Search This Blog

Tuesday, January 5, 2021

"ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း "

 "ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်း "
••••••••••••••••••••••••••••••
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင် -

၁။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၂။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၃။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၄။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၅။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့အပေါ်၌

၆။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့အပေါ်၌

၇။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ဆုံးမတတ်သောဆရာသမားတို့
၏ အပေါ်၌

၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်
သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တို့၏အပေါ်၌

၉။ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား
တို့၏အပေါ်၌

၁၀။ထမင်းတစ်လုပ် ၊ရေတစ်မှုတ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏
အပေါ်၌

ကာယကံ ၊ ဝစီကံ ၊ မနောကံ သုံးပါးသော
ကံတို့ဖြင့်ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်
တို့ကိုပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား ...........။_/|\_


ဤသို့ ရှိခိုး ပူးဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြား
တော်မှုသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ
သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရ
ပါစေသား အရှင်ဘုရား ..............။_/|\_


လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း
စိတ်ကြံတိုင်းတောင်းတတိုင်း လွယ်ကူလျင်မြန်စွာ
ပြည့်စုံ၍ နုလုံးစိတ်ဝမ်းအေးချမ်းရပါစေသား
အရှင်ဘုရား ......... ။_/|\_

"ခင်ပွန်းကြီး (၁၀)ပါး ပြစ်မှားသူတို့ကြုံရမည့် ဒဏ် (၁၀)ပါး"
••••••••••••••••••••••••••••••••••••••••••••••••••

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း။

၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။

၃။ လက် ခြေပြတ်ခြင်း ၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း။

၄။ ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း။

၅။ ရူးသွပ်ခြင်း ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။

၆။ မင်းပြစ် မင်းဒဏ် ခံရခြင်း။

၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။

၈။ ဆွေမျိုးကောင်း ၊ မိတ်ဆွေကောင်း မရရှိခြင်း။

၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။

၁၀။ နေရာ တိုက် အိမ် မီးလောင်ပျက်စီးခြင်း။

ပစ္စုပ္ပန်ဘဝ၌ ထိုဒဏ်(၁၀)ပါး သင့်မည့်အပြင်
သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ ကျရောက်
နိုင်ပါသည်။


"ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်း အကျိုး"
•••••••••••••••••••••••••••••••••

၁။ အစားအစာ မရှားပါးခြင်း။

၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။

၃။ ရန်သူမျိုးငါးပါး နှင့် ကင်းဝေးနိုင်ခြင်း။

၄။ လူချစ်လူခင် ပေါများခြင်း။

၅။ ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း။

၆။ ကောင်းသတင်းဂုဏ် ကျော်စောခြင်း။

၇။ အခြွေအရံ များခြင်း။

၈။ စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။

၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း။

၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း။

No comments:

Post a Comment