဲ့အိမ်နဲ့ တိုက်နဲ့တာနဲ့ ကာမဂုဏ်တွေ ခံစားပြီး ပျော်ပျော်ပါးပါးနေတာကို သွားမြင်လိုက်တာကိုလည်း သဘောကျတယ်။ သူတို့လိုနေချင်တဲ့ စိတ်ထားလေးတွေ ပေါ်လာပြန်တယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၇) က အဲဒီလိုပြောခဲ့တဲ့ သဘောတရားတွေလည်း မဖြစ်ပြန်ဘူး။ ဒါပေမယ့်ဘာဖြစ်နေသလဲ။ နတ်ပြည်နတ်လောက တစ်ခုခုကို ရည်မျှော်ပြီး တော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပါွးများအားထုတ်နေပြန်တယ်။ နတ်ပြည်နတ်လောကမှာ ရရှိမည့် ကာမဂုဏ်တွေကို လှမ်းမျှော်ပြီး သဘောကျနေတယ်။ အဲဒါလည်းမေထုန်ငယ်တစ်ခုပဲ။
ဒီမေထုန်ငယ် (၇)မျိုး တစ်မျိုးမျိုးနဲ့ မွေ့လျှော်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း အိုနာသေရေး ဒုက္ခဘေးမှ ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူးလို့ ဘုရားရှင်က ဆက်လက်ကာ ဟောကြားထားတော်မူပါတယ်။
*** ဖားအောက်ဆရာတော်ဘုရားကြီး ***
(အမြိုက်နိဗ္ဗာန်သို့ ပို့ဆောင်ပေးနေသည့် စွမ်းအားကြီး (၇) ရပ် - သတ္တသညာသုတ္တန်)

No comments:
Post a Comment