Search This Blog

Wednesday, October 6, 2021

ဘုရားရှိခိုး အပိုင်း ၂

 


ဂုဏ်တော်ကွန်ချာ

 

၁။ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။

၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

၃။ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော၊ ဝိဇ္ဇာစရဏ သမ္ပန္နော ဝတသော ဘဂဝါ၊ ဝိဇ္ဇာစရဏ သမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏံ သမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။

၄။ သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတသော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။

၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။

၆။ သော ဘဂဝါ ဣတိပိ အနုတ္ထရောပုရိသဒမ္မသာရထိ၊ အနုတ္ထရော ပုရိသဒမ္မသာရတိ ဝတ သော ဘဂဝါ၊ အနုတ္ထရော ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္ထရော ပုရိသဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္ထရော ပုရိသဒမ္မသာရထိ။

၇။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊ သတ္ထာ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာဒေဝမနုဿနံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာဒေဝမနုဿာနံ။

၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။

၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နာမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။

 

 

 "ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း "



ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင် -

၁။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၂။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၃။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၄။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၅။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့အပေါ်၌

၆။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့အပေါ်၌

၇။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ဆုံးမတတ်သောဆရာသမားတို့
အပေါ်၌

၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်
သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တို့၏အပေါ်၌

၉။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား
တို့၏အပေါ်၌

၁၀။ထမင်းတစ်လုပ် ၊ရေတစ်မှုတ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏
အပေါ်၌

ကာယကံ ဝစီကံ မနောကံ သုံးပါးသော
ကံတို့ဖြင့်ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်
တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား ...........


ဤသို့ ရှိခိုး ပူးဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြား
တော်မှုသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ
သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရ
ပါစေသား အရှင်ဘုရား ..............

 

ဂုဏ်တော် ( ၉ ) ပါး


ဣတိပိ သော ဘဂဝါ အရဟံ , သမ္မာသမ္ဗုဒေါ,

ဝိဇ္ဇာစရဏသမ္မန္နော , သုဂတော , လောကဝိဒူ ,

အနုတ္တရောပုရိသဒမ္မသာရထိ, သတ္တာဒေဝနုဿာနံ,

ဗုဒ္ဓေါ, ဘဂဝါ ။

 

 

အရပ် (၁၀) မျက်နှာ မေတ္တာပို့

အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်း (ဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်း)

 

၁။ အရှေ့အရပ်၌ ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

 

၂။ အနောက်အရပ်၌ ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

 

၃။ မြောက်အရပ်၌ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

 

၄။ တောင်အရပ်၌ ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

 

၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

 

၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

 

၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

 

၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

 

၉။ အောက်အရပ်၌ ရှိသော ထက်ဝန်းကျင်

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

 

၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင်

အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

 

 

မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း။

 

၁။ လုံးစုံများစွာ၊ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ

သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊

သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

 

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

 

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

 

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

 

ဆုတောင်း အမျှဝေ

 

ဤသို့ပြုရ၊ မြတ်ပုညကြောင့််၊ ချမ်းမြအေးကြည်၊ ဘေးမဲ့ မည်သည် ရွှေပြည် ထုတ်ချောက်၊ လမ်းမကောက်ပဲ၊ ရောက်ရပါလို၊ ထိုထို ဘဝ၊ ကျင်လည်ရလည်း၊ ဒုက္ခ  ဘေးဒဏ်၊ ရန်မာန် အပေါင်း၊ မကောင်း ဟူ သမျှ၊ မတွေ့ရပဲ၊ သဗ္ဗဣစ္ဆာ၊ မင်္ဂလာကို၊ ရွယ်ကာတ တိုင်း ရစေသောဝ်။

ယနေ့ယခု၊ ပြုပြုသမျှ၊ မြတ်ဘာဂကို၊ မိဘ ဆရာ၊ မျိုး သဟာနှင့်၊ ကိုယ်မှာ စောင့်ကြပ်၊ ကိုယ်စောင့် နတ်က၊ အရင်းစ၍၊ ရှိသမျှလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျတို့၊ ရကြပါစေ၊ ပေးငှဝေသည်၊ များထွေ သာစု ခေါ် စေသောဝ်။

 

 

 

 

 

နတ်ပို့

 

ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ ။

သောကပ္ပတ္တာ စ နိဿောကာ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။

ဧတ္တာဝတာ စ အမှေဟိ ၊ သမ္ဘတံ ပုညသမ္ပဒံ ။

သဗ္ဗေ ဒေဝါ နုမောဒန္တု ၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ။

ဒါနံ ဒဒန္တု သဒ္ဓါယ ၊ သီလံ ရက္ခန္တု သဗ္ဗဒါ ။

ဘာဝနာဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေဝတာဂတာ ။

 

( ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ) ၃ ကြိမ်

သာဓု သာဓု သာဓု

 

1 comment:

  1. graphite titanium babyliss pro - Titanium Industries
    The TITanium Manufacturer has been making 4x8 sheet metal prices near me quality ceramic components for many years and has grown to be winnerwell titanium stove one of black titanium wedding band the titanium glasses frames leading titanium aftershokz manufacturers of quality ceramic

    ReplyDelete