Search This Blog
Tuesday, January 26, 2010
ဆရာတော် ဦးဇောတိက ရေးသားသော ၂၀၀၆ ခုနှစ် မေလထုတ် လွတ်လပ်သောစိတ် စာအုပ်မှ (နှာ ၇၄-၈၁)
•“Know this, that every body is free
•To choose his life and what he’ll be;
•In nameless ways be good and kind,
•But never force the human mind.
•Freedom and reason make us men;
•Take these away, what are we then?
•Mere animals, and just as well
•The beasts may think of heav’n or hell.
•May we no more our pow’rs abuse,
•But ways of truth and goodness choose.”
ဟောဒီမှာ သိပ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ် လူငယ်လေးတွေ နားလည်လွယ်အောင် အဓိပ္ပါယ်ကို ရှင်းပြမယ်
•Know this, that ev’ry body is free
•To choose his life and what he’ll be;
ဒီအချက်ကို နားလည်ပါ။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ရွေးချယ်ဖို့၊ ကိုယ် ဘယ်လိုလူ ဖြစ်မယ်ဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်မှု ရှိပါတယ်။
choose ဆိုတဲ့ စကားလုံးကို သေသေချာချာ မှတ်ထားပါ။
I have the freedom to be who I want to be. I am not going to give that freedom away.
ငါဖြစ်ချင်တဲ့သူ ဖြစ်လာဖို့ ငါ့မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီ လွတ်လပ်မှုကို ငါဘယ်တော့မှ မပေးလိုက်ဘူး။
ကိုယ့်ကို သူများပုံသွင်းတာကို လက်ခံတဲ့ သူဟာ ဒီလွတ်လပ်မှုကို လက်လွတ်ဆုံးရှုံး ခံလိုက်သူပဲ။ ဒီ လွတ်လပ်မှုမျိုး ရှိတယ်လို့တောင် မတွေးမိကြ ပါဘူး။ ကိုယ် ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောတဲ့သူ သိပ် နည်းပါးတယ်။
ကလေးတွေကို မိဘတွေက မေးတတ်တယ်။ သားကြီးလာရင် ဘာလုပ်မလဲ… လို့ မေးတတ်တယ်။ ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေရင် မိဘတွေက သိပ် သဘော ကျတတ်တယ်။ ဘာလုပ်မလဲလို့ မေးတတ်တယ်။ ဘာဖြစ်ချင် သလဲ လို့တော့ မေးလေ့ မရှိဘူး။ ဒီမေးခွန်း နှစ်ခုဟာ အတူတူပဲလို့ ထင်ချင် ထင်မယ်။ ဒါပေမယ့် တကယ်တော့ ဒီမေးခွန်း နှစ်ခုဟာ လုံးဝ မတူပါဘူး။
ဘာဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းက ဘယ်လို အလုပ်မျိုးကို လုပ်ချင်သလဲလို့ မေးတာ။ အလုပ်ကို လူနဲ့ ထပ်တူပြု တတ်တယ်။ ခင်ဗျား ဘာလုပ်သလဲလို့ မေးရင်- ဆရာဝန် လုပ်တယ်၊ အင်ဂျင်နီယာ လုပ်တယ်၊ ကျောင်းဆရာ လုပ်တယ်၊ ကုန်သည် လုပ်တယ်… စသည်ဖြင့် ဖြေကြမယ်။ ခင်ဗျား ဘယ်လိုလူလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို ကျောင်းဆရာလဲ… လို့ မေးရင်ကော ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို မြို့နယ် အရာရှိလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ဘယ်လို တရားသူကြီး မျိုးလဲ… လို့ မေးရင်ကော။
မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးဖို့ လိုတယ်။ အဖြေကိုလည်း စဉ်းစဉ်းစားစား ဖြေဖို့ လိုတယ်။
ဘယ်လိုလူလဲ ဆိုတဲ့ မေးခွန်းအတွက် ဖြေနိုင်တဲ့ အဖြေက… ကျွန်တော်က ကိုယ့်အား ကိုယ်ကိုးတဲ့သူ၊ ကျွန်တော်က လွတ်လွတ်လပ်လပ် နေတဲ့သူ၊ ကျွန်တော်က ရိုးရိုးသားသား လုပ်ကိုင် စားသောက်တဲ့သူ၊ ကျွန်တော်က ကျောင်းသူ ကျောင်းသား တွေကို တကယ် ပညာတတ်တွေ ဖြစ်လာအောင် စေတနာ အပြည့်နဲ့ သင်ပေးနေတဲ့ သူပါ၊ ကျွန်တော်က တရား မျှတမှုကို လိုလားတဲ့ မြို့နယ် အရာရှိပါ၊ ကျွန်တော်က တရား ဥပဒေကို တကယ် မြတ်နိုးလို့ တရား ဥပဒေအတိုင်း ဆုံးဖြတ်တဲ့ တရား သူကြီးပါ။ ဆက်ပြီး စဉ်းစားပါ။
Liberty, taking the word in its concrete sense, consists in the ability to choose. (Simone Weil)
လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို သူ့ရဲ့ အရိုးဆုံး၊ အရှင်းဆုံး အဓိပ္ပါယ် ကောက်ရရင် ရွေးချယ်နိုင်တဲ့ စွမ်းရည် ရှိခြင်းလို့ ဆိုရမယ်။
ရွေးချယ်နိုင်စွမ်း တစ်ခုတည်းက လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ် နိုင်စွမ်းဟာ လွတ်လပ် မှုရဲ့ အရေးပါဆုံး အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ်။ ရွေးချယ် နိုင်စွမ်းမှ မရှိရင် တခြား ဘာလွတ်လပ်မှုမှ မရှိတော့ဘူး။
ငါလုပ်နိုင်တဲ့ အလုပ် ဘယ်နှစ်မျိုး ရှိသလဲ။ အဲဒီ အလုပ်တွေ ထဲက ဘယ်ဟာကို ဦးစားပေးပြီး လုပ်မလဲ… ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ရင် လွတ်လပ်မှု မရှိဘူး။ ခိုင်းတာ လုပ်မယ်ဆိုတဲ့ လူမှာ လွတ်လပ်မှု ရှိသလား။
Patterning your life around other’s opinions is nothing more than slavery.
ကိုယ့်ဘ၀ကို သူများ အယူအဆ အတိုင်း ပုံသွင်းလိုက် တာဟာ ကျွန်ခံလိုက် တာထက် ပို မထူးပါဘူး။ သူများလုပ်လို့ လုပ်တယ်။ သူများ ကြိုက်လို့ ကြိုက်တယ်။ သူများ ယုံလို့ ယုံတယ်… ဆိုရင် ကျွန်ဖြစ်ပြီ။
မရွေးချယ်ရင် မလွတ်လပ်ဘူး။ ကိုယ် ဘယ်လို နေမယ်။ ဘာလုပ်မယ်။ ဘယ်လို ပညာကို တတ်အောင် လေ့လာမယ်၊ ရှာမယ် ဆိုတာကို ဘယ်သူက ရွေးချယ်ပေးသလဲ။ ကိုယ့်ဟာကိုယ် ရွေးချယ်သလား၊ သူများ ရွေးချယ်ပေး သလား။ များသော အားဖြင်တော့ သူများ ရွေးချယ်ပေး တာကို လက်ခံလိုက် ကြတယ်။ သက်သာ တာကိုး။
Everyrhing can be taken from a man but … the last of the human freedoms – to choose one’s attitude in any given set of circumstances, to choose one’s own way. (Victor Frankle)
လူတစ်ယောက် ဆီက ကျန်တာတွေ အားလုံး ယူသွားလို့ ရတယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုမှာ ကိုယ် ဘယ်လို သဘောထား မလဲ၊ ဘယ်လိုလမ်းကို ရွေးမလဲ ဆိုတဲ့ နောက်ဆုံး လွတ်လပ်မှု ကိုတော့ ဘယ်သူမှ ယူသွားလို့ မရဘူး။
ကောင်းတာ လုပ်မလား၊ ဆိုးတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။
ရိုးသားတာ လုပ်မလား၊ မရိုးသားတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။
ရက်စက်မလား၊ ညှာတာမလား၊ ခွင့်လွှတ်မလား၊ လက်စားခြေ မလား။
အခြေအနေ အရ လုပ်လိုက်ရ တာပဲ လို့ ပြောတဲ့ သူမှာ ဘာ လွတ်လပ်မှုမှ မရှိဘူး။ ခံယူချက် မရှိတဲ့ သူမှာ လွတ်လပ်မှု မရှိဘူး။ အခြေအနေက အရာရာ တိုင်းကို အဆုံးအဖြတ် ပေးနေရင် ဘာရွေးချယ်လို့ ရမလဲ။
When a man ceases to choose, he ceases to be a man. (Anthony Burgess)
ရွေးချယ်တာကို မလုပ်တော့တဲ့ အခါမှာ သူဟာ လူ မဟုတ်တော့ဘူး။
ဒါကြောင့် လူ့အဆင့် အတန်းကနေ ကျမသွားချင်ရင် ကိုယ်ဘာကို ရွေးချယ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားရမယ်။ ဉာဏ်နဲ့ ရွေးချယ်မှ လွတ်လပ်မှု ရှိတယ်။ ဉာဏ်မပါဘဲ ရွေးတယ် ဆိုတာ တကယ်ရွေးတာ မဟုတ်ဘူး။ ခေါင်းပန်း လှန်သလို လုပ်တာဟာ ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်မှု တိုင်းဟာ မှန်ကန်တဲ့ အချက်အလက် မှန်ကန်တဲ့ အကြောင်း အကျိုးမှာ အခြေခံ ရမယ်။
Your life is the sum result of all the choices you make, both consciously and unconsciously. If you can control the process of choosing, you can take control of all aspects of your life. You can find the freedom that comes from being in charge of yourself. (Robert F. Bennett)
ကိုယ့်ဘ၀ဟာ သိလျှက်ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ကိုယ့်ရဲ့ ရွေးချယ်မှုတွေ အားလုံးရဲ့ စုပေါင်း ရလာဒ်ပဲ။ ရွေးချယ်မှုကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်ထားလို့ ရရင် ကိုယ့်ဘ၀မှာ ဖြစ်သမျှကို ထိန်းချုပ်လို့ ရပြီး ကိုယ့်ဘ၀ကို ကိုယ် စီမံနိုင်တဲ့ လွတ်လပ်မှုကို ရပြီ။
ရွေးချယ်မှုဆိုတာ လုပ်နေကြရ ပါတယ်။ များသော အားဖြင့်တော့ သေသေချာချာ မစဉ်းစားဘဲ ရွေးချယ်လိုက် ကြတယ်။ သူများ ၀တ်သလို ၀တ်မယ်… ဆိုတာလည်း ရွေးချယ်မှုပဲ။ ဒါပေမယ့် ဒီလို ရွေးချယ်မှုက ဉာဏ်ကို မသုံးရတဲ့ ရွေးချယ်မှု ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ ဘ၀ကို ရဖို့ အထောက်အပံ့ မဖြစ်ဘူး။ ငါ ဘယ်လိုလူလဲ၊ ငါနဲ့ တကယ် သင့်တော်တာ ဘာလဲ.. ဆိုတဲ့ မေးခွန်းကို မေးပြီး အဖြေကို ရှာမှ ဉာဏ်ပါတဲ့ ရွေးချယ်မှု ဖြစ်မယ်။ လွတ်လပ်တဲ့ ဘ၀ကို ပုံဖော်ဖို့ အထောက်အပံ့ ဖြစ်မယ်။
တကယ်လို့ လူ အများစုဟာ ကိုယ့်ဘ၀ကို ကိုယ် ရွေးချယ်တယ် ဆိုရင် ဒီစကားကို ပြောဖို့ လိုမလား။ မလိုဘူး.. နော်။
လွတ်လပ်မှု ဆိုတာ ဘာလဲ။
လွတ်လပ်မှု ဆိုတာ ရွေးချယ်ခွင့်ကို ဆိုတယ်။
ကိုယ် ရွေးချယ်ရမယ့် အရာတွေကို ကိုယ်ကိုယ်တိုင်
ဖန်တီးခွင့်ကို ဆိုတယ်။
ကောင်းတယ် ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သူများနောက် လိုက်ပြီး မဖြေဘဲ သူများ ပေးထားတဲ့ အဖြေကို အဆင်သင့် မယူဘဲ ကောင်းတယ် ဆိုတာကို ကိုယ့်ဉာဏ်နဲ့ကိုယ် လွတ်လွတ် လပ်လပ် သိပြီး လုပ်နိုင်မှ တကယ် စစ်မှန်တဲ့ ရွေးချယ်မှု ဖြစ်မယ်။
ကိုယ် ဘာကို ရွေးချယ်မယ် ဆိုတာ ကိုလည်း ကိုယ်ပဲ လုပ်ယူရမယ်။ ဖန်တီးယူရ မယ်နော်။ ဒီ နှစ်ခုထဲက တစ်ခုကို ရွေးပါ ဆိုတာ တကယ် စစ်မှန်တဲ့ ရွေးချယ်ခွင့် မဟုတ်ဘူး။ ကန့်သတ် ထားတဲ့ ရွေးချယ်ခွင့်ဟာ ရွေးချယ်ခွင့် အတုပဲ ဖြစ်တယ်။
ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင်
ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ
လူအဆင့်မှာ မရှိတော့ဘူး။
While we are free to choose, once we have made those choices, we are tied to the consequence of those choices. We are free to take drugs or not. But once we choose to use a habit-forming drug, we are bound to the consequences of that choice. Addiction surrenders later freedom to choose.
လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိတဲ့အခါမှာ ကိုယ်က တစ်ခုခုကို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ ကိုယ် ရွေးချယ်မှုရဲ့ နောက်က လိုက်ပါလာမယ့် အကျိုးဆက် တွေက တွဲပြီး ပါလာမယ်။ မူးယစ်ဆေးကို သုံးမယ်၊ မသုံးဘူး ဆိုတာ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် စွဲစေတတ်တဲ့ မူးယစ်ဆေးကို ကိုယ်က ရွေးချယ်လိုက်ပြီ ဆိုရင် အဲဒီ ရွေးချယ်မှု နောက်က ပါလာတဲ့ ဆိုးကျိုးတွေနဲ့ နှောင်ဖွဲ့မိပြီ။ စွဲနေတာဟာ နောက်ပိုင်း လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်တာပဲ။ စွဲသွားရင် လွတ်လပ်မှု မရှိတော့ဘူး။
•In nameless ways be good and kind,
•But never force the human mind.
နာမည်တပ်လို့ မရတဲ့ နည်းမျိုးစုံနဲ့ ကောင်းတာကို လုပ်ပါ၊ စာနာပါ၊ ကြင်နာပါ။ ဒါပေမယ့် လူ့စိတ်ဓါတ် ကိုတော့ အတင်းအကျပ် အနိုင်မယူပါနဲ့။
မယုံချင်တာကို အတင်း ယုံခိုင်းတယ်၊ မလုပ်ချင် တာကို အတင်း လုပ်ခိုင်းတယ်၊ မထောက်ခံ ချင်တာကို အတင်း ထောက်ခံခိုင်းတယ်၊ ကိုယ့် အယူအဆနဲ့ မတူတဲ့သူကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ ခေတ် အဆက်ဆက် အဲသလို လုပ်ခဲ့ကြတယ်၊ အခုခေတ်လည်း လုပ်နေကြ တုန်းပဲ။
•Freedom and reason make us men;
•Take these away, what are we then?
လွတ်လပ်မှုနဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစား တွေးခေါ်နိုင် စွမ်းက ဒို့ကို လူဖြစ်အောင် လုပ်ပေးတယ်။ အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို့က ဘာလဲ…။
အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိမှလည်း လွတ်လပ်မှု ရှိမယ်။ အကြောင်း အကျိုးကိုက်အောင် မတွေးနိုင်တဲ့ သူမှာ ဘယ်လို လွတ်လပ်မှုမျိုး ရှိမလဲ။ မယုံသင့်တာတွေ၊ သဘာဝ မကျတာတွေကို ယုံနေတဲ့ သူတွေဟာ လွတ်လပ်မှု မရှိတဲ့ သူတွေ ဖြစ်နေကြတယ်။
ဒါကြောင့် အကြောင်း အကျိုး ကိုက်အောင် တွေးခေါ်တတ်တဲ့ သူတွေ၊ စဉ်းစားတတ်တဲ့ သူတွေ ဖြစ်ဖို့ ကြိုးစားရမယ်။ လူတစ်ယောက်ကို အကြောင်း အကျိုး မကိုက်တာ တွေကို ယုံအောင် လုပ်လိုက်မယ်၊ သဘာဝ ကျကျ မစဉ်းစား တတ်အောင် လုပ်လိုက်မယ် ဆိုရင် သူ့ကို မလွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါကြောင့်
ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင်
သဘာဝ မကျတဲ့ အကြောင်းအကျိုး မကိုက်တာကို
ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ
သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။
ကိုယ့်ကို သူများက လှည့်စားလို့ ရရင် ကိုယ့်လွတ်လပ်မှု ဆုံးရှုံး နေပြီ။ ဘယ်သူတွေက ဘယ်လို နည်းတွေနဲ့ ကိုယ့်ကို လှည့်စားနေ သလဲ။ ဘာကြောင့် သူတို့က လူတွေကို လှည့်စားဖို့ ဒီလောက် ကြိုးစားနေကြ သလဲ။
•Mere animals, and just as well
The beasts may think of heav’n or hell.
