Search This Blog

Wednesday, December 30, 2009

ဓမ္မဒါနအကျိုး

ဓမ္မဒါနအကျိုး


(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)

အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏

(မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ ၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင် ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း) စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့် ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆ စိတ် စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။ ထို့ကြောင့် ဓမ္မဒါနပြုသူများသည် အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

No comments:

Post a Comment