(လွတ်လပ်မှုနဲ့ အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်းကို ဖယ်ရှား လိုက်ရင် ငါတို့က ဘာလဲ။) တိရစ္ဆာန် မျှပဲ။ ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံကို တွေးကောင်း တွေးမယ့် တိရစ္ဆာန် အရိုင်းပဲ။
•May we no more our powers abuse,
•But ways of truth and goodness choose.
ငါတို့ရဲ့ စွမ်းရည် သတ္တိတွေကို ငါတို့ အလွဲသုံးစား မလုပ်ကြပါ စို့နဲ့။ အဲဒါ လုပ်မယ့် အစား မှန်ကန်တာ လုပ်မယ့် လမ်းနဲ့ ကောင်းမွန်တာ လုပ်တဲ့ လမ်းကို ရွေးကြပါစို့။
ကိုယ့်ရဲ့ စွမ်းရည် သတ္တိဆိုတာ အကြောင်းအကျိုး သဘာဝ ကျကျ စဉ်းစား နိုင်တဲ့ စွမ်းရည် သတ္တိပဲ။ ဒါဟာ လူသားရဲ့ အကြီးမားဆုံး စွမ်းရည် ဖြစ်တယ်။ ဒီစွမ်းရည်ကို အလွဲသုံးစား မလုပ်ရဘူး။ ဒီစွမ်းရည်ကို သုံးပြီးတော့ပဲ မှန်ကန်တဲ့လမ်း၊ ကောင်းတဲ့လမ်းကို ရွေးရမယ်။ ဒီစွမ်းရည်ကို မသုံးနိုင်ရင် မမှန်တဲ့ လမ်းကို ရောက်ဖို့ များတယ်။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ် မရွေးနိုင်ရင် သူများက ကိုယ့်အတွက် ရွေးပေးလိမ့်မယ်။
အကြောင်းအကျိုး ကိုက်အောင် မစဉ်းစား တတ်တဲ့ သူတွေက သူများကို ဆရာလုပ်နေ ကြတာ တော်တော် များပါတယ်။ လူအများစုဟာ အဲဒီလို လူတွေကို ဆရာ တင်ထားကြတယ်။ ဆရာက အကြောင်း အကျိုး ကိုက်အောင် မတွေးနိုင်ဘူး ဆိုရင် သူ့တပည့်က ဘယ်လို လုပ်ပြီး အကြောင်း အကျိုး ကိုက်အောင် သဘာဝ ကျအောင် တွေးနိုင်တော့ မလဲ။
ဗေဒင် ဆရာတွေ၊ နတ်ကတော်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ၀ိဇ္ဇာဆိုတဲ့ သူတွေကို ဆရာ တင်ထားကြတဲ့ သူတွေဟာ ဘယ်လိုလုပ် အကြောင်း အကျိုး ကိုက်အောင် တွေးနိုင်မလဲ။ အခက်အခဲ တစ်ခု ရှိတဲ့ အခါ သဘာဝကျတဲ့ အဖြေနဲ့ လုပ်နည်းကို မရှာဘဲ သဘာဝ မကျတဲ့ လုပ်နည်းနဲ့ ဖြေရှင်းနေရင် အဲဒီ အခက်အခဲဟာ ဘယ်လို အဆင်ပြေနိုင် မလဲ။
~unknown ဒီကဗျာ ရေးတဲ့သူကို မသိပါဘူး..။
Friday, January 22, 2010
ဒါန ၏ အကျိုး ( ၁ ) ထမင်းချိုး အလှူရှင်
            ဂေါတမ ဘုရားသခင် ရာဇဂြိုလ်ပြည် ၌ သီတင်း သုံးတော်မူစဉ် အိမ်တစ်အိမ်၌ ယဉ်းနာဖြစ်ပွားရာ အမျိုးသမီးတယောက်မှလွဲ ၍ အိမ်သူအိမ်သား အားလုံးသေဆုံးကြ၏။ ထိုအမျိုးသမီး လည်းအိမ်ရှိပစ္စည်းအားလုံး စွန်.ပစ် ထွက်ပြေးခဲ့ရ၏။ သူတပါး၏ အိမ်သို.သွား ကပ်နေရ၏။ အိမ်ရှင်တို.လည်း ထိုအမျိုးသမီးအား သနားသဖြင်. ထမင်းချိုး များကိုပေးကြကုန်၏။
           တစ်နေ.သောအခါ အရှင်မဟာကဿပသည် ၇ ရက်ပတ်လုံးနိရောဓသမာပတ်ကိုဝင်စား၍ သမာပတ်မှ ထတော်မူပြီးလျှင် ယနေ.ငါသည် အဘယ်သူ ကို ဆင်းရဲဒုက္ခမှ လွတ်စေ အံနည်း ဟု ဆင်ခြင်တော်မူ ရာ ထိုအမျိုးသမီး ကိုမြင်တော်မူ၍ ထိုအိမ်သို. ဆွမ်းခံကြတော်မူ၏။
           နိရောဓသမာပတ် မှ ထသောရဟန်း အားဆွမ်းလှူဒါန်း လျှင် လက်ငင်း အကျိုးပေးတက်၏။ ထိုအကြောင်းကိုသိသော သိကြားမင်းသည် မထင်ရှာသောအသွင်ဖြင့် နတ်ဆွမ်း တို.ကိုလောင်းမည်ပြု၏။
အရှင်မဟာကဿပ လည်း သိကြားမင်း မှန်း သိ၍ `သင်ကားကုသိုလ် ကောင်းမူပြုခဲ့ရပြီ ဆင်းရဲသား တို.စည်းစိမ်ချမ်းသာကို မလုသင့် ဟုဆို ကာ ထိုအမျိုးသမီး ရှိရာ သို.ကြွသွား၍ သူ.ရှေ၌ ရပ်၏။
             ထိုအမျိုးသမီးလည်းတန်ခိုးကြီးသော အရှင်မဟာကဿပ မှန်းသိသဖြင့် အရှင်ဘုရားနှင့် ထိုက်တန်သောလှူစရာ မရှိသဖြင့် ကန်တော.ပါသေး၏ ဟုလျှောက်၏။ အရှင်မဟာကဿပ လည်း ရပ်မြဲရပ်တော်မူ ၏။
              ထိုအမျိုးသမီးလည်း အရှင်မဟာကဿပ သည် ငါ့အား ချီးမြှောက် လို၍ ဤနေရာ ကိုကြွတော်မူသည်ဟုသိ၍ ဝမ်းမြောက်ဝမ်းသာ ယမင်းချိုးတို.ကိုသပိတ်၌ လောင်းလှူ၏။  အရှင်မဟာကဿပ လည်း ထိုနေရာ၌ ပင်ထမင်းချိုး ကိုဘုန်ပေးတော်မူပြီးလျှင်ေ၇ကိုသောက်၍ အနုမောဒနာပြု တော်မူ၏။ အမျိုးသမီးလည်း အတိုင်းထက်အလွန် ကြည်ညို၏။ ယင်းသို.ကြည်ညိုသဒ္ဓွါ ပွားစဉ် ထိုနေ.ညပထမံ ၌ ရုတ်တရက်ရောဂါ ရ၍ အနိစ္စရောက်လေသည်။  သိကြားမင်း သည်ကွယ်လွန် အနိစ္စရောက်သော အမျိုးသမီးအား စတုမဟာရာဇ် နတ်ဘုံနှင့် တာဝတိ သာနတ်ဘုံ တို.၌ ရှာဖွေရာ ထိုအမျိုးသမီး ကိုမတွေရပေ။
              ထိုကြောင့် သိကြာမင်း သည် အရှင်မဟာကဿပထံသို. လာ၍ ထိုအမျိုးသမီး၏လားရာဂတိကိုမေးလျှောက်၏
                အိုအရှင် သိကြာမင်း ငါ့အား ထမင်းချိုးလှူဒါန်းရသောအမျိုးသမီးသည် နိမ္မနရတိ နတ်ဘုံ၌ဖြစ်လေပြီ
Friday, January 15, 2010
U THANT OF THE FOUR BRAHA VIHARA
 U THANT OF THE FOUR BRAHA VIHARA
 Many people have asked me how I felt at the time of my appointment at Acting Secretary General. They have been invariably surprised to learn that I did not feel the way most people would have felt in similar circumstances. To understand my feelings and my conception of the role of Secretary General – the nature of my religious and cultural background must first be understood. I should therefore like to outline not only my religious beliefs, but also my conception of human institutions and of the human situation itself.
As a Buddhist, I was trained to be tolerant of everything except intolerance. I was brought up not only to develop the spirit of tolerance, but also to cherish moral and spiritual qualities, especially modesty, humility, compassion, and most important, to attain a certain degree of emotional equilibrium. I was taught to control my emotions through a process of concentration and meditation. Of course, being human, and not yet having reached the stage of arahant or arhat (one who attains perfect enlightenment), I cannot completely “control” my emotions, but I must say that I am not really excited or excitable.
To understand my religious background, a brief explanation of certain ethical aspects of Buddhism will be necessary. Among the teachings of the Buddha are four features of meditation, the primary purpose of which is the attainment of moral and spiritual excellence: metta (good will or kindness), karuna (compassion), mudita (sympathetic joy), and upkkha (equanimity or equilibrium).
A true Buddhist practices his metta to all, without distinction; Buddhists need to apply in their daily lives the teachings of metta even to those whom they have never seen before, and will not see afterwards. “Just as the sun shines on all, or the rain falls on all, without distinction,” metta embraces all beings impartially and spontaneously, expecting nothing in return, not even appreciation. Metta is impersonal love or good will, the opposite of sensuous craving or a burning, sensual fire that can turn into wrath, hatred, or revenge when not required. A true Buddhist has to practice metta to friends and foes alike.
Karuna (compassion) is the second aspect of Buddhist meditation that all true Buddhists are expected to practice. This quality of compassion is deeply rooted in the Buddhist concept of suffering. Human life is one of suffering; hence, it is the duty of a good Buddhist to mitigate the suffering of others, not only in his thought but also in practice. He shows his compassion or pity to all, be they living in this or in another world. (Buddhism believes in life after death.) Buddhist charity is best seen during the feasts or dana given to the poor or to homeless monks, who are provided with alms food with a view to the donor’s attaining a higher order of bliss in the other world. The regular practice of compassion opens one’s mind to the “Noble Truth of Suffering” and its origin. For the Buddha has taught us that suffering originates in craving and ignorance. Hatred, or instance, is the root of all evil.
Mudita (sympathetic joy) can best be defined as one’s expression of sympathy with other people’s joy. The happiness of others generates happiness in the mind of a good Buddhist. Melancholy and pessimism have no place in the Buddha-dhamma or dharma (the cosmic and moral law governing the world, as formulated by the Buddha in his teachings.) One’s life gains in joy by sharing in the happiness of others, as if that happiness were one’s own. The person who cultivates altruistic joy radiates it over everyone in his surroundings, and thus everyone enjoys working and living with him. The practice of mudita not only dispels worry and frustrations but strengthens our moral fiber. Thus a true Buddhist is expected to pray for the happiness of all human beings. By practicing mudita, one automatically renders as important service to the entire community.
Upekkha (equanimity or equilibrium or detachment) connotes the acquisition of a balance of mind, whether in triumph or tragedy. This balance is achieved only as a result of deep insight into the nature of things, and primarily by contemplation and meditation. If one understands how unstable and impermanent all worldly things and conditions are, one learns to bear lightly even the greatest misfortune that befalls one or the greatest reward that is bestowed on one. This lofty quality of even-mindedness or emotional equilibrium is the most difficult of all ethical virtues to practice and apply in our hectic world. To contemplate life, but not to be enmeshed in it, is the law of the Buddha.
To achieve upekkha, one has to meditate. The Buddha’s teaching regarding meditation aims at producing a state of perfect mental health, emotional equilibrium, and tranquility. But this concept of Buddhist meditation is very much misunderstood, both by Buddhists and non-Buddhists. The word “meditation” is generally associated with a particularly posture, or musing on some kind of mystic or mysterious thought or going into a trance. Such misunderstanding is mainly due to the lack of s suitable English word for the original term bhavana, which means mental culture or mental development. The Buddhist bhavana aims at cleaning the mind of impurities, such ill will, hatred, and restlessness; it aims at cultivating such qualities as concentration, awareness, intelligence, confidence, and tranquility, leading finally to the attainment of the highest wisdom.
In other words, through meditation I seek inner peace. I heartily agree with Father Dominique Georges Pire, winner of the Nobel Peace Prize, when he says: “I still think that to be a peacemaker, that is to say a man of peace, one must first be at peace with oneself. One must achieve inner peace. This involves getting to know oneself and learning to control one’s impulses. Only then can a peaceful being approach the immense task of creating harmony between groups and between individuals.
It is far from my intention to claim that I have reached a very high stage on the path to attainment of the highest wisdom, or that I have attained complete “inner peace”. I can claim, however, that I practice bhavana every day. I try to cultivate the ethical aspects of Buddhism, and I believe that I have attained a greater degree of emotional equilibrium than most people. This explains why I received the tragic news of the sudden death (in a traffic accident) of my only son, Tin Maung Thant, on May 21, 1962, with minimal emotional reaction. For are not birth and death the two phases of the same life process? According to the Buddha, birth is followed by death, but death, in turn, is followed by rebirth.
The same minimal emotional reaction applied to the news brought to me on September 23, 1965, by the Norwegian permanent representative, Ambassador Sivert Nielson, that it was the intention of the Nobel Peace Committee in Oslo to award me the coveted prize for 1965. He showed me the letter addressed to him by the Nobel Peace Committee. My response was / is not the Secretary General merely doing his job when he works for peace? After Ambassador Nielsen left my office, my thoughts wandered to those who were more deserving of that prize than myself – those whose lifelong preoccupation had been the peace of the world, the welfare of mankind, and the unity of the human community: people like Paul Hoffman, Dr. S. Radhakrishnan, and many others. In any event, it was most gratifying to learn (on October 25) that UNICEF (the United Nations Children’s Fund), whose accomplishments in the humanitarian field no one questions, was the recipient of that prize.
မသိတာ မတတ်တာတွေ ၀န်ခံရင်း၊ မှားရဲရင်း၊ ပြင်ဆင်ရင်းနဲ့  မင်္ဂလာရှိသော နေ့ ရက်များကို ဖြတ်သန်းကြ
မင်္ဂလာရှိသော နေ့ ရက်များ သို့ မဟုတ် မင်္ဂလာဓါရဏကထာဆိုတဲ့ကျမ်းမှာ မဟာဗောဓိမြိုင်ဆရာတော်က “ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ” မင်္ဂလာတွေကို အကြားအမြင် ဗဟုသုတုများနှင့်လည်း ပြည့်စုံစေ၊ လက်မှုပညာလည်း တတ်ကျွမ်းနေစေလို့  အဓိပ္ပါယ်ဖွင့်ဆိုတော် မူထားပါတယ်။ ဆရာတော်ဘုရားကြီးက “မျက်စိနှင့် နား၊ အမြဲတံခါးဖွင့်ထားပါ” လို့  မိန့် တော်မူပါတယ်။
အကြားအမြင်ဗဟုသုတ ဘယ်လောက်များရမလဲ?
၁။ တိုင်းပြည်အကြောင်း ကောင်းကောင်းသိနေစေရမည်။
၂။ စီးပွားရေးအကြောင်း ကောင်းကောင်းရိပ်မိနေစေရမည်။
၃။ လူမှုရေးအကြောင်း ကောင်းကောင်း နားလည်နေစေရမည်။
အဲဒီလိုဆိုထားတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကုန်ပါရောလား။ ဒီ ၃ ချက်ကို ကျွမ်းကျင်နေရင် ဘယ်နေရာနေနေ၊ ဘယ်ပြည်ရောက်ရောက် လူတော်ပဲ။ အဲဒီသုံးခုစလုံးဟာ အမြဲတမ်း သက်ဝင်လှုပ်ရှားနေတတ်တယ်။
ရှေးက နိုင်ငံရေးကို “ကြက်ဥအရောင် တိမ်တောင်သဖွယ်” လို့  တင်စားခဲ့ကြတယ်။ စီးပွားရေးမှာ ဒီနေ့ ဒီပစ္စည်း အသုံးတွင်ကျယ်နေပေမယ့် နောက်ရက်မှာ သူ့ ထက်သာတဲ့ပစ္စည်းဝင်လာရင် နောက်ကောက်ကျတတ်တယ်။ ကျီးအစာစားသလိုပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေရာက ဘယ်သူတွေဘာလုပ်နေသလဲဆိုတာ အမြဲအကဲခတ်နေရတယ်။ မဟုတ်ရင် “စီးပွားရေး၊ လူအိုရုံ”ထဲ ရောက်သွားတတ်တယ်။ ကိုယ့်စီးပွားရေး အမြဲတမ်း နုပျိုလန်းဆန်းနေချင်ရင် အမြဲ မျက်စိနှင့်နားကို ဖွင့်ထားဖို့ လိုတယ်။ အရည်အသွေး ကောင်းသည်ထက်ကောင်းအောင် “သုတေသနပြုမှု” လိုတယ်။ စားသုံးသူကို မလိမ်ချင်ရဘူး။
လူမှုရေးမှာလည်းဘဲ လူကိုလူလို ဆက်ဆံရမယ်။ စာပေကရတဲ့အတွေ့ အကြုံတွေ၊ ဗဟုသုတတွေကို ၀ိဇ္ဇာပညာရပ်လို့ ဆိုရင် သူနဲ့ ယှဉ်တွဲပြီး လက်တွေ့ အသုံးချစရာတွေကို သိပ္ပံပညာ ဒါမှမဟုတ် လက်မှုပညာလို့ ဆိုနိုင်တယ်။ ဒီနေရာမှာလည်း မင်္ဂလာသုတ်ကို ဆရာတော်ဘုရားကြီးက သေးသေးကြီးကြီး အပြစ်ကင်းမယ့်အလုပ်မျိုးဆို လက်ရာမြောက်နေပါစေ၊ ကိုယ်ကျင့်မပျက်မယ့် အလုပ်မျိုးဆို မရှက်မကြောက်ပါလေနှင့်။ တတ်ပြီးလက်မှုပညာကို မလေးမစား၊ မကိုင်တွယ်ပါလေနှင့်။ အဲဒီသုံးချက်ကို လိုက်နာနိုင်ရင် လောကနိဗ္ဗာန်ဆိုတာ ပြေးမလွတ်တော့ဘူးလို့ မိန့် မှာတော်မူပါတယ်။
တလောက စာရေးဆရာ ရောဘတ်တီကီယိုဆာကီရဲ့ စာအုပ်တွေဖတ်မိတယ်။ သူ့ အရေးအသားတွေထဲမှာ မခံချင်စရာတွေရှိနေပေမယ့် အမှန်တွေများတယ်။ ဥပမာ သူက ကျွန်တော်တို့ လို ဟိုစပ်စပ်ဒီစပ်စပ်သမားတွေအတွက် အရေးအကြီးဆုံးက အလွတ်ရအောင်ကျက်ဖို့ နဲ့  အမျိုးစုံအောင်ကျက်ဖို့ ဘဲတဲ့။ မခံချင်စရာပါ။ ဒါပေမယ့် အမှန်တွေပါနေတယ်။ စာမေးပွဲဆိုတာ ဘွဲ့ တွေ၊ လက်မှတ်တွေ၊ ဒီဂရီတွေဆိုတာဟာလည်း အများအားဖြင့် သင်ထားတာကို ဘယ်လောက်မှတ်မိသလဲလို့  ပြန်မေးတာတွေများတယ်။ ဒါတောင်သိပ်ပြီး မှတ်ချင်ကျက်ချင်ကြတာမဟုတ်ဘူး။ တကယ်တမ်း လောကကို ရင်ဆိုင်၊ ဘ၀နဲ့ ထိတွေ့ တဲ့အခါမှာ အလွတ်ကျက်ထားတာတွေနဲ့ မလုံလောက်ပါဘူး။
ဗီယက်နမ်စစ်ပွဲသွားတိုက်မယ့် တိုက်လေယာဉ်မှူးတစ်ယောက်ကို ပထမဆုံးက လေကြောင်းသင်ကျောင်းမှာ လေ့ကျင့်ပေးတယ်။ သင်တန်းဆင်းလက်မှတ်ရလာတော့ မြောက်ကြွမြောက်ကြွနဲ့ ပေါ့။ လက်တွေ့ တာဝန်ပေးပေးချင်း သက်ဆိုင်ရာတာဝန်ရှိသူက အရေးပေါ်အခြေအနေနဲ့ ကြုံရင် ဘာလုပ်ရမယ်ဆိုတာ သိလားလို့ မေးတော့ မေးရကောင်းလားဆိုပြီး စိတ်တွေဆိုးလို့  ချရေးစမ်းဆိုတော့လည်း တစ်ခုမကျန် ပြန်ဖြေနိုင်တယ်။
ဒါနဲ့ လက်တွေ့ စမ်းကြည့်ရအောင်ဆိုပြီး လေယာဉ်ပျံမောင်းကြည့်တယ်။ ဒါလေးများပေါ့လေ။ နောက်အဲဒီစမ်းသပ်တဲ့အရာရှိက စက်ရပ်ပစ်လိုက်တယ်။ ဘယ်ပြောကောင်းမလဲ လေယာဉ်က ဦးစိုက်ပြီး ဆင်းနေတော့တာပေါ့။ စမ်းသပ်တဲ့အရာရှိက အေးအေးဆေးဆေးပါပဲ။ အစမ်းသပ်ခံရတဲ့ပုဂ္ဂိုလ်က ဘယ်ကစလုပ်ရမှန်းတောင် မသိပါဘူး။ နောက်ဆုံးမှာ စမ်းသပ်တဲ့အရာရှိကပဲ လေယာဉ်ကိုအချိန်မီ ပြန်ထိန်းလိုက်ရတယ်။ စောစောက အလွတ်ရထားတဲ့စာတွေ ဘယ်ရောက်ကုန်ပြီလဲ။
ဒီတော့ စမ်းသပ်တဲ့အရာရှိက စကားတစ်ခွန်းပြောပြတယ်။ ဒီစကားကို ပိုင်းလော့တစ်ယောက်အတွက် ပြောပေမယ့် ကျန်တဲ့ ကျွန်တော်တို့ တစ်တွေနဲ့ လဲ ပတ်သတ်နေတယ်။“သူများ သတ်လို့ သေမှာမဟုတ်ဘူး။ ကိုယ်ညံ့တာ၊ ကိုယ့်အရည်အချင်းမပြည့်တာတွေကြောင့် သေမှာတဲ့။” ကျွန်တော်တို့ တစ်တွေဟာ မင်္ဂလာရှိတဲ့ နေ့ ရက်များကို လိုချင်ရင် မပြည့်တာတွေ၊ အားနည်းချက်တွေကို ပြုပြင်ဖို့ ကိုယ်မသိသေးတာ မတတ်သေးတာတွေကို လေ့လာဆည်းပူးဖို့ အများကြီးလိုပါအုံးမယ်။
ဘယ်သူဖြစ်ဖြစ် အလွတ်ကျက်နိုင်၊ ပြန်ဆိုနိုင်ကြတာချည်းဘဲ။ ဒါပေမယ့် တကယ့်တကယ် အရေးရယ် အကြောင်းရယ်ဆိုရင် ပြန်စဉ်းစားနေရသေး။ ဘယ်ကစလို့  စရမှန်းမသိ ဖြစ်နေသေးရင်တော့ တကယ် မသိသေးမတတ်သေးတာ အမှန်ပါ။ အလွတ်ရတာဟာ တကယ်သိတာမဟုတ်ဘူး။ အရေးပေါ် အခြေအနေတွေကို သာမန်အခြေအနေလို သဘောထား လေ့ကျင့်ပေးနိုင်မှ အကြောက်တရားရဲ့ နေရာမှာ အရည်အချင်းတွေ၊ အရည်အသွေးတွေ ၀င်လာမှ အတ္တကြီးမှု၊ မာနကြီးမှုရဲ့ နေရာမှာ စိတ်ချယုံကြည်မှုတွေဝင်လာမှ တကယ်တတ်၊ တကယ်သိလို့ ဆိုနိုင်မယ်။
တကယ်တော့ လောကီလူ့ ဘောင်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် အလွတ်ကျက် မှတ်မိတာထက် ပိုတဲ့ အခြေခံစွမ်းရည်တွေ လိုအပ်ပါတယ်။ အနည်းဆုံး အဲဒီစွမ်းရည်တွေရအောင် ဘယ်လိုလေ့လာဆည်းပူးမလဲဆိုတာက စရပါမယ်။ ပြီးရင် ရေထဲမိုးထဲမှာ ချက်ချင်းတုန့် ပြန် ဆောင်ရွက်နိုင်တဲ့အထိ လေ့လာရ၊ ဆည်းပူးရ၊ လေ့ကျင့်ထားရပါမယ်။
ခုလိုပြောလို့  လေ့လာဆည်းပူးရာမှာ အလွတ်မကျက်ရဘူး၊ မှတ်သားမထားရဘူးလို့  ဆိုလိုတာမဟုတ်ပါဘူး။ အချက်အလက်တွေကို ဦးနှောက်ထဲမှာ မှတ်သားထားတာဟာ ကွန်ပျူတာတစ်လုံးထဲ အချက်အလက်တွေထည့်ထားတာနှင့်တူပါတယ်။ ဒီကတဆင့် အာရုံငါးပါး အပါအ၀င် လက်တွေ့ အတွေ့ အကြုံတွေကို မြင်တာနှင့်သိ၊ ကြားတာနှင့်လုပ်တတ်တာမျိုးတွေ၊ အာရုံကြောတွေရဲ့ နိုးကြားတက်ကြွမှုတွေလိုအပ်ပါတယ်။ ပြီးတော့ခံစားရမှုတွေ၊ မသိစိတ်တွေရဲ့ ဆည်းပူးလေ့လာမှုတွေလဲ ရရှိပါမယ်။ ပျော်စရာ၊ ကြောက်စရာ၊ ချစ်ခင်စရာ၊ ကြင်နာသနားစရာ၊ ၀မ်းမြောက်စရာတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာဟာလဲ လေ့လာဆည်းပူးအပ်ပါတယ်။ တစ်ခုတည်းရွေးပြီး လေ့လာဆည်းပူးတာမျိုးဟာ အဓိပ္ပါယ်မပြည့်စုံပါဘူး။
လေ့လာဆည်းပူးရာမှာ ဘယ်လိုလေ့လာဆည်းပူးရမယ်ဆိုတာ အရေးအကြီးဆုံးပါ။ တကယ်တော့ ဘ၀ဆိုတဲ့ကျောင်းဟာ စာသင်ကျောင်းထက် ပညာတွေအများကြီး ပေးနေတာပါ။ ငယ်ငယ်က စက်ဘီးစီးသင်တဲ့အကြောင်း ပြန်စဉ်းစားကြည့်မိတယ်။ စက်ဘီးစီးသင်ရတော့မယ်ဆိုတော့ ပျော်လိုက်၊ တက်ကြွလိုက်တယ်ဖြစ်ခြင်းပေါ့။ ခုနေအခါ ဘာသာရပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို လေ့လာတော့မယ်ဆိုရင် စက်ဘီးစီးသင်တုန်းကလောက် စိတ်အားထက်သန်မှုမျိုး ရှိသေးရဲ့ လား စဉ်းစားစရာပါ။
ဝမ်းသာပေမယ့် စက်ဘီးစီးသင်တာ၊ ဘာတွေလုပ်ရကိုင်ရမယ်ဆိုတာ၊ ဘာတွေ ဆည်းပူးလေ့လာရမယ်ဆိုတာ မသိပါဘူး။ စက်ဘီ စ စီးကြည့်တယ်။ လဲတယ်။ အဲဒီတော့မှ ကိုယ်မသိသေးတာတွေ ဘာတွေရှိနေသေးတယ်ဆိုတာ သိလာတယ်။ နောက်တော့ လဲလိုက်၊ ပြန်ထလိုက်၊ ပြန်စီးလိုက်၊ လဲလိုက် လုပ်ပါများလာတော့ မှားတာတွေပြင်လာနိုင်တယ်။ စက်ဘီးစီးတက်လာတယ်။ ဘယ်လိုလုပ်ရင် လဲတယ်။ ဖြောင့်ဖြောင့်စီးချင်ရင် ဘယ်လို၊ ကွေ့ ချင်ရင်ဘယ်လိုဆိုတာ သိလာတယ်။ ဒါပေမယ့်  ဒီအဆင့်ဟာ တကယ်တတ်တာ မဟုတ်သေးဘူး။
ကိုယ်သိထား၊ တတ်ထားတာတွေကို အရေးရယ် အကြောင်းရယ်မှာ ထုတ်သုံးနိုင်တယ်။ စက်ဘီးစီးဖို့ အရေး ဘာမှစဉ်းစားနေစရာမလိုတော့ဘူး။ ကုန်ကုန်ပြောရရင် တတ်လို့ တတ်မှန်းတောင်မသိ၊ သတိမရတော့ဘဲ တက်စီးနိုင်တယ်။ ဘယ်အကြောင်းအရာဖြစ်ဖြစ် ဒီအဆင့်လေးဆင့်ကို ဖြတ်သန်းရတယ်။ ပညအလိုက်၊ လူအလိုက် အချိန်ယူရတာ ကွာခြားမှုတော့ရှိတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့် ဒီအတိုင်းဘဲ။ “ဒူးလည်းကွဲရော၊ စက်ဘီးစီးလက်တတ်ရော” ဆိုတဲ့စကားရှိတယ်။ အမှားတွေတွေ့  အမှားတွေပြင်ပြီးမှ တတ်ကျွမ်းနားလည်သူဖြစ်လာတာပါ။ မှားရမှာကြောက်သူ၊ စင်းလုံးချောဖြစ်ချင်သူတွေ၊ အမှားတွေကို မပြင်မဆင် တပွေ့ တပိုက် တယုတယထားချင်သူတွေဟာ တတ်ကျွမ်းသူတွေ ဖြစ်မလာနိုင်ပါဘူး။
ုဟုတ်ကဲ့။ ပညာခေတ်ကြီးမှာ မသိတာ မတတ်တာတွေ ၀န်ခံရင်း၊ မှားရဲရင်း၊ ပြင်ဆင်ရင်းနဲ့  မင်္ဂလာရှိသော နေ့ ရက်များကို ဖြတ်သန်းကြရမှာ ဖြစ်ကြောင်းပါ။
Thursday, January 7, 2010
၃။ စိတ္တ၀ဂ္ဂ----------ဓမ္မပဒ (မြန်မာ၊ အင်္ဂလိပ်)
၃။ စိတ္တ၀ဂ္ဂ
၃။ စိတ္တ၀ဂ္ဂ Chapter 03
Chapter 03
၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။
၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။
၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။
၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။
33. The mind is restless, unsteady, hard to guard, hard to control. The wise man makes it straight, like a Fletcher straightens his arrows.
34. Like a fish quivers when taken out from his watery home and thrown on land, our mind struggles to get free from the power of Mara's sway (kilesas, moral defilements).
၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။
၃၅။ နှိမ်နင်းရန်ခဲယဉ်း၍ လျင်မြန်သောသဘောရှိသော အလိုရှိရာအာရုံ၌ ကျလေ့ရှိသောစိတ်ကို ဆုံးမခြင်း သည်ကောင်း၏၊ (ဆုံးမပြီး၍)ယဉ်ကျေးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။
35. It is good to tame the mind, which is difficult to restrain. It flies after fancies wherever it likes. A disciplined mind brings happiness.
၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။
၃၆။ အလွန့်အလွန်မြင်နိုင်ခဲသော အလွန့်အလွန်သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာ ရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။
36. Invisible and subtle is the mind, and it flies after fancies wherever it likes, but let the wise man guard well his mind, for a mind well-guarded is a source of great joy.
၃၇။ ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။ (ဧကစာရံ)
ယေ စိတ္တံ သံယမိဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။
၃၇။ အဝေးသို့သွားတတ်သော တစ်ဦးတည်းကျက်စားသော ကိုယ်ကောင်အထည်မရှိသော (ဟဒယ ၀တ္ထု)လိုဏ်ဂူ၌မှီသောစိတ်ကို အကြင်သူတို့သည် စောင့်စည်း(ချုပ်တည်း)ကြကုန်၏၊ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။
37. Those who control their mind which travels far, moves about alone, hides in the chamber of the heart, are free from the bonds of Mara ( the tempter).
၃၈။ အန၀ဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အ၀ိဇာနတော။
ပရိ ပ္လ၀ပသာဒဿ၊ ပညာ န ပရိပူရတိ။
၃၉။ အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။
၃၈။ မတည်တံ့သောစိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။
၃၉။ (ရာဂ)မစိုစွတ်သောစိတ်ရှိသော၊ (ဒေါသ)ထိခိုက်သောစိတ်မရှိသော ကောင်းမှုမကောင်းမှုကို ပယ်ပြီးသော နိုးကြားသောပုဂ္ဂိုလ်အား ဘေးသည်မရှိ။
38. He whose mind is unsteady, who knows not the path of truth (Dhamma), whose faith in peace is wavering, he shall never reach fullness of wisdom.
39. For the wakeful one whose mind is free from passion, whose thoughts are undisturbed, who has given up both good and evil, there is no fear.
၄၀။ ကုမ္ဘူပမံ ကာယမိမံ ၀ိဒိတွာ၊ နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊ ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။
၄၀။ ဤ(သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟုသိ၍ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌သက်ဝင် စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏၊ (တိုက်ခိုက်၍) အောင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်းမရှိဘဲ စောင့်ရှောက်ထားရာ၏။
40. Knowing this body to be like an earthen jar, making the mind like a fortified city, one should fight Mara (all temptations) with the weapon of knowledge and continue to guard the mind on what has been gained – without attachment to it.
၄၁။ အစိရံ ၀တယံ ကာယော၊ ပထ၀ိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတ၀ိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။
၄၁။ ဤခန္ဓာကိုယ်သည် ၀ိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည် ဖြစ်၍ မကြာမှီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။
41. For before long, this body will lifeless lie on the ground, without consciousness, abandoned like a useless log.
၄၂။ ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ၀ါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။
၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထို စိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။
42. What an enemy may do to an enemy, or a hater to a hater, but a man's own mind, if wrongly directed, can do him a far greater harm.
၄၃။ န တံ မာတာ ပိတာ ကယိရာ၊ အညေ ၀ါပိ စ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။
၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်၊ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။
43. Not mother, neither father, nor any other relatives will do well to a man, but his own right directed mind can do it to him for his well-being.
၂။ အပ္ပမာဒ၀ဂ္ဂ ----------ဓမ္မပဒ (မြန်မာ၊ အင်္ဂလိပ်)
၂။ အပ္ပမာဒ၀ဂ္ဂ
၂။ အပ္ပမာဒ၀ဂ္ဂ Chapter 02
Chapter 02
၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
၂၂။ ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။
၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။
၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။
၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။
၂၃။ ထိုပညာရှိတို့သည် (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။
21. Awareness is the path to the deathless (Nibbana), unawareness, the path of death. Those who are aware do not die; those who are unaware are as if dead already.
22. Those who, with a clean mind have seen this truth, those who are wise and ever-watchful, they feel the joy of watchfulness, the joy of the path of the Noble Ones (Ariyas).
23. And the wise who devote themselves to meditation and in deep contemplation with ever-living power advance on the path, they in the end reach Nibbana, incomparable release from bonds.
၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။
၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။
24. Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in accordance with truth (right livelihood), that person will arise in glory.
၂၅။ ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။
၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့် လည်းကောင်း၊ (သီလ) စောင့်စည်းခြင်း နှင့်လည်းကောင်း၊ (ဣနြေ္ဒကို) ဆုံးမခြင်းနှင့် လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကျွန်းကို ပြုလုပ်ရာ၏၊ ယင်းသည့် ကျွန်းကို ကိလေသာရေလျဉ်သည် မဖျက်ဆီးနိုင်တော့ပြီ။
25. By earnestness, by mindfulness, by restraint and self-control (with regard to moral precepts), the wise man could make an island (in the sea of mental defilements) that a flood of passion cannot sweep away.
၂၆။ ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။
၂၇။ မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထ၀ံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ၀ိပုလံ သုခံ။
၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကို အားထုတ်ကြကုန်၏၊ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။
၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟုဆိုသော တဏှာနှင့် အကျွမ်းဝင်မှုကို အားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့်ဆိုသော် မမေ့မလျော့ (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်)ချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း။
26. Foolish and unintelligent people engage in unawareness. But the wise one guards awareness like the greatest treasure.
27. Do not indulge in negligence, do not be intimate with attachment to lust and desires. The vigilant one who is established in mindfulness and aware can gain Nibbana, the joy supreme.
၂၈။ ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။
၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏၊ စိုးရိမ်မှုကင်းသော ရဟန္တာ သည် ဒိဗ္ဗစက္ခုဟုဆိုအပ်သော ပညာပြာသာဒ်ထက်သို့တက်၍ စိုးရိမ်မှုရှိသော သတ္တ၀ါအပေါင်းကို ရှုကြည့်၏၊ တောင်ထိပ်၌တည်သောသူသည် မြေပြင်၌တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိ ရဟန္တာသည် (ပုထုဇဉ်)သူမိုက်တို့ကို ရှုကြည့်၏။
28. The wise expels unawareness by awareness, negligence by vigilance, climbing the tower of wisdom, sorrow less, the wise one (the Arahant) looks down upon the sorrowing crowd as one standing on the mountain looks down those standing on the ground below.
၂၉။ အပ္ပမတ္တော ပမတ္တေသု၊ သတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။
၂၉။ လျင်မြန်သောမြင်းသည် ခွန်အားနည်းသောမြင်းကို ချန်၍ သွားသကဲ့သို့၊ မေ့လျော့သူ အပေါင်းတို့တွင် မမေ့လျော့သောပညာရှိသည် မေ့လျော့သူကိုချန်ထား၍ သွား၏၊ သတိလွတ်ကင်း နိုးကြားခြင်း မရှိသူ အပေါင်းတို့တွင် သတိပွားများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်း မရှိသူများကို) စွန့်ထား၍သွား၏။
29. Watchful among the unwatchful, vigilant among the heedless, the wise man like a swift horse runs his race, outrunning those leaving behind who are slow.
၃၀။ အပ္ပမာဒေန မဃ၀ါ၊ ဒေ၀ါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။
၃၀။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ရောက်၏၊ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏၊ (ကုသိုလ် ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။
30. Magha young man rose to the lordship of the gods by mindfulness (in doing meritorious deeds). The wise praise earnestness; negligence in doing virtuous deeds is always blamed.
၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။
၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့)သွား၏။
31. The monk who delights in awareness and fears negligence goes to Nibbana destroying all fetters like a fire burning all obstacles both great and small.
၃၂။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။
၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။
32. The monk who delights in awareness and fears in negligence cannot fall away (from his perfect state) – he is very close upon Nibbana.
၁။ ယမက၀ဂ္ဂ ----------ဓမ္မပဒ (မြန်မာ၊ အင်္ဂလိပ်)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ယမက၀ဂ္ဂ
၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။
1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.
၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။
၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။
2. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with pure mind, joy and peace will follow like a shadow that never leaves the body.
၃။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
၎။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။
၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည် မငြိမ်းအေးနိုင်။
၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။
3. "He abused me, he injured me, and he robbed me"- those who have such thoughts in mind will not be free from hatred.
4. "He abused me, he injured me, and he robbed me"- those who do not have such thoughts in mind will be free from hatred.
၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။
5. As a universal truth, hatred will never end by hatred: hatred will cease by loving kindness.
၆။ ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။
6. The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.
၇။ သုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီန၀ီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ၀ါတော ရုက္ခံဝ ဒုဗ္ဗလံ။၈။ အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။
၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသောသစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။
၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကိုသိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် မနှိပ်စက်နိုင်။
7. The person who lives as though the things of the world were pleasurable, with senses uncontrolled and food immoderate, lazy and weak will be overpowered by Mara (craving), like the wind throws down a weak tree.
8. The person who lives as though the things of the world were not pleasurable, with senses well controlled and food moderate, faithful and strong , will not be overpowered by Mara (craving), like a mountain unshaken by the wind.
၉။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ၀တ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။
၁၀။ ယော စ ၀န္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။
၉။ (ဣနြေ္ဒကို)ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ်(သင်္ကန်း)ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ်(သင်္ကန်း)နှင့် မထိုက်တန်။
၁၀။ ဣနြေ္ဒတို့ကိုဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရေကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းသောအ၀တ်နှင့် ထိုက်တန်၏။
9. One, who puts yellow robe with a soul which is impure, lacks in self-control (composure) and disregardful of truth is unworthy of the yellow robe.
10. One who is pure from sin and whose soul is strong in virtue, who has self-control and regards truth is indeed worthy of the yellow robe.
၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။
၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။
၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိကြကုန်ရကား အနှစ် ရှိသောတရားကို မရနိုင်ကြကုန်။
၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ် မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သောကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိ ကုန်ရကား အနှစ်ရှိသော တရားကို ရနိုင်ကြကုန်၏။
11.Those who consider truth in untruth, and see untruth in truth, do not reach the truth, lost in the path of wrong views.
12. Those who consider truth in truth and untruth in untruth arrive at truth and follow true desires as they hold right views.
၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။
၁၄။ ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။
၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။
၁၄။ အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။
13. As rain penetrates the poorly thatched house that is poorly roofed, passion (raga) penetrates the unguarded mind.
14. As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.
၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ၀ိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။
၁၅။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း စိုးရိမ်ရ၏၊ တမလွန်ဘ၀၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း စိုးရိမ်ရ၏၊ ထိုမကောင်းမှုပြုသူသည် မိမိ၏ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။
15. The evil-doer suffers in this world and he suffers in the next, the man who does evil suffers in both worlds. He suffers and mourns when he sees the wrong he has done.
၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။
၁၆။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ ၀မ်း မြောက်ရ အလွန်ဝမ်းမြောက်ရ၏။
16. The virtuous person is happy in this world and after death, happy in both. Seeing the purity of his own action, he feels glad when he sees the good he has done.
၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။
၁၇။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း ပူပန်ရ၏၊ တမလွန်ဘ၀၌လည်း ပူပန်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ပူပန်ရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီဟု ပူပန်ရ၏၊ ဒုဂ္ဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။
17. The evil-doer suffers in this world and, he suffers in the next, he suffers in both. He suffers when he thinks of the evil he has done: he suffers even more when he has gone in the evil path to hell.
၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။
၁၈။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏၊ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏၊ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟု နှစ်သက်ရ၏၊ သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။
18. The virtuous man rejoices in this world, and he rejoices in the next world: the man who does well rejoices in both worlds. "I have done good deed", thus he rejoices and even happier when he has gone on the good path to heaven.
၁၉။ ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊ န ဘာဂ၀ါ သာမညဿ ဟောတိ။
၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ၊ သ ဘာဂ၀ါ သာမညဿ ဟောတိ။
၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့ အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ် သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့ တန်နေသောသူသည် ပြုထိုက်သည်ကိုပြုသည် မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။
၂၀။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည် ဖြစ်၍ (ကိလေသာတို့မှ)လွတ်သော စိတ်ရှိသည်ဖြစ်လျက် ဤလောက၌ လည်းကောင်း၊ တမလွန် လောက၌ လည်းကောင်း စွဲလမ်းမှုမရှိတော့ပြီ၊ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။
19. If a man speaks many religious words of the Buddha (Tipita-ka) but does not put it into practice, this thoughtless man cannot enjoy the life of religion, like a cowherd counting others' cows, without knowing the taste of the milk.
20. If a man speaks a few religious words and yet he lives the life of those words (Dhamma), free from passion, hatred and illusion – with right vision and a free mind, craving for nothing both now and hereafter – the life of this man is a life of faithfulness in religion.
                                          ဓမ္မပဒ (မြန်မာ၊ အင်္ဂလိပ်)
                                         http://www.lknt4.blogspot.com/  
Tuesday, January 5, 2010
ဗုဒ္ဓဘာသာတိုင်းသိသင့်သော ဘုရားရှိခိုး
သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ၊
ဖိုလ်တရား ၊နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။
အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။ ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။
ကန်တော့ရသော အကျိုးအားကြောင့် - ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ၊
အပါယ်လေးပါး -
(၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊
(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊
 (ဃ) မီးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှနတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊
(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊
(ဇ)မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
(၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊
(၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊
(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
ကပ်သုံးပါး -
(၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း (သတ္တန္တရကပ် ) ၊
(၂) ပလိပ်ရောဂါ ၊ ကာလရောဂါ ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့်မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်) ၊
(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း ၊
ရပ်ပြစ်ရှစ်ပါး -
မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ေးသများဖြစ်ကြသည့်
(၁) ငရဲ ၊
(၂) တိရစ္ဆာန် ၊
(၃) ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊
(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်မရှိသော  အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်ဒီဃာယုနတ်တို့အရပ် ၊
(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စ န္တရာဇ်အရပ် ၊
(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊
 (၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ ၊
(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊
ရန်သူမျိုးငါးပါး-
(၁) ရေ ၊
(၂) မီး ၊
(၃) ခိုးသူ ၊
(၄) အမွေခံသားဆိုး သမီးဆိုး
(၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း ၊
(၁) မင်းဆိုး မင်းယုတ်အုပ်စိုးသောအခါ ဖြစ်သည့် ကာလ၀ိပတ္တိ ၊
(၂) အအပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ ဂတိဝိပတ္တိ ၊
(၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ ၊
(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆိုကြံစည်မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊
ဗျဿနတရားငါးပါး -
(၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန ၊
(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန ၊
(၃) အနာရောဂါဖြစ်ခြင်း ရောဂဗျဿန ၊
(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန ၊
 (၅) သီလပျက်ခြင်း သီလဗျဿန စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော ၊ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊
မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊
 ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊
 နိဗ္ဗါန်ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗါန်စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။
ဘုရားရှင်၏ အံ့ဖွယ်တော်(၁၈)ပါး
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။
Thursday, December 31, 2009
အမ္ဗပါလီ
Posted by Dhammaransi.net on July 19, 2009 at 9:51am
စာဖတ်သူ တဦးမှ အမ္ဗပါလီအကြောင်း ရေးပေးဖို့ တောင်းဆိုတဲ့ အတွက်ကြောင့် ဓမ္မမိတ်ဆွေ အန်တီ စီစီချိုသန်း ရေးသား ပို့ပေးထားသော အမ္ဗပါလီ အကြောင်းကို တင်ပြလိုက်ပါတယ်။
သမိုင်းအစဉ်မှာ၊ နှိုင်းမယှဉ်အောင်၊ လှရက်ပါတ့၊ဲ ဝေသာလီရဲ့ အလှဧကရီ...အမ္ဗပါလီရေ....။ သင့်ရဲ့ဘ၀ ဖြစ်စဉ်ကို ကြားသိရတဲ့ အခိုက် ၀ိပဿနာ အသာထားပြီး၊ ကျွန်မရင်ထဲမှာ တကယ်ကို ခံစားလိုက် ရပါတယ်။ ခံစားမှုတွေကို သေချာဆန်းစစ်လိုက်တော့ အားကျမှုတွေ၊ သံဝေဂတွေ၊ ကိုယ်ချင်းစာ တရားတွေ အားလုံးပါဝင်နေပါတယ်။ ဒီခံစားမှုတွေကို သင့်ကိုပဲတိုင်တည်ပြီး ကျွန်မ ပြောပါရစေ..။
ဘုရားရှင်လက်ထက်က ရှိခဲ့တဲ့ ဝေသာလီပြည်ကြီးဟာ ဒီမိုကရေစီ စံနစ်ကျင့်သုံးပါတယ်။ ပြည်သူ့လွှတ်တော် ကြီးကို နှစ်စဉ် ကျင်းပလို့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ အားလုံးကို (၇၇၇၇) ယောက်သော ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနိုင်း တိုင်ပင်ကာ ဆုံးဖြတ်ကြတာပါ။ ဒီလွှတ်တော်မှာ ဝေသာလီ ဂဏသန္တာ ရဲ့အကြီးအကဲ မဟာနာမ်မင်းကြီး၊ သားတော် ဖြစ်တဲ့ အာနန္ဒ မင်းသား၊ အဘယရာဇာ ဆိုတဲ့ စစ်သေနာပတိ ချုပ်ကြီး၊ သူရဲကောင်း စစ်သည်များနဲ့ ဝေဒပညာရှင်များ ပါဝင်ကြပါတယ်။ အမ္ဗပါလီရေ... သင်ကတော့ မဟာနာမ် မင်းကြီးရဲ့ ချစ်မ၀တဲ့ သမီးအလှတစ်ပါးပါ။ အာနန္ဒ မင်းသားရဲ့ညီမတော်ပေါ့။ တကယ်တော့ သင်ဟာ မဟာနာမ် မင်းကြီးရဲ့ သမီးရင်းတစ်ယောက် မဟုတ်ခဲ့ဘူးနော်။ မဟာနာမ်မင်းကြီးနဲ့ မိသားစုတို့ခရီးတစ်ခု သွားရာမှာ တစ်နေရာအရောက် သရက်ပင်အောက် ကလေးငိုသံကြားလို့ မြင်းထိန်းကို သွားကြည့် ခိုင်းပါတယ်။ ဇနီးသည် မီးဖွါးရင်း ဆုံးတာ မကြာသေးတဲ့ မင်းကြီးက အဲဒီ ကလေးကိုမွေးစားချင်စိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အာနန္ဒ ဆိုတဲ့ သားတော်တစ်ပါး ရှိပြီး ဖြစ်လို့ ယောကျာင်္းလေး ဖြစ်နေရင် ထီးနန်းလုကြမှာ ကိုစိုးရိမ်ပါ တယ်။ ဒါကြောင့် ယောကျာင်္းလေး ဆိုရင်တော့ မယူဘူး၊ မိန်းကလေး ဖြစ်ရင်တော့ ယူခဲ့လို့ မြင်းထိန်းကိုမှာပါ တယ်။ ဒီလိုနဲ့ သင်ဟာ မဟာနာမ်မင်းကြီးရဲ့ သမီးအဖြစ်ကို ရောက်ခဲ့တာပါ။ မဟာနာမ် မင်းကြီး နဲ့ အာနန္ဒ မင်းသားဟာ သင့်ကို သမီးရင်းနဲ့ မခြား၊ ညီမရင်းနဲ့မခြား ချစ်ခဲ့ကြတာပါ။
ဝေသာလီဟာ ဘေးကအိမ်နီးချင်း နိုင်ငံတွေရဲ့ ကျုးကျော်ရန်စ မှုတွေကြောင့်စစ်အမြဲ တိုက်နေရတဲ့ နိုင်ငံပါ။ အထူးသဖြင့် အနောက်ဖက်က ရာဇဂြိုလ်နဲ့ဆို လူကျုးရင်လူသတ်၊ ခွေးကျုးရင် ခွေးသတ်၊ အမှိုက်လွှင့်သွား ရင်တောင် မီးရှို့ပစ်ပါတယ်။ ရန်ဖက် နှစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဝေသာလီမှာ လူတိုင်းစစ်မှုထမ်းရပါတယ်။ စစ်ရေး အမြဲလေ့ကျင့် နေရပါတယ်။ ဝေသာလီ ပြည်သူတွေဟာ အမြဲတမ်း စည်းလုံးညီညွတ်ပါတယ်။ အမိန့်ကို လည်း နာခံကျင့်သုံးကြပါတယ်။ ဒါကြောင့် ဝေသာလီကို ဘယ်သူမှ မထိရဲကြပါဘူး။ အဲ...ဒါပေမဲ့ တစ်ချိန်မှာ တော့ ဒီစည်းလုံးညီညွတ်မှုတွေ၊ အမိန့် ကိုနာခံတတ်မှုတွေကို ပျက်ပြားမည့် အကြောင်း ဖန်လာပါတယ်။ ဖန်တီးသူကတော့ သင်ပါပဲ.. အမ္ဗပါလီ ရေ။
သင့်ကို ငယ်စဉ်ကစပီး သင့်ဖခင် မင်းကြီးက အဝေးမှာထားပြီး ယောကျာင်္းတွေ တတ်အပ်တဲ့ ဆင်စီး၊ မြင်းစီး၊ ရထားမောင်း၊ မြှားပစ်၊ လှံပစ်၊ ဓါးခုတ်စတဲ့ ပညာရပ်တွေကို သင်ယူစေခဲ့တယ်။ ဒါကြောင့် သင့်ကို သိသူ၊ မြင်ဖူးသူ သိပ်မရှိခဲ့ဘူးနော်၊ အသက် ၁၃ နှစ်အရွယ်မှာ သင်ဟာ ဒီပညာရပ်တွေကို ကျွမ်းကျင်လို့ စံအိမ်ကိုပြန် ရောက်ခဲ့ပြီ၊ ပညာတွေနဲ့ အတူ အလှသွေးတွေလဲ ကြွေစ ပြုခြဲ့ပီ။ ဝေသာလီ မြို့ထဲကို သင်မြင်းရထား ၀င်မောင်းရင် မြန်လွန်းလို့ လူတွေက သင့်အရိပ်ကိုပဲ မြင်နိုင်ကြတယ်။ အဲဒီ အရိပ် ကလေးကပဲ လူအများ၊ အထူးသဖြင့် ပုရိသ ယောကျာင်္းတို့ရဲ့ စိတ်၊ အာရုံ ကို ဖမ်းစားနိုင်ခဲ့တယ်။ ဒီအလှပိုင်ရှင်ဟာ ဘယ်သူလဲ? သင် ဘယ်သူလဲ ဆိုတာကို လူတိုင်းသိချင်နေကြပြီ... အမ္ဗပါလီရေ။ နောက်ဆုံးမှာ လူတွေဟာ သင့်ကို သိလိုစိတ် တွေကို မထိန်းနိုင်ကြပဲ တစ်အိမ်ပြီးတစ်အိမ် သင်ဘယ်အိမ်ကို ၀င်မလဲ ဆိုပြီး အလှည့်ကျစောင့်တော့တာပဲ။ နောက်ဆုံးမှာတော့ သင်ဟာ မင်းကြီးရဲ့သမီးမှန်းသိလို့ အားလုံးနဲ့ မိတ်ဆက်ပေးခဲရပြီလေ။ အဲဒီမှာပြဿနာစ တော့တာပဲနော်။ အသက် ၁၃-၁၄ နှစ်အရွယ်မှာတောင် သင့်ရဲ့ မျက်လုံးဝှေ့တစ်ချက်မှာ မင်းသားပေါင်း ၁၀၀ လောက် သင့်နောက်ကို ပါလာခြဲ့ပီ။ အသက် ၁၆ နှစ်အရွယ် အလှတွေပြည့်စုံလာတဲ့ အချိန်မှာတော့ ဝေသာလီ တစ်နိုင်ငံလုံး အုံ့အုံ့ ကြွကြွ ဖြစ်ရပြီ။ အမိန့်ကိုအမြဲနာခံတဲ့ သူရဲကောင်းစစ်သည်တွေ အမိန့်ကို မနာခံတော့ ဘူး၊ စစ်ရေးတွေ လေ့မကျင့်ကြတော့ဘူး၊ သူတို့စိတ်ထဲမှာ ပါလီ မှ ပါလီ၊ ပါလီ ကိုတွေ့ဖို့၊ မြင်ရဖို့၊ ပါလီနဲနီးရဖို့၊ ပါလီ့ အသံကြားရဖို့သာ ကြိုးစားကြတော့တယ်။
သင့်ရဲ့အလှတွေကိုကုန်အောင် ဖွဲ့နိုင်သူမရှိခဲပေမဲ့ ကျွန်မ သိသလောက်တော့ ပြောပါရစေ။ သင့်ရဲ့ ပိတုန်းရောင် ဆံကေသာဟာ နက်မှောင်ဖြောင့်ရှင်း၊ အဖျားကော့စင်းလို့ တစ်ချောင်းချင်းဖြစ်နေပါတယ်။ ထိုဆံကေသာကို ဆံထုံးထုံးပြီး ပန်းပန်ထားတဲ့ သင်ဟာ ကဗျာ ဆရာတွေ အတွက် စာဖွဲ့ချင်စရာဖြစ်ခဲ့တယ်။ သင့်ရဲ့ ခန္ဓာကိုယ် ဟာလဲ စန္ဒကူးနံ့သာ ထုံသင်းပီး အဖိုးထိုက် ရတနာတွေ ဆင်မြန်းထားတဲ့ အခါ မိန်းမချင်းတောင် ငေးရပါပေတယ်။ သင့်ရဲ့ခန္ဓာကိုယ် အချိုးအဆစ်၊ အဖုအထစ် တွေဟာလဲ ပန်းပုဆရာတွေ ဘယ်လိုထုရမှန်းမ သိပဲ၊ လက်မှိုင်ချရလောက်အောင် ပြေပြစ်ပါပေတယ်။ သင် ရဲ့တောက်ပ လှပတဲ့ မျက်လုံးနှစ်လုံးဟာလဲ စိန်ရောင်ကဲ့သို့ တ၀င်းဝင်း၊ တလက်လက် နဲ့မြင်ရသူကို ဖမ်းစားနိုင်ပါပေတယ်။ သင်ရဲ့ပတ္တမြားရောင် နီတျာတျာ နှုတ်ခမ်းနှစ်လွှာ၊ ဖြူသန့်စင်တဲ့ သွားလေးတွေနဲ့ ဖန်ဆင်းလိုက်တဲ့ အပြုံးတစ်ချက်ဟာ တစ်ဖက်သား ကို ငြင်းပယ်နိုင်စွမ်း ကင်းသွားစေပါတယ်။ အဲဒီ နှုတ်ခမ်းနှစ်လွှာ ကြားကပေါ်ထွက်လာတဲ့ သင့်ရဲ့အသံဟာ ကြိုးကြာလေးတွန် လိုက်သလို၊ လောကကြီးကို ရပ်ဆိုင်းသွား စေပါတယ်။ ရေကြည်သောက်ရင် မြင်ရမလောက်ပင် သင့်ရဲ့ လည်တိုင်ကျော့ရှင်း၊ အသားအရေရဲ့ကောင်းခြင်းနဲ့ ပြည့်စုံပါပေတယ်။ ဒါတွေက ကျွန်မ သိသ လောက်ပြောရတာပါ။ ဒီလို လှချက်တွေ အပြင် သင်ဟာမာယာတွေလဲ သုံးတတ်ခဲ့တယ်နော်။ ယောကျာင်္း တွေကြားထဲမှာ မြှားပစ်ကျင့်ပြတာ၊ မြင်းရထားစီးပြီး ကိုယ်လုံး ထွက်ပြတာ၊ သင့်အိမ်တော်ရှေ့မှာ လာစောင့်နေကြတဲ့ ပုရိသတွေအပေါ် ပန်းကြဲချတာ၊ မျက်နှာတစ်ခြမ်းလေး ထုတ်ပြတာတွေနဲ့ တစ်နိုင်ငံလုံးက ယောကျာင်္းအပေါင်းကို ရူးသွပ်စေခြဲ့ပီ။ သင့် အခန်းထဲမှာလည်း ရွေးချယ်ဖို့ တစ်ရာ့တစ်ပါးသော မင်းတွေရဲ့ရုပ်ပုံ၊ ပန်းချီ တွေပြည့်နေခဲ့တယ်။ တစ်ပုံပီးတစ်ပုံ အချစ်မ၀င် အပြစ်မြင်ခြဲ့ပီး ကာမှ တစ်ခုသော ပုံကိုမြင်တော့ ကျင်စက်နဲ့တို့ လိုက်သလိုသင်ခံစားရ၊ စိတ်ဝင်စားခဲ့တယ်နော်။ ဘယ်သူလဲ ဆိုတော့ သင်တို့ရဲ့ ဝေသာလီ ရဲ့ရန်သူ ဗိမ္မိသာရ မင်းပါပဲ။ ဗိမ္မိသာရမင်းဟာ သင်ရဲ့ နှလုံးသားကို လှုပ်ရှားစေခြဲ့ပီနော်။ (ဒါဟာ မြင်စိတ်မှာ စွဲလန်းသွားတဲ့ ဥပါဒါနက္ခန္ဓာပါ) ရန်သူမင်းဆိုတာ သင်သိပေမဲ့ ချစ်မိ သွားခဲ့တယ်နော်။ အဲဒီအချိန်ကစပြီး ပါလီဟာ ဗိမ္မိသာရမင်း(ပုံ)နဲ့ အိပ်တယ်၊ ဗိမ္မိသာရ မင်း(ပုံ)နဲ့စားတယ်။ (ကျွန်မ တို့ဒီခေတ်မှာလည်း သင့်အရွယ် ကလေးမလေးတွေ နာမည်ကြီး မင်းသားပုံတွေ နံရံမှာ ကပ်ပြီး ဒီလိုပဲ စိတ်ကူးယဉ်ကြပါတယ်။ အမှန်အတိုင်းဝန်ခံ ရရင်ကိုယ်တောင် ငယ်ငယ်က ပါခဲ့သေးပါတယ်။)
သင့်ရဲ့အလှသတင်းဟာ ဝေသာလီတင်မက ဘေးကရာဇဂြိုလ် ကိုတောင်ရောက်ခဲ့ပါပေါ့။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းကလည်း သင့်ကိုတွေ့လို၊ မြင်လိုစိတ်တွေ ပြင်းပြခဲ့ပြီ။ ဒါကြောင့် အထောက်တော်များကို အရင် လွှတ်ပီး သင့်ရဲ့အလှကို စုံစမ်းခိုင်းခဲ့တယ်။ ဒီအထောက်တော်တွေဟာ ပါလီ့ ကိုတွေ့ခဲ့ ခဏမှာ ဘယ်လောက် တောင် နစ်မျောသွားလဲဆိုရင် ပါလီရဲ့မြားချက်ကိုတောင် ရှောင်ဖို့မေ့ပီး သေဖို့ဖြစ်ခဲ့တယ်။ ပါလီက နှလုံးသား နေရာကို မပြစ်ပဲ ခေါင်းက ဦးထုပ်ကိုပဲချိန် ပစ်ခဲ့လို့ သက်သာခဲ့တာပေါ့။ ရာဇဂြိုလ် ကိုပြန်ရောက်လို့ ဗိမ္မိသာရမင်းက ပါလီ ရဲ့အလှကို မေးတဲ့အခါမှာတော့ မိန်းမတစ်ယောက်မှာရှိရမဲ့ လက္ခဏာအားလုံး ပါလီ မှာရှိကြောင်း လျှောက်တင်ပါတယ်။ မိမိတို့တောင် မင်းကြီးမှန်းထားတဲ့ မင်းဘဏ္ဍာ မို့လို့သာမပြစ်မှားရကြောင်း၊ ဇာတ်လမ်းစုံ ခင်းပြီး ပါလာတဲ့ ပါလီရဲ့မြားလေးကို ဆက်သလိုက်ပါတယ်။ ဒီအခါမှာ သောတာပန် မင်းကြီး နှလုံးသားကို ထိသွားပါတယ်။ ပါလီ ရဲ့မြားကို ရင်ဘတ်ပေါ်တင်ပီး ပါလီ ကိုစွဲလမ်းသွားပါပီ။ ပါလီကိုတွေ့အောင်လုပ်မယ်။ နီးရအောင်ကြံမယ်။ ပါလီနဲ့မှ မတွေ့ရရင် နန်းကိုလည်းစွန့်မယ်။ သားကိုလည်းစွန့်မယ်။ မယားကိုလည်းစွန့်မယ်။ ပစ္စည်းတွေလည်းစွန့်မယ်။ စည်းစိမ်တွေ အားလုံးကိုစွန့်မယ်။ (ဒိဋ္ဌိနဲ့ တဏှာ တွဲဝင်ပြီ) ( ၀ိပဿနာနဲ့ ပြောရရင် ကြားစိတ်နဲ့ ဥပါဒါနက္ခန္ဓာ ဖြစ်သွားပါတယ်။) ဒီစွဲလမ်းမှုတွေကြောင့် ဗိမ္မိသာရမင်း စတင်အကောင်အထည် ဖေါ်တော့တာပဲ၊ (ဥပါဒါန် ပစ္စယာ ကမ္မဘ၀ ဖြစ်ပါတယ်)၊ ဉာဏ်ကောင်းတဲ့ ဗိမ္မိသာရ မင်းဟာ အတော်ဆုံး၊ အကောင်းဆုံး ရုပ်သေးဆရာရှာပြီး ရုပ်သေးပညာကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်သင်ပါတယ်။ ပြီးတော့ တစ်လလောက် တပည့်တွေနဲ့ ဇာတ်တိုက်ရပါတယ်။ ဘုရင်လိုမဆက်ဆံဖို့၊ သူငယ်ချင်းပြောပြော ပြောဖို့လေ့ ကျင့်ရပါတယ်။ တစ်သက်လုံးမော်မကြည့်ရဲတဲ့ ကိုယ့်ရဲ့ မင်းမှုထမ်းတွေ၊ ကိုယ့်ကို ဘုရားထူးလာသူတွေကို တန်းတူပြောခံရအောင် ဥပါဒါနက္ခန္ဓာကလုပ်နေတာ မင်းကြီးသတိမထားမိပါဘူး။ တဏှာကပေးလိုက်တဲ့ သတ္တိတွေနဲ့ ဗိမ္မိသာရမင်း ဝေသာလီကို သွားပါပြီ။
အလွန်ချောမောခံ့ညားတဲ့ မင်းကြီးဟာ ရုပ်သေးဆရာ အဖိုး ကြီး အဖြစ်ရုပ်ဖျက်ဟန်ဆောင်ပီး ရန်သူ့ နယ်မြေထဲ ကိုစွန့်စွန့်စားစား သွားပါတယ်။ နယ်စွန်မှတစ်ဆင့် တစ်ဖြည်းဖြည်း ပါလီ တို့ရဲ့စံအိမ်တော်နဲ့ နီးသထက်နီးအောင် လာခဲ့ပါတယ်။ တစ်နေ့မှာ ပါလီ တို့နေရာနဲ့ မနီးမဝေးမှာ ရုပ်သေးကပါတယ်။ ပါလီ တို့အဖွဲ့လည်း ရုပ်သေးလာ ကြည့်ပါတယ်။ ပါလီကရုပ်သေးဆရာကို အကဲခပ်ကြည့်ပါတယ်။ ရုပ်သေးဆရာ ဗိမ္မိသာရ မင်းကလည်း ပါလီ အချောအလှ ကိုမြင်တော့ မျက်နှာမလွှဲနိုင်ပဲ ကြည့်နေမိတယ်။ နှစ်ဦးသား မျက်လုံးချင်းဆုံတော့ ရင်ခုန်မိကြပီ။ ပါလီက ရုပ်သေးဆရာဟာ အသက်သိပ် မကြီးသေးတာ ကိုသတိထားမိတယ်။ ဗိမ္မိသာရမင်းများ ဖြစ်နေမလား လို့လည်း သံသယ ၀င်မိတယ်။ ဒါနဲ့ နန်းတော်ထဲကိုလာ ကဖို့ပြောတော့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရမင်းဟာ ပါလီ ကိုစကားပြောရာမှာ ကျွန်တော်မျိုး နဲ့ ပြောနေပေမဲ့ ခေါင်းမကျိုး၊ ဇက်မကျိုးပဲ ဖြစ်နေတယ်။ ဒါကို ပါလီက သိတယ်။ နောက်ဆုံး ပါလီက တာဝန်ယူပါတယ် ဆိုလို့ နန်းတော်ထဲကို ၀င်ကဖို့ သဘောတူလိုက်တယ်။ နဂိုထဲက သွားချင်တာကို မူနေရတာပါ။ နန်းတော်ထဲမှာ ကတော့ ရှေ့တန်းက မင်းစင်မှာကြည့်နေတဲ့ မဟာနာမ် မင်းကြီး၊ အာနန္ဒ မင်းသားနဲ့ အဘယရာဇာ တို့ဟာ ရုပ်သေးဆရာကိုမြင်တော့ ရုတ်တရက် သန်လျက်ဆွဲ၊ ဓားဆွဲ ဖြစ်သွားတယ်။ ပြီးတော့ ရုပ်သေးဆရာကို ဗိမ္မိသာရမင်းကိုမြင်ဖူးလား လို့မေးတယ်။ ရုပ်သေးဆရာက အပြင်မှာ မမြင်ဖူးပါဘူး၊ နာမည်တော့ကြားဖူး တယ်လို့ ပြောတယ်။ (မှန်ထဲမှာပဲ ကိုယ့်ကိုကိုယ်မြင်နိုင်တာ၊ အပြင်မှာ ဘယ်လိုလုပ်ပီး ကိုယ့်ကိုကိုယ်မြင်မလဲ? ဗိမ္မိသာရမင်း ပြောတာမှန်တာပေါ့၊ မုသာဝါဒါ မမြောက်ပါဘူး။) ဒီတော့ မဟာနာမ် မင်းကြီးကသင်ဟာ ဗိမ္မိသာ ရမင်းနဲ့ အလွန်တူကြောင်းပြောတော့ ကျေးဇူးတင်ကြောင်း အရိုအသေပေးပါတယ်။ ဘုရင်ချင်းတူတူမှာ ဥပါဒါနက္ခန္ဓာ ကြောင့်အောက်ကျခံပြီး ဆက်ဆံရတာပါ။
အဲဒီည မှာကတဲ့ ရုပ်သေးဇာတ်ကလည်း အသက်ငယ် ငယ် မိန်းကလေးနဲ့ အသက်ကြီးကြီး အဖိုးကြီးဇာတ်လမ်း ဖြစ်နေတော့ ပါလီ ကိုကြံစည်နေတဲ့ အဘယရာဇာ အတွက် အကြိုက်တွေ့နေပါတယ်။ သူသာ ပါလီ ကိုယူနိုင်ရင်၊ သူက ဝေသာလီ စစ်တပ်ရဲ့အကြီးဆုးံ ရာထူးမို့ လို့ ဝေသာလီ သူရဲကောင်း စစ်သည်တွေအကြား ပါလီကြောင့် အချင်းချင်း ခိုက်ရန်ဖြစ်မှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ကိုရပ်တန့်နိုင်မယ်လို့ ယူဆနေပါတယ်။ ရုပ်သေးပွဲပြီးတော့ ရုပ်သေးဆရာဟာ မောပန်းနွမ်း နယ်နေပါတယ်။ တစ်သက်လုံးတစ်ခါမှ ပင်ပင်ပန်းပန်း မလုပ်ဖူးတော့ လက်ပန်းကျတာပေါ့၊ ဒါကြောင့် ရုပ်သေး ရုံထဲ ၀င်ပီး အသာလေး မှိန်းနေ၊နားနေ ပါတယ်။ ဒီအချိန်မှာ သံသယ ဖြစ်နေတဲ့ ပါလီဟာ ဖြုန်းဆိုရုပ်သေးရုံထဲ ၀င်လာပြီး ရုပ်သေးဆရာ ဗိမ္မိသာရမင်း နားလာပြီး တပ်ထားတဲ့ မုတ်ဆိတ်တု၊ နှုတ်ခမ်းမွေးတုတွေကို ဆွဲဖြုတ် လိုက်ပါတယ်။ နဂိုရုပ် ပေါ်လာတဲ့ ဗိမ္မိသာရ မင်းကိုသင်ဘယ်သူလဲ? ဘာကြောင့်ဒီလိုလုပ်ရတာလဲ? စသဖြင့်မေးပါတယ်။ အဲဒီမှာ ဗိမ္မိသာရမင်းက ပါလီအလှကိုမြင်ချင်လွန်း၊ တွေ့ချင်လွန်းလို့ လုပ်ရတာဖြစ်ကြောင်းနဲ့ သူဟာရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်း ဖြစ်ကြောင်းပြောလိုက်တဲ့ အခါမှာတော့ မင်းချင်းတွေကို အော်လိုက်မယ်လို့ ခုနက ပြောခဲ့တဲ့ ပါလီ... အော်ဖို့လည်းမေ့၊ ပြန်သွားဖို့ လည်းမေ့ပြီး၊ နှလုံးသားထဲက တမ်းတခဲ့ရတဲ့ ချစ်သူရဲ့ရင်ခွင်အောက်၊ အသက်ပျောက်သူလို ဖြစ်ခဲ့ရပါပေါ့လား။ ဒီအချိန်မှာပဲ ဝေသာလီမှာ ပါလီနဲ့ ပတ်သက်လို့ အချင်းချင်း သတ်ဖြတ်ပွဲတွေနဲ့ သွေးချောင်းစီးပွဲတွေ ဖြစ်နေပါပီ။ စစ်သည်တွေဟာ ဘယ်လိုမှ အမိန့်ပေးလို့မရအောင် စည်းလုံးမှု တွေပျက်ပြားနေပါတယ်။
ဒီအခါမှာ စိရံဒေ၀၊ သုဒိတ စတဲ့ စစ်အကြီးအကဲ တွေက ဝေသာလီ မပျက်စီးဖို့ နည်းလမ်းတစ်ခုတော့ ရှာရတော့မယ် လို့စဉ်းစားပါတယ်။ ဒါကြောင့်အရေးပေါ် လွှတ်တော် ခေါ်ယူရတော့တယ်။ ပါလီရေ… ဒီအချိန်မှာခံစားရမဲ့ သင့်ဖခင် မဟာနာမ် မင်းကြီးရဲ့ခံစားချက်ကို ကျွန်မ ကိုယ်ချင်းစာမိပါရဲ့။ ဘာလို့လဲ ဆိုတော့ ဝေသာလီရဲ့အခြေခံ ဥပဒေ စာအုပ်ဖြစ်တဲ့ ပဝေဏီပေါတ္ထက စာအုပ်၊ စာပိုက် ၁၈ မှာ...... “ဝေသာလီနိုင်ငံ၏ စီးပွါးရေး၊ နိုင်ငံရေး၊အုပ်ချုပ်ရေး ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ဆောင်သူသည် ယောကျာင်္းတစ်ဦးဖြစ်ပါက သတ်စေ၊ မိန်းမ တစ်ဦးဖြစ်ပါက နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာစေ၊ ထိုမိန်းမအား တစ်နေ့ကို ယောကျာင်္း ၃ ယောက်မှ ၅ ယောက်ထိ အခကြေးငွေ ပေး၍ ပျော်ပါးနိုင်၏… လို့ ပါရှိပါတယ်။ ချစ်တဲ့ သမီးနဲ့ နိုင်ငံနဲ့ လဲရတော့မယ်နော်။ အဲဒီ လွှတ်တော်မှာလေ တက်ရောက်လာတဲ့ (၇၇၇၇) ယောက်သော စစ်သည်၊ ဗိုလ်ချေ၊ ကိုယ်စားလှယ်တွေဟာ... အမ္ဗပါလီကို ထုတ်ပေးပါ။ အမ္ဗပါလီ ကိုမြင်ချင်တယ်။ အမ္ဗပါလီကိုစွန့်မလား၊ ဝေသာလီ ကိုစွန့်မလား ဆိုတဲ့ တစ်ခဲနက် အသံနက်တွေနဲ့ သင့်ဖခင်ကို တုန်လှုပ်စေခြဲ့ပီ...။ တိုင်းပြည် ကောင်းစားရေးကို တကယ်လိုလားတ့၊ဲ ပြည်သူတွေကိုချစ်တဲ့ သင့်ဖခင်ဟာလေ သမီးတော် အမ္ဗပါလီကို နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာခဲ့ရပြီ။ အဲဒီမှာပဲ သင့်ဖခင် ရင်ကွဲနာကျလို့ သွေးအန် သေဆုံးခဲ့ရပြီ... အမ္ဗပါလီ။
ကျွန်မ တကယ်ကို ခံစားရပါတယ်... အမ္ဗပါလီရယ်။ (ဒီအချိန်က စပြီး သင့်ရဲ့နုစဉ် ဘ၀ကအရိယာ ပုဂ္ဂိုလ် ကိုစော်ကားခဲ့တဲ့ ကံဟာ အကျိုးပေးတော့တာပဲ။) ဝေသာလီ ရဲ့တစ်နေရာမှာ ချစ်ရသူနဲ့ ပျော်ရွှင်စွာ နေလို့မှ မကြာသေး၊ အစ်ကိုတော်အာနန္ဒ မင်းသားထံမှ နိုင်ငံပိုင် ပြည့်တန်ဆာ အဖြစ်ကြေငြာကြောင်း စာရခဲ့ပြီ။ ဒီအချိန်မှာ ချစ်သူ ဗိမ္မိသာရမင်းက ရာဇဂြိုလ် ပြန်ပြီး ပါလီ့ကို မိဖုရားမြှောက်ဖို့ မင်းမြောက်တန်ဆာငါးပါး ပြန်ယူနေချိန်ပါ။ ပါလီ ဘာလုပ်ရမလဲ? ဗိမ္မိသာရမင်း နောက်လိုက်သွားရင် ဝေသာလီက ရာဇဂြိုလ်ကို စစ်ဆင်ပြီး တိုက်တော့မယ်။ မလိုက်ပဲ ဒီမှာနေခဲ့ရင်လဲ ဗိမ္မိသာရမင်းက ရန်ဖက်မင်းပီပီ၊ ခုဆို ချစ်သူကိုဆွဲလို့ စစ်ပွဲ နွှဲပြီးတိုက်လိမ့်မယ်။ နှစ်ချက်လုံးဟာ ဝေသာလီ အထိနာမဲ့ နည်းတွေချည်းပါပဲ။ နောက်ဆုံး ဝေသာလီ ကောင်းစားဖို့ ပါလီ မိန်းမမာယာသုံးပြီး ချစ်သူစိတ်နာအောင် လုပ်ရပါတော့တယ်။ မျှော်လင့်ချက်တွေနဲ့ ပြန်ရောက်လာတဲ့ ချစ်သူ၊ ဘုရင့် မင်းမြောက်တန်ဆာတို့နဲ့ အလွန်ကျက်သရေ ရှိတ့၊ဲ ချောမောလှတဲ့ ချစ်သူ၊ ပါလီ အသက်တမျှချစ်ရတဲ့ ချစ်သူကို ပါလီ မပြောချင်ဆုံးစကားတွေကို မူယာမာယာသုံးပြီး ရင်နှစ်မွှာကွဲကာ ချစ်သူမုန်းအောင် ပါလီ ပြောနေရပြီ။ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ အမုန်းကြီးမုန်းသွားတဲ့၊ စိတ်နာသွားပြီး ထွက်ခွါသွားတဲ့ချစ်သူကို ကြည့်ရင်း ပါလီလဲကျ ကျန်ရစ်ခဲ့ပါပြီ။
တခါ ပါလီ့ရဲ့လေးစားအားကိုးစရာ အစ်ကိုတော် အာနန္ဒ မင်းသားကလည်း သူနဲ့ပါလီဟာ မောင်နှမရင်းတွေ မဟုတ်ကြောင်းပြောပြပြီး ပါလီဟာစံအိမ်တော်မှာ နေခွင့်မရှိတော့ကြောင်း၊ ပါလီ အတွက်သက်သက် အိမ်တစ်ဆောင် နေဖို့ပေးကြောင်းနဲ့ သူကတော့ အဝေးကို ထွက်သွားတော့မှာ ဖြစ်ကြောင်းတွေကို ပြောပါတယ်။ အားကိုးစရာ မကျန်တော့တဲ့ ပါလီဟာ အစ်ကိုတော် အာနန္ဒ မင်းသား ဘယ်သွားမလဲ ဆိုတာသိချင်ခဲ့တယ်။ သင့်အစ်ကိုတော်က သင့်ကို သူဘယ်သွားမလဲဆိုတာ ကိုမပြောနိုင်ခဲ့ပေမဲ့ ဘယ်သူ့ဆီ သွားမလဲ ဆိုတာတော့ ပြောပြခဲ့ပါတယ်။ အာနန္ဒ မင်းသားက.. ငါ စစ်တိုက်ထွက်စဉ်အခါက စစ်မြေပြင်တစ်နေရာမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရဖူးတယ်။ သူ့ ကိုငါက မြှားနဲ့ချိန်လိုက်တာကို မရှောင်ပဲ ငါ့ကိုကြည့်ပြီး “လောကမှာ အရာရာတိုင်းကို လက်နက်နဲ့ဖြေရှင်းလို့ မရဘူး၊ ချစ်သား” လို့ပြောတယ်၊ ငါ့ဘ၀မှာ ဂေါတမ မျက်လုံးလောက် ဂရုဏာပြည့်တဲ့ မျက်လုံးမျိုးမတွေ့ဖူးဘူး၊ သူ့ရဲ့အကြည့်ကြောင့် ငါ့လက်ထဲက မြှားဟာလွတ်ကျသွားတယ်။ အခု ငါသူ့ဆီသွားမယ်” လို့ပြောသွားပါတယ်။ ပါလီ့မှာ အားကိုးစရာ ဖခင်လဲ သေဆုံးခဲ့ပြီ။ ချစ်ရတဲ့ ချစ်သူကလည်း စိတ်နာလို့ ပစ်ကာထားခဲ့ပြီ။ နောက်ဆုံး အစ်ကိုတော်ကလည်း အဝေးကို ထွက်သွားခဲ့ပြီ။ ပါလီ ဘယ်သူ့ကို အားကိုးပြီး နေရတော့မှာလဲ?...အိုပါလီ စိတ်ဓါတ်မကျပါဘူး၊ ပါလီရင်မှာ ချစ်သူရဲ့သွေး၊ ကလေးလေးတစ်ယောက် ကျန်သေးတာပဲ။ သားလေးဖြစ်ပါစေလို့ပါလီ ဆုတောင်းပါတယ်။ ရင်ထဲက သားကိုအားပြုပြီး ပါလီ အသက်ဆက်ရှင်မယ်နော်။ သား ကိုယ်ဝန်ဆောင်စဉ် ဆယ်လလုံးမှာ သားလေးဖြစ်စေဖို့ နေ့ရောညပါ ဆုတောင်းနေရပါတယ်။ ဘာလို့လည်းဆိုတော့ ပြည့်တန်ဆာက မွေးလို့သားဖြစ်ရင် ပြစ်ရမယ်။ သမီးဖြစ်ရင် ပြည့်တန်ဆာ ရာထူးဆက်ခံရပါတယ်။ ဒါကြောင့် ပါလီဟာ သူ့လိုအဖြစ်မျိုး မကြုံအောင် သားဆုတောင်းတာပါ။
သူဆုတောင်းတဲ့အတိုင်းပဲ ပါလီ သားလေးကိုမွေးခဲ့ပါတယ်။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်းရဲ့သား အဇာတသတ် မင်းသားကိုသာ လူသိများကြတာပါ။ ပါလီနဲ့ရတဲ့သား ၀ိမလကောဏ္ဍည ရဟန္တာကိုတော့ သိသူနည်းပါတယ်။ ပါလီ ဟာသူ့ရဲ့ လသားအရွယ် သားလေးကို ချစ်မ၀၊ ကြည့်မ၀ ဖြစ်နေတုန်းမှာပဲ အစ်ကို တော် အာနန္ဒ (ရဟန္တာဖြစ်သွားပြီ) ရောက်လာပါတယ်။ ပါလီ စိတ်ထဲမှာ အစ်ကိုက သူတို့နဲ့ အတူနေဖို့ ပြန်လာတယ်လို့ ထင်နေရှာတယ်။ အားရ ၀မ်းသာနဲ့ သားကိုပြကာ ပျော်နေရှာတဲ့ ပါလီရေ... သင့်ရဲ့ပျော်ရွှင်ခြင်းတွေ မကြာလိုက်ဖူးနော်.. ချစ်မ၀တဲ့ လသားလေး ရဟန္တာ အစ်ကို နောက်ပါသွားခဲ့ရပြန်ပီ။ အရူးတစ်ပိုင်း ဖြစ်ကာ ကျန်ခဲ့ တဲ့ပါလီ၊ ယောကျာင်္းတကာနဲ့ ပျော်ပါးနေရပေမဲ့ ဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ၆ နှစ်၊ ခုနှစ် နှစ်လောက်ကြာတဲ့ အချိန် တောထဲမှာ ရဟန္တာ တွေကြားက ၀ိမလကောဏ္ဍည လေးကိုရင်ဘ၀ ရောက်လာပါတယ်။ သူများ ကိုရင်တွေမှာ အချိန်တန်လာတွေ့တဲ့ အဖေ၊ အမေ၊ တွေရှိခဲ့ ပေမဲ့ သူ့ခမျာ ဘယ်သူမှ လာမတွေ့ကြတော့ ဦးကြီးတော် ကိုမေးရှာပါတယ်။ သားရဲ့အဖေဟာ ဘယ်သူလဲ? သားရဲ့အမေက ဘယ်သူလဲ? သားဆီဘာလို့ မလာကြတာလဲ? စသဖြင့်ပေါ့။ ဒီအခါ ဦးကြီးတော်က အဲဒါတွေ မမေးနဲ့ သိစရာ မလိုဘူး၊ ကိုရင်ဆိုတာ တရားအားထုတ်ဖို့ အဓိကပဲ လို့ဆိုပြီး အပြတ်ပြောဆိုလို့ သူ့ခမျာ နောက်ထပ်မ မေးရဲရှာပါဘူး။
တစ်နေ့ ဝေသာလီရဲ့ ဆွမ်းလောင်းပွဲမှာ ၀ိမလကောဏ္ဍညလေး ဆွမ်းခံကြွပါတယ်။ အဲဒီမှာ ဆွမ်းလောင်းနေတဲ့ ပါလီဟာ ကိုရင်လေးကို တွေ့တာနဲ့ သားများလားဆိုပီး သံသယဖြစ်ပါတယ်။ ကိုရင်လေးရဲ့ မျက်နှာ၊ မျက်လုံး၊ မျက်ခုံး အားလုံးဟာ ပါလီနဲ့ ဗိမ္မိသာရ မင်းတို့နဲ့တူပါတယ်။ ကိုရင်လေးကို အဖေဘယ်သူလဲ? အမေဘယ်သူလဲ? ဘယ်ကျောင်းကလဲ?... စသဖြင့် မေးခွန်းတွေစုံအောင် ပါလီမေးမိတယ်။ ကိုရင်လေးက သူကိုယ်တိုင် မသိတာကိုအမေးခံရတော့ စိတ်တိုရှာတယ်။ ဒကာမကြီး၊ သိပ်စကားများတာပဲ၊ ဆွမ်းလောင်းမှာဖြင့် လောင်းပါ လို့ပြောပါတော့တယ်။ တဖြည်းဖြည်း ကိုရင်လေးနဲ့ ပါလီ မျက်မှန်းတန်း လာပါတယ်။ ပါလီက ကိုရင်လေးကို ဒကာမကြီး လို့မခေါ်ပါနဲ့ အမေ လို့ခေါ်ပါလားကွယ်၊ အမေ့မှာကိုရင့် အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ အဲဒီသားဟာ ဘယ်ရောက်နေမှန်း မသိနိုင်လို့ပါ..လို့ပြောရှာတယ်။ ဒါပေမဲ့ ကိုရင်လေးက.. မခေါ်နိုင်ပါဘူးဗျာ၊ ဒကာမကြီးဟာ ဒကာမကြီးပေါ့.. လို့ခပ်တင်းတင်းပဲ တုံ့ပြန်တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာ တော့ တစ်နေ့မှာ ပါလီက ၀ိမလကောဏ္ဍည မထေရ်ကိုအိမ်မှာ ဆွမ်းစားဖိတ်ပါတယ်။ သူ့ စိတ်ထဲမှာ ဒီမထေရ်လေးဟာ မရှိဆင်းရဲလို့ ရဟန်းပြုတယ်လို့ ပုထုစဉ်တွေးတွေးပါတယ်။ သားလိုလဲ သံယောဇဉ် ဖြစ်နေတော့ သပိတ်ထဲကို ဆွမ်းအစား ရတနာတွေ လောင်းပါတယ်။ ဒီရတနာတွေထဲက တစ်လုံးလောက် ရောင်းလိုက်ရင်တောင် တစ်သက်လုံး စားလို့မကုန်ကြောင်း၊ ဒီလို သပိတ်တစ်လုံးနဲ့ လိုက်တောင်း နေစရာ မလိုတော့ကြောင်းပြောတော့ အရိယာ (ရဟန္တာ)ဖြစ်သွားပြီ ဖြစ်တဲ့ ၀ိမလကောဏ္ဍညမထေရ်ဟာ ချက်ချင်းပဲ ရတနာ တွေကို ပြန်သွန်ထုတ်ပါတယ်။ ဓါတ်ခံခြင်းကွာသလို၊ အမြင်ချင်း လည်းဘယ်တူပါတော့မလဲ။ ပြီးတော့ ပါလီ ကိုကြည့်ပြီးပြောပါတယ်။ ကျုပ်ရဲ့ဆရာ မြတ်စွာဘုရားရှင်က သဒ္ဒါ၊ သီလ၊ ဟိရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဆိုတာကို ရတနာ အစစ်လို့ပြောတယ်။ ခုတွေ့နေတဲ့ ရတနာတွေက အဆိပ်တွေသာ ဖြစ်တယ်လို့ပြောပါတယ်။
လက်မခံငြင်းဆန်ပြီး ပြန်ကြွသွားပါတယ်။ တစ်နေ့မှာ ဦးကြီးတော် အာနန္ဒက ၀ိမလကောဏ္ဍညကို ခေါ်ပြီး တာဝန်ပေးပါတယ်။ ချစ်သား.. မင်း ငါ့ကို အနှစ် နှစ်ဆယ်တိုင်တိုင် မေးခဲ့တဲ့ မင်းအဖေ ဘယ်သူလဲ? မင်းအမေ ဘယ်သူလဲ? ဘယ်တိုင်းပြည်မှာမွေးလဲ? ဆိုတဲ့ မေးခွန်းတွေကို ငါဖြေမယ်။ မင်းဟာ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာ ရမင်းနဲ့ ငါ့နှမ အမ္ဗပါလီ တို့ရဲ့သားပဲလို့ ပြောလိုက်တယ်။ အရင်တုန်းက သူအလွန်တစ်ရာ သိချင်လှတဲ့ မေးခွန်းကို အခု သူသိရပြီ။ ဒါပေမဲ့ အရိယာဖြစ်သွားပြီဖြစ်တဲ့ ၀ိမလကောဏ္ဍညဟာ မတုန်လှုပ်တော့ပါဘူး၊ အတိတ်က ဖြစ်ခဲ့ပြီးသော ဓမ္မာရုံ ဥပါဒါနက္ခန္ဓာ တို့ကို မပြန်တော့၊ အနာဂတ်မှာ မဖြစ်သေးတဲ့ ဓမ္မာရုံ ဥပါဒါ နက္ခန္ဓာ တို့ကိုလည်း မတောင့်တတော့၊ သူ့စိတ်တွေဟာ ဘာအတွက်နဲမျှ မလှုပ်ရှားတော့။ ဦးကြီးတော်က ဆက်ပြီး.. အမ္ဗပါလီကို ဒီနေ့ကျောင်းရောက်အောင် ခေါ်ခဲ့ရမယ်။ သူမပါပဲနဲ့ ပြန်မလာခဲ့နဲ့လို့ မှာပါတယ်။
ဒီလိုနဲ့ ၀ိမလကောဏ္ဍညဟာ အမ္ဗပါလီရဲ့ အိမ်ရှိရာကို အသွား, လမ်းမှာ အမ္ဗပါလီ နဲ့တွေ့ပါတယ်။ ၀ိမလ ကောဏ္ဍညက ပါလီ့ကို အမေ လို့ခေါ်လိုက်တယ်။ သူ အလွန်ကြားချင်တဲ့ စကားတစ်ခွန်းကို ၀ိမလကောဏ္ဍည ဆီက ကြားလိုက်ရတော့ နဂိုကမှ ၀ိမလကောဏ္ဍညကို သားထင်ပီးချစ်တဲ့ ပါလီဟာ အရမ်းကို ပျော်တော့တာ ပေါ့။ ဒါနဲ့ တစ်ခါတည်း သားကို အိမ်ကို ဆွမ်းစားပင့်သွားတော့တာပဲ။ အိမ်ရောက်တော့ ၀ိမလကောဏ္ဍညက အမေ့ကို သားစကားပြောစရာ ရှိတယ်လို့ စပြောတယ်။ ဒီတော့ ပါလီက သားကိုလည်း အမေ ပြောစရာရှိတယ်။ ဘယ်သူ စ ပြောမလဲလို့ သားက မေးတော့… အို…လူသူ မနီး အဝေးကြီးမှာနေတဲ့ သားက လူ့လောက အကြောင်းဘာသိ လို့ စပြောမှာလဲ။ အမေ ဘဲစပြောမယ်.. ဆိုပီး သားဖြစ်သူကို လူထွက်ဖို့ ကစပီး လူ့ဘ၀၊ ကာမဂုဏ် စည်းစိမ် တွေခံစားဖို့ အားရပါးရ ပြောတော့တာပဲ။ ၀ိမလကောဏ္ဍည ပြောဖို့ အခွင့်ကိုမရပဲ ဖြစ်နေပါတယ်။ ဒီတော့ သတိပေးတဲ့ အနေနဲ့ အမေ..အမေ့ကို တရားဟောဖို့ သားလာခဲ့တာပါလို့.. ၀င်ပြောရှာတယ်။ ပါလီဟာ သားစကားကိုကြားတော့ အားရပါးရ ရီတော့တာပဲ။ “သားရယ်..သားလို အသက်(၂၀)အရွယ် ရဟန်းပေါက်စ လေးမပြောနဲ့ ဈာန် အဘိဉာဉ်ရလို့ ကောင်းကင်မှာပျံ နိုင်တဲ့ ရဟန်းကြီးတွေ (ပုထုစဉ် ရဟန်း) လူတကာကို မာယာနဲ့ လှည့်စားနေတဲ့ အမ္ဗပါလီကို ချေချွတ်မယ်ဆိုပြီး ပြတင်းပေါက်ကနေ ကြွလာတယ်။ အမ္ဗပါလီကို မြင်ပြီးတဲ့ ခဏမှာတော့ အမ္ဗပါလီနဲ့ မနေရရင် သေရမှာပါဆိုပြီး နောက်ဆုံး အမေနဲ့အိပ် ဈာန်လျှောပြီး မြေပြင်ကနေ ပြန်သွားကြတယ်။ ဒီတော့ သားရယ်.. အမေပြောတာ ကိုပဲနားထောင်။” အမ္ဗပါလီရဲ့သဏ္ဍန်မှာ ရှေ့ကထိုင်နေတဲ့ သားရဟန်းကို ကြည့်ပြီး အတွေးထဲမှာ အမျိုးမျိုး ပုံဖေါ်တဲ့ ဓမ္မာရုံ ဥပါဒါနက္ခန္ဓာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ ပါလီက ၀ိမလကောဏ္ဍညကို သပိတ်မဲကြီး ကို အရင်ဆုံးဖယ်မယ်။ ကိုယ်စားချင်တဲ့ အရသာ မစားရပဲ သူများပေးတာသာ စားရတဲ့ အဖြစ်ကနေ အကောင်း ဆုံး အစားအစာတွေကို ရွေးစားမယ်။ ၀ိမလ ကောဏ္ဍညက နောက်ကော? ပါလီက ပြီးရင် အရောင်မွှဲမွှဲ သင်္ကန်းကြီးကို ပစ်ပီး အကောင်းဆုံး အ၀တ်အစား တွေဆင်မယ်။ နောက်ကော? ပြီးရင် ဆံပင်တွေနဲ့လှ အောင်ပြင်ပြီး အတော်ဆုံး ပန်းချီဆရာခေါ်ပီး ပန်းချီဆွဲ မယ်။ နောက်ကော? ပန်းချီကားကို တစ်ရာ့တစ်ပါးသော မင်းသမီးတွေကို ပို့ပြီး အချောဆုံး မင်းသမီးကိုရွေးပြီး လက်ဆက်စေမယ်။ နောက်ကော? အမေရယ်၊ သားရယ်၊ ချွေးမရယ် မြင်းရှစ်ကောင် ရထားကြီး နဲ့မြို့ကို ပတ်မယ်။ နောက်ကော? ပြီးရင် ဥယျာဉ်ထဲဝင်ပီး ဖျော်ရည် သောက်မယ်၊ အဆို၊ အက၊ အတီး၊ အမှုတ်တွေ နားထောင်မယ်။ နောက်ကော? ဒါနဲ့ မိုးချုပ်တော့ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မနက်ကျတစ်ခါ မြို့ကိုပတ်မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ် အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မြို့ကိုပတ် မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ်။ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? အို..နောက်ကျတော့ သားတို့က ကလေးလေး တစ်ယောက်မွေးပေါ့။ အဲဒီ အမေ့မြေးလေးကို သားတုန်းကမထိန်းလိုက်ရတာ ကို အတိုးချပြီး အမေ ထိန်းမယ်။ တဏှာက အမ္ဗပါလီကို အကောင်းတွေချည်း ဆက်ပေးနေပါတယ်။ နောက်ကော? ကလေး တစ်ယောက်ကနေ နှစ်ယောက်... နောက်ကော? နှစ်ယောက်ကနေ သုံးယောက်... နောက်ကော? သုံးယောက်ကနေ လေးယောက်... နောက်ကော? နောက်တော့ အမေလဲ အသက်ကြီးလာတော့ သိပ်ပြီး မသွားနိုင်တော့ဘူးပေါ့.. (လေသံ တစ်ဖြည်းဖြည်း ပျော့ကျလာပါတယ်) နောက်ကော? အမေလဲ အိပ်ရာထဲလဲပြီး ဝေဒနာ ခံရရင်ခံရမှာပေါ့။ နောက်ကော? နောက်တော့ အမေလဲ သဘာဝအတိုင်း သေရမှာပေါ့ သားရယ်။ နောက်ကော?...(အသံမထွက်) နောက်ကော? အမေသေပြီးတဲ့ နောက်ကောလို့ သားမေးနေတယ်လေ.. (အသံမထွက်) ပါလီ မဖြေနိုင်တော့ပါ။ ပါလီ သေပြီးနောက်ဘာတွေ ဖြစ်မလဲ ပါလီ မသိတော့ပါ။ အဲဒီချိန်မှာပဲ သားရဟန်းက ဆတ်ကနဲ ပါလီ့ လက်ကိုဆွဲလို့ မိဂဒါဝုန်တောသို့ ထွက်ခဲ့ပြီပဲ။
ကျောင်းရောက်တာနဲ့ အစ်ကိုတော်က တစ်ခါတည်းဆံချလို့ ထေရီမ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ၀ိမလကောဏ္ဍည မထေရ်ဟာ မိခင်ဖြစ်သူ အမ္ဗပါလီကို တရားဟောပါပြီ။ ဟိုးအရင် အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာအားလုံးကို မကြောင့်ကြဖို့၊ မဖြစ်သေးတဲ့ အနာဂတ်ကိုလည်း မတောင့်တဖို့၊ အဆက်မပြတ် ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာ တို့ကို သတိနဲ့ စောင့်ကြည့်ဖို့စတဲ့ တရားအဆုံးမှာ အမ္ဗပါလီ ထေရီမ ရဟန္တာ အဖြစ်သို့ ရောက်ခဲ့ပါပြီ။ ဝေသာလီနဲ့ ရာဇဂြိုလ် ကြားတစ်နေရာမှာ အမ္ဗပါလီ ထေရီမ ငြိမ်းချမ်းရေး တရားဟော
နေပါတယ်။ စစ်ခင်းနေတဲ့ နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေး တရားဟောနေတာ ဖြစ်ပါတယ်။ မြောက်များလှစွာသော ပရိသတ်တွေကြားမှာ တစ်ချိန်က အသက်တမျှ ချစ်ခဲ့ဘူးတဲ့ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းလည်းရှိနေ ပါတယ်။ သောတာပန်သာ ဖြစ်သေးတဲ့ ဗိမ္မိသာရ မင်းဟာ အမ္ဗပါလီရဲ့ တရားပွဲမှာ စိတ်လှုပ်ရှားနေပါတယ်။ သူ့ကိုမြင်ရင် မှတ်မိအောင် ရှေ့ဖက်မှာ နေရာယူထားပါတယ်။ အမ္ဗပါလီ ထေရီဟာ တည်ငြိမ်စွာပဲ သူ့ကိုယ်သူ ဥပမာပေးလို့ ဇရာ၊ ဗျာဓိ၊ မရဏ တို့နှိပ်စက်မှုကြောင့် ယိုယွင်းလာတဲ့ သူမ ရဲ့အလှတွေကို ငယ်စဉ်ကနဲ့ နှိုင်းယှဉ်လို့ ဥပါဒါနက္ခန္ဓာ တို့ရဲ့မမြဲမှု အနိစ္စတရားကို နှလုံးသွင်းဆင်ခြင်ဖို့ ပြောနေပါတယ်။ တရားပွဲအပြီးမှာ မအောင့်နိုင်တော့တဲ့ ဗိမ္မိသာရမင်းက အမ္ဗပါလီကို မောင်တော်လေတစ်ခါက ရုပ်သေးဆရာ ယောင်ဆောင်ပြီး ပါလီ ဆီလာခဲ့တဲ့မောင်တော်ကို မမှတ်မိတော့ဘူးလား? လို့ မေးမိတယ်။ ရဟန္တာ ဖြစ်သွားပီဖြစ်တဲ့ အမ္ဗပါလီ ထေရီက “အရိယာတစ်ယောက် အဖို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ သူက ရှင်ဘုရင်၊ သူက ဆင်းရဲသား၊ သူက ၀န်ကြီး၊ သူက ကချေသည်၊ သူက သူဋ္ဌေး၊ သူက သူတောင်းစား ဆိုတဲ့ အမြင်မျိုး မရှိတော့ပါ။ အားလုံးကို တစ်တန်းတည်းတူတူ သာမြင်ပါတော့တယ်” လို့ဖြေပါတယ်။ ဗိမ္မိသာရ မင်းလည်း အမ္ဗပါလီရဲ့ ဉာဏ်အဆင့်ကို ခန့်မှန်းတတ်လို့ နောက်ဆုတ်ပြီး ပြန်ခဲ့ပါတော့တယ်။
ပါလီရေ.... သင့်ရဲ့ဘ၀က မလှပခဲ့ပေမယ့် ကျွန်မ အားအကျဆုံး အရဟတ္တမဂ်ကို သင်ရခဲပါတယ်။ ငယ်စဉ်အတွေးနဲ့ဆို သင့်ရဲ့ အလှတရားတွေ ကိုလည်းကျွန်မ အားကျမိပါရဲ့။ ဘုရားရှင်ကတောင် သင်ကျောင်းတော်ကို လာမယ်ဆိုလို့ အရိယာမဟုတ်သေးတဲ့ သံဃာတော်တွေကို သင်မလာခင် သတိပဋ္ဌာန်တရားကို ကြိုပွါးခိုင်းထားရတဲ့ထိ သင်လှနိုင်ရက်တယ်နော်။ မိန်းမချင်းတောင် မနာလိုရလောက်အောင်လှတဲ့၊ ယောကျာင်္းဆို အရိယာ မဟုတ်ရင် သင့်ရှေ့ ဖြတ်မလျှောက်ရဲအောင် ဆွဲဆောင်အားကြီးတဲ့ သင့်ရဲ့အလှဟာ လူတကာကို ပူလောင်စေခဲ့တယ်နော်။ သင်ဘာလို့ အဲဒီလောက် လှရတာလဲ? ဘယ်ကံက အကျိုးပေးလို့လဲ? လို့ အတိတ်ကို ပြန်ဆောင်တော့... ဘ၀ တစ်ခုမှာ သင်ဟာ ဘိက္ခူနီမ ဖြစ်ပြီး ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေး လုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဆိုတာတွေ့ရတယ်။ အဲဒီ ဘ၀မှာပဲ သင်ဟာ အရိယာ ဘိက္ခူနီမ တစ်ယောက် တံတွေးထွေး လိုက်တာကို သန့်ရှင်းရင်း ပါးစပ်ကလည်း “ဘယ် ပြည့်တန်ဆာမ ထွေးသွားတာလဲ? ဆိုပြီးပြောလိုက်မိတယ်။ သင်ဟာအဲဒီ ဘ၀မှ နောက် ဘ၀ပေါင်း များစွာမှာ ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။ အခု နောက်ဆုံးဘ၀ထိပါပဲ။ အရိယာကို ပြစ်မှားမိတဲ့ ကံထိုက်တယ်လို့ ခေါ်ပါတယ်။ အရဟတ္တမဂ်ကို ရတာကလည်း ဘ၀များစွာမှာ သင်ဟာ ဘိက္ခူနီမ အဖြစ် စရဏ တရားတွေကို ကျင့်ကြံခဲ့လို့ ဒီဘ၀မှာ အားပြည့်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်တာဖြစ်တယ်။ ဒါကြောင့်လေ တစ်ယောက်နဲ့ တစ်ယောက် မပြစ်မှားတာ ကောင်းတယ်။ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေဟာ ပိုပြစ်မှား မိတတ်ကြတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်လိုက်၊ မလုပ်နိုင်ရင် မျက်နှာလွှဲလိုက်တာ ကောင်းတယ်။ ကုသိုလ်မရရင်တောင် အကုသိုလ်တော့ မယူနဲ့ပေါ့။ ကိုယ်ပြောလိုက်၊ ပြစ်မှားလိုက်တဲ့ သူဟာ အရိယာဟုတ်၊ မဟုတ် ဘယ်လို သိနိုင်မှာလဲ။ အရိယာ ဆိုတာ ဆိုင်းဘုတ်ချိတ်ထား တာလဲမဟုတ်။ တစ်ခါတစ်လေ ကာယကံရှင်တောင် သူ့ကိုယ်သူ အရိယာ ဖြစ်မဖြစ် သိချင်မှသိကြတာ။ ဒါကပညာအလုပ်၊ ဉာဏ်အလုပ်မဟုတ်လား။ ဗီဇစရိုက်၊ အထုံဆိုတာက ဖျောက်ဖို့ အခက်သားနော်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်တောင် မြောင်းတွေ့တော့ ခုန်မိသေးတာပဲ။ အရိယာဖြစ်ပြီး အပြော ကြမ်းတဲ့သူလည်း ရှိနိုင်တယ်နော်။ ဘယ်သူ့ကိုမှ လျှော့မတွက်ပဲ လေးစားတာ အကောင်းဆုံးပဲနော်။
အရှင်မ အမ္ဗပါလီရေ... သင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ သင်သွားရာ လမ်းကိုလိုက်ဖို့ ကျွန်မကြိုးစား နေပါ တယ်။ တစ်ချိန်မှာတော့ သင့်လိုပဲ ရောက်မှာပေါ့နော်။
မေတ္တာဖြင့်
စီစီချိုသန်း
Posted by Dhammaransi.net on July 19, 2009 at 9:51am
Wednesday, December 30, 2009
Soft Drinks for Caution !!! သတိထားသင့်သည့် အချိုရည်
Soft Drinks for Caution !!!
သတိထားသင့်သည့် အချိုရည်
နေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi, Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ အဖုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ ဖြစ်ပါတယ်။
အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချိုရည် တွေက ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ သတိ မပြုမိတဲ့ သူတွေ ရှိနိုင်မယ် လို့ ကျွန်တော် ထင်လို့ ဒီပို့စ်နဲ့ ဗဟုသုတ ဖြန့်ဝေ လိုက်ရ ပါတယ်။
ကြည့်ရတာ တော့ သောက်ချင်စရာ ကြီးပါဘဲ။ ဒါပေမယ့် ဒီအချိုရည် တွေထဲမှာ ပါတဲ့ အက်စစ်ဓာတ် ပမာဏကို ပြတဲ့ pH value တွေကို ကြည့်ကြည့် ရအောင် ... pH နည်းလေ အက်စစ်ဓာတ် ပြင်းလေ ဖြစ်ပါတယ်။
ဘက်ထရီတွေထဲမှာ ထည့်တဲ့ အက်စစ်ကို သိကြမယ် လို့ ထင်ပါတယ်။ pH တန်ဘိုး ၁ ရှိတဲ့ အက်စစ်ပြင်း မို့ မတော်တဆ အ၀တ်မှာ စင်သွားရင် ခဏ နေတာနဲ့ စားသွား ပေါက်သွားတာ ကြုံဖူးတဲ့ သူတွေ ရှိမှာပါ။ အခု ပြထားတဲ့ ဇယားအရ တချို့အချိုရည် တွေဟာ ဘက်ထရီ အက်စစ် နီးပါး ပြင်းတာ သတိထားမိ ပါလိမ့်မယ်။ ကဲ ... အချိုရည် တွေကို ကျွန်တော်တို့က အကြောဆေး သွင်းသလို ပိုက်နဲ့ မသွင်းကြ ပါဘူး။ သောက်ကြ ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာ ဘာဖြစ်နိုင်လဲ ကြည့်ကြ ရအောင်။
သွားတွေရဲ့အပေါ်ဆုံး အလွှာမှာ Enamel လို့ ခေါ်တဲ့ ကြွေလွှာနဲ့ ကာထားပြီး၊ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖိတ် တို့ ပေါင်းထားတဲ့ Hydroxyapatite လို့ ခေါ်တဲ့ ဓာတ်ပေါင်း ဖြစ်ပါတယ်။ အဲဒီ ကြွေလွှာဟာ မာကြော လှပေမယ့် အက်စစ် ဓာတ်ကို မခံနိုင် ပါဘူး။ ဘက်တီးရီးယား ပိုးတွေက စားကြွင်း စားကျန် တွေကို ဖောက်လိုက်လို့ ထွက်လာတဲ့ အက်စစ် ဓာတ်ကြောင့် ပိုးစားပေါက်တွေ ဖြစ်ရ တယ်။ ဒါကို dental caries- သွားပိုးစား ရောဂါ လို့ ခေါ်ပါတယ်။ သွားရဲ့ ကြွေလွှာ ကို အရည် ဖျော်ပစ်နိုင်တဲ့ အက်စစ် ပြင်းအား critical pH က ၅.၅ ဖြစ်ပါတယ်။ အဲဒီထက် ပိုပြီး အက်စစ် ဓာတ်ပြင်းတဲ့ (pH ၅.၅ အောက် လျော့တဲ့) အရည်နဲ့ ကြာရှည် ထိတွေ့မယ် ဆိုရင် သွားကြွေလွှာဟာ ၊ အ၀တ်ကို အက်စစ် စားသလို စားခံရပြီး ပြုန်းတီး ရပါတယ်။ ပိုးစားတာ မဟုတ်ဘဲ ပြင်ပက အက်စစ် ဓာတ်ကြောင့် သွားကြွေလွှာ စားသွားပြီး အပေါက်တွေ ဖြစ်တာကို erosion - အက်စစ်ကြောင့် တိုက်စားခြင်း လို့ ခေါ်ပါတယ်။
ဆေးခန်းမှာ ဒီလို သွားပေါက် တွေနဲ့ လာပြကြတဲ့ သူတွေ မနည်းလှ ပါဘူး။ တချို့လည်း အပူ အအေး၊ အချို အချဉ် ထိရင် ကျဉ်လာမှ သိလို့ လာပြကြ ပါတယ်။ မှန်ထဲမှာ ကြည့်ကြည့်ရင် ပိုးစားသလို မဲမနေဘဲ၊ ကြွေသွားလွှာက ပြောင်ချောချောနဲ့ ချိုင့်ဝင် နေတာ တွေ့နိုင်ပါတယ်။ သိပ်ဆိုး လာရင် ကြွေလွှာအောက်က dentine လို့ ခေါ်တဲ့ ဆင်စွယ် နှစ်လွှာ အညိုရောင်ပေါ်ပြီး သွားတိုက်တံနဲ့ ခြစ်ကြည့်ရင် ကျဉ်တာကို ခံစားရ ပါလိမ့်မယ်။
အချိုရည်ကို ပုလင်းလိုက် သောက်တာ၊ ခွက်နဲ့ တမျှင်းမျှင်း မော့သောက်တာ တွေက သွားတွေနဲ့ အချိုရည် ကြာရှည် ထိတွေ့စေလို့ ပိုပြီး ဆိုး ပါတယ်။ Straw - ပိုက်နဲ့ စုပ်သောက်ပြီး မြန်မြန် မျိုချ ရင် သွားမှာ ထိခိုက်တာ နဲနဲ သက်သာပါတယ်။ ဒီနေရာမှာ အချိုရည်လို့ soft drink တွေကို ဦးစားပေး ပြောထား ပေမယ့်၊ ဒိန်ချဉ်တို့၊ သံပရာ ရည်တို့၊ grapes fruits ဖျော်ရည် တို့ စသည်ဖြင့် ဖျော်ရည် တွေဟာ လည်း pH တန်ဘိုး နိမ့်တဲ့ ထဲမှာ ပါပါတယ်။
ဖျော်ရည် မဟုတ်တဲ့ ကိုကာကိုလာ တို့လို ဘူးသွပ် အချိုရည် တွေရဲ့ နောက်ထပ် ဆိုးကျိုး ကတော့၊ သူတို့မှာပါတဲ့ phosphoric acid - ဖော့စ်ဖိုရစ် အက်စစ်နဲ့ carbon dioxide - ကာဘွန်ဒိုင် အောက်ဆိုဒ် ကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်တွေက အစာအိမ်ထဲ ရောက်တဲ့အခါ အစာခြေရည် ရဲ့ hydrochloric acid - ဟိုက်ဒြို ကလိုရစ် အက်စစ် အစာခြေတာ ကို ဟန့်တား တယ်။ ဒါကြောင့် အစာ မကြေတာ၊ ဗိုက်ထဲမှာ လေတွေ ပြည့်ပြီး ရင်ပြည့်ရင်ကယ်တာ ဖြစ်လာပါတယ်။ အစာခြေ လမ်းကြောင်းရဲ့ အက်စစ်ဓာတ်ကို ပိုများ စေတဲ့အတွက် အစာအိမ်၊ အူသိမ် ရောဂါ ရှိတဲ့ သူတွေ ပိုရှောင် သင့်ပါတယ်။
phosphoric acid က အရိုးတွေမှာ ရှိတဲ့ ထုံးဓာတ် - ကယ်လ်စီယမ် ကိုလည်း ဖျော်ထုတ် ပါတယ်။ ကြာရင် အရိုးပါး အရိုးပျော့ ဖြစ်စေပြီး၊ ဖျော်ထုတ် လိုက်တဲ့ ကယ်လ်စီယမ် တွေက ကျောက်ကပ်မှာ စုလို့ ကျောက်ကပ် ကျောက်တည် စေပါတယ်။
ဒါကြောင့် အချိုရည် တွေကို လျှော့ သောက်သင့်ပါတယ်။
ဗိုက်တာမင် စီ ဓာတ် ရတဲ့ အချဉ် သစ်သီး ဖျော်ရည် တွေကတော့ ကျန်းမာရေး အတွက် ကောင်းလို့ သောက်သင့် ပါတယ်။ သောက်တဲ့ အခါ ပိုက်နဲ့ မြန်မြန်စုပ် သောက်သင့် ပါတယ်။ သောက်ပြီးတာနဲ့ ရေနဲ့ ပလုတ်ကျင်း ပေးသင့် ပါတယ်။ ဂျပန် မှာတော့ Ocha လို့ခေါ်တဲ့ green tea လဘက်ရည် တွေကို ဘူးသွပ်၊ ပုလင်းသွပ်ပြီး ရောင်းတယ်။ နေရာတကာမှာ ၀ယ်လို့ ရတယ်။ ရေငတ်လည်း ပြေ၊ အိပ်ချင်လည်း ပြေ၊ ဥပါဒ်လည်း မဖြစ်ဘူး။
ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ Lotus ညီအကိုမောင်နှမများ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ကန္နီဖောင်ဒေးရှင်း ဆရာတော် အရှင်တိက္ခဥာဏာလင်္ကာရ
Dhammadownload မှ U Kyaw Lwin
Lotus Foundation ညီအကိုမောင်နှမများ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ စင်္ကာပူနိုင်ငံကို ကြွရောက်လာပါတယ်၊ ဆရာတော် ရောက်လာတဲ့ သတင်းကြားတာနဲ့ Lotus Foundation ညီအကိုမောင်နှမများ ဆရာတော့်ခြေတော်ရင်းကို  သွားရောက်  ခဲ့ပါတယ်၊
ဆရာတော်ရဲ့ ဩ၀ါဒ ဆရာတော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံအဥာဏ်ကို  ရ ရှိခဲ့ပါတယ်၊ 
နောက်ဆုံးမှာတော့ ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ စုပေါင်းဓာတ်ပုံရိုက်ပြီး ဆရာတော်ကြီးကို ဦးချကန်တော့ကာ ပြန်လာခဲ့ပါတယ်၊
lotus Foundation ညီအကိုမောင်နှမများရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာလိုတယ်ဆိုရင် http://www.lotusfoundationmm.org မှာလေ့လာနိုင်ပါတယ်
ဓမ္မဒါနအကျိုး
ဓမ္မဒါနအကျိုး
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏
(မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ ၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင် ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း) စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့် ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆ စိတ် စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။ ထို့ကြောင့် ဓမ္မဒါနပြုသူများသည် အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။
Monday, December 28, 2009
The Noble Eightfold Path
The Noble Eightfold Path
1. Right Understanding
To understand and accept the Four Noble Truths.
2. Right Thought
To cultivate thoughts of generosity, loving-kindness and compassion.
3. Right Speech
To refrain from lying, slander, harsh words and gossip. To cultivate truthful, peaceful, kind and meaningful speech.
4. Right Action
To abstain from killing, stealing and sexual misconduct. To cultivate harmlessness, honesty and faithfulness.
5. Right Livelihood
To avoid occupations involving killing (of both humans and animals), the sale of animal flesh, the trading of humans, weapons, poisons and intoxicants. Occupations which are unethical, immoral and illegal should also be avoided.
6. Right Effort
To apply mental discipline to prevent unwholesome thoughts from arising, and to dispel unwholesome thoughts that have arisen. To develop wholesome thoughts, and to maintain those wholesome thoughts that have arisen.
7. Right Mindfulness
To be aware of the body, and bodily postures and sensations. To be aware of the mind and its thoughts, emotions and feelings.
8. Right Concentration
To practice meditation to train the mind to be focused and disciplined in order to cultivate   and acquire wisdom.
The Four Noble Truths
The Four Noble Truths
On gaining enlightenment, the Buddha realized the Four Noble Truths.
All beings are subject to Dukkha.
Dukkha is usually translated as suffering but it actually encompasses a wide range of negative feelings including stress, dissatisfaction and physical suffering. Dukkha exists as all beings are subject to illness, separation from loved ones, not getting their desires, aging and death.
Dukkha arises from desire and craving.
All beings crave pleasant sensations, and also desire to avoid unpleasant sensations. These sensations can be physical or psychological, and dukkha arises when these desires and cravings are not met.
Dukkha can be overcome by the elimination of desire and craving.
Nibbana is the state of peace where all greed, hatred and delusion, and thereby dukkha, have been eradicated.
There is a way out of dukkha, which is the Noble Eightfold Path.
Dukkha can be reduced, weakened and finally eradicated and Nibbana thereby attained, by following this path as taught by the Buddha.
Buddhism is occasionally criticized as being overly pessimistic as it seems to focus on suffering rather than on happiness and joy. However, all conditions of happiness and joy are impermanent because all beings are subject to sickness, old age and death, and as a result, all beings are undeniably subject to dukkha.
Instead, Buddhism is actually realistic as the Buddha has taught us how to overcome or reduce dukkha, and how to achieve the permanent bliss of Nibbana. By following the Noble Eightfold Path taught by the Buddha, Nibbana can be experienced even in this present lifetime.
How to Accumulate Wealth
How to Accumulate Wealth is based on the Vyagghpajja Sutta, also known as the Dighajanu Sutta. It describes the conditions that improve the welfare of lay people.
In this sutta, the Buddha was approached by a lay person called Dighajanu who asked for his advice. Dighajanu said that as an ordinary person with a wife and children, he and his family enjoy worldly pleasures such as fine clothing, fragrant scents, and expensive gold and silver jewellery. He asked the Buddha to teach him how he could ensure his continued prosperity and happiness in this life, and in his future lives too.
The Buddha then proceeded to give this discourse to Dighajanu and in doing so, used the simile of a great water tank collecting rainfall. He showed how wealth, both material and spiritual, can be similarly accumulated by anyone with the right qualities.
--------------------------------------------------------------------------------
1. Material Wealth and Progress
Four qualities that create material wealth and progress
Persistent effort
By whatever means one engages in to earn a living, he or she should be hardworking and not lazy. He or she should understand what needs to be done, learn how to do it properly, do it well, and also delegate work to others where appropriate.
Proper vigilance
Any wealth that has been legally and rightfully accumulated should be looked after properly. Assets should be protected from fraud or misappropriation and be well managed to avoid unnecessary taxation or improper confiscation by the state. Possessions should be well protected from being stolen or destroyed. Property should not be allowed to be squandered away by irresponsible family members.
Good company
One should associate with the right kind of friends. It does not matter whether they are young or old as long as they are virtuous, charitable and have wisdom and spirituality. In this way, he or she will be positively influenced and thus live in the right way.
Balanced livelihood
One should be aware of one’s income and expenses and live within one’s means. One should be neither extravagant nor miserly, and ensure that one’s income will be more than one’s expenses and not the other way round. Anyone who lives beyond their means will have many problems and soon go to ruin. At the other extreme, a miser who hoards his or her wealth will live an unhappy life and come to a wretched end.
Four factors leading to the loss of material wealth and progress
Debauchery and promiscuity
Frequent drinking and intoxication
Addiction to gambling
Associating with bad company
Four factors leading to the gain of material wealth and progress
Abstinence from debauchery and promiscuity
Abstinence from drinking and intoxication
Abstinence from gambling
Associating with good company
Imagine a great water tank with four inlets and four outlets. The four inlets are the four factors leading to gain, and the four outlets are the four factors leading to loss.
If the inlets are kept open and the outlets kept closed, the water supply will not decrease, even if there is no rain.
For the same great water tank, if the inlets are kept open and the outlets kept closed, if there is rain the water supply will surely increase.
Therefore, always avoid the four factors of loss, and always abide by the four factors of gain